Aung Ko U
နေ့စဉ်ပြောကြား အင်္ဂလိပ်စကား (၁၆)
နေ့စဉ် လူမှုဘဝတွင် တစ်ယောက်နှင့် တစ်ယောက် ခင်မင်ရင်းနှီးစေရန် စကားစမြည် ပြောကြရာတွင် တစ်ယောက်ကို တစ်ယောက် ကိုယ်ဝါသနာပါရာ ကိစ္စများကို ပြောလေ့ရှိကြပါတယ်။ ထို့အတွက် ဝါသနာ အကြောင်းကို ပြောရာတွင် အသုံးပြုသော စကားပြော ပုံစံများကို ရေးသား လိုက် ပါတယ်။
ဝါသနာ ကို မေးနိုင်သော မေးခွန်းပုံစံများ
- What are your hobbies?
မင်းရဲ့ ဝါသနာတွေက ဘာတွေလဲ
- What do you do in your spare time?
အားတဲ့ အချိန်မှာ ဘာတွေ လုပ်လဲ
- What do you like to do?
ဘာလုပ် ရတာကို ကြိုက်လဲ
- What do you like to do for fun?
အပျော်အတွက် ဘာလုပ်ရတာ ကြိုက်လဲ
- If you had extra time, what would you do?
အားတဲ့ အချိန်ရှိရင် ဘာလုပ်မှာလဲ
မိမိဝါသနာကို ပြန်ပြောသည့် ပုံစံများ :
- My hobbies consist of singing, reading novels, and watching movies.
ကျွန်တော့် ဝါသနာတွေက တော့ ရုပ်ရှင်ကြည့်တာ၊ ဝတ္ထုဖတ်တာ၊ သီချင်းဆိုတာ တွေပါ။
- I like to play computer games in my free time.
အားတဲ့ အချိန်မှာ ကွန်ပြူတာဂိမ်း ကစားရတာ ကြိုက်တယ်။
- If I'm not working, then I'm busy chatting with people on the Internet.
အလုပ်လုပ်နေတာ မဟုတ်ရင်တော့ အင်တာနက်ပေါ်မှာ သူငယ်ချင်းတွေနဲ့ စကားပြော ရတာနဲ့ အလုပ်ရှုပ်နေတာပါပဲ။
- During my spare time, I like to read.
အားလပ်ချိန်တွေမှာ စာဖတ်ရတာကို ကြိုက်တယ်။
- I love every type of sports.
ကျွန်တော် အားကစားနည်း အားလုံးကို ကြိုက်ပါတယ်။
ဝါသနာကို ဖော်ပြသော စကားပြော ပုံစံများ
- I need to find a hobby. I have nothing to do all day.
ဝါသနာပါတာ တစ်ခုခုတော့ ရှိဖို့လိုတယ်၊ တနေကုန် ဘာမှ လုပ်စရာမရှိဘူး။
- Maybe you wouldn't be so lonely if you had a hobby.
မင်းမှာ ဝါသနာပါတာ တစ်ခုခု ရှိရင် မင်း အရမ်း အထီးကျန်ဆန်မှာ မဟုတ်ဘူး။
- Hobbies are great because it allows you to do what you enjoy.
ဝါသနာတွေဟာ ကောင်းပါတယ် ဘာကြောင့်လဲဆိုတော့ မင်းကို ပျော်ရွှင်အောင် လုပ်ပေးနိုင်တယ်။
- Although I have many hobbies, I wish I had more time to do more.
ကျွန်တော့်မှာ ဝါသနာပါတာတွေ အများကြီးရှိပေမဲ့ အများကြီးလုပ်ခွင့်ရဖို့ပဲ ဆုတောင်းတယ်။
- I wish golfing wasn't so expensive. I would golf almost every day if I could afford it.
ဂေါက်ရိုက်ရတာ အကုန်အကျ မများစေချင်ဘူး၊ တတ်နိုင်မယ်ဆိုရင် နေ့တိုင်းလောက်ကို ဂေါက်ရိုက်ချင်တယ်။
ဝါသနာနှင့် ပတ်သက်သော အခြား စကားပြော ပုံစံများ
- You just stay home most of the week. Don't you ever get bored?
တစ်ပတ်လုံးနီးပါးလောက် အိမ်မှာပဲနေရရင် မင်းပျင်းလား
- A lot of my hobbies are things I do by myself such as painting, sculpting, and reading. So actually, I have a lot to do with not enough time.
စာဖတ်တာ၊ ပန်းပုထုတာ၊ ပန်းချီဆွဲတာ ဆိုပြီး ဝါသနာတွေ အများကြီးရှိတော့ ကိုယ့်ဟာကိုယ်ပဲ အဆင်ပြေပါတယ်၊ တကယ်ဆို လုပ်စရာတွေ များတော့ အချိန်တောင် မလောက်ဘူး။
- I'm so bored. I have nothing to do.
ဘာမှလုပ်စရာ မရှိဘူး၊ ပျင်းလိုက်တာ
- Maybe you should start thinking about some hobbies.
မင်း ဝါသနာပါတာ တွေကို စဉ်းစားသင့်တယ်။
- Is studying considered a hobby?
လေ့လာသင်ယူတာကို ဝါသနာလို့ မင်းထင်လား
- Studying is usually associated with school and work, so it's not usually considered a hobby.
လေ့လာသင်ယူတယ်ဆိုတာ ကျောင်းတို့၊ အလုပ်တို့နဲ့ ပတ်သက်နေတော့ ဝါသနာမဟုတ်ဘူးလို့တော့ ထင်တယ်။
အောင်ကိုဦး (UMK)
Be the Best !

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။