FOOD Magazine
................................................
သရက်သီး ငါးခြောက်မှုန့် ငါးပိထောင်း

အခုလို မိုးတွင်းရာသီမှာ လတ်ဆတ်စုံလင်စွာရရှိတဲ့ တို့စရာ
ရာသီပေါ် တညင်းသီးနဲ့ လက်ဖက်ညီအောင် တွဲစားမယ်ဆိုရင်တော့
မစည်ရဲ့ သရက်သီး ငါးခြောက်မှုန့်
ငါးပိထောင်းလေးကို ထောင်းစားကြည့်လိုက်နော်…
...

ပါဝင်ပစ္စည်းများ
....................
• ငရုတ်သီးစိမ်း - ၁၅ ကျပ်သား (အစပ်မျိုး)
• စိမ်းစားငါးပိ - စားပွဲဇွန်း ၆ ဇွန်း
(ငါးပိကို မီးမျှင်းနဲ့ဖုတ်ပါ မွှေးလာသည်ထိပါ)
• ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ငံပြာရည် - စားပွဲဇွန်း ၁ ဇွန်း
• သရက်သီးအစိမ်း - တစ်ခြမ်း (အချောင်းလေးတွေ ခြစ်ထားပါ)
• ငါးခြောက်မှုန့် - စားပွဲဇွန်း ၂ ဇွန်း
• အသားမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
...............
၁။ ငရုတ်သီးစိမ်းကို ရေစင်အောင်ဆေးပြီး အိုးထဲမှာ
ငရုတ်သီးမြုတ်ရုံ ရေထည့်ပြီးပြုတ်ပါ။
ငရုတ်သီးပျော့လာရင် ရပါပြီ။ ရေစင်အောင်စစ်ပါ။
၂။ စိမ်းစားငါးပိကိုဖုတ်ရာမှာ မီးမျှင်းလေးနဲ့ဖုတ်ပြီး
မတူးပါစေနှင့်၊ အနံ့မွှေးရုံသက်သက်ပါ။
၃။ ပြုတ်ထားသော ငရုတ်သီးနဲ့ သရက်သီးအချောင်းလေးများကို
အတူထောင်းပေးပါ။ (ကြိတ်စက်နဲ့ ကြိတ်လျှင်ပိုမြန်ပြီး ငရုတ်စေ့တွေလည်း
ညှက်လွယ်ပါတယ်)။
၎။ ညှက်လာသော ငရုတ်သီးကို ကျန်ပစ္စည်းများထည့် ပြီးမွှေပါ။
ဆားအပေါ့အငန်မြည်းပြီးလျှင် လေလုံ ဗူးထဲမှာထည့်ပြီး ခဲထားလို့ရပါတယ်။
၅။ စားသုံးခါနီးမှ စားပွဲဇွန်း ၃ ဇွန်းလောက်ကို ပန်းကန် ထဲထည့်ပြီး
ကြိုက်နှစ်သက်ရာ ရာသီပေါ်တို့စရာဖြင့် စားသုံးနိုင်ပါသည်။
.....................................
Syi Lwin Foods Garden
.....................................
www.syilwinfoodsgarden.blogspot.com

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။