ကျန်းမာရေးစာတိုများစုစည်းမှု
သွေးလွန်တုပ်ကွေးအဖြစ်များနေကြောင်း အထူးသတိပေးအပ်ပါသည်
*********************************************
မိုးရာသီတွင် သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များနေသဖြင့် အောက်ဖော်ပြထားသည့် အဓိက အချက်လက်များကို မှတ်သားလိုက်နာစေလိုပါသည် ။
-ကလေးကိုခြင်ကိုက်မခံရအောင်ဂရုစိုက်ပါ။
-မက်ကလောင်ဖောက်တာလုံးဝမလုပ်ပါနဲ့။

-ကလေးအန်လျှင် (အမဲရောင် ကော်ဖီမှုန့်လို အ ဖတ်ကလေးတွေ ပါရင်)၊ မှိန်းလွန်းအား ကြီးလျှင်၊ ခြေဖျား လက်ဖျားတွေ အေးလျှင်၊ ဝမ်းမည်းမည်းတွေ သွားလျှင် ဆေးခန်း၊ဆေးရုံကိုချက်ချင်းသွားပါ။
- ကလေး ဆေးရုံတင်ရလျှင် သွေးလှူမည့်သူ (အမျိုးထဲမှ စိတ်ချရသူ) ရှာထားသင့်ပါတယ်။
-မိမိနေထိုင်ရာအိမ်တွင် ကလေးများကို ခြင်ကိုက်ခြင်းမှ ကင်းဝေစေရန် ခြင်ဆေးဖြန့် ခြင်းကို မကြာခဏလုပ်ဆောင်ပေးခြင်း နှင့် ခြင်မကိုက်မိစေရန် အတွက် ကလေးသူများကို ဂရုစိုက်ပေးပါရန် ။
-ရပ်ကွက်ကျေးရွာများတွင် သက်ဆိုင်ရာ တာဝန်ရှိ လူကြီးများမှ ဒေသခံ ကြက်ခြေနီများနှင့် ပူးပေါင်းပြီး တစ်အိမ်တဆင်း ခြင်ဆေးများ ဖြန်း နိုင်စေရန် အချိန်မဆွဲဘဲ လုပ်ဆောင်သင့်ပါသည် ။
- ယခုအခါတွင်ဖြစ်ပွားနေသော သွေးလွန်တုပ်ကွေးသည့် ကလေးသူငယ်များအပြင် အသက်ကြီးရင့်သော လူကြီး လူလတ်ပိုင်းများတွင် ဖြစ်ပွားနေသည့်ကိုလည်း အထူးသတိချပ်စေပါသည် ။
-ယခုအခါ သာမန်ဖျားနာနေတာဆိုပြီး ပေါ့ပေါ့တန်တန်မနေဘဲ သွေးလွန်တုပ်ကွေး ဆိုတာကို ကျန်းမာရေး အသိများ သိရှိရန်လည်း လိုအပ်ပါသည် ။ သာမန်ဖျားနာမှု့ ဆိုပြီး ရက်ကြာသွားပါက အသက်အန္တရာယ်ဆုံးရှုံး နိုင်သည့်အတွက် နီးစပ်ရာ ဆေးရုံးများကို သွားရောက်ပြသပြီး ကုသဆောင်ရွက်စေလိုပါသည် ။
- သွေးလွန်တုပ်ကွေး လက္ခဏာများကို မသိခြင်းကြောင့် ဆေးရုံရောက်နောက်ကျခြင်း၊ အခြားသော ရောဂါများနှင့် မှားယွင်း ကုသမိခြင်းကြောင့် သွေးလွန်တုပ်ကွေးဖြင့် သေဆုံးခဲ့မှု ရှိနေသည့်အတွက် ပေါ့ဆမနေသည့်ကြောင့် သိရှိစေလိုပါသည် ။
အထက်ဖော်ပြပါသိသင့်သိထိုက်သောအချက်များကိုမှတ်သားလိုက်နာခြင်းဖြင့်သွေးလွန်ုတုပ်ကွေးရောဂါဖြစ်ပွားမှုအား ဟန့်တားကာကွယ်နိုင်သလို ထိုသွေးလွန်တုပ်ကွေးသည် ယခုအခါ အဖြစ်များပြီးနောက်ဆက်တွဲပျက်ဆီးခြင်းများ ဖြစ်ပေါ်နေသဖြင့် ( သွေးလွန်တုပ်ကွေး သတိပေး ) လူသားများ ကျန်းမာရေးအတွက် တင်ပြလိုက်ပါသည် ။
Mg Mandalay

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။