Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, August 14, 2013

** Love Story** (( ကောင်လေး ရဲ့ ကောင်မလေး ))

 
မောင်(စွယ်စုံကျမ်း)
** Love Story** (( ကောင်လေး ရဲ့ ကောင်မလေး ))

✎ ကောင်လေးနဲ့ ကောင်မလေး ချစ်သူဖြစ်တာ ၃ နှစ်ကျော်ပြီ။
ဒါပေမဲ့ သူတို့ အပြင်မှာတစ်ခါမှ မတွေ့ ဖူးကြဖူး။ သူတို့ နှစ်ယောက်
အွန်လိုင်းမှာ ဘဲ ခင်ပြီး အွန်လိုင်းမှာဘဲ ချစ်သူတွေဖြစ်ခဲ့ကြတာ။
ဒါပေမဲ့ သူတို့ အရမ်းချစ်ကြတယ်၊ နေ့ စဉ်နေ့ တိုင်း ချစ်သူနှစ်ဦး
ကြည်ကြည်နူးနူးနဲ့ စကားတွေပြောဖြစ်တယ်၊ ပိုတိုလေးတွေအပြန်
အလှန်ပို့ ပေးဖြစ်တယ်။ မနက်မိုးလင်းတိုင်း အိပ်ယာကနေအရင်နိုးတဲ့
သူက မနိုးသေးတဲ့ သူကို ဖုန်းလေးဆက်ပြီးနိုးတတ်သလို အိပ်ယာဝင်တော့လည်းမက်ဆေ့လေးအပြန်အလှန်ပို့ ပြီး
အိပ်ယာဝင်ခဲ့ကြတယ်။ သူတို့ နှစ်ယောက်ရဲ့ချစ်သူဖြစ်တဲ့ နေ့ 
ကိုလည်း အထိမ်းအမှတ်တစ်ခုအနေနဲ့ လစဉ်၊နှစ်စဉ် ကျင်းပကြတယ်။
တစ်နေ့ တာလည်ပတ်မှု့မှာ ကောင်လေးနဲ့ ကောင်မလေးဟာ တစ်သားထဲကျနေသလို အရမ်းချစ်ကြတယ်။ ဒါပေမဲ့ တစ်နေ့ တော့ ချစ်သူနှစ်ဦးကြားကိုမမျှော်လင့်တဲ့ ကံကြမာတစ်ခု က
မဖိတ်ခေါ်ဘဲဝင်လာပါတော့တယ်……✎✎

✎ ကောင်လေးက ရေခြားမြေခြားမှာအလုပ်လုပ်တာ..သူပြန်လာဖို့ 
အချိန်ကလည်း နဲနဲလေးဘဲလိုတော့တယ်။ တစ်နေ့ ကောင်လေး
အပျင်းဖျားတော့ ဆေးခန်းသွားပြတယ်။ ကောင်လေးကို ဆရာဝန်က
ဂရုဏာ မျက်လုံးတွေနဲ့ ကြည့်ပြီးပြောတယ်..

“ ကောင်လေး မင်းမှာ ကင်ဆာရောဂါဖြစ်နေပြီ
မင်းအလွန်ဆုံးနေရ နောက်(၆) လလောက်ဘဲတဲ့”

ဆရာဝန်ရဲ့ ဂရုဏာအသံနဲ့ ပြောတဲ့စကားတွေဟာ
ကောင်လေးအတွက်တော့မိုးကြိုးတွေဆက်တိုက်ပစ်သလို
ဘဲနားထဲဆူညံသွားတယ်။ အဲ့ဒီနောက်ကောင်လေးဟာ
သူရဲ့ဆေးစစ်ချက်စာရွက်လေးကို ကိုင်ပြီး ခေါင်းငိုက်စိုက်ချလို့ 
အခန်းကိုပြန်လာတယ်.ပြီးတော့ကောင်မလေးဆီကိုဖုန်းခေါ်လိုက်တယ်

“ ငါဆေးခန်းကပြန်ရောက်ပြီ..ဆရာဝန်ကပြောတယ်..
ရေချိုးမှားလို့ ပါတဲ့အဲ့တာတစ်ရက်နှစ်ရက်လောက် နားလိုက်ရင် သက်သာသွားမှာပါ"

လို့ ပြောလိုက်တော့ကောင်မလေးက

“ ငါခုထိ ငိုနေတုန်းဘဲ..နင့်ဖျားနေတာ.ငါဖျားနေတာ
ထက်ပိုနာကျင်တယ်နင်တစ်ယောက်တည်း မကျန်းမ
မာဖြစ်နေတော့ ကိုယ်တိုင် မပြုစုပေးရတဲ့ ငါ့ကိုယ်ငါလဲ
စိတ်နာတယ်..ဘာဘဲဖြစ်ဖြစ် ငါ့ကိုချစ်ရင် နင်ကိုယ့်နင်ဂရုစိုက်ပါဟာ”

လို့ ပြောလိုက်တော့ကောင်လေးရင်ထဲ နင့်ခနဲ နေအောင်ဖြစ်သွားတယ်။ပြီးတော့ကောင်မလေးကို

“အေးပါဟာ ငါနင့်ကို အရမ်းချစ်ပါတယ်၊ စိတ်ချ ငါအမြန်ဆုံးနေကောင်းလာအောင်ဂရုစိုက်မယ်၊
ဆေးမှန်မှန်သောက်မယ်..နင့်စကားနားထောင်မယ်"

လို့ ပြောလိုက်တော့ကောင်မလေးက မျက်ရည်တွေသုတ်ပြီး ကျေကျေနပ်နပ်ကြီး ပြုံးလိုက်တယ်။
ပြီးတော့ကောင်လေးကိုပြောတယ်

“ နင့်ကိုအဲ့တာကြောင့် အရမ်းချစ်တာ “

ကောင်လေးပြန်ပြုံးလိုက်တယ်..ဒါပေမဲ့ဒီတစ်ခါအပြုံးတွေမှာ ခံစားမှု့တွေကင်းမဲ့နေတယ်၊ဒါကို ကောင်လေးက
လွဲလို့ ဘယ်သူမှ မသိနိုင်ပါဖူးလေ….✎✎

✎အဲ့ဒီနောက်ပိုင်းကစပြီး ကောင်လေးဟာနေ့ စဉ်နေ့ တိုင်း
စဉ်းစားနေခဲ့တော့တယ်။သူကောင်မလေးကို ဘယ်လို
ဖွင့်ပြောရမလဲ၊ သူပြောလိုက်ရင်ကောင်မလေးဘယ်လို
ခံစားသွားရမလဲ..စသဖြင့်..ပေါ့။ နောက်ဆုံးကောင်လေးဟာ ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်။ပြီးတော့အားရပါးရ ငိုကြွေးလိုက်တယ်…ပြီးတော့သူ့ သူငယ်ချင်းတစ်ယောက်ဆီကို
ဖုန်းဆက်လိုက်ပါတော့တယ်။ နောက်ရက်အတန်ကြာ
တစ်ရက်ရဲ့မနက် မိုးလင်းမှာကောင်မလေးကအရင်နိုးတော့
ကောင်လေးဆီကိုဖုန်းခေါ်တယ်.. ကောင်လေးမကိုင်ဖူး..
အဲ့တာနဲ့ ကောင်မလေး အွန်လိုင်းဖွင့်လိုက်တယ်.အင်တာနက်
စာမျက်နှာတွေပေါ်မှာကောင်လေးနဲ့ တစ်ခြား
ကောင်မလေးတစ်ယောက်ရဲ့မင်္ဂလာဆောင်ပိုတိုတွေတက်လာတယ်.
ကောင်မလေးရုတ်တရက်တော့မှင်သေသွားတယ်.
ပြီးတော့ သေသေချာချာလိုက်ကြည့်တော့ သူချစ်သူဖြစ်နေတယ်
ရုတ်တစ်ရက်ကမ္ဘာပျက်သလိုဖြစ်သွားတယ်..
ခနနေတော့ ကောင်လေးဆီမက်ဆေ့တစ်ခုဝင်လာတယ်
ကောင်လေးပို့ လိုက်တာ…ကောင်လေးရေးထားတာက

“ ငါ့ကို ခွင့်လွတ်ပါဟာ..ငါသူကိုတစ်ကယ်ချစ်မိသွားလို့ ပါ..
ပြီးတော့ သူက နင့်ထက်လဲ ချောတယ်. အစစအရာနင့်ထက်ပို
ပြည့်စုံတယ်..ပြီးတော့ ငါနဲ့ လဲ အလုပ်တူတူလုပ်တာဆိုတော့
ငါတို့ ဒီမှာဘဲ အခြေချဖြစ်တော့မယ်..တစ်ကယ်တော့နင့်ကို ငါ
အပျော်သတ်သတ်တွဲခဲ့တာ..ငါတစ်ကယ်ချစ်တာက
အခုလက်ထပ်လိုက်တဲ့ကောင်မလေးကိုပါ။ နင်ဘ၀တစ်လျှောက်လုံးအဆင်ပြေပါစေဟာ”
(ကောင်လေး)

ထို့ နောက်ကောင်မလေးဟာ ရှိုက်ကြီးတစ်ငင်နဲ့ 
ငိုကြွေးပါတော့တယ်.သူရဲ့အချစ်ကို ကောင်လေးက
လိမ်ညာခဲ့တယ်ဆိုပြီး ရင်ကျူံးမရတွေဖြစ်
မခံမရပ်နိုင်တွေဖြစ်ပြီး ကောင်လေးဆီကို ချက်ခြင်းဘဲ
စာပြန်ပို့ လိုက်တယ်။

“ ဟဟ..ထင်သားဘဲ..နင်လဲ ဒီပုတ်ထဲကဒီပဲပါဘဲ..
ဘာလဲငါကရောနင့်ကိုတစ်ကယ်ချစ်တယ်လို့ ထင်လို့ လား ..ဝေးသေးတယ်..အပျော်ဘဲ..ဒီနေ့ ကပြီး
နင့်ကိုငါဘလော့လိုက်ပြီ..အွန်လိုင်းကတင်မဟုတ်ဖူးနော်..
ငါဘ၀ထဲကပါ.ဘိုင့် .အဆင်ပြေပါစေ.”

ပြီးတော့ကောင်မလေးက ကောင်လေးကိုဘလော့လိုက်တယ်။
ပြီးတော့နာကျည်းစွာငိုကြွေးပြန်တယ်။အဲ့ဒီအချိန်မှာဘဲ
ကောင်လေးကလည်း ကောင်မလေးလိုဘဲငိုကြွေးနေရှာတယ်။
တစ်ကယ်တော့သူ့ သူငယ်ချင်းတစ်ယောက်ကို အကူအညီ
တောင်းပြီး သူဒီလို လုပ်လိုက်တာ။ကောင်မလေး သူ့ ကို
နားကျည်းစိတ်နဲ့ လမ်းခွဲသွားအောင်လို့ .သူကင်ဆာဖြစ်နေတာ သိသွားခဲ့ရင်ခံစားရမဲ့ကောင်မလေးရဲ့ဘ၀ကိုမမြင်ရက်လို့ 
သူချစ်တဲ့သူကို သူအတွက်နဲ့ တစ်ဘ၀လုံး ခံစားသွားရမှာကို
မကြည့်ရက်လို့ လုပ်လိုက်တာ၊ဘာဘဲပြောပြော နားကျည်းချက်နဲ့ 
ဆိုတော့ ကောင်မလေး
မေ့ဖို့ လွယ်မယ်ဆိုပြီးလုပ်လိုက်တာပါ✎✎

✎ ဒီလိုနဲ့ ကောင်လေးသူ့ တိုင်းပြည်ကိုပြန်လာခဲ့တယ်။ သူနေ့ တိုင်းကောင်မလေးကိုသတိရနေမိတယ်။
ကောင်မလေးကိုတွေ့ ချင်နေမိတယ်။ကျန်းမာရေးကလဲတစ်နေ့ 
တစ်ခြားပိုပိုဆိုးလာတယ်။တစ်နေ့ တော့ကောင်လေးဆုံးဖြတ်ချက်
ချလိုက်တယ်။ကောင်မလေးကိုသွားတွေ ဖို့ ..ဒါပေမဲ့
ကောင်မလေးကို သူတွေ့ မှာမျက်နှာချင်းဆိုင်တော့မဟုတ်ဖူး.
ကောင်မလေးအလုပ်လုပ်နေတဲ့ ရုံးရှေ့ထောင့်တစ်နေရာကနေ
ခိုးချောင်ခိုးဝှက်နဲ့ ကောင်မလေး ကိုမြင်ရရင်ကျေနပ်ပါပြီဆိုတဲ့ စိတ်နဲ့ သွားတွေ့ ခဲ့တာ..သူတွေ့ ခဲ့ပါတယ်။
ညျို့ မှိုင်းမှိုင်းမျက်နှာလေးနဲ့ ရုံးဆင်းလာတဲ့သူရဲ့ချစ်သူကို..
သူအရမ်းပျော်သွားတယ်ရင်တွေလဲအရမ်းခုန်လာတယ်..
သူချစ်သူကောင်မလေးကို အခုသူကိုယ်တိုင် အပြင်လောကကြီးမှာ
တစ်ကယ်တွေ့ နေရပြီလေ..ကလေးလေးတစ်ယောက်လို ခုန်ပေါက်ပြီးကွယ်ထားတဲ့နေရာကအထွက်အရှိန်နဲ့ ချိုးကွေ့ 
ဝင်လာတဲ့ ကားတစ်စီးက အရှိန်မထိန်းနိုင်ဘဲကောင်လေးကို ၀င်တိုက်မိပါတော့တယ်..ကောင်လေး ကောင်မလေးနဲ့ 
ဆန့် ကျင်ဘက်နေရာကို လွင့်ထွက်သွားတယ်. ကောင်မလေးရဲ့
အမြင်မှာလဲနောက်ကျောကိုသာမြင်ရတဲ့ အနေအထား.. ကားတိုက်တယ်ဆိုတော့ လူတွေအားလုံးဝိုင်းအုံလာကြတာပေါ့
ကောင်မလေးသူငယ်ချင်းတစ်ယောက်က ကောင်မလေးကို
သွေးထွက်သံယိုတွေ မကြည့်ရဲတော့ အဲ့ဒီနေရာကနေ
အမြန်ထွက်သွားဖို့ လက်ဆွဲပြီးခေါ်လာတာနဲ့ ကောင်မလေးလဲ
ကောင်လေးနဲ့ ဆန့် ကျင်ဘက်ကိုတစ်ဖြည်းဖြည်းနဲ့ 
ထွက်သွားပါတော့တယ်။ ကားတိုက်ခံလိုက်ရတဲ့ ကောင်လေးက သူနဲ့ အတူပါလာတဲ့သူငယ်ချင်းကိုပြောတယ်.

” မခေါ်ပါနဲ့ တော့ကွာ..င့ါချစ်သူငါ့ကိုဒီလိုပုံစံနဲ့ မြင်ရင်
သူအရမ်းစိတ်ထိခိုက်သွားမှာဒီတိုင်းလေးဘဲ နားကျည်းစိတ်တွေနဲ့ ငါ့ကိုမုန်းနေပါစေ..တစ်နေ့ တော့
သူငါ့ကို မေ့သွားမှာပါ.” လို့ ပြောပြီး

သူအိပ်ကပ်ထဲကအသဲပုံလော့ကတ်သီးဆွဲကြိုးလေးတစ်ခု
ထုတ်လိုက်တယ်.အဲ့ဒီလော့ကတ်သီးထဲမှာသူနဲ့ ကောင်မလေးရဲ့
ပိုတိုကို ဆက်ထားတဲ့ ပိုတိုသေးသေးလေးတစ်ခုပါတယ်။
ပြီးတော့ သူ သူငယ်ချင်းကိုပြောတယ်.. သူသေသွားခဲ့ရင် သူကိုမြေမြုပ်ပေးဖို့ .ပြီးတော့ သူ့ အုတ်ဂူမှာ ကောင်မလေးခေါ်နေကျ သူနာမည်ပြောင်လေးကိုသာရေးပေးဖို့ ပြောတယ်.
ပြီးတော့ဒီလောကတ်သီးလေးနဲ့ သူရေးထားတဲ့ကဗျာစာရွက်
လေးတစ်ရွက်ကိုကောင်မလေးကို တွေ့ ရင်ပေးလိုက်ဖို့ မှာပြီး
ကောင်လေးအသက်ဆုံးသွားပါတော့တယ်…ကောင်လေးဆုံးပြီး ၃ ရက်မြောက်တဲ့နေ့ မှာကောင်မလေးက အလုပ်ကိစ္စတစ်ခုအတွက်
ရေခြားမြေခြားတစ်နေရာကိုထွက်သွားခဲ့တယ်။
ကောင်လေးရဲ့သူငယ်ချင်းလဲ ကောင်လေးပြောတဲ့အတိုင်း အားလုံးလုပ်ပေးပြီးကောင်လေးနာရေးပြီးတော့
ကောင်မလေးကိုဆက်သွယ်ခဲ့ပေမဲ့…အဆက်အသွယ်မရခဲ့ဖူး…
ဒီလိုနဲ့ ဘဲအချိန်ကာလတွေကပြောင်းလဲလာ
တယ်။ ကောင်မလေးလဲ သူ့ကိုချစ်တဲ့သူတစ်ယောက်နဲ့ 
အိမ်ထောင်ကျသွားတယ်။ ကောင်မလေး မချစ်ပေမဲ့
သူအပေါ်အစစအရာရာကောင်းမွန်တဲ့ခင်ပွန်းကောင်း
တစ်ယောက်ရခဲ့တဲ့ အတွက် ကျေနပ်ခဲ့တယ်။ သာယာတဲ့မိသားစုကိုတည်ထောင်ဖို့ 
သူဆုံးဖြတ်ခဲ့တယ်✎✎

✎ ဒီလိုနဲ့ ဆယ်စုနှစ် ၃ ခုလောက် ကျော်လွန်ဖြတ်သန်းပြီးနောက်
ကောင်မလေး အမျိုးသားလဲလူကြီးရောဂါနဲ့ ဆုံးပါသွားတယ်။
ကောင်မလေးအမျိုးသားကလဲ သူသေရင်မြေမြုပ်ပေးဖို့ 
တောင်းဆိုခဲ့လို့ သူမြေမြုပ်ဂူသွင်းပေးလိုက်တယ်။ တိုက်ဆိုင်ချင်တော့ သေသွားတဲ့ ကောင်လေး
အုတ်ဂူရဲ့ဘေးမှာ ကောင်မလေး အမျိုးသားအုတ်ဂူ ဒါပေမဲ့ နှစ်တွေကြာညောင်းတော့ ဟောင်းနွမ်းပေကျံနေတဲ့
ကောင်လေးအုတ်ဂူကို ကောင်မလေးသတိထားမိခဲ့ဖူး။ ဒီလိုနဲ့ တစ်ရက် ကောင်မလေးသူ့ အမျိုးသားအုတ်ဂူကို
လွမ်းသူပန်းစည်းလေးလာတင်တယ်။ ရုတ်တရက်တိုက်လိုက်တဲ့လေပြေလေးကကောင်မလေးရဲ့
ပ၀ါစလေးကိုကောင်လေးရဲ့အုတ်ဂူပေါ်သယ်ဆောင်သွားတယ်.
အဲ့တာနဲ့ ကောင်မလေးလဲ ပုဝါကိုလှမ်းယူလိုက်တော့ ဖုန်
သုတ်ပေးသလို ဖြစ်သွားပြီးအုတ်ဂူရဲ့သေဆုံးသူနာမည်ကို
ဖတ်မိသွားတယ်…..
"…………….” နေ့ တွင်ကွယ်လွန်သည်။ ကောင်မလေးမျက်လုံး
တွေဝိုင်းစက်သွားတယ်ဒါ သူ့ အရမ်းချစ်ခဲ့ရတဲ့ သူ့ ချစ်သူ နာမည်..ကမ္ဘာပေါ်မှာ သူတစ်ယောက်တည်းခေါ်တဲ့ နာမည်
ပြီးတော့ကောင်မလေး ရုတ်တရက်ဆိုသလို ပြန်လှည့်ထွက်လာတယ်။ ဟိုတုန်းက ကောင်လေးပြောပြဖူးတဲ့ သူအချစ်ဆုံး
သူငယ်ချင်းတစ်ယောက်ရဲ့လိပ်စာတွေဖုန်းနံပါတ်တွေကို
ပြန်ရှာလိုက်တယ်ပြီးတော့သူဆက်သွယ်လိုက်တယ်..
ကောင်လေးသူငယ်ချင်းက မနက်ဖြန်ကောင်လေးရဲ့
အုတ်ဂူမှာဆုံမဲ့အကြောင်းချိန်းဆိုလိုက်တယ်။
ကောင်မလေးဇဝေဇ၀ါဖြစ်နေတယ်။
သူထင်ထားခဲ့တာကောင်လေးရေခြားမြေခြားမှာအခြေချဖို့ ..
သူမြင်ခဲ့တဲ့ ကောင်လေးအုတ်ဂူက သူအမျိုးသားဘေးမှာ..
ကောင်မလေးစဉ်းစားရင်းမိုးလင်းသွားတော့တာပေါ့ ..နောက်တစ်ရက်ရောက်တော့ ကောင်မလေးနဲ့ ကောင်လေး
သူငယ်ချင်းတွေ့ ကြတယ်။ ကောင်မလေးကို ကောင်လေး
သူငယ်ချင်းက အဖြစ်မှန်တွေအကုန်ပြောလိုက်တော့
ကောင်မလေးတစ်ယောက် ကလေးလေးတစ်ယောက်လို ငိုကြွေးရင်းပြောရှာတယ်…..

“ နင် ငါ့ကိုအဲ့လောကတောင်ချစ်ခဲ့ရသလား.. ကောင်လေးရယ်.. “

ကောင်လေးသူငယ်ချင်းက ကောင်မလေးကို ကောင်လေး
ပေးခိုင်းထားခဲ့တဲ့ ကဗျာစာရွက်လေးနဲ့ ဆွဲကြိုးလေး
ပေးပြီး ပြန်သွားပါတော့တယ်။ ကောင်မလေးက နွမ်းကြေနေတဲ့ ကဗျာစာရွက်လေးကို အားစိုက်ပြီးသေသေချာချာ
ဖတ်လိုက်တယ်…✎✎

♥…..ကောင်မလေးရယ်…

မရေရာမသေချာတဲ့ နေရာလေးတစ်ခုမှာ

နင် နဲ့ ငါ ဆုံတွေခဲ့တယ်….

နီးခြင်း ၊ ဝေးခြင်း ပညတ်ချက်တွေကြားမှာ

ငါတို့ နှစ်ဦး ရင်နင့်အောင်ချစ်မိကြတယ်..

တစ်ကယ်ဆို ကံကြမ္မာက ငါတို့ ကို အသိအမှတ်ပြုခဲ့သင့်တာ..

ဒါပေမဲ့ဟာ.....

မှော်ဆန်ဆန် ပဉ္ဖလက်တွေနဲ့ သူပေးခဲ့တဲ့ ချစ်ခြင်းတွေက

ငါတို့ နှစ်ဦး ပေါင်းစည်းဖို့ လား ရင်ကွဲဖို့ လား….

မတတ်နိုင်ဖူးလေသူစေညွန်ရာနေ .နေရတဲ့

သူတွေဘဲ…ဘယ်လောက်ဘဲချစ်ချစ်

အတိတ်က၀တ်ကြွေးလို့ ဘဲသဘောထားလိုက်ပါတော့…

ငါဆုလေးတစ်ခုဘဲတောင်းခဲ့ပါမယ်ကောင်မလေးရယ်..

ငါ့အသက်တွေ အိုမင်းရင့်ရော်သွားပါစေ…

ငါ နင့်ကို ချစ်နေတာတော့ ထာဝရနုပျိုနေပါစေ

ငါ့ကိုယ်ခန္ဒာတွေ ပျက်ဆီးဆုံးရှုံးသွားပါစေ..

ငါနင့်ကို ချစ်နေတာတော့ အမြဲတည်တံ့ခိုင်မာနေပါစေ..

ငါဘ၀တွေ သေဆုံးပျောက်ရှသွားပါစေ…

ငါနင့်ကို ချစ်နေတာတော့ ကမ္ဘာ တည်သရွေ ရှင်သန်နေပါစေ..♥♥


✎ ကောင်လေးရဲ့ကဗျာလေးကိုဖတ်ပြီးတဲ့ကောင်မလေး
အတန်ကြာအောင် ငြိမ်သက်သွားတယ်။
အဲ့ဒီနောက်ကဗျာစာရွက်လေးကိုတစစီဖြေးချင်းစွာ
ဆုပ်ဖြဲလိုက်တယ်..နောက်တစ်ခါထပ်ဖတ်ဖို့ 
မလိုလောက်အောင် သူစာသားတွေကို ထာဝရမှတ်မိသွားပါပြီ။
ပြီးတော့ သူယူလာတဲ့ လွမ်းသူပန်းစည်းလေးကိုတစ်ဝက်
ခွဲလိုက်ပြီးသူ အရမ်းချစ်တဲ့ သူ့  ချစ်သူ အုတ်ဂူပေါ်ကိုတစ်ဝက်………
သူ့ ကို အရမ်းချစ်ပြီးအရမ်းတာဝန်ကျေခဲ့တဲ့ သူ့ အမျိုးသားအုတ်ဂူပေါ်ကိုတစ်ဝက် တင်လိုက်တယ်..
ပြီးတော့….တဖြည်းဖြည်းချင်း ကျောခိုင်းပြီးတရွေ့ရွေ့
ထွက်ခွာသွားပါတော့တယ်…….✎✎

{ တစ်ကယ်တော့ အချိန်တွေ ၊ နေရာတွေဆိုတာ
တစ်ကယ်ချစ်တဲ့ချစ်သူတွေအတွက် အဓိကမ ကျပါဖူး၊
ဘယ်လောက်ဘဲဝေးနေပါစေ.အချစ်ဆိုတာ.. ကိုယ်ခံယူထားတဲ့ ချစ်ခြင်းမေတ္တာပေါ်မှာဘဲမူတည်ပါတယ်။
မြင်နိုင်တဲ့နေရာတွေမှာ ချစ်ခြင်းတွေရှိသလို..
မမြင်နိုင်တဲနေရာတွေမှာလည်းအချစ်ဆိုတာ ရှိတယ်။
ဒါပေမဲ့ ဘယ်လောက်ဘဲချစ်ချစ် နောက်ဆုံးတော့လည်း
ကံစီမံရာနာခံရတဲ့ လူတွေမို့ လို့ သူစေညွန်တဲ့ အတိုင်းတော့ လိုက်နာရပါလိမ့်မယ်။
သူစေညွန်နိုင်တာ လူသားတွေရဲ့ ဘ၀တွေပါ…
ချစ်တတ်တဲ့ နှလုံးသားတွေတော့ မဟုတ်ပါဖူး....... }


☛ N p ☚

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။