Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, September 16, 2013

ဆေးသောက်ခြင်း

နှိုင်းရင့်နွေ
ဆေးသောက်ခြင်း
----------------------------------------------------------------
နှိုင်းရင့်နွေမှတင်ဆက်သည်...
https://www.facebook.com/hnaingyintnway
----------------------------------------------------------------
သောက်လိုက်တဲ့ဆေးရဲ့ အာနိသင်အပြည့်အဝရဖို့ဆိုရင် ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်းသောက်တာက အကောင်းဆုံးဖြစ်ပါတယ်... ဒါပေမဲ့ အရွယ်ရောက်ပြီးသူ ၁၀ ယောက်မှာ ၄ ယောက်လောက်ဟာ ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်း တိတိကျကျ မသောက်ကြသူများဖြစ်ပါတယ်... သင်ကော ဒီလူစုထဲမှာပါနေပြီလား... ဒါဆိုရင်တော့ အခုဖော်ပြပေးတဲ့ ဆေးသောက်ခြင်း နည်းလမ်းလေးတွေကို လေ့လာဖတ်ရှုဖို့လိုအပ်နေပါပြီ...

၁) ကျွမ်းကျင်သူနဲ့တိုင်ပင်ပါ

သင်ဘာကြောင့် ဒီဆေးကိုသောက်ရမလဲ... ဘယ်လိုနည်းနဲ့ ဘယ်အချိန်တွေမှာသောက်ရမလဲ... ဆေးကိုဘယ်လို ထိန်းသိမ်းထားသိုရမလဲ... ညွှန်ကြားတဲ့အတိုင်း ဆေးမသောက်ရင်ဘာဖြစ်နိုင်မလဲ စတာတွေကို ဆေးစပြီးမသောက်ခင်မှာ တတ်ကျွမ်းနားလည်တဲ့သူတွေကို သေချာမေးမြန်းပြီး သိအောင်လုပ်ထားဖို့လိုပါမယ်... သင့်ဆရာဝန်ကိုမေးရမှာ အားမနာပါနဲ့... မရှက်ပါနဲ့.... မေးပြီးရင်သူ့ရဲ့ညွှန်ကြားချက်တွေကိုချရေးထားလိုက်ပါ....

၂) အနာနဲ့ဆေး

ဆရာဝန်က ညွှန်ကြားထားတဲ့ဆေးကို သူ့ကိုသွားပြတဲ့ ရောဂါအတွက်ပဲသောက်ပါ.... တခြားတစ်ခုခုဖြစ်တာကို အရင်သောက်နေကျဆေးနဲ့ ကုစားဖို့မကြိုးစားပါနဲ့.. အနာနဲ့ဆေးတည့်ဖို့လိုပါတယ်.. တခြားရောဂါဝေဒနာတွေထပ်ဖြစ်နေရင် ဆရာဝန်ဆီပြန်သွားပါ...

၃) စပ်ဆေးတွေမသောက်ပါနဲ့

တခြားသူတစ်ယောက်ယောက်ကို ဘာဖြစ်ရင် ဘယ်ဆေးသောက်ဆိုပြီး လမ်းမညွှန်ပါနဲ့... ကိုယ့်ကို တစ်ယောက်ယောက်က လမ်းညွှန်လာရင်လည်း မသောက်ပါနဲ့... ဆေးဆိုင်တွေက စပ်ပေးတဲ့ ဆေးတွေကိုလည်း မသောက်ပါနဲ့... ဖြစ်တဲ့ရောဂါဝေဒနာချင်းတူရင်တောင်မှ လူတစ်ယောက်နဲ့တစ်ယောက် အခြေအနေအမျိုးမျိုးကွဲပြားနေနိုင်ပါတယ်...

၎) ကိုယ့်သဘောနဲ့ကိုယ်မသောက်ပါနဲ့

သက်သာသွားလို့ ဆေးလျှော့လိုက်တာမျိုး... မသက်သာသေးလို့ ဆေးထပ်သောက်တာမျိုး ဘယ်တော့မှမလုပ်ပါနဲ့... ဆရာဝန်ညွှန်ကြားတဲ့အတိုင်းပဲ အတိအကျသောက်ပါ... မသက်သာသေးဘူးထင်ရင် ဆရာဝန်နဲ့ပြန်တိုင်ပင်ပါ... သူတို့ဟာ သင့်ကိုဆေးညွှန်းပေးနိုင်ဖို့ နှစ်ပေါင်းများစွာ ပညာသင်လေ့လာထားခဲ့ရတာပါ...

၅) စာရင်းပြုစုထားပါ

သောက်တဲ့ဆေးနဲ့ပတ်သက်လို့ သက်ဆိုင်မယ့်အချက်အလက်လေးတွေကို စာရင်းလုပ်ထားတာပိုထိရောက်ပါမယ်... လက်ရှိသောက်နေတဲ့ဆေးတွေ၊ အားဆေးတွေအကုန်လုံးကို ချရေးလိုက်ပါ... ဆရာဝန်ကိုမေးချင်တဲ့ အချက်တွေကိုလည်း ချရေးထားပါ... ဆရာဝန်က ပြန်ရှင်းပြလာတာတွေ၊ ညွှန်ကြားလာတာတွေကိုလည်း ပြန်ချရေးပါ... မတည့်တဲ့ဆေးတွေ၊ တွဲမသောက်သင့်တဲ့ အစားအသောက်တွေကိုလည်း သေချာမှတ်သားထားပါ... ဒီအချက်အလက်တွေကို သင့်လက်တကမ်းမှာထားပါ... မရှင်းတာရှိရင် ဆေးမသောက်ခင် အဲ့ဒီစာရင်းကိုပြန်ဖတ်ပါ...

၆) အရက်နဲ့တွဲမသောက်နဲ့

တစ်ချို့ဆေးတွေကို အရက်နဲ့တွဲသောက်ရင် ဆန့်ကျင်ဘက်အကျိုးရလဒ်တွေ ထွက်လာစေပါတယ်... ဒါကြောင့် ဆေးသောက်နေရတဲ့အချိန်မှာ အရက်မသောက်ပါနဲ့... ဆေးဗူးတွေမှာလည်း အရက်နဲ့တွဲမသောက်ဖို့ရေးရင် ရေးထားပါလိမ့်မယ်...

၇) ဆေးသောက်ပြီးကားမောင်းခြင်း

တစ်ချို့ဆေးတွေက သောက်ထားပြီးရင် အိပ်ငိုက်ပါတယ်.... တစ်ချို့ကတော့ ဓာတ်မတည့်တဲ့အခါ မူးတာ မေ့တာတွေ ဖြစ်တတ်ပါတယ်... ဒါကြောင့် ဆေးသောက်ပြီး ကားမောင်းစရာရှိတယ်ဆိုရင် ကားမောင်းလို့ဖြစ်မဖြစ်ကို ဆရာဝန်ကိုသေချာမေးမြန်းဖို့လိုပါမယ်... ဖြစ်နိုင်ရင် အိပ်ငိုက်တာနည်းတဲ့ ဆေးတစ်မျိုးမျိုးနဲ့ ပြောင်းပေးဖို့ တောင်းဆိုနိုင်ပါတယ်...

၈) ဆေးများတွဲသောက်ခြင်း

မတူညီတဲ့ဆေးတွေကိုတွဲသောက်တဲ့အခါ သွေးထဲမှာရောနှောသွားပြီး မတူညီတဲ့ ကောင်းကျိုး ဆိုးကျိုး အမျိုးမျိုးကိုဖြစ်ပေါ်စေနိုင်ပါတယ်... အာနိသင်တူတဲ့ ဆေးနှစ်မျိုးကိုတွဲသောက်ရင်လည်း ဆေးစွဲတာမျိုးဖြစ်စေနိုင်ပါတယ်... ဒါကြောင့် ဆေးတွေကို တွဲသောက်မယ်ဆိုရင် တွဲသောက်လို့ရမရဆိုတာကို ဆရာဝန်ဆီသေချာမေးပါ... ဆေးအသစ်တွေပေးတဲ့အချိန်မှာလည်း လက်ရှိသောက်နေတဲ့ဆေးတွေကိုပြောပြပြီး တည့်မတည့်မေးပါ... တခြားအိမ်တွင်းကုထုံးဒါမှမဟုတ် ပရဆေးတစ်မျိုးမျိုးသောက်နေတယ်ဆိုရင်လည်း ဆရာဝန်ကိုအသိပေးထားဖို့လိုပါလိမ့်မယ်...

၉) အစာမစားခင်သောက်

အစာမစားခင်ဆေးသောက်ဖို့ ဆရာဝန်က ညွှန်ကြားထားတယ်ဆိုရင် အစာမစားခင် နာရီဝက်အလိုလောက်မှာ သောက်ရပါမယ်.... အစာမစားခင်ဆိုလို့ အစာစားဖို့ ၂ မိနစ်လောက်အလိုမှ သောက်ဖို့ပြောတာမဟုတ်မှန်းသတိပြုပါ... အကြောင်းရင်းကတော့ တစ်ချို့ဆေးဝါးတွေဟာ စားလိုက်တဲ့အစာကြောင့် ဓာတ်ပြယ်တာ မထိရောက်တာမျိုးဖြစ်တတ်လို့ဖြစ်ပါတယ်....

၁၀) အစာစားပြီးသောက်

အစာစားပြီး ဆေးသောက်ဖို့ ဆရာဝန်ကညွှန်ကြားထားတယ်ဆိုရင် အစာစားပြီး ၅ မိနစ်ကနေ ၁၀ မိနစ်လောက်အကြာမှာ သောက်ရပါမယ်... အကြောင်းရင်းကတော့ တစ်ချို့ဆေးတွေဟာ သင့်အစာအိမ်ကို မအီမသာဖြစ်စေတဲ့အတွက် အစာအိမ်ထဲမှာရှိတဲ့ အစာတွေကြောင့် အဲ့ဒီဒဏ်ကို သက်သာစေဖို့ဖြစ်ပါတယ်...

၁၁) ဆေးပတ်လည်အောင်သောက်

ဆေးပတ်လည်အောင်သောက်ဆိုတာက သင်နေကောင်းပြီး သက်သာသွားပေမဲ့ ဆရာဝန်ပေးထားတဲ့ဆေးတွေကို ကုန်အောင်ဆက်သောက်ဖို့ဆိုလိုတာဖြစ်ပါတယ်... အကြောင်းရင်းကတော့ သင့်ကိုယ်ခန္ဓာထဲက ရောဂါပိုးမွှားတွေကို အပြီးတိုင်ချေမှုန်းနိုင်ဖို့ဖြစ်ပါတယ်... သင်ဆေးသောက်ထားတဲ့အတွက် တစ်ချို့ပိုးမွှားတွေ သေဆုံးသွားပေမဲ့ မသေဆုံးသေးပဲကျန်နေတဲ့ ရောဂါပိုးမွှားတွေဟာ ပိုပြီးသန်စွမ်းလာတတ်ပါတယ်... တစ်ချို့က ဆေးကိုတောင် ခံနိုင်ရည်ရှိပြီး ယဉ်ပါးသွားတာမျိုးအထိ ဖြစ်လာတတ်ပါတယ်... ဒီရောဂါပိုးမွှားတွေကြောင့် သင်နေမကောင်းထပ်ဖြစ်နိုင်တဲ့အတွက် ပိုးတွေအကုန်လုံးသေဆုံးသွားစေဖို့ ဆေးပတ်လည်အောင်သောက်ရမှာ ဖြစ်ပါတယ်...

၁၂) ဗီတာမင်အားဖြည့်ဆေး

ဗီတာမင်အားဖြည့်ဆေးတွေကို သောက်သုံးမယ်ဆိုရင်တော့ နေ့ခင်းဘက် အစားစားပြီးချိန်မှာ သောက်ဖို့ အကြံပြုထားကြပါတယ်... အစာလုံးဝမရှိတဲ့အချိန် အားဖြည့်ဆေးတွေကို လုံးဝမသောက်ပါနဲ့... အကြောင်းရင်းကတော့ အစာမရှိတဲ့အခါမှာ သောက်သုံးထားတဲ့ (ဗီတာမင် ဘီနဲ့စီ လိုမျိုး) ဗီတာမင်ဓာတ်တွေဟာ သင့်ဆီးနဲ့အတူ မြန်မြန်ဆန်ဆန်ပါသွားပြီး အလဟဿဖြစ်သွားနိုင်တဲ့အတွက်ဖြစ်ပါတယ်...

၁၃) ဘေးထွက်အကျိုး

ဆေးတိုင်းမှာ မရည်ရွယ်တဲ့ အကျိုးသက်ရောက်မှုတွေ တုံ့ပြန်မှုတွေရှိနေတတ်ပါတယ်... ဒါတွေကို ဘေးထွက်အကျိုး (side effect) လို့ခေါ်ပါတယ်... ဖြစ်နိုင်တဲ့ ဘေးထွက်အကျိုးတွေကို သင့်ဆရာဝန်က ကြိုပြောပါလိမ့်မယ်... ဒါတွေက သိပ်ကြာကြာလည်း မခံစားရသလို သင့်ကျန်းမာရေးကို ထိခိုက်စေမှာလည်း မဟုတ်ပါဘူး... အကယ်လို့ ဆေးတစ်မျိုးမျိုးဟာ ဘေးထွက်အကျိုးကို များများစားစားခံစားရစေတယ်ဆိုရင်တော့ သင့်ဆရာဝန်ကို ပြန်တိုင်ပင်ဖို့လိုပါပြီ... ဘယ်သူကမှ လူတစ်ယောက်ချင်းစီအတွက် ဘေးထွက်အကျိုးကို တိတိကျကျမခန့်မှန်းပေးနိုင်ပါဘူး... ဒါကြောင့် သမားရိုးကျမဟုတ်တဲ့ တုံ့ပြန်မှုတစ်ခုခုကိုခံစားရတာနဲ့ သင့်ဆရာဝန်နဲ့ပြန်တိုင်ပင်ပါ... ဆေးပြောင်းတာ.. ကုထုံးပြောင်းတာ... ဒါမှမဟုတ် ဘေးထွက်အကျိုးကိုတစ်နည်းနည်းနဲ့ ကုစားပေးတာမျိုးကို ပြုလုပ်ပေးပါလိမ့်မယ်...
----------------------------------------------------------------

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။