Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, August 23, 2013

သန်းခြောက်ဆယ်ထဲက တစ်ယောက်

 
 

သန်းခြောက်ဆယ်ထဲက တစ်ယောက်
(၂၂-၈-၂၀၁၃ နေ့ထုတ် ပဲ့တင်သံ ဂျာနယ်မှ ကူးယူဖေါ်ပြပါသည်)

သည်ကဏ္ဍတွင် မြန်မာ့လူဦးရေ သန်းခြောက်ဆယ်နီးပါးအနက် နိုင်ငံသားတစ်ဦး၏နိစ္စဓူဝဖြတ်သန်းမှု ပုံရိပ်များကိုအဓိကထားတင်ဆက်ပေးသွားမည်ဖြစ်ပါသည်။မြန်မာပြည်အရပ်ရပ်တွင် နှစ်ပေါင်းများစွာ နိုင်ငံရေးအကျဉ်းသားအဖြစ် ဘ၀အခတ်အခဲများကိုရင်ဆိုင်ကျော်လွှားခဲ့ကြပြီး ယခုအခါစားဝတ်နေ ရေးအတွက် အခြားသူများနည်းတူလှုပ်ရှားရုန်းကန်ကြသည့်နိုင်ငံရေးအကျဉ်း...သားဟောင်းများမြောက် များစွာရှိနေပါသည်။ယင်းတို့၏ပုံရိပ်များကိုမျှဝေခံစားခြင်းဖြင့် သန်းခြောက်ဆယ်ကို ကိုယ်စားပြုသည့် မြန်မာ့ပုံရိပ်ကို နားလည်သဘောပေါက်ကြစေရန် ရည်ရွယ်တင်ဆက်ထားခြင်းဖြစ်ပါသည်။

မြန်မာ့ဒီမိုကရေစီရေးကို ဂစ်တာကိုင်သောလက်ဖြင့်ကူညီအားဖြည့်သူ
မြန်မာနိုင်ငံဒီမိုကရေစီရေးတွင် တစ်တပ်တစ်အားနည်းမျိုးစုံဖြင့်ပါဝင်ကူညီသူများစွာ ရှိခဲ့သည်။ထိုသူ များထဲတွင်ဂစ်တာကိုင်သောလက်ဖြင့်ကူညီအားဖြည့်ပေးခဲ့သူ ရွှေသံစဉ်တီးဝိုင်းခေါင်းဆောင်ကိုဝင်း မော်ကသူ၏နိုင်ငံရေးပတ်သတ်ခဲ့မှုအစကိုပြောပြခဲ့ပါသည်။
"၁၉၈၅-၈၆ကတည်းကတက္ကသိုလ်ထဲမှာ Fresher welcome,Fairwell တွေတိုင်းမှာရွှေသံစဉ်အနေနဲ့ တီးခတ်ပေးဖြစ်မေခဲ့တယ်။Maths,Physics,IR&IA ဘာသာရပ်တွေမှာပေါ့။အဲ့ဒီကတည်းကကိုကိုကြီး နဲ့ရင်းနှီးခဲ့တယ်။ကျောင်းထဲမှာMaths affairs စဖြစ်တော့လည်းရေတိုက်၊အလှူငွေလက်ခံစတာမျိုးတွေ ကူညီပေးခဲ့တယ်။နောက်လူ့ဘောင်သစ်မှာ ဒုဥက္ကဌဖြစ်လာတဲ့အစ်ကိုဝမ်းကွဲကလည်းLaw မှာတတ် နေတယ်။ကျေင်းသားတွေနဲ့အတူကျောင်းတွင်းလှုပ်ရှားမှုတွေမှာရှိနေခဲ့တယ်.ကျောင်းထဲကို လုံထိန်း တွေဝင်စီးတဲ့အချိန်မှာလည်းသူတို့နဲ့ပြေးရင်းလွှားရင်းရှိနေခဲ့တယ်။နောက်June affairsတွေမှာလဲ ကျောင်းသားတွေကို ကူညီရင်းရှိနေခဲံတယ်။ဒါကျွန်တော့်ရဲ့နိုင်ငံရေးပတ်သတ်ခဲ့မှုအစပေါ့။"
၈လေးလုံးအရေးတော်ပုံကာလများတွင်လည်းကိုလွှမ်းမိုးစည့်အနုပညာရှင်များနဲ့အတူလူထုလှုပ်ရှားမှု များတွင် ပါဝင်နေခဲ့သည်။ထိုကာလတွင်ပင် လှိုင်တက္ကသိုလ်ကျောင်းသားများနှင့် ဒေါ်အောင်ဆန်းစု ကြည်ကိုဆက်သွယ်ပေးခဲ့သည်။
၁၉၉၆ခုနစ်တွသ် ကော့သောင်းအမတ်ဦးလှမင်းကအကူအညီတောင်းသည့်အတွက် ဒေါ်အောင်ဆန်း စုကြည်ကို"ခွပ်ဒေါင်းဝိညာဉ်"နှင့်"၈၈တော်လှန်ရေးနှင့်စွန့်လွှတ်ခြင်း"အမည်ရှိသီချင်း၂ပုဒ်ကိုရေးသားစပ်ဆိုပေးခဲ့သည်။ထိုသို့ရေးသားပေးမှုဖြင့်၁၉၉၆နိုဝင်ဘာ၁၈ရက်နေ့တွင် လှေသဘင်ပွဲအတွက် တီး ခတ်ရန်ပြင်ဆင်နေချိန်တွင် ဖမ်းဆီးခံခဲ့ရကာ ပုဒ်မ၅(က)ဖြင့်ထောင်ဒဏ်၇နှစ်ချခံခဲ့ရသည်။ထိုနောက် တောင်ငူထောင်သို့ပြောင်းရွေ့ခြင်းခံခဲ့ရကာ၂၀၀၂ခုနစ်တွင် တောင်ငူထောင်မှလွတ်မြောက်ခဲ့သည်။ လွတ်မြောက်လာစကနိုင်ငံရေးအခြေအနေကြောင့်လူမှုဘ၀ပြန်လည်ရပ်တည်ရေးတွင် အခတ်အခဲရှိ နေပုံများကိုလည်းပြောပြခဲ့ပါသည်။
"၂၀၀၂ခုနစ်နိုင်ငံရေးအခြေအနေကြပ်တည်းရှုပ်ထွေးတဲ့အနေအထားဆိုတော့ရွေှ့သံစဉ်ဆိုတဲ့နာမည်ပြန်သုံးလို့မရတော့ဘူး။MRTVတို့ဘာတို့မှာရွှေသံစဉ်နဲ့ရိုက်ထားတာတွေလဲရပ်ပစ်လိုက်ကြတယ်။ခေတ် မကောင်းတော့မိန်ဆွေသူငယ်ချင်းတွေလဲရှောင်ကြတယ်။၈၉ကနေ၉၆အထိတီးလာခဲ့တဲ့တီးဝိုင်းကလဲအစိုးရဖိအားပေးမှာကြောက်လို့ လက်မခံခဲ့ကြဘူး။"
၂၀၀၅ခုနစ်တွင်အဆိုတော်လွှမ်းမိုး၏သီချင်းများကိုဒီဘက်ခေတ်လူငယ်များပြန်လည်သီဆိုကြသဖြင့် အလင်္ကာအမည်ဖြင့်ပြန်လည်ရပ်တည်လာနိုင်ခဲ့သည်။
ထိုခေတ်ကာလတွင်တိုင်းပြည်အတွင်းလူ့အခွင့်ရေးချိုးဖောက်မှုများလူနေမှုစနစ်လိုအပ်ချက်များကို ကမ္ဘာကသိနိုင်ရန် မှတ်တမ်းတင်များပေးပို့နိုင်ရန်အတွက် တစ်ဖက်ကဂစ်တာကိုင်နေရသော်လည်း ခေတ်ရဲ့လိုအပ်ချက်အရ တစ်ဖက်ကကင်မရာကိုင်ကာဒီဗွီဘီသတင်းဌာနသို့မှတ်တမ်းသတသ်းများ ပေးပို့ခဲ့သည်။၂၀၀၇သံဃာ့အရေးအခင်းတွင်ဖိနှိပ်မှုများကို သတင်းမှတ်တမ်းများဒရယူပေးပို့ခဲ့သည်။
ထို့သို့သောကိစ္စများနှင့်ပတ်သတ်ပြီးပြန်လည်ဖမ်းဆီးခြင်းခံရကာ ပုဒ်မ၅၀၅(ခ)၊ပုဒ်မ၁၃(က)ဖြင့် ထောင်ဒဏ် ၇ နှစ်ချထားခြင်းခံရကာ တောင်ငူထောင်သို့ပြောင်းရွေ့ခြင်းခံခဲ့ရသည်။ထို့နောက် electronic Act ပုဒ်မ၃၃(က)ဖြင့် ထပ်မံတရားစွဲကာ ထောင်ဒဏ်၁၀နှစ်တိုးပြီးချခံခဲ့ရသည်။စုစုပေါင်း ထောင်ဒဏ်၁၇နှစ်ချမှတ်ခံခဲ့ရသည်။သံတွဲထောင်နှင့်ကျောက်ဖြူထောင်များသို့ပြောင်းရွေ့ခြင်းခံခဲ့ရ သည်။၂၀၁၂ခုနစ်ဇန်န၀ါရီ၁၃ရက်နေ့တွင်ကျောက်ဖြူထောင်မှလွတ်မြောက်ခဲ့သည်။ထောင်တွင်ဖြတ် သန်းမှုများကို ထွေထွေထူးထူးမပြောနိုင်တော့သော်လည်း၁၉၉၇ခုနစ်ပထမအကြိမ်တောင်ငူထောင် ကျစဉ်ကာလက သူ၏အနုပညာဖန်တီးမှုလေးတစ်ခုနှင့်ပတ်သတ်ပြီးမှတ်မှတ်ရရပြောပြခဲ့သည်။
"၁၉၉၇နိုဝင်ဘာလတောင်ငူထောင်ရောက်ချိန်မှာအတူနေတဲ့လှထွဋ်စိုးက မောင်နှင်းခတ်ဆိုတဲ့နာ မည်နဲ့"နရံမဲ့ခရီးရှည်"ဆိုသောအမည်နဲ့ကဗျာတစ်ပုဒ်ပေးခဲ့တယ်။မူရင်းမှာမခတ်မာကမဟေသီမဂ္ဂဇင်း မှာချယ်ရီအကြောင်းခပ်ပါးပါးလေးရေးထားတာကိုကဗျာပြန်စပ်ထားတာ။ဒီကဗျာကိုဖတ်ပြီးချယ်ရီတို့ တင်တင်ညိုတို့လိုပဲထောင်ထဲမှာတောထဲမှာနိုင်ငံအနှံအပြားမှာစွန့်လွှတ်အနစ်နာခံကြရတဲ့ကျောင်း သားတွေအကြောင်းရေးစပ်ချင်ခဲ့တယ်။အဲ့ဒါနဲ့ဘာInstrument မှမပါပဲ ချယ်ရီဆိုတဲ့နာမည်နဲ့သီချင်း တစ်ပုဒ်ရေးစပ်ခဲ့တယ်။ထောင်ထဲမှာပထမဦးဆုံးစပ်တဲ့သီချင်းပဲ။ပြီးမှ"IF"တို့"ထော်သော်သူးလေထော်"တို့ရေးဖြစ်တာ။
အောင်မြင်သောဂီတပညာရှင်တစ်ယောက်အဖြစ်ရပ်တည်နိုင်ခဲ့သော်လည်း ၈လေးလုံးအရေးတော်ပုံမှ စပြီး မြန်မာဒီမိုကရေစီအရေးတွင် မိမိတတ်နိုင်သရွေ့ လက်မနှေးပဲအားစိုက်ကူညီပေးခဲ့သော ကိုဝင်းမော်သည် ၂၀၁၂ခုနစ်ဇန်န၀ါရီလ၁၃ရက်တွင် ကျောက်ဖြူထောင်မှလွတ်မြောင်လာပြီးနောက် ဖေဖော်ဝါရီလ၂ရက်နေ့တွင် ဒေါက်တာတင်မျိုးဝင်းတို့၏AIDSရန်ပုံငွေပွဲတွင်ရွှေသံစဉ်အမည်ဖြင့်ပြန် လည်တီးခတ်ကူညီခဲ့သည်။
၂၀၁၃ခုနစ်ဇန်န၀ါရီ၂၇ရက်တွင် ဆရာတော်အရှင်ဆန္ဒာဓိကနှင့်တိုင်ပင်ပြီး ဆရာတော်၏မတည်ငွေဖြင့် ရွှေသံစဉ်ဂီတဖောင်ဒေးရှင်းတည်ထောင်ပြီး မိဘမဲ့ကလေးများကျောင်းတွင်Morral Support ပေးရန် သွားရောက်တီးခတ်ဖျေုာ်ဖြေခဲ့သည်။၈၈ပွင့်လင်းလူ့အဖွဲ့အစည်း၏စေတနာ့ဝသာန်ပွဲ အမျိုးသားဒိနိုကရေစီအဖွဲ့ချုပ်၏ ပညာရေးကွန်ရက်ရန်ပုံငွေပွဲများတွင်လည်း နိုင်ငံရေးအကျဉ်းသားများ ဘ၀ပြန်လည်ထူထောင်ရေးရန်ပုံငွေအတွက်အကျဥ်းထောင်အတွင်းရေးစပ်ခဲ့သောသီချင်းများဖြင့် "လှောင်ချိုင့်ထဲကတေးအမှတ် ၂"သီချင်းခွေကိုစီစဉ်ပေးခဲ့သည်။
ဂစ်တာကိုင်သောလက်မှနေပြီးခေတ်အခြေအနေလိုအပ်ချက်များအရ သံတိုင်ကိုင်ရသောလက်ကင် မရာကိုင်ခဲ့ရသောလက်များ ဘ၀အမျိုးမျိုး ပြောင်းခဲ့ရာကမိမိခွန်အားရှိသရွေ့ ကူညီခဲ့ပြီးနောက် ယခုတစ်ဖန်ဂစ်တာပြန်ကိုင်ကာမိမိပတ်ဝန်းကျင်ရှိဒေသအကျိုးပြုလုပ်ငန်းများကို လုပ်ဆောင်ပေးနေကြောင်းကိုလည်းပဲ့တင်သံသို့ပြောပြသွားခဲ့ပါသည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။