ပန်းတစ်ပွင့်၏ရှင်သန်ခြင်းနိယာမ .. အပျိုစင်မဂ္ဂဇင်း ( ဇူလိုင်လ၊ ၂၀၁၃ )
(၁)
ဆောင်းရာသီ၏မနက်ခင်းတစ်ခုတွ င် လူ့လောကအတွင်းသို့ သူမ စတင်ရောက်ရှိလာခဲ့ခြင်း
ဖြစ်သည်။ ထိုနေ့က နှင်းများ ဖွေးဖွေးလှုပ်ကျဆင်းလို့နေသည်တဲ့။ ထို့ကြောင့် သူမနာမည်ကို
နှင်းငွေ့ဖြူ ဟု လှပစွာခေါ်တွင်ခဲ့လေသည်။ မိဘနှစ်ပါးကမူ သူမကို သမီးဖြူ ဟုချစ်စနိုးခေါ်
ကြသည်။
သူမက ဆောင်းရာသီကိုလွန်စွာချစ်မြ တ်နိုးမိသည်။ နှင်းများဝေအောင်ကျနေလျှင် သူမ
အရမ်းကြည်နူးမိသည်။ ဆောင်းရာသီ၏ချမ်းအေးသောမနက် ခင်းများအား ဖေဖေနှင့်အတူ
အပြေးလေ့ကျင့်ကာကုန်ဆုံးစေခဲ့သည်။ ဆောင်းလေ အေးအေးရောယှက်နေသည့်မနက်
ခင်းတွင် အပြေးလေ့ကျင့်ရသောအရသာကမက်ေ မာစရာကောင်းလှ၏။ ချမ်းအေးသော
ရာသီတွင်အိပ်ယာထဲစောင်လေးနှ င့်ကွေးနေရမည်ကို သူမ မနှစ်ခြိုက်မိပေ။ မိုးရာသီ
လွန်မြောက်၍ ဆောင်းရာသီဝင်တော့မည်ကို သူမ ရင်ဖိုကြည်နူးစွာစောင့်မျှော်တတ်ခဲ့ပြီ
ဖြစ်သည်။
ဖေဖေက ဆရာဝန်တစ်ယောက်ဖြစ်သည်မို့ ကျန်းမာရေးကိုအထူးဂရုစိုက်၏ ။ ဖေဖေ့ကြောင့်
လည်း သူမ နေမ ကောင်းဖြစ်ခဲလှပါသည်။ သူမဘဝ၏ရည်မှန်းချက်က ဆရာဝန်ကောင်း
တစ်ယောက်ဖြစ်ရန်ဖြစ်သည်။ ဖေဖေ့လို ဆရာဝန် တစ်ယောက်ဖြစ်အောင်ကြိုးစာြး ပီး လူတွေ
၏အသက်ကိုကယ်မည်။ ဤသည်က သူမဖြစ်ချင်လွန်းသည့်ရည်မှန်းချက်ဖြစ်၏။
သူမသိပ်ချစ်သော ဆောင်းရာသီက ကြေကွဲစရာကျိန်စာဆိုးများသယ်ဆောင်လာခဲ့လိမ့်မည်
ဟု လုံးဝထင်မှတ်မ ထားခဲ့ပေ။ သို့သော် ထိုကျိန်စာဆိုးသည် သူမ ဆယ်တန်းတက်မည့်နှစ်မှာ
ပင် အလုံးအရင်းနှင့်ဝင်ရောက်လာခဲ့သည်။
ထိုနေ့က နှင်းများဖွေးနေအောင်ကျဆင်း လို့နေခဲ့၏။ သိပ်သည်းသောအချမ်းဒဏ်ကိုအံတု
ကာ သူမနှင့် ဖေဖေ အပြေး လေ့ကျင့်နေခဲ့သည်။ သူမတို့ပြေးနေသည့်လမ်းတစ်လျှောက်
တွင် အပြေးလေ့ကျင့်သူများနှင့် ပြည့်လို့နေသည်။ နှင်းများသိပ်သည်းစွာကျဆင်း နေသည်မှာ
အရှေ့ကိုပင်ကောင်းကောင်းမမြ င်ရပါ။ ထို့သို့အဖြူရောင်နှင်းငွေ့ များထဲ ပြေးဝင်ရသည်ကို
သူမ အရမ်းသဘောကျမိသည်။ မျက်နှာပေါ်သို့ဖြတ်ရိုက်သွားသောနှင်းငွေ့နှင်းစက်များကို
ခံစားရသည်မှာ မက်မောစရာပင် ကောင်းလှသေးသည်။
“ မောနေပြီလား သမီးဖြူ ”
ပြေးနေရင်းကပင် ဖေဖေက လှမ်းမေး၏။ ဖေဖေ့ကိုမီအောင်ပြေးလိုက်နေ ရင်းပင် သူမပြန်ဖြေ
လိုက်၏။
“ မမောပါဘူး ဖေဖေရဲ့ ”
“ ကဲ .. ဒါဆိုဆက်ပြေးကြရအောင်၊ ဖေဖေ့ လက်ကိုတွဲထား ”
ဖေဖေကမ်းပေးသည့်လက်ကိုတွဲကာ နှင်းလွှာထုကြီးထဲပြေးဝင်လာခဲ့သည်။ မျက်နှာပေါ်သို့နှင်းငွေ့
များဖြတ်ရိုက်သွား ကြ၏။ ထိုအရသာကို သူမအရမ်းမက်မောလှသည်။ အေးစက်သောလေများနှင့်
ထိတွေ့နေရသည်ကိုလည်း သူမ နှစ်သက်မိ ပြန်သည်။ ဖေဖေ့လက်ကိုတွဲရင်း သူမ မမောနိုင်အောင်
ပင်ပြေးလွှားနေမိသည်။ နှင်းများအကြားသို့ပြေးဝင်ေ နရမည်ဆိုလျှင် သူမ မောရကောင်းမှန်းပင်မသိ။
ထိုစဉ် နှင်းငွေ့များကြားမှ ကားတစ်စီး၏ ဦးခေါင်းပိုင်းက ရုတ်တရက်ထိုးထွက်လာ၏။ ဖေဖေနှင့်
သူမ လက်တွဲကာ ပြေးနေရာမှ အံ့အားသင့်မှင်သက်သွားကြ၏။ သို့သော် ကြာကြာအံ့အားသင့်ချိန်
မရလိုက်။ ကားက သူမတို့ကိုဝင်တိုက်လိုက် သည်လား..။ သူမတို့က ကားကိုဝင်တိုက်လိုက်သည်
လား ဝေခွဲမရ။ နာကျင်မှုများစုပုံကာ သူမ လွင့်စင်သွားခဲ့၏။ သူမတွဲထား သည့် ဖေဖေ့လက်သည်
လည်း ပြုတ်ထွက်သွားခဲ့၏။ ထို့နောက် သူမ၏အမြင်အာရုံများဝေဝါးလာက အသိစိတ်တို့က အမှောင်
ထုထဲသို့တိုးဝင်ပျံ့လွင့်သွားခဲ့တော့၏။
(၂)
အသိစိတ်သည် ခန္ဓာကိုယ်နှင့်ချိတ်ဆက်မိသောအခါ ပြင်းထန်သည့်နာကျင်မှုကိုခံစားလာရ၏။
လေးလံနေသည့် မျက်ခွံများကလည်း ဖွင့်၍မပွင့်ချင်။ အားယူ၍ဖွင့်ကြည့်လိုက်မှ စူးရှရှအလင်း
ရောင်တစ်ချို့တိုးဝင်လာ၏။အလ င်းရောင်နှင့် ရင်မဆိုင်ရဲစွာ မျက်လုံးများကပြန်ပိတ်သွားခဲ့၏။
မျက်လုံးကိုဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သောအခါ ပထမဆုံးမြင်လိုက်ရ သည်က အဖြူရောင်
ဟင်းလင်းပြင်တစ်ခု။ အသေအချာလှမ်းကြည့်လိုက်မှ အဖြူရောင်မျက်နှာကျက်တစ်ခြု ဖစ်နေ၏။
“ သမီးဖြူ .. သတိရလာပြီလားဟင် ”
ဝမ်းသာအားရခေါ်သံတစ်ခုကနားထဲ တိုးဝင်လာ၏။ မေမေ့ အသံမှန်း သူမ သိလိုက်သည်။ သူမ
ဘယ်ရောက်နေလဲ မသိရ။ ဘာဖြစ်လို့ဖြစ်နေမှန်းပင် သူမ မတွေးတတ်ပါ။ သူမ ခံစားနေရသည်
ကနာကျင်သည့်ဝေဒနာဖြစ်၏။ သူမတစ်ကိုယ်လုံး ကိုက်ခဲနာကျင်လို့နေသည်။ သူမ မေမေ့ကို
ကြည့်ကာမေးလိုက်မိ၏။
“ မေမေ .. သမီး ဘယ်ရောက်နေတာလဲဟင် ”
“ ဆေးရုံရောက်နေတာလေ သမီးဖြူရဲ့၊ ဘာမှမဖြစ်တော့ပါဘူး၊ အားတင်းထားနော် သမီး”
မေမေ့စကားအဆုံး အဖြစ်အပြက်တွေကို သူမ ဖျတ်ခနဲသတိရလိုက်၏။ ဖေဖေနှင့်အပြေး
လေ့ကျင့်နေခဲ့သည့် ပုံရိပ် တစ်ချို့ကို မျက်လုံးထဲမြင်ယောင်မိလာ၏။ ထို့နောက် နှင်းထုထဲက
ထိုးထွက်လာသည့် ကားတစ်စီး။ ပြီးနောက် အရှိန်ပြင်း သည့်ထိခိုက်မှု။ သူမနှင့် လက်တွဲပြုတ်
သွားသည့် ဖေဖေ။ ဖေဖေ့ကို သူမသတိရလိုက်သည်။
“ ဖေဖေရော .. ဖေဖေ ဘယ်မှာလဲဟင် ”
သူမ မေးလိုက်သောအခါ မေမေက အင့်ခနဲရှိုက်ငို၏။ သူမရင်ထဲ စိုးရိမ်စိတ်က ပို၍တိုးလာ၏။
ဖေဖေဘာမှမဖြစ်ပါ စေနဲ့။ သူမ ထိတ်လန့်တကြားဆုတောင်းမိ၏။
“ မေမေ .. ဖေဖေ ဘာမှမဖြစ်ပါဘူးနော် ”
“ သမီးရယ် .. သမီးဖေဖေလေ ”
မေမေ့အသံက ရှိုက်သံတစ်ဝက်နှင့်ရပ်တန့်သွား၏။ မေမေ့မျက်ဝန်းမှတရစပ်ကျဆင်း နေသည့်
မျက်ရည်များက အခြေအနေတစ်ခုကို ပုံရိပ်ဖော်နေခဲ့၏။ သူမ၏ဆုတောင်းက မှားယွင်းစွာလွဲချော်
သွားခဲ့ပြီပဲ။ သူမ မယုံနိုင်စွာပင် ခေါင်းကို ခါရမ်းမိသည်။
“ ဟင့်အင်း .. သမီးမယုံဘူးမေမေ၊ သမီးကိုယ်တိုင်ဖေဖေ့ကို သွားကြည့်မယ် ”
အဖေ့ဆီသွားရန်သူမ ထရပ်လိုက်သည်။ သို့သော် ထ၍မရ။ သူမသည် ကုတင်ပေါ်မှထ၍မရပါ။
သူမ အောက်ပိုင်း တစ်ခုလုံး မရှိတော့သလိုပေါ့ပါးလို့နေ၏ ။ သူမယောင်ရမ်းကာစမ်းကြည့်လို က်
သောအခါ ခြေတောက်ကိုစမ်းမိ၏။ သို့သော် ခြေထောက်က သူမ၏လက်ချောင်းများနှင့်ထိေ တွ့မှု
ကိုမခံစားရ။ သူမ အောက်ပိုင်းတစ်ခုလုံးလှုပ်ရှား၍မရ။ သူမ ကြိုးစား ကာ ထရပ်လိုက်သော်လည်း
အချည်းအနှီးပင်ဖြစ်၏။ စိုးရိမ်မှုနှင့်ထိတ်လန့်မှုတို့က သူမထံအလုံးအရင်းနှင့်စုပုံဝ င်ရောက်လာခဲ့၏။
မေမေ့ကို သူမ အလန့်တကြားကြည့်လိုက်မိသည်။
“ မေမေ .. သမီးခြေတောက်တွေ လှုပ်လို့မရတော့ဘူး ”
“သမီးလေးရယ် ”
မေမေက သူမကိုဖက်ကာတသိမ့်သိမ့်ရှိုက်ငို၏။ အသိစိတ်သည် မယုံနိုင်ခြင်းနှင့် ထိတ်လန့်ခြင်းတို့
အကြား လွန်ဆွဲ သွားရ၏။ နောက်ဆုံး သူမသိလိုက်ရသည်က သူမသည်လွယ်ကူမြန်ဆန်စွာဖြင့် 
ဒုက္ခိတတစ်ယောက်ဖြစ်သွားခြဲ့ ခင်းပင်ဖြစ်၏။ သူမနှင့် မေမေ ဖက်ကာငိုကြွေးရုံအပြင် မတတ်နိုင်ခဲ့ပါ။
ကံကြမ္မာဆိုးကအငြိုးဖြင့်တိုးဝင်ကာ သူမအား ရက်စက်စွာတိုက်ခိုက် ခဲ့၏။ သူမဘဝကို အောက်ပိုင်း
တစ်ခုလုံးလှုပ်ရှားမရတော့သည့်  ဒုက္ခိတဘဝကို ရက်ရောစွာပင်ပေးအပ်ခဲ့၏။ သူမတို့အား တိုက်ပြေး
ခဲ့သောကားကို အစအနပင်ရှာ၍မတွေ့ခဲ့။ အတိုက်ခံရသည့် သူမသည်ပင် ကားကိုသေချာစွာမမြင်လိုက်
ရ။ ကံကြမ္မာကို ယိုးမယ်ဖွဲ့ယုံမှအပ သူမ မတတ်နိုင်ခဲ့ပါချေ။
ဖေဖေ့ကို ထာဝရဆုံးရှုံးခဲ့ရသည်။ သူမဘဝလည်း ရှင်လျက်နှင့်သေဆုံးခဲ့ရသည် ။ ငွေကုန်ကြေးကျ
ခံနိုင်သော်လည်း သူမ၏ဝေဒနာကပျောက်ကင်းခွင့်မ ရ။ အခြေအနေတစ်ခုခုနှင့်တွေ့ဆုံ ကြုံကြိုက်ပါမှ
ပြန်ကောင်းလာနိုင်မည်တဲ့။ သို့သော် မသေချာမှုက ရာနှုန်းပြည့်နေခဲ့သည်။ ဒုက္ခိတဟူသောဘဝဆိုး
ကို သူမ အိပ်မက်ပင်မမက်ဖူးခဲ့ပါ။ သို့သော် အိပ်မက်ဆိုးတစ်ခု လို သူမကို နေ့ရက်တိုင်းခြောက်လှန့်
လို့နေခဲ့သည်။ သူမဘဝတွင် ပျော်ရွှင်မှုဟူသမျှဆိတ်သုဉ်း သွားခဲ့ရသည်။ ဆရာဝန် တစ်ယောက်ဖြစ်ရန်
ဟူသော ရည်မှန်းချက်သည်လည်း သူမခြေအစုံလိုပင် သေဆုံးသွားခဲ့ရသည်။
သူမ ဒုက္ခိတဘဝဖြင့်ကျင်လည်နေရသည့် တစ်လျှောက်လုံး ဟန်ဆောင်မျက်နှာဖုံးများနော က်ကွယ်မှ
လူတို့၏ စိတ်နှလုံးကို ဖတ်ရှုနားလည်တတ်ခဲ့သည်။ တစ်ချို့က ကဲ့ရဲ့ချင်ကြသည်။ လှောင်ပြောင်
ချင်ကြသည်။ သူဌေးသမီးဒုက္ခိတ ဟုဆိုကာ ပြက်ရယ်ပြုချင်ကြသည်။ ထိုကြောင့် သူမ အိမ်ထဲက
အိမ်ပြင်မထွက်ဝံ့။ လူတွေနှင့်မျက်နှာချင်းဆိုင်ရမည်ကိုပင် သူမကြောက်ရွံ့နေမိခဲ့သည်။ ပတ်ဝန်း
ကျင်နှင့် သူမသည် မိုင်ပေါင်းများစွာကွာဝေးသော ကမ္ဘာတစ်ခုဖြစ်ခဲ့သည်။ ဝှီးလ်ချဲ လေးပေါ်တွင်
ထိုင်ရင်း သူမ၏ သီးသန့်ကမ္ဘာငယ်လေးထဲမှာပင် ရှင်သန်ခဲ့ရသည်။
သူမ၏အလှအပများသည်လည်း အရောင်မှိန်ကွယ်ပျောက်ခဲ့ရသ ည်။ ယခင်က ဝင်လာမစဲခဲ့သော
မေတ္တာစာများ သည်လည်း လေနှင်ရာလွင့်သည့် အမှိုက်စများလိုပင်။ တစ်ဆယ့်ခုနစ်နှစ်ဟူသော
နုပျိုမှုတို့စိုလက်နေသည့်သူ မဘဝသည် လူ တောမတိုးဝံ့အောင်ဖြစ်ခဲ့ရသည်။ သူမ စိတ်ပျက်
အားငယ်စွာဖြင့် ဆယ်တန်းပင်မဖြေဖြစ်ခဲ့။ ဘွဲရပညာတတ်ဖြစ်၍လည်း သူမ ဘဝက ထူးခြားလာ
နိုင်ဖွယ်ရာစရာမရှိတော့ပါ။ သူမဘဝသည် မျှော်လင့်ချက်မဲ့သောချောင် တစ်ခု၌ ပိတ်မိလျက်သား
ဖြစ်ခဲ့ လေသည်။
(၃)
“ သမီးဖြူရေ .. သမီးနာမည်နဲ့ပန်းစည်းရောက်ေ နတယ် ”
အံ့သြမှုက သူမတစ်ကိုယ်လုံးသို့ပျံ့နှံ့ လို့လာခဲ့သည်။ မေမေ့လက်ထဲတွင် လှပစွာထုပ်ပိုးထားသည့်
နှင်းဆီနီတစ်စည်း က သူမကိုပဟေဠိဖြစ်သွားစေ၏။ သူမလှမ်းယူလိုက်စဉ် နှင်းဆီရနံ့တို့ကသင်းပျံ့
လာသည်။ ပန်းစည်းတွင် ပို့စ်ကဒ်လေးတစ်ခု ပါလာခဲ့ပြန်သည်။ ပို့စ်ကဒ်တွင်ရေထားသောစာမှာ
ရိုးရိုးကလေးပင်ဖြစ်သည်။ “ ဖြူလေးအတွက်” တဲ့။ သူမ အံ့သြပြီးရင်း အံ့သြရသလို ရင်ထဲတွင်
လည်းနာကျင်လာရသည်။
“ သမီးဖြူနော် .. ဒါဘယ်ကပန်းစည်းလဲ၊ မေမေ့ကိုလျို့ဝှက်မထားနဲ့နော်၊ ပွင့်ပွင့်လင်းလင်းပြော ”
မေမေက သူမကိုသတိပေးသလိုလှမ်းမေး၏။ မေမေ့စကားကိုဖြေဖို့အတွက် သူမအလွန်စိတ်လှုပ်
ရှားနေမိသည်။ သူမလို ဒုက္ခိတတစ်ယောက်ကို ပန်းစည်းပေးမည့်သူရှိပါ့မလား။ သူမကို
တစ်ယောက်ယောက်ကျီစယ်လိုက်ခြ င်းပင်ဖြစ်မည်။ ပန်းစည်းကိုကြည့်ပြီး သူမရင်ထဲဝမ်းနည်း
စိတ်တို့ကပြည့်နှက်လို့လာခဲ့ သည်။
“ စိတ်ထဲမထားပါနဲ့ မေမေရယ်၊ တစ်ယောက်ယောက်က စနောက်လိုက်တာဖြစ်မှာပါ၊ သမီးလို
ဒုက္ခိတကို ဘယ်သူက အလေးအနက်ထားပါ့မလဲ ”
“ သမီးဖြူရယ် .. ”
သူမ စကားကြောင့် မေမေ မျက်ရည်ဝဲသွားသည်။ သူမရင်ထဲတွင်တော့ ကြေကွဲမှုတို့ဖြင့် လှိုင်းထန်
နေခဲ့ပြီဖြစ်သည်။ မေမေထွက်သွားသည်နှင့် သူမ ဝမ်းနည်းစွာငိုကြွေးမိသည်။ ဒီလောင်းရိပ်အောက်
ကနေ ဘယ်တော့များမှ ရုန်းထွက်ခွင့်ရနိုင် ပါ့မလဲ။ အထီးကျန်ညဆိုးရယ် သူမဆီကနေမြန်မြန်
ထွက်သွားပါတော့။ သူမအတွက် ကြေကွဲခြင်းတွေအဆုံးမသတ်နို င်တော့ ပါလား။ ဘယ်အချိန်များမှ
သူမလွတ်မြောက်ခွင့်ရပါ့မလဲ။ ဒီညလည်း မျက်ရည်ကိုအဖော်ပြုရင်း မိုးလင်းသွားရဦးမှာသေချာ
လှသည်။
တကယ်တော့ သူမ အထင်နှင့်အမြင်တက်တက်စင်အော င်လွဲသွားခဲ့ခြင်းဖြစ်သည်။ နောက်နေ့
မနက်တွင် သူမ အတွက် နှင်းဆီဖြူတစ်စည်းရောက်နှင့် နေခဲ့ပြန်သည်။ သူမက ပို၍အံ့သြခဲ့ရသလို
မေမေက သံသယအကြည့်ဖြင့်ကြည့်တတ် လာသည်။ ပန်းစည်းကလေးများ၏အဖြေကို သူမ
မဝံ့မရဲရှာဖွေမိသည်။ သို့သော် တိကျသေချာသည့်အဖြေတစ်ခုမရခဲ့ ပေ။
နှင်းဆီပန်းစည်းများကမူ နေ့စဉ်နေ့တိုင်းဝတ္တရားမပျက် ရောက်လာခဲ့၏။ ခြောက်ကပ်နေသည့်
သူမနှလုံးသားက လှိုက်ခုန်ပူနွေးလို့လာရသည်။ သူမအား ပန်းစည်းလေးတွေပေးပို့နေသူကို
တွေ့ချင်လာမိသည်။ သူက ရုပ်ချောသလား။ တည်ကြည်သလား။ စသဖြင့် သူမ ပုံဖော်တတ်ခဲ့ပြီ
ဖြစ်သည်။ ထိုပန်းစည်းများကလည်း ခြောက်ကပ်နေသည့်သူမဘဝ အတွက် အိုအေစစ်တစ်ခုဖြစ်
ခဲ့သည်။
ပန်းစည်းလေးတွေနေ့တိုင်းရော က်လာခဲ့သော်လည်း သူ့ကိုတော့မတွေ့ရသေးပေ။ သူ
ဘာကြောင့်များ သူမကို ရင်ဆိုင်ဖို့မဝံ့မရဲဖြစ်နေခဲ့သလဲ။ သူမကဒုက္ခိတမို့ သူ ရင်မဆိုင်ရဲခဲ့တာ
လား။ ဒါဆို ပန်းစည်းကလေးတွေဘာကြောင့်ပေးပို့နေခဲ့ သလဲ။ အဖြေရှာရင်း မျှော်လင့်ခြင်း
တွေကပိုတိုး၍လာရ၏။
နံနက်ခင်းတိုင်းကိုလည်း သူမ ရင်ခုန်စွာစောင့်မျှော်တတ်ခဲ့သည်။ သူမ၏အသွင်ကလည်းအရင်လို
ဖီးလိမ်းပြင်ဆင်မှု မရှိသည့်ပုံစံမျိုးမဟုတ်တော့ ပါ။ လှသထက်လှအောင်ပြင်ဆင်ခြယ်သတ တ်လာခဲ့
၏။ မျှော်လင့်ချက်တစ်ခုဖြင့် သူမဘဝလေး သာယာစိုပြည်မှုကိုစတင်ခံစားမိလာခဲ့၏။
သည်နေ့ရောက်လာခဲ့သော ပန်းစည်းကြီးကအရင်ကထက်လှပလွ န်းလှ၏။ အရင်လို အရောင်
တစ်မျိုးတည်းကိုသာ စည်းနှောင်ထားသည်မဟုတ်။ နှင်းဆီပွင့်ရောင်စုံကိုလှပ စွာစည်းနှောင်ထား
ခြင်းဖြစ်၏။ ပန်းစည်းတွင်ပါလာခဲ့သော စာ တစ်စောင်က သူမရင်ကို လှုပ်ခတ်သွားစေသလို သူမ
ဘဝကိုပါပြောင်းလဲသွားစေခဲ့၏ ။ ထိုစာလေးမှာ“ ဘဝကိုလွယ်လွယ် အရှုံးမပေးပါနဲ့၊ ကြိုးစားမှုတိုင်း
မှာ အောင်မြင်မှုဆိုတာရှိစမြဲပါ ” တဲ့။
ထိုစာလေးသည် သူမအတွက် အားတက်စေသော လမ်းပြကြယ်တစ်ပွင့်ပင်ဖြစ်သ ည်။ ကံကြမ္မာ
မုန်တိုင်း၏တိုက်ခိုက် မှုကို သူမ လွယ်လွယ်အရှုံးပေးခဲ့သည်ပဲ။ မျှော်လင့်ချက်မဲ့သောချောင်
တစ်ခုတွင် သူမအရည်အချင်းတွေမှေးမှိန်ကွယ်ပျောက် နေခဲ့သည်ပဲ။ ထိုစာလေးတစ်ကြောင်းက
သူမ၏စိတ်ကို နှိုးဆွပေးခဲ့၏။ သူမ ဘဝကိုရဲရင့်စွာရင်ဆိုင်တော့ မည်။ လောင်းရိပ် တစ်ခုအောက်မှ
လွတ်မြောက်အောင်သူမ ကြိုးစားရုန်းထွက်ရမည်။
“ သမီး ဆယ်တန်းပြန်ဖြေမယ် မေမေ ”
“ ဝမ်းသာလိုက်တာ သမီးဖြူရယ် ”
သူမ ပြောလိုက်တော့ မေမေက ဝမ်းသာအားရဆိုရှာသည်။ သူမ လည်းပျော်နေမိသည်။ မေမေ
ကလည်း အားပေး သည်။ နေ့တိုင်းရောက်လာတတ်သည့်ပန်းစည်းများကလည်း သူမကို အား
တက်စေသည်။ မေမေက သူမကို အတော်ဆုံး ဆရာများနှင့် အနီးကပ်သင်ကြားစေခဲ့သည်။ သူမ
အတွက် အစစ အရာရာ လိုလေသေးမရှိအောင်ပံ့ပိုးပေးခဲ့သည်။ သူမ လည်း အပတ်တကုတ်
ကြိုးစားသင်ယူခဲ့သည်။ သူမသည် အရင်လို မျှော်လင့်ချက်မဲ့နေသည့်မိန်းကလေးတစ်ယောက်
မဟုတ် တော့ပါ။ သူမဘဝသည် မျှော်လင့်ချက်ဖြင့်တလဲ့လဲ့ တောက်ပနေခဲ့ပါသည်။
(၄)
သူမ၏ ကြိုးစားမှုအရာထင်ခဲ့ခြင်းက ဘဝ၏ချိုမြိန်ခြင်းအနှစ်သာရကို ပထမဆုံးခံစားရခြင်းပင်ဖြစ်
၏။ ဆယ်တန်းကို ဂုဏ်ထူးလေးဘာသာဖြင့် သူမအောင်မြင်ခဲ့သည်။ မေမေ၏ ပီတိအပြုံးက ကမ္ဘာ
ပေါ်တွင်အတောက်ပဆုံးဟုထင်မိသ ည်။ ထိုနေ့ကရောက်လာခဲ့သောနှင်းဆီရောင်စုံပန်းစည်းကြီး
ကလည်း အလှပဆုံးဟု သူမ မြင်မိလေသည်။ သူမ၏မျှော်လင့်ချက် တစ်ခုပြည့်မြောက်လာခဲ့သည့်
နေ့တွင် သူ့ကိုတွေ့ခွင့်မရသည့်အတွက် စိတ်မကောင်းတော့ဖြစ်မိ၏။ ပန်းစည်းလေးတွေထက်
သူ့ကိုတိတ်တခိုးမျှော်လင့်မိခဲ့သည်။ တစ်ချိန်ချိန်တွင်တော့ သူ့ကိုတွေ့ခွင့်ရလိမ့်မည်ဟု သူမထင်မိ
သည်။
သူမကို စိတ်မဝင်စားလျှင် ထိုပန်းစည်းတွေရောက်လာစရာအေ ကြာင်းမရှိပါ။ ယောကျာ်း
တစ်ယောက်က မချစ်မနှစ် သက်သည့်မိန်းမတစ်ယောက်အတွက် နေ့စဉ်နေ့တိုင်းပန်းစည်းလေး
တွေပို့ပေးလိမ့်မည်မဟုတ်ပါ။ သူ့ရဲ့လျှို့ဝှက်မှုကို သူမ စိတ်ဝင်စားလာခဲ့သည်။ သူဘယ်တော့များ
ရောက်လာခဲ့မလဲ။ ထိုမျှော်လင့်ချက်လေးတစ်ခုက သူမနှလုံးသားကိုပူနွေးလှိုက် ဖိုလာစေခဲ့၏။
ပန်းစည်းများသာနေ့စဉ်ရက်ဆက် ရောက်လာခဲ့သော်လည်း သူ ရောက်မလာခဲ့သေးပေ။ သူမ
လည်း အားမလျော့မိပါ။ ဝှီးလ်ချဲလေးပေါ်ထိုင်ရင်း ရင်ခုန်စွာမျှော်နေမိဆဲပင်ြ ဖစ်သည်။
“ မင်းရဲ့အောင်မြင်မှုအတွက်ဂုဏ်ယူပါတယ် ဖြူ၊ မင်းရဲ့ရည်ရွယ်ချက်တွေပြည့် မြောက်တဲ့အထိ
ကြိုးစားပါ၊ မင်းရဲ့ ရည်ရွယ်ချက်တွေပြည့်လာတဲ့တစ်နေ့မှာတော့ ..”
စာလေးကထိုမျှနှင့်သာအဆုံးသတ်သွားခဲ့၏။ သို့သော်သူမကျေနပ်မိပါသည်။ သူမအခုလို
ဆယ်တန်းအောင်မြင်ခဲ့သည် မှာ မေမေနှင့်သူ၏လမ်းပြမှုကြောင့် ဖြစ်၏။ မေမေနှင့်သူသာ
မရှိခဲ့လျှင် သူမဘဝအရောင်လွင့်နေရဦးမှာေ သချာသည်။ သို့သော် ကံကြမ္မာသည်
နိမ့်တချီ မြင့်တလှည့်ဖြင့် သူမအားဆော့ကစားခဲ့သည်။ မုန်တိုင်းလာပြီးလျှင်လေပြည်လာ
တတ်သည်ဆိုသော်လည်း သူမဘဝတွင်တော့မုန်းတိုင်းများသာဝင်ရောက်လာခဲ့၏။ သူမ
သည်လည်း ကံကြမ္မာ၏ရိုက်ချက်တွင် ပြင်းထန်စွာအထိနာခဲ့သည်။
ထိုနေ့ကို သူမ လုံးဝမမေ့ခဲ့ပါ။ ဝှီးလ်ချဲပေါ်တွင်ထိုင်ရင်းစာဖတ်နေသော သူမသည် ပြင်းထန်သော
လဲပြိုသံကို ကြား လိုက်ရသည်။ တစ်ဆက်တည်းမှာပင် လှေကားပေါ်မှရုပ်ပျက်ဆင်းပျက်ပြုတ်ကျ
လာသည့် မေမေ့ကိုတွေ့လိုက်ရ၏။ သူမ မျက်လုံးများပြာဝေသွားခဲ့၏။ ရုတ်တရက်ဆိုသလို မေမေ့
ဆီပြေးသွားမိသည်။ မေမေ့ကိုယ်မှစီးကျလာသော သွေးများကမြင်၍ ပင်မကောင်း။ ဝေဒနာကို
ခံစားနေရသည့်အကြားက မေမေ့မျက်နှာပြုံးလာ၏။ အမေ့ကိုထွေးပွေ့ထားရင်း သူမ တုန်လှုပ်
ချောက်ချားနေမိခဲ့၏။
“ မေမေ ဝမ်းသာလိုက်တာ သမီးဖြူရယ် ”
စကားတစ်ခွန်းက မေမေ့နှုတ်မှတုန်ယီလှိုက်မောစွာထွက်ကျလာ၏။ ပြီးနောက် သူမလက်ထဲမှာပင်
မေမေ ပျော့ခွေ ကျသွားခဲ့သည်။ မေမေ့ကို သူမအတင်းလှုပ်နှိုးနေမိသည်။ သို့သော် မေမေက
လောကကြီးကိုအရှုံးပေးလျှက် သူမကို မျက်ကွယ်ပြုသွားခဲ့ပြီဖြစ်သ ည်။ အမေ့ကိုဖက်ကာ သူမ
ငိုကြွေးနေမိသည်။ သူမအတွက် အားကိုးစရာရွှေတောင်ကြီး ပြိုကျ ခဲ့ရပြီ။ မေမေပြောခဲ့သော
စကားတစ်ခွန်းကမူ သူမနားထဲတွင်ကြားယောင်နေမိဆဲဖြစ်သည်။ မေမေဘာကိုဝမ်းသာသွားခဲ့
တာလဲ။ သမီးအခုလိုပူဆွေးနေရတာကို ဝမ်းသာတာလား မေမေရယ်။
ငိုရှိုက်နေရင်းပင် အဖြစ်အပြက်တစ်ခုကို သတိပြုလိုက်မိသည်။ သူမ ခြေတောက်တွေ..။ သူမ
ခြေထောက်တွေ ပြန်လှုပ်ရှားနိုင်ခဲ့ပြီ။ တိုက်ဆိုင်မှုတစ်ခုနှင့်ကြုံ ကြိုက်ပါမှပြန်ကောင်းလာမည်ဆို
သော ဆရာဝန်ပြောခဲ့သည့်စကားကို ပြန်ကြား ယောင်လာမိသည်။ ဒါဆို မေမေ သိသွားခဲ့သည်
ပေါ့။ သူမ ခြေတောက်တွေပြန်ကောင်းလာခဲ့ သည်ကို မေမေသိသွားခဲ့သည် ထင်၏။ ထို့ကြောင့်
မေမေ ဝမ်းသာသည်ဟုပြောသွားခဲ့တာလား။ သို့သော် သူမ ဝမ်းမသာမိပါ။ မေမေ့အသက်နှင့်
ရင်းပြီးမှ ပြန်ကောင်းလာသည့် ခြေတောက်တွေအတွက် သူမ မပျော်ရွှင်မိခဲ့။ ဝမ်းနည်းခြင်းတို့
သည်သာ သူမရင်ကိုတိုက်စားလာခဲ့ သည်။ သူမနှလုံးသားသည်လည်း နာကျင်ကြေကွဲခြင်း
ကြိုးမျှင်များဖြင့်တင်းကြပ်စွာရစ်ပတ်ချည်နှောင်ခြင်းခံခဲ့ရလေသည်။
(၄)
သူမ ဆရာဝန်တစ်ယောက်ဖြစ်ခဲ့ပါသည် ။ အမေတစ်ယောက်၏ နောက်တဖန်မွေးဖွားပေးခဲ့သည့် 
ခြေတောက်များဖြင့် ပန်းခင်းလမ်းကိုသူမလျှောက်လှမ်းခွင့်ရခဲ့သည်။ သူမ၏ ဘဝအဖော်ကလည်း
သူမကဲ့သို့ပင် ဆရာဝန်တစ်ယောက်ဖြစ်သည်။ သူမအိမ်တွင် အလှပဆုံးသောအခန်းတစ်ခန်းရှိ ပါ
သည်။ ထိုအခန်းတစ်ခုလုံးတွင် ညှိုးခြောက်နေသည့်ပန်းစည်းများဖြင့်ပြည့် နှက်နေခဲ့သည်။ ထို
ပန်းစည်းခြောက်များအား နံရံပေါ်တွင် အမြတ်တနိုးချိတ်ဆွဲထားခဲ့ပါ သည်။
“ ဒီပန်းစည်းခြောက်တွေကို ဘာလို့ချိတ်ဆွဲထားရတာလဲ ဖြူရယ်၊ ညှိုးခြောက်နေပြီပဲ လွှင့်ပစ်လိုက်
ရောပေါ့ ”
ထိုစကားက သူမနှင့်လက်ထပ်ပြီးသည့်အချိ န်က မောင်ပြောခဲ့ခြင်းဖြစ်သည်။ မောင့်စကားကို
သူမ အကြောက် အကန်ငြင်းဆန်လိုက်ရသည်။ ထိုပန်းစည်းများက သူမဘဝအတွက်ဘယ်
လောက်အထိအရေးပါခဲ့သလဲဆိုတာ သူမ အသိ ဆုံး။ ထိုပန်းစည်းလေးများ ညှိုးခြောက်နေခဲ့
သော်လည်း သူမ လွှင့်မပစ်ရက်ပါ။ ထိုပန်းစည်းများသည် သူမ၏ မီးအိမ်ရှင် တစ်ခုဖြစ်၏။
ထို့အပြင် သူမဘဝ၏လမ်းပြကြယ်တစ်ပွင့်လည်းဖြစ်၏။
“ မရဘူးမောင်၊ ဒီပန်းစည်းလေးတွေက ဖြူ့ဘဝ ဖြူ့နှလုံးသားထဲမှာစွဲထင်နေ တဲ့လမ်းပြကြယ်
လေးတွေပါ မောင်၊ ဒီပန်းစည်းတွေကို ဖြူ လွှင့်မပစ်ရက်ဘူး ”
သူမပြောလိုက်စဉ် မောင့်မျက်နှာပေါ်တွင် သဝန်တိုရိပ်များပြည့်နှက်လာ ခဲ့၏။
“ ဒါဆိုဖြူက ဒီပန်းစည်းတွေပို့ပေးတဲ့သူကိုအခုချိန်ထိစွဲလန်းနေသေးတာ ပေါ့။ မောင်မဟုတ်တဲ့
တစ်ခြားသူတစ် ယောက်ကို ဖြူစွဲလန်းနေသေးတာကို မောင်ဘယ်လိုနားလည်ကြည်ဖြူရမ လဲ၊
သူ ဘယ်မှာလဲ ဖြူ၊ ဖြူ့စိတ်ကိုလွှမ်းမိုးထား တဲ့သူ အခုဘယ်မှာလဲဆိုတာမောင်သိချင်တယ်”
မောင်က သူမကိုကြည့်ကာ သဝန်တိုစွာဖြင့်ဆိုလာသည်။ ထိုအခါ သူမ မျက်ဝန်းတွင် မျက်ရည်
စများရစ်သိုင်းလာခဲ့ ရသည်။ သူမ ရင်တစ်လုံးသည်လည်း နာကျင်လာခဲ့သည်။ ပန်းစည်းလေး
တွေရဲ့ပိုင်ရှင်ကို မောင်မေးလာခဲ့ပြီ။ ထိုအမေးကို ဖြေဆိုဖို့ သူမတွင်ခွန်အားမဲ့လွန်းနေခဲ့ သည်။
သို့သော် သူမ မဖြေ၍မဖြစ်။ ထိုပန်းစည်းခြောက်လေးတွေက သူမဘဝအတွက် ဘယ်လောက်
အရေးပါကြောင်း မောင် သိသင့်၏။
“ တစ်နေ့ရောက်လာနိုးနိုးနဲ့စောင့်နေခဲ့ပေမယ့် ရောက်မလာခဲ့ဘူးမောင်၊ ရောက်မလာတဲ့အပြင်
ပန်းစည်းတောင် မပို့ပေးတော့ဘူးလေ ”
“ ဟင် .. ဘာဖြစ်လို့လဲ ဖြူ၊ ဘာကြောင့် ပန်းစည်းတွေမပို့တော့တာလဲ ”
မောင့်မျက်နှာပေါ်တွင် သဝန်တိုရိပ်တို့လွင့်ပြယ်သွားပြီး စိတ်ဝင်စားရိပ်တို့ထင်ဟပ်လာ ခဲ့၏။ သူမ
မျက်ဝန်းတွင်တော့ မျက်ရည်စက်များကလိမ့်ဆင်းလာ ခဲ့၏။ မောင့်ကို ကြည့်ပြီး သူမတိုးညင်းစွာ
ပြောလိုက်မိ၏။
“ ဒီပန်းစည်းတွေရောက်မလာတော့တာ မေမေဆုံးသွားတဲ့နေ့ကတည်းကပေါ့မောင်ရယ် ”
“ သြော် ...မောင် နားလည်ပါပြီ ဖြူရယ်.. ”
မောင်က သူမကိုကရုဏာသက်စွာလှမ်းပြော ၏။ မောင့်ရင်ခွင်ထဲခိုဝင်ရင်း သူမ ငိုကြွေးလိုက်မိ
သည်။ ဒီပန်းစည်း ခြောက်တွေက သူမဘဝအတွက် အဖိုးတန်ဆုံးသော ရတနာတစ်ခုဆိုတာ
မောင်နားလည်ခဲ့ပြီထင်သည်။ မေမေ၏ လှည့်ကွက်လေးတစ်ခုကြောင့် သူမဘဝရှင်သန်ခွင့်ရခဲ့
၏။ ပန်းစည်းများကိုမြင်တိုင်း မေမေ၏အငွေ့အသက်များကို သူမ ခံစားနေရဆဲဖြစ်၏။ ပန်းစည်း
ကလေးတွေမည်မျှပင်ညှိုးခြောက်နေပါစေ သူမရင်ထဲမှာတော့ မေမေ့ရဲ့ မေတ္တာပန်းနှင့်အတူ
ထာဝရရှင်သန်နေမည်ဖြစ်သည်။
ခင်မင်လေးစားစွာဖြင့်
နတ်ရဲ (ရူပဗေဒ)
(၁)
ဆောင်းရာသီ၏မနက်ခင်းတစ်ခုတွ
ဖြစ်သည်။ ထိုနေ့က နှင်းများ ဖွေးဖွေးလှုပ်ကျဆင်းလို့နေသည
နှင်းငွေ့ဖြူ ဟု လှပစွာခေါ်တွင်ခဲ့လေသည်။ မိဘနှစ်ပါးကမူ သူမကို သမီးဖြူ ဟုချစ်စနိုးခေါ်
ကြသည်။
သူမက ဆောင်းရာသီကိုလွန်စွာချစ်မြ
အရမ်းကြည်နူးမိသည်။ ဆောင်းရာသီ၏ချမ်းအေးသောမနက်
အပြေးလေ့ကျင့်ကာကုန်ဆုံးစေခ
ခင်းတွင် အပြေးလေ့ကျင့်ရသောအရသာကမက်ေ
ရာသီတွင်အိပ်ယာထဲစောင်လေးနှ
လွန်မြောက်၍ ဆောင်းရာသီဝင်တော့မည်ကို သူမ ရင်ဖိုကြည်နူးစွာစောင့်မျှေ
ဖြစ်သည်။
ဖေဖေက ဆရာဝန်တစ်ယောက်ဖြစ်သည်မို့ ကျန်းမာရေးကိုအထူးဂရုစိုက်၏
လည်း သူမ နေမ ကောင်းဖြစ်ခဲလှပါသည်။ သူမဘဝ၏ရည်မှန်းချက်က ဆရာဝန်ကောင်း
တစ်ယောက်ဖြစ်ရန်ဖြစ်သည်။ ဖေဖေ့လို ဆရာဝန် တစ်ယောက်ဖြစ်အောင်ကြိုးစာြး
၏အသက်ကိုကယ်မည်။ ဤသည်က သူမဖြစ်ချင်လွန်းသည့်ရည်မှန
သူမသိပ်ချစ်သော ဆောင်းရာသီက ကြေကွဲစရာကျိန်စာဆိုးများသယ
ဟု လုံးဝထင်မှတ်မ ထားခဲ့ပေ။ သို့သော် ထိုကျိန်စာဆိုးသည် သူမ ဆယ်တန်းတက်မည့်နှစ်မှာ
ပင် အလုံးအရင်းနှင့်ဝင်ရောက်လာခ
ထိုနေ့က နှင်းများဖွေးနေအောင်ကျဆင်း
ကာ သူမနှင့် ဖေဖေ အပြေး လေ့ကျင့်နေခဲ့သည်။ သူမတို့ပြေးနေသည့်လမ်းတစ်လေ
တွင် အပြေးလေ့ကျင့်သူများနှင့် ပြည့်လို့နေသည်။ နှင်းများသိပ်သည်းစွာကျဆင်း
အရှေ့ကိုပင်ကောင်းကောင်းမမြ
သူမ အရမ်းသဘောကျမိသည်။ မျက်နှာပေါ်သို့ဖြတ်ရိုက်သွာ
ခံစားရသည်မှာ မက်မောစရာပင် ကောင်းလှသေးသည်။
“ မောနေပြီလား သမီးဖြူ ”
ပြေးနေရင်းကပင် ဖေဖေက လှမ်းမေး၏။ ဖေဖေ့ကိုမီအောင်ပြေးလိုက်နေ
လိုက်၏။
“ မမောပါဘူး ဖေဖေရဲ့ ”
“ ကဲ .. ဒါဆိုဆက်ပြေးကြရအောင်၊ ဖေဖေ့ လက်ကိုတွဲထား ”
ဖေဖေကမ်းပေးသည့်လက်ကိုတွဲကာ
များဖြတ်ရိုက်သွား ကြ၏။ ထိုအရသာကို သူမအရမ်းမက်မောလှသည်။ အေးစက်သောလေများနှင့်
ထိတွေ့နေရသည်ကိုလည်း သူမ နှစ်သက်မိ ပြန်သည်။ ဖေဖေ့လက်ကိုတွဲရင်း သူမ မမောနိုင်အောင်
ပင်ပြေးလွှားနေမိသည်။ နှင်းများအကြားသို့ပြေးဝင်ေ
ထိုစဉ် နှင်းငွေ့များကြားမှ ကားတစ်စီး၏ ဦးခေါင်းပိုင်းက ရုတ်တရက်ထိုးထွက်လာ၏။ ဖေဖေနှင့်
သူမ လက်တွဲကာ ပြေးနေရာမှ အံ့အားသင့်မှင်သက်သွားကြ၏။ သို့သော် ကြာကြာအံ့အားသင့်ချိန်
မရလိုက်။ ကားက သူမတို့ကိုဝင်တိုက်လိုက် သည်လား..။ သူမတို့က ကားကိုဝင်တိုက်လိုက်သည်
လား ဝေခွဲမရ။ နာကျင်မှုများစုပုံကာ သူမ လွင့်စင်သွားခဲ့၏။ သူမတွဲထား သည့် ဖေဖေ့လက်သည်
လည်း ပြုတ်ထွက်သွားခဲ့၏။ ထို့နောက် သူမ၏အမြင်အာရုံများဝေဝါးလာက
ထုထဲသို့တိုးဝင်ပျံ့လွင့်သွ
(၂)
အသိစိတ်သည် ခန္ဓာကိုယ်နှင့်ချိတ်ဆက်မိသေ
လေးလံနေသည့် မျက်ခွံများကလည်း ဖွင့်၍မပွင့်ချင်။ အားယူ၍ဖွင့်ကြည့်လိုက်မှ စူးရှရှအလင်း
ရောင်တစ်ချို့တိုးဝင်လာ၏။အလ
မျက်လုံးကိုဖြည်းဖြည်းချင်း
ဟင်းလင်းပြင်တစ်ခု။ အသေအချာလှမ်းကြည့်လိုက်မှ အဖြူရောင်မျက်နှာကျက်တစ်ခြု
“ သမီးဖြူ .. သတိရလာပြီလားဟင် ”
ဝမ်းသာအားရခေါ်သံတစ်ခုကနားထဲ
ဘယ်ရောက်နေလဲ မသိရ။ ဘာဖြစ်လို့ဖြစ်နေမှန်းပင် သူမ မတွေးတတ်ပါ။ သူမ ခံစားနေရသည်
ကနာကျင်သည့်ဝေဒနာဖြစ်၏။ သူမတစ်ကိုယ်လုံး ကိုက်ခဲနာကျင်လို့နေသည်။ သူမ မေမေ့ကို
ကြည့်ကာမေးလိုက်မိ၏။
“ မေမေ .. သမီး ဘယ်ရောက်နေတာလဲဟင် ”
“ ဆေးရုံရောက်နေတာလေ သမီးဖြူရဲ့၊ ဘာမှမဖြစ်တော့ပါဘူး၊ အားတင်းထားနော် သမီး”
မေမေ့စကားအဆုံး အဖြစ်အပြက်တွေကို သူမ ဖျတ်ခနဲသတိရလိုက်၏။ ဖေဖေနှင့်အပြေး
လေ့ကျင့်နေခဲ့သည့် ပုံရိပ် တစ်ချို့ကို မျက်လုံးထဲမြင်ယောင်မိလာ၏။ ထို့နောက် နှင်းထုထဲက
ထိုးထွက်လာသည့် ကားတစ်စီး။ ပြီးနောက် အရှိန်ပြင်း သည့်ထိခိုက်မှု။ သူမနှင့် လက်တွဲပြုတ်
သွားသည့် ဖေဖေ။ ဖေဖေ့ကို သူမသတိရလိုက်သည်။
“ ဖေဖေရော .. ဖေဖေ ဘယ်မှာလဲဟင် ”
သူမ မေးလိုက်သောအခါ မေမေက အင့်ခနဲရှိုက်ငို၏။ သူမရင်ထဲ စိုးရိမ်စိတ်က ပို၍တိုးလာ၏။
ဖေဖေဘာမှမဖြစ်ပါ စေနဲ့။ သူမ ထိတ်လန့်တကြားဆုတောင်းမိ၏။
“ မေမေ .. ဖေဖေ ဘာမှမဖြစ်ပါဘူးနော် ”
“ သမီးရယ် .. သမီးဖေဖေလေ ”
မေမေ့အသံက ရှိုက်သံတစ်ဝက်နှင့်ရပ်တန့်သ
မျက်ရည်များက အခြေအနေတစ်ခုကို ပုံရိပ်ဖော်နေခဲ့၏။ သူမ၏ဆုတောင်းက မှားယွင်းစွာလွဲချော်
သွားခဲ့ပြီပဲ။ သူမ မယုံနိုင်စွာပင် ခေါင်းကို ခါရမ်းမိသည်။
“ ဟင့်အင်း .. သမီးမယုံဘူးမေမေ၊ သမီးကိုယ်တိုင်ဖေဖေ့ကို သွားကြည့်မယ် ”
အဖေ့ဆီသွားရန်သူမ ထရပ်လိုက်သည်။ သို့သော် ထ၍မရ။ သူမသည် ကုတင်ပေါ်မှထ၍မရပါ။
သူမ အောက်ပိုင်း တစ်ခုလုံး မရှိတော့သလိုပေါ့ပါးလို့နေ၏
သောအခါ ခြေတောက်ကိုစမ်းမိ၏။ သို့သော် ခြေထောက်က သူမ၏လက်ချောင်းများနှင့်ထိေ
ကိုမခံစားရ။ သူမ အောက်ပိုင်းတစ်ခုလုံးလှုပ်ရှ
အချည်းအနှီးပင်ဖြစ်၏။ စိုးရိမ်မှုနှင့်ထိတ်လန့်မှုတ
မေမေ့ကို သူမ အလန့်တကြားကြည့်လိုက်မိသည်။
“ မေမေ .. သမီးခြေတောက်တွေ လှုပ်လို့မရတော့ဘူး ”
“သမီးလေးရယ် ”
မေမေက သူမကိုဖက်ကာတသိမ့်သိမ့်ရှိုက
အကြား လွန်ဆွဲ သွားရ၏။ နောက်ဆုံး သူမသိလိုက်ရသည်က သူမသည်လွယ်ကူမြန်ဆန်စွာဖြင်
ဒုက္ခိတတစ်ယောက်ဖြစ်သွားခြဲ့
ကံကြမ္မာဆိုးကအငြိုးဖြင့်တို
တစ်ခုလုံးလှုပ်ရှားမရတော့သည်
ခဲ့သောကားကို အစအနပင်ရှာ၍မတွေ့ခဲ့။ အတိုက်ခံရသည့် သူမသည်ပင် ကားကိုသေချာစွာမမြင်လိုက်
ရ။ ကံကြမ္မာကို ယိုးမယ်ဖွဲ့ယုံမှအပ သူမ မတတ်နိုင်ခဲ့ပါချေ။
ဖေဖေ့ကို ထာဝရဆုံးရှုံးခဲ့ရသည်။ သူမဘဝလည်း ရှင်လျက်နှင့်သေဆုံးခဲ့ရသည်
ခံနိုင်သော်လည်း သူမ၏ဝေဒနာကပျောက်ကင်းခွင့်မ
ပြန်ကောင်းလာနိုင်မည်တဲ့။ သို့သော် မသေချာမှုက ရာနှုန်းပြည့်နေခဲ့သည်။ ဒုက္ခိတဟူသောဘဝဆိုး
ကို သူမ အိပ်မက်ပင်မမက်ဖူးခဲ့ပါ။ သို့သော် အိပ်မက်ဆိုးတစ်ခု လို သူမကို နေ့ရက်တိုင်းခြောက်လှန့်
လို့နေခဲ့သည်။ သူမဘဝတွင် ပျော်ရွှင်မှုဟူသမျှဆိတ်သုဉ်း
ဟူသော ရည်မှန်းချက်သည်လည်း သူမခြေအစုံလိုပင် သေဆုံးသွားခဲ့ရသည်။
သူမ ဒုက္ခိတဘဝဖြင့်ကျင်လည်နေရသည်
လူတို့၏ စိတ်နှလုံးကို ဖတ်ရှုနားလည်တတ်ခဲ့သည်။ တစ်ချို့က ကဲ့ရဲ့ချင်ကြသည်။ လှောင်ပြောင်
ချင်ကြသည်။ သူဌေးသမီးဒုက္ခိတ ဟုဆိုကာ ပြက်ရယ်ပြုချင်ကြသည်။ ထိုကြောင့် သူမ အိမ်ထဲက
အိမ်ပြင်မထွက်ဝံ့။ လူတွေနှင့်မျက်နှာချင်းဆိုင
ကျင်နှင့် သူမသည် မိုင်ပေါင်းများစွာကွာဝေးသေ
ထိုင်ရင်း သူမ၏ သီးသန့်ကမ္ဘာငယ်လေးထဲမှာပင် ရှင်သန်ခဲ့ရသည်။
သူမ၏အလှအပများသည်လည်း အရောင်မှိန်ကွယ်ပျောက်ခဲ့ရသ
မေတ္တာစာများ သည်လည်း လေနှင်ရာလွင့်သည့် အမှိုက်စများလိုပင်။ တစ်ဆယ့်ခုနစ်နှစ်ဟူသော
နုပျိုမှုတို့စိုလက်နေသည့်သူ
အားငယ်စွာဖြင့် ဆယ်တန်းပင်မဖြေဖြစ်ခဲ့။ ဘွဲရပညာတတ်ဖြစ်၍လည်း သူမ ဘဝက ထူးခြားလာ
နိုင်ဖွယ်ရာစရာမရှိတော့ပါ။ သူမဘဝသည် မျှော်လင့်ချက်မဲ့သောချောင်
ဖြစ်ခဲ့ လေသည်။
(၃)
“ သမီးဖြူရေ .. သမီးနာမည်နဲ့ပန်းစည်းရောက်ေ
အံ့သြမှုက သူမတစ်ကိုယ်လုံးသို့ပျံ့နှံ
နှင်းဆီနီတစ်စည်း က သူမကိုပဟေဠိဖြစ်သွားစေ၏။ သူမလှမ်းယူလိုက်စဉ် နှင်းဆီရနံ့တို့ကသင်းပျံ့
လာသည်။ ပန်းစည်းတွင် ပို့စ်ကဒ်လေးတစ်ခု ပါလာခဲ့ပြန်သည်။ ပို့စ်ကဒ်တွင်ရေထားသောစာမှာ
ရိုးရိုးကလေးပင်ဖြစ်သည်။ “ ဖြူလေးအတွက်” တဲ့။ သူမ အံ့သြပြီးရင်း အံ့သြရသလို ရင်ထဲတွင်
လည်းနာကျင်လာရသည်။
“ သမီးဖြူနော် .. ဒါဘယ်ကပန်းစည်းလဲ၊ မေမေ့ကိုလျို့ဝှက်မထားနဲ့နေ
မေမေက သူမကိုသတိပေးသလိုလှမ်းမေး၏။
ရှားနေမိသည်။ သူမလို ဒုက္ခိတတစ်ယောက်ကို ပန်းစည်းပေးမည့်သူရှိပါ့မလာ
တစ်ယောက်ယောက်ကျီစယ်လိုက်ခြ
စိတ်တို့ကပြည့်နှက်လို့လာခဲ
“ စိတ်ထဲမထားပါနဲ့ မေမေရယ်၊ တစ်ယောက်ယောက်က စနောက်လိုက်တာဖြစ်မှာပါ၊ သမီးလို
ဒုက္ခိတကို ဘယ်သူက အလေးအနက်ထားပါ့မလဲ ”
“ သမီးဖြူရယ် .. ”
သူမ စကားကြောင့် မေမေ မျက်ရည်ဝဲသွားသည်။ သူမရင်ထဲတွင်တော့ ကြေကွဲမှုတို့ဖြင့် လှိုင်းထန်
နေခဲ့ပြီဖြစ်သည်။ မေမေထွက်သွားသည်နှင့် သူမ ဝမ်းနည်းစွာငိုကြွေးမိသည်။ ဒီလောင်းရိပ်အောက်
ကနေ ဘယ်တော့များမှ ရုန်းထွက်ခွင့်ရနိုင် ပါ့မလဲ။ အထီးကျန်ညဆိုးရယ် သူမဆီကနေမြန်မြန်
ထွက်သွားပါတော့။ သူမအတွက် ကြေကွဲခြင်းတွေအဆုံးမသတ်နို
သူမလွတ်မြောက်ခွင့်ရပါ့မလဲ။
လှသည်။
တကယ်တော့ သူမ အထင်နှင့်အမြင်တက်တက်စင်အော
မနက်တွင် သူမ အတွက် နှင်းဆီဖြူတစ်စည်းရောက်နှင်
မေမေက သံသယအကြည့်ဖြင့်ကြည့်တတ် လာသည်။ ပန်းစည်းကလေးများ၏အဖြေကို သူမ
မဝံ့မရဲရှာဖွေမိသည်။ သို့သော် တိကျသေချာသည့်အဖြေတစ်ခုမရခဲ
နှင်းဆီပန်းစည်းများကမူ နေ့စဉ်နေ့တိုင်းဝတ္တရားမပျက်
သူမနှလုံးသားက လှိုက်ခုန်ပူနွေးလို့လာရသည်။
တွေ့ချင်လာမိသည်။ သူက ရုပ်ချောသလား။ တည်ကြည်သလား။ စသဖြင့် သူမ ပုံဖော်တတ်ခဲ့ပြီ
ဖြစ်သည်။ ထိုပန်းစည်းများကလည်း ခြောက်ကပ်နေသည့်သူမဘဝ အတွက် အိုအေစစ်တစ်ခုဖြစ်
ခဲ့သည်။
ပန်းစည်းလေးတွေနေ့တိုင်းရော
ဘာကြောင့်များ သူမကို ရင်ဆိုင်ဖို့မဝံ့မရဲဖြစ်နေခ
လား။ ဒါဆို ပန်းစည်းကလေးတွေဘာကြောင့်ပေ
တွေကပိုတိုး၍လာရ၏။
နံနက်ခင်းတိုင်းကိုလည်း သူမ ရင်ခုန်စွာစောင့်မျှော်တတ်ခ
ဖီးလိမ်းပြင်ဆင်မှု မရှိသည့်ပုံစံမျိုးမဟုတ်တော
၏။ မျှော်လင့်ချက်တစ်ခုဖြင့် သူမဘဝလေး သာယာစိုပြည်မှုကိုစတင်ခံစားမ
သည်နေ့ရောက်လာခဲ့သော ပန်းစည်းကြီးကအရင်ကထက်လှပလွ
တစ်မျိုးတည်းကိုသာ စည်းနှောင်ထားသည်မဟုတ်။ နှင်းဆီပွင့်ရောင်စုံကိုလှပ
ခြင်းဖြစ်၏။ ပန်းစည်းတွင်ပါလာခဲ့သော စာ တစ်စောင်က သူမရင်ကို လှုပ်ခတ်သွားစေသလို သူမ
ဘဝကိုပါပြောင်းလဲသွားစေခဲ့၏
မှာ အောင်မြင်မှုဆိုတာရှိစမြဲပါ ” တဲ့။
ထိုစာလေးသည် သူမအတွက် အားတက်စေသော လမ်းပြကြယ်တစ်ပွင့်ပင်ဖြစ်သ
မုန်တိုင်း၏တိုက်ခိုက် မှုကို သူမ လွယ်လွယ်အရှုံးပေးခဲ့သည်ပဲ။ မျှော်လင့်ချက်မဲ့သောချောင်
တစ်ခုတွင် သူမအရည်အချင်းတွေမှေးမှိန်က
သူမ၏စိတ်ကို နှိုးဆွပေးခဲ့၏။ သူမ ဘဝကိုရဲရင့်စွာရင်ဆိုင်တော့
လွတ်မြောက်အောင်သူမ ကြိုးစားရုန်းထွက်ရမည်။
“ သမီး ဆယ်တန်းပြန်ဖြေမယ် မေမေ ”
“ ဝမ်းသာလိုက်တာ သမီးဖြူရယ် ”
သူမ ပြောလိုက်တော့ မေမေက ဝမ်းသာအားရဆိုရှာသည်။ သူမ လည်းပျော်နေမိသည်။ မေမေ
ကလည်း အားပေး သည်။ နေ့တိုင်းရောက်လာတတ်သည့်ပန်
တက်စေသည်။ မေမေက သူမကို အတော်ဆုံး ဆရာများနှင့် အနီးကပ်သင်ကြားစေခဲ့သည်။ သူမ
အတွက် အစစ အရာရာ လိုလေသေးမရှိအောင်ပံ့ပိုးပေ
ကြိုးစားသင်ယူခဲ့သည်။ သူမသည် အရင်လို မျှော်လင့်ချက်မဲ့နေသည့်မိန
မဟုတ် တော့ပါ။ သူမဘဝသည် မျှော်လင့်ချက်ဖြင့်တလဲ့လဲ့
(၄)
သူမ၏ ကြိုးစားမှုအရာထင်ခဲ့ခြင်းက ဘဝ၏ချိုမြိန်ခြင်းအနှစ်သာရက
၏။ ဆယ်တန်းကို ဂုဏ်ထူးလေးဘာသာဖြင့် သူမအောင်မြင်ခဲ့သည်။ မေမေ၏ ပီတိအပြုံးက ကမ္ဘာ
ပေါ်တွင်အတောက်ပဆုံးဟုထင်မိသ
ကလည်း အလှပဆုံးဟု သူမ မြင်မိလေသည်။ သူမ၏မျှော်လင့်ချက် တစ်ခုပြည့်မြောက်လာခဲ့သည့်
နေ့တွင် သူ့ကိုတွေ့ခွင့်မရသည့်အတွက်
သူ့ကိုတိတ်တခိုးမျှော်လင့်မ
သည်။
သူမကို စိတ်မဝင်စားလျှင် ထိုပန်းစည်းတွေရောက်လာစရာအေ
တစ်ယောက်က မချစ်မနှစ် သက်သည့်မိန်းမတစ်ယောက်အတွက်
တွေပို့ပေးလိမ့်မည်မဟုတ်ပါ။
ရောက်လာခဲ့မလဲ။ ထိုမျှော်လင့်ချက်လေးတစ်ခုက
ပန်းစည်းများသာနေ့စဉ်ရက်ဆက်
လည်း အားမလျော့မိပါ။ ဝှီးလ်ချဲလေးပေါ်ထိုင်ရင်း ရင်ခုန်စွာမျှော်နေမိဆဲပင်ြ
“ မင်းရဲ့အောင်မြင်မှုအတွက်ဂုဏ
ကြိုးစားပါ၊ မင်းရဲ့ ရည်ရွယ်ချက်တွေပြည့်လာတဲ့တစ
စာလေးကထိုမျှနှင့်သာအဆုံးသတ
ဆယ်တန်းအောင်မြင်ခဲ့သည် မှာ မေမေနှင့်သူ၏လမ်းပြမှုကြောင်
မရှိခဲ့လျှင် သူမဘဝအရောင်လွင့်နေရဦးမှာေ
နိမ့်တချီ မြင့်တလှည့်ဖြင့် သူမအားဆော့ကစားခဲ့သည်။ မုန်တိုင်းလာပြီးလျှင်လေပြည
တတ်သည်ဆိုသော်လည်း သူမဘဝတွင်တော့မုန်းတိုင်းမျ
သည်လည်း ကံကြမ္မာ၏ရိုက်ချက်တွင် ပြင်းထန်စွာအထိနာခဲ့သည်။
ထိုနေ့ကို သူမ လုံးဝမမေ့ခဲ့ပါ။ ဝှီးလ်ချဲပေါ်တွင်ထိုင်ရင်းစ
လဲပြိုသံကို ကြား လိုက်ရသည်။ တစ်ဆက်တည်းမှာပင် လှေကားပေါ်မှရုပ်ပျက်ဆင်းပျက
လာသည့် မေမေ့ကိုတွေ့လိုက်ရ၏။ သူမ မျက်လုံးများပြာဝေသွားခဲ့၏။
ဆီပြေးသွားမိသည်။ မေမေ့ကိုယ်မှစီးကျလာသော သွေးများကမြင်၍ ပင်မကောင်း။ ဝေဒနာကို
ခံစားနေရသည့်အကြားက မေမေ့မျက်နှာပြုံးလာ၏။ အမေ့ကိုထွေးပွေ့ထားရင်း သူမ တုန်လှုပ်
ချောက်ချားနေမိခဲ့၏။
“ မေမေ ဝမ်းသာလိုက်တာ သမီးဖြူရယ် ”
စကားတစ်ခွန်းက မေမေ့နှုတ်မှတုန်ယီလှိုက်မောစ
မေမေ ပျော့ခွေ ကျသွားခဲ့သည်။ မေမေ့ကို သူမအတင်းလှုပ်နှိုးနေမိသည်။ သို့သော် မေမေက
လောကကြီးကိုအရှုံးပေးလျှက် သူမကို မျက်ကွယ်ပြုသွားခဲ့ပြီဖြစ်သ
ငိုကြွေးနေမိသည်။ သူမအတွက် အားကိုးစရာရွှေတောင်ကြီး ပြိုကျ ခဲ့ရပြီ။ မေမေပြောခဲ့သော
စကားတစ်ခွန်းကမူ သူမနားထဲတွင်ကြားယောင်နေမိဆ
တာလဲ။ သမီးအခုလိုပူဆွေးနေရတာကို ဝမ်းသာတာလား မေမေရယ်။
ငိုရှိုက်နေရင်းပင် အဖြစ်အပြက်တစ်ခုကို သတိပြုလိုက်မိသည်။ သူမ ခြေတောက်တွေ..။ သူမ
ခြေထောက်တွေ ပြန်လှုပ်ရှားနိုင်ခဲ့ပြီ။ တိုက်ဆိုင်မှုတစ်ခုနှင့်ကြုံ
သော ဆရာဝန်ပြောခဲ့သည့်စကားကို ပြန်ကြား ယောင်လာမိသည်။ ဒါဆို မေမေ သိသွားခဲ့သည်
ပေါ့။ သူမ ခြေတောက်တွေပြန်ကောင်းလာခဲ့
မေမေ ဝမ်းသာသည်ဟုပြောသွားခဲ့တာလာ
ရင်းပြီးမှ ပြန်ကောင်းလာသည့် ခြေတောက်တွေအတွက် သူမ မပျော်ရွှင်မိခဲ့။ ဝမ်းနည်းခြင်းတို့
သည်သာ သူမရင်ကိုတိုက်စားလာခဲ့ သည်။ သူမနှလုံးသားသည်လည်း နာကျင်ကြေကွဲခြင်း
ကြိုးမျှင်များဖြင့်တင်းကြပ
(၄)
သူမ ဆရာဝန်တစ်ယောက်ဖြစ်ခဲ့ပါသည်
ခြေတောက်များဖြင့် ပန်းခင်းလမ်းကိုသူမလျှောက်လ
သူမကဲ့သို့ပင် ဆရာဝန်တစ်ယောက်ဖြစ်သည်။ သူမအိမ်တွင် အလှပဆုံးသောအခန်းတစ်ခန်းရှိ
သည်။ ထိုအခန်းတစ်ခုလုံးတွင် ညှိုးခြောက်နေသည့်ပန်းစည်းမ
ပန်းစည်းခြောက်များအား နံရံပေါ်တွင် အမြတ်တနိုးချိတ်ဆွဲထားခဲ့ပါ
“ ဒီပန်းစည်းခြောက်တွေကို ဘာလို့ချိတ်ဆွဲထားရတာလဲ ဖြူရယ်၊ ညှိုးခြောက်နေပြီပဲ လွှင့်ပစ်လိုက်
ရောပေါ့ ”
ထိုစကားက သူမနှင့်လက်ထပ်ပြီးသည့်အချိ
သူမ အကြောက် အကန်ငြင်းဆန်လိုက်ရသည်။ ထိုပန်းစည်းများက သူမဘဝအတွက်ဘယ်
လောက်အထိအရေးပါခဲ့သလဲဆိုတာ သူမ အသိ ဆုံး။ ထိုပန်းစည်းလေးများ ညှိုးခြောက်နေခဲ့
သော်လည်း သူမ လွှင့်မပစ်ရက်ပါ။ ထိုပန်းစည်းများသည် သူမ၏ မီးအိမ်ရှင် တစ်ခုဖြစ်၏။
ထို့အပြင် သူမဘဝ၏လမ်းပြကြယ်တစ်ပွင့်လည
“ မရဘူးမောင်၊ ဒီပန်းစည်းလေးတွေက ဖြူ့ဘဝ ဖြူ့နှလုံးသားထဲမှာစွဲထင်နေ
လေးတွေပါ မောင်၊ ဒီပန်းစည်းတွေကို ဖြူ လွှင့်မပစ်ရက်ဘူး ”
သူမပြောလိုက်စဉ် မောင့်မျက်နှာပေါ်တွင် သဝန်တိုရိပ်များပြည့်နှက်လာ
“ ဒါဆိုဖြူက ဒီပန်းစည်းတွေပို့ပေးတဲ့သူက
တစ်ခြားသူတစ် ယောက်ကို ဖြူစွဲလန်းနေသေးတာကို မောင်ဘယ်လိုနားလည်ကြည်ဖြူရမ
သူ ဘယ်မှာလဲ ဖြူ၊ ဖြူ့စိတ်ကိုလွှမ်းမိုးထား တဲ့သူ အခုဘယ်မှာလဲဆိုတာမောင်သိချင
မောင်က သူမကိုကြည့်ကာ သဝန်တိုစွာဖြင့်ဆိုလာသည်။ ထိုအခါ သူမ မျက်ဝန်းတွင် မျက်ရည်
စများရစ်သိုင်းလာခဲ့ ရသည်။ သူမ ရင်တစ်လုံးသည်လည်း နာကျင်လာခဲ့သည်။ ပန်းစည်းလေး
တွေရဲ့ပိုင်ရှင်ကို မောင်မေးလာခဲ့ပြီ။ ထိုအမေးကို ဖြေဆိုဖို့ သူမတွင်ခွန်အားမဲ့လွန်းနေခဲ
သို့သော် သူမ မဖြေ၍မဖြစ်။ ထိုပန်းစည်းခြောက်လေးတွေက သူမဘဝအတွက် ဘယ်လောက်
အရေးပါကြောင်း မောင် သိသင့်၏။
“ တစ်နေ့ရောက်လာနိုးနိုးနဲ့စေ
ပန်းစည်းတောင် မပို့ပေးတော့ဘူးလေ ”
“ ဟင် .. ဘာဖြစ်လို့လဲ ဖြူ၊ ဘာကြောင့် ပန်းစည်းတွေမပို့တော့တာလဲ ”
မောင့်မျက်နှာပေါ်တွင် သဝန်တိုရိပ်တို့လွင့်ပြယ်သွ
မျက်ဝန်းတွင်တော့ မျက်ရည်စက်များကလိမ့်ဆင်းလာ
ပြောလိုက်မိ၏။
“ ဒီပန်းစည်းတွေရောက်မလာတော့တ
“ သြော် ...မောင် နားလည်ပါပြီ ဖြူရယ်.. ”
မောင်က သူမကိုကရုဏာသက်စွာလှမ်းပြော
သည်။ ဒီပန်းစည်း ခြောက်တွေက သူမဘဝအတွက် အဖိုးတန်ဆုံးသော ရတနာတစ်ခုဆိုတာ
မောင်နားလည်ခဲ့ပြီထင်သည်။ မေမေ၏ လှည့်ကွက်လေးတစ်ခုကြောင့် သူမဘဝရှင်သန်ခွင့်ရခဲ့
၏။ ပန်းစည်းများကိုမြင်တိုင်း မေမေ၏အငွေ့အသက်များကို သူမ ခံစားနေရဆဲဖြစ်၏။ ပန်းစည်း
ကလေးတွေမည်မျှပင်ညှိုးခြောက
ထာဝရရှင်သန်နေမည်ဖြစ်သည်။
ခင်မင်လေးစားစွာဖြင့်
နတ်ရဲ (ရူပဗေဒ)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။