Myawady News
ချစ်သူဟောင်းများကြောင့် နောင်တရနေသည့် တေလာဆွစ်ဖ်
Wednesday, August 14, 2013
နာမည်ကျော် လူငယ်ကြယ်ပွင့်များ အပါအဝင် အမျိုးသား အတော်များများနှင့် ခေတ္တမျှသာ တွဲလေ့ရှိခဲ့ဖူးသူ Countryဂီတ အဆိုတော်မလေးက အသည်းကွဲ ဝေဒနာသည် သူမ၏ ဂီတဘဝတွင် အောင်မြင်အောင် အထောက်အပံ့ ပေးကြောင်းလည်း ဖွင့်ဟခဲ့
သူမ၏ ချစ်သူဟောင်း အတော်များများနှင့် ပတ်သက်လျှင် သူမအတွက် ကျန်ရှိခဲ့သော အရာသည် နောင်တတရားသာ ဖြစ်ကြောင်း တေလာဆွစ်ဖ်က ဖွင့်ဟပြောကြားလိုက်သည်။ နာမည်ကျော် လူငယ်ကြယ်ပွင့်များ အပါအဝင် အမျိုးသား အတော်များများနှင့် ခေတ္တမျှသာ တွဲလေ့ရှိခဲ့ဖူးသူ Countryဂီတ အဆိုတော်မလေးက အသည်းကွဲ ဝေဒနာသည် သူမ၏ ဂီတဘဝတွင် အောင်မြင်အောင် အထောက်အပံ့ ပေးကြောင်းလည်း ဖွင့်ဟခဲ့သည်။ We Are Never... Ever Getting Back Together သီချင်းဖြင့် အောင်မြင်မှုများ ရရှိနေသည့် တေလာသည် ဂျွန်မေယာ၊ ဂျက်ဂါလင်ဟားလ်၊ တေလာလော့တ်နာ၊ ဟယ်ရီစတိုင်းလ်တို့ အပါအဝင် အမျိုးသား အချို့နှင့် တွဲခဲ့ဖူးသည်။

အသက်(၂၃)နှစ်ရှိ ဂရမ်မီဆုရှင် အဆိုတော်မလေးက စက်တင်ဘာလထုတ် Marie Claire မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ကျွန်မ တွဲခဲ့တဲ့ အမျိုးသားတွေဆီက ရလာတာကတော့ နောင်တတရားပါပဲ။ အဲဒီ နောင်တကပဲ ကျွန်မကိုယ်တိုင် ဖန်တီးထားတဲ့ ဂုဏ်ယူလောက်စရာ သီချင်းတွေ ဖြစ်လာစေတယ်။ အချစ်ဆိုတာ အညှာအတာ ကင်းမဲ့တဲ့ ကစားပွဲမျိုးပါ။ ဒါကို ရှင့်အနေနဲ့ မှန်မှန်ကန်ကန် ကောင်းကောင်းမွန်မွန် ကစားတတ်ဖို့တော့ လိုလိမ့်မယ်ဟု မှတ်ချက်ပြု ပြောဆိုသွားခဲ့သည်။ I Knew You Were Trouble အဆိုတော်က အသည်းကွဲတဲ့အခါ ဂီတကို သာမန်အချိန်တွေထက် ပိုလိုအပ်လာတတ်တယ်"ဟုလည်း ဆိုသည်။
Planet.com.mm
Planet.com.mm

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။