We Love Music
ဂီတပညာရှင်တွေဟာ လူတွေစံထားရလောက်တဲ့ အရည်အချင်း မျိုးတွေ မရှိကြပါဘူး။ များသောအားဖြင့် မိန်းမလိုက်စားသူတွေ၊ အရက်သမားတွေ၊ မူးယစ်ဆေးစွဲနေကြသူတွေနဲ့ အခွန်ပေးဖို့ ရှောင်နေကြသူတွေပါပဲ။ ကျွန်တော်က ရော့ခ်ဂီတကိုပဲ ပြောနေတာ မဟုတ်ပါဘူး။ ဂန္တ၀င်ဂီတပညာရှင်တွေလည်း ဆိုးတာပါပဲ။ ဂျက်ဇ်ဂီတ သမားတွေလဲ ဆိုးတာပဲ။
ဒါပေမယ့် ခင်ဗျားဟာ ဂီတသမားတစ်ယောက် တီးခတ်တာကိုကြည့်မယ် ဆိုရင် အဲဒီတီးခတ်နေတဲ့ အချိန်မှာ သူဟာ သူ့ရဲ့ ကိုယ်ပိုင်ဂီတကမ္ဘာထဲကို ၀င်သွားပြီး အပြင်မှာ သူဘယ်လောက်ပဲ ဆိုးဆိုး၊ အဲဒီအချိန်မှာတော့ သူဟာ အပြစ်ကင်းစင်ပြီး စူးစမ်းချင်တဲ့ ကလေးငယ်တစ်ယောက်လို ဖြစ်နေတာကို တွေ့လိမ့်မယ်။ သူ့ရဲ့ကမ္ဘာထဲမှာ ပျော်စရာတွေ၊ ၀မ်းနည်းစရာတွေ၊ အံ့သြစရာတွေ အပြည့်နဲ့ပေါ့။ အင်မတန်ကို... တန်ဖိုးရှိပြီး သိချင်စရာတွေနဲ့ ပြည့်နေတဲ့ နက်ရှိုင်းလှတဲ့ ကမ္ဘာတစ်ခုလို့ ပြောလို့ရပါတယ်။

ဂီတသမား တစ်ယောက်အနေနဲ့ အောင်မြင်ကျော်ကြားလွန်းလို့ လူထောင်ပေါင်းများစွာကို ညစဉ်ညတိုင်း ဖျော်ဖြေနေတာပဲဖြစ်ဖြစ် သိပ်မအောင်မြင်သေးလို့ အရက်ဆိုင်တွေနဲ့ ကလပ်လေးတွေမှာ ဖျော်ဖြေနေတာပဲ ဖြစ်ဖြစ် ခင်ဗျားစိတ်ဝိဥာဉ်တွေကို ကုစားပေးတဲ့ တစ်စုံတစ်ခုကို လုပ်နေတာပဲ။ ထိခိုက်နာကျင်နေတဲ့ ကျွန်တော်တို့ရဲ့ နှလုံးသားတွေကို ကုစားပေးတဲ့ တစ်စုံတစ်ခုကို လုပ်နေတာပါပဲ။
အကယ်၍ ကျွန်တော့်ကို ဘာသာတရားကို ယုံကြည်ကိုးကွယ်သလားလို့ မေးရင် ကျွန်တော်ဟာ ဂီတကို ကိုးကွယ်တဲ့ သူပါလို့ ဖြေမှာပါပဲ။
#Sting
အကယ်၍ ကျွန်တော့်ကို ဘာသာတရားကို ယုံကြည်ကိုးကွယ်သလားလို့ မေးရင် ကျွန်တော်ဟာ ဂီတကို ကိုးကွယ်တဲ့ သူပါလို့ ဖြေမှာပါပဲ။
#Sting

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။