သက်တန့်ချို
1930 ခုနှစ်လောက်က အမေရိကန်နိုင်ငံကကုမ္ပဏီတစ်ခုဟာ ဂျပန်ပြည်ကို တွင်ခုံတစ်လုံးပို့လိုက်ပါတယ် ။ တစ်လလောက်ကြာတဲ့အခါ ကုမ္ပဏီကို ကြေးနန်းတစ်စောင် ၀င်လာပါတယ် ။ ကြေးနန်းထဲမှာရေးထားတာက “ တွင်ခုံအလုပ်မလုပ် သောကြောင့် ပြင်တတ်သော သူကို လွှတ်ပေးပါ ” တဲ့ ။
ဒီတော့ ကျွမ်းကျင်တဲ့သူကို ကုမ္ပဏီက လွှတ်လိုက်တယ် ။ အဲဒီလူအလုပ်တောင်မစရသေးပါဘူး ။ ကုမ္ပဏီက နောက်ကြေးနန်းတစ်စောင် ရလိုက်ပါတယ် ။
“ ပြင်ဖို့လွှတ်လိုက်တဲ့လူက ငယ်လွန်းတ...ယ် အတွေ့အကြုံရှိတဲ့လူကို လွှတ်ပေးပါ ” တဲ့ ။
“ ပြင်ဖို့လွှတ်လိုက်တဲ့လူက ငယ်လွန်းတ...ယ် အတွေ့အကြုံရှိတဲ့လူကို လွှတ်ပေးပါ ” တဲ့ ။
ကုမ္ပဏီက ချက်ချင်းပဲအကြောင်းပြန်လိုက်ပါတယ် ။
“ သူ့ကိုပဲသုံးပါ သူက တွင်ခုံကို တီထွင်ခဲ့တဲ့သူပါ ” တဲ့
========================================
တခါတခါတော့လည်း အသက်အရွယ်နဲ့အတွေ့အကြုံဆိုတာ တိုက်ရိုက်အချိုးမညီပါဘူး ။ ငယ်ရွယ်တဲ့လူတွေမှာလည်း ကျွမ်းကျင်မြင့်မားတဲ့ ပညာအရည်အချင်းတွေရှိနေနိုင်ပါတယ် ။
သက်တန့်ချို
မူရင်း - Age and experiences

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။