FOOD Magazine
.................................................................
ငါးနီတူမှုန့်ခြောက်နဲ့ ခရမ်းချဉ်သီးငါးပိကြော်
(Dried Anchovy Powder and Tomato Sambal)

ခရမ်းချဉ်သီးငါးပိကြော်ကတော့ မစည်ရဲ့ အကြိုက်ဆုံးဟင်းတစ်ခွက်ပါ။
ခရမ်းချဉ်သီးငါးပိကြော်ကို ဒီအတိုင်း ထမင်းပူပူ၊ တို့စရာနဲ့ စားလို့ရသလို
ငါးကြော်နှပ်၊ ကြက်ဥချဉ်ဟင်း စသည်ဖြင့် အနှစ်သုံးလိုသော
ဟင်းများချက်ရင်လည်း အသုံးပြုလို့ရပါတယ်။ ဒါကြောင့် တစ်ခါချက်ရင်
များများချက်ပြီး သိမ်းထားလို့ရတဲ့ ဒီဟင်းလေးကို…
အိမ်ရှင်မများအတွက် မြန်ဆန်သောဟင်းလေးများ
တီထွင်ချက်ပြုတ်နိုင်အောင် ရည်စူးပြီးဖော်ပြလိုက်ပါတယ်နော်… ။

ပါဝင်ပစ္စည်းများ
....................
၁။ ခရမ်းချဉ်သီး - ၂၀ လုံး ( ခတ်ကြမ်းကြမ်းလေးတွေ လှီးထားပါ)
၂။ ဟင်းရွက်ဆီ - ၈ ကျပ်သား (လိုသလောက်ပဲသုံးပါ။ လိုလျှင်လည်း ထပ်ထည့်ပါ။)
၃။ ဆား - နည်းနည်း (အငန်ကြောက်လျှင် မထည့်လည်းရပါတယ်)
၎။ သကြား - အနည်းငယ်
၅။ နံနံပင် - ၅ ပင် (ကြမ်းကြမ်းလေး ဖြတ်ထားပါ၊ ပူစီနံ အစားထိုးသုံးလည်းရပါတယ်)
၆။ ငါးနီတူခြောက်မှုန့် - စားပွဲဇွန်း ၄ ဇွန်း (ဆားမထည့်လျှင် ပိုထည့်ပါ)
အုပ်စု (၁)
.............
၁။ ကြက်သွန်နီ - ၅ လုံး (ထောင်းထားပါ)
၂။ ကြက်သွန်ဖြူ - ၃ မြွှာ (ထောင်းထားပါ)
၃။ နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၎။ ပုစွန်ငံပြာရည် - နည်းနည်း
၅။ ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၆။ ငရုတ်သီးစိမ်း - ၁၀ တောင့် ( ကြမ်းကြမ်းလေးတွေလှီးထားပါ)
၇။ စိမ်းစားငါးပိ - လက်ဖက်ရည်ဇွန်း ၂ ဇွန်း (မီးဖုတ်ထားပါ)
ပြုလုပ်နည်း
..............
၁။ ဇောက်နက်အကြော်အိုးထဲမှာ ဆီပူအောင်တည်ပါ။
ပူလာရင် အုပ်စု (၁)ပစ္စည်းများ ထည့်ပြီးကြော်ပါ။
ကာလာအရောင် ပြောင်းပြီး မွှေးလာရင် သကြား၊ ဆားနှင့်
ငါးနီတူခြောက်မှုန့် တို့ထည့်မွှေပါ။
၂။ ငါးနီတူခြောက်မှုန့်အနည်းငယ် ကျွတ်လာရင်
ခရမ်းချဉ်သီး ထည့်တည်ပါ။ မီးအနေတော်လောက်နဲ့ပဲတည်ပါ။
၃။ ခရမ်းချဉ်သီးအခွံများ လိပ်လာလျှင် နံနံပင်ထည့်ပါ။
ပြီးရင် ဆားမြည်းပြီး လိုတာထပ်ထည့်ပါ။ ဆီပြန်ပြီး ခရမ်းချဉ်သီး
အရေခန်းခြောက်တဲ့အထိတည်ပါ။
ရေခန်းမှ လေလုံဘူးထဲ ထည့်ပြီး ရေခဲသေတ္တာထဲမှာ
တစ်ပတ်ကျော်လောက် သိမ်း ထားလို့ရမှာပါ။
ဟင်းအနှစ်အဖြစ်လည်း သုံးလို့ရပါတယ်။
• Syi Foodsgarden

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။