ထာဝရအလင်းတန်းများ
“ခွင့်လွှတ်နားလည်ခြင်းသည်သာ”
**********************
* တစ်ဦးနဲ့ တစ်ဦး၊ တစ်ယောက်နဲ့ တစ်ယောက် ပေါင်းသင်းဆက်ဆံတဲ့အခါ
နားလည်မှုမရှိရင် ရေရှည်တည်တံ့ဖို့ မလွယ်ကူပါဘူး။ တစ်ဦးတစ်ယောက်
အတွက်သာ မဟုတ်ပါဘူး။
* အဖွဲ့အစည်း၊ မိသားစုအသိုင်းအ၀န်းမှာတောင် နားလည်မှုမရှိရင် အေးချမ်း...
မှုဆိုတာ မရှိနိုင်ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် ပေါင်းသင်းဆက်ဆံနေ
ရပေမဲ့ ရင်ထဲမှာ ဒဏ်ရာ၊ ဒဏ်ချက်တွေနဲ့ ပြည့်နေမှာတော့ အသေအချာပါ
ပဲ။

* ဘ၀ဆိုတာ အသေချာတွေးကြည့်ရင် အင်မတန်မှတိုတောင်းလှပါတယ်။
ခဏတာရလာတဲ့ လူ့ဘ၀မှာ ဘာကြောင့်များ ပူလောင်တဲ့ဒဏ်တွေနဲ့ ရှင်
သန်ဖြတ်သန်းနေကြမလဲ။
* ဒါကြောင့် ဘ၀ကိုအေးအေးချမ်းနဲ့ ဖြတ်သန်းချင်တယ်ဆိုရင် ကိုယ့်အတ္တ
တွေကို လျော့နိုင်သလောက်လျော့ကြည့်ပါ။ ခွင့်လွှတ်နားလည်နိုင်အောင်ကြိုး
စားကြည့်ပါ။ မတူညီတာတွေကို ညှိယူပါ။ သူ့စိတ်ချမ်းသာဖို့ ဦးစားပေးတဲ့
အခါ ကိုယ့်စိတ်ချမ်းသာမှုလည်း ပြန်လည်ရရှိပါလိမ့်မယ်။
- “ဌေး”သာမဏေကျော်ဆရာတော်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။