Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, May 2, 2013

"လူတို့၏ ဥယျာဉ်" (မင်းလူ)

မင်းလူ၏ ၀တ္တုတိုများ
"လူတို့၏ ဥယျာဉ်" (မင်းလူ)
----------------------------
 တိရစ္ဆာန်ဥယျာဉ်ထဲ မရောက်ဖြစ်တာ အတော်ကြာသွားပြီ။ ငယ်ငယ်ကတော့ တစ်နှစ်ကို
အနည်းဆုံး တစ်ခေါက်နှစ်ခေါက် ရောက်တတ်သည်။ ကလေးဘဝကို လွန်မြောက်သွားသော
အခါ တိရစ္ဆာန်ဥယျာဉ်နှင့် အဆက်ပြတ်သွားခဲ့သည်။ အရွယ်ကလေးရောက်လို့ ရည်းစားနဲ့ ဘာနဲ့
ဖြစ်လာသောအခါ ရေစက်ဆုံပြန်သည်။ ဟိုအချိန်က ခုခေတ်လို ပန်းခြံတွေ မပေါများသေးသဖြင့်
သမီးရည်းစား အတွဲတို့မှာ တိရစ္ဆာန်ဥယျာဉ်ကိုသာ အားကိုးခဲ့ကြရသည်။

လက်ထပ်ပြီးသွားကြပြီ ဆိုတော့လည်း ထုံးစံအတိုင်း တိရစ္ဆာန်ဥယျာဉ်ကြီးကို မေ့လျော့သွားခဲ့
ပြန်သည်။ ထို့နောက် သားသမီးတွေ ရလာ၊ ကလေးတွေ သိတတ်စအရွယ် ရောက်လာတော့
တိရစ္ဆာန်ဥယျာဉ်ကို လိုက်ပို့ရပြန်သည်။ ထိုအခါ ငယ်မူပြန် အရသာကလေးများကို ပြန်လည်
ခံစားခဲ့ရသည်။ တိရစ္ဆာန်တွေကိုကြည့်ပြီး ကလေးတွေ ပျော်ရွှင်ကြ၊ ရယ်မောကြ၊
ကြောက်လန့်ကြတာမြင်တော့ ကိုယ့်ကလေးဘဝကို ပြန်သတိရသည်။

သမီးရည်းစား အဖြစ်နှင့် ရောက်ခဲ့ကြတုန်းက ထိုင်ခဲ့သော နေရာကလေးများကို ရောက်သောအခါ
လင်မယားနှစ်ယောက်တို့ တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ပြုံးမိကြ၏။ ပထမအခေါက်မှာ
ကလေးတွေနှင့် အတူတူ တိရစ္ဆာန်များကို အထူးအဆန်းသဖွယ် ကြည့်မိကြသေးသည်။
နောက်ပိုင်းအခေါက်တွေကျတော့ စဉ်းစားစရာလေးတွေကို မြင်လာသည်။ တိရစ္ဆာန်ဥယျာဉ်နှင့်
ပတ်သက်ပြီး အသက်အရွယ်အလိုက် အမြင်ချင်း မတူကြောင်း တွေးမိခြင်းပင် ဖြစ်၏။

ကလေးဘဝတုန်းကတော့ ကိုယ်မမြင်ဖူးသည့် တိရစ္ဆာန်တွေ ကြည့်ရသဖြင့် ပျော်သည်။
သမင်ကလေးတွေ၊ ယုန်ကလေးတွေကို ချစ်သည်။ ကျားတွေ၊ ခြင်္သေ့တွေကျတော့ ကြောက်သည်။
ထို့အတူ မြွေတွေကို ရွံရှာကြောက်လန့်သော်လည်း မကြည့်ဘဲ မနေနိုင်။ ဆင်ကြီးတွေကျတော့
အကောင်ကြီးသော်လည်း မကြောက်ကြ။ “မိုမိုရေ” ဟု ခေါ်လျှင် “ဝူး” ဟု ထူးတတ်သော
ဆင်လိမ္မာလေး မိုမိုဆိုလျှင် ရုပ်ရှင်သရုပ်ဆောင် တစ်ယောက်လိုပင် နာမည်ကြီးသည်။

မျောက်ကလေးများကား ကလေးတိုင်း၏ အချစ်တော် ဖြစ်၏။ ကလေးတို့ အချိန်အများဆုံး
ဖြုန်းသော နေရာမှာလည်း မျောက်ရွာဖြစ်၏။ ကလေးတွေအဖို့တော့ တိရစ္ဆာန်ဥယျာဉ် ဆိုသည်မှာ
ပျော်စရာအကောင်းဆုံး၊ စွဲမက်စရာအကောင်းဆုံး နေရာဌာနကြီးပင်ဖြစ်၏ သမီးရည်းစား
အရွယ်တွေအတွက်ဆိုလျှင် တိရစ္ဆာန်ဥယျာဉ်သည် ဧဒင်ဥယျာဉ်ဟု ဆိုလောက်သည်။
ကျားတွေ၊ ဆင်တွေ၊ သမင်လေးတွေ၊ ကျေးဌက်တွေနှင့် မှော်ရုံဟေဝန်ထဲ
ရောက်နေသလိုလည်း ထင်မှတ်နိုင်သည်။ တစ်ယောက်လက်ကို တစ်ယောက်ကိုင်ပြီး
စကားတွေပြောရင်း လောကကြီးကို မေ့နေနိုင်သည်။ အခုလို ကလေးလည်း မဟုတ်၊
ရည်းစားနှင့် ချိန်းတွေ့ရမည့် အရွယ်လည်း မဟုတ်တော့သည့် အခါ၌ကား။

* * * * *

တစ်ရက်တွင် ကလေးတွေက တိရစ္ဆာန်ရုံ မရောက်တာ ကြာပြီ၊ လိုက်ပို့ပါဟု ဆိုသဖြင့်
သွားကြသည်။ ကလေးများသည် တိရစ္ဆာန်တွေကို ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါ ကြည့်ဖူးသည်
ဖြစ်စေ၊ ရိုးအီသွားသည်ဟူ၍ မရှိ။ ပျော်ရွှင်စွာ၊ စိတ်ဝင်စားစွာ ကြည့်ရှုနေကြသည်။
ကျွန်တော်ကတော့ ငယ်ငယ်ကလိုလည်း ပျော်ရွှင်ခြင်း မဖြစ်။ သမီးရည်းစားဘဝကလိုလည်း
ကြည်နူးသာယာခြင်း မဖြစ်။ တိရစ္ဆာန်များ၏ နေထိုင်ပုံ သဘာဝကိုသာ စူးစမ်းကြည့်နေမိသည်။
သူတို့သည် တောထဲမှာ သဘာဝအတိုင်း ရှိနေလျှင် ဘယ်လို နေထိုင်ကြမည်နည်း။

တောထဲမှာဆိုလျှင် ငှက်တစ်ကောင်၏ ပိုင်နက်နယ်မြေသည် သူ အတောင် မညောင်းမချင်း
ပျံသန်းနိုင်သလောက်ပင် ရှိလိမ့်မည်။ ဆောင်းရာသီဆိုလျှင် မိုင်ပေါင်း ရာနှင့်ချီဝေးသော
နေရာများသို့ပင် ပြောင်းရွှေ့ နေထိုင်ကြသေးသည်။ သမင်ကလေးများသည် မြက်ပင်
ပေါများသော ကွင်းပြင်မှာ ပြေးလွှား ဆော့ကစားရင်း အစာ စားကြမည်။ ညနေကျတော့
ချောင်းငယ်ကလေးဆီသို့ အုပ်လိုက် ရေခပ်ဆင်းကြမည်။

ထိုအချိန်တွင် ကိုင်းတောထဲမှ ကျားတစ်ကောင်က ချောင်းနေမည်။ ကျားဆိုသော
သတ္တဝါများသည် သားကောင်က ငယ်သည်ဖြစ်စေ ရင်ဆိုင် တိုက်ခိုက်လေ့ မရှိ။ ချောင်းမြောင်း
ခုန်အုပ်ခြင်းသာ ပြုတတ်သည်။ ထို့ကြောင့်လည်း ကျားငစဉ်းလဲဟု ခေါ်လေ့ရှိခြင်း ဖြစ်လိမ့်မည်။
ခြင်္သေ့ကျတော့ ဒီလိုမဟုတ်။ ဘယ်သူ့မှ ဂရုမစိုက်ဘဲ ပေါ်ပေါ်ထင်ထင်ပင် လှည့်လည်
သွားလာတတ်သည်။ ထိုအကြောင်းကြောင့် တောဘုရင်ဟု ခေါ်ကြခြင်း ဖြစ်၏။

ကုန်းသတ္တဝါတွေထဲမှာ ခန္ဓာကိုယ် အကြီးဆုံးမှာ ဆင်ဖြစ်၏။ သူတို့ကို ဘယ်သတ္တဝါကမျှ
ရန်မပြုရဲပါ။ သို့တိုင်အောင် အုပ်စုဖွဲ့ပြီး နေတတ်ကြခြင်းမှာ အသည်းငယ်သည်ဟု ပြောရမလား၊
အစိုးရိမ်ကြီးတတ်သည်ဟု ပြောရမလား မသိ။ တစ်ခု ထူးခြားသည်က ဆင်များသည်
အင်အားကြီးမားသော်လည်း တခြား သတ္တဝါများငယ်ကို အကြောင်းမဲ့ ရန်မူလေ့ မရှိခြင်းပင်။

ဒါကလည်း သူတို့အတွက် အခြားသတ္တဝါများကို စားသောက်ရန် အလို့ငှာ သတ်ဖြတ်ဖို့
မလိုအပ်သောကြောင့် ဖြစ်သည်။ အသားစား သတ္တဝါတွေကတော့ သားကောင်ကို မသတ်ဘဲ
နေလို့မရ။ ကြီးသည့်အကောင်က ငယ်သည့် အကောင်ကို စားမည်။ သားကောင်က ပိုကြီးနေလျှင်
အုပ်စုဖွဲ့၍ တိုက်ခိုက် သတ်ဖြတ်စားသောက်မည်။ တော၏ ဥပဒေသ ဆိုတာ ရှိသည်။
အင်အားကြီးသူသာ နိုင်စတမ်း ဆိုသည့် သဘောတရား ဖြစ်၏။ အင်အားငယ်သူတွေ
အတွက်လည်း အသက်ဘေးမှ လွတ်မြောက်အောင် တိမ်းရှောင်နိုင်ဖို့ သဘာဝက
အခွင့်အလမ်းတွေ ဖန်တီးပေးထားသည်။ အပြေးမြန်ခြင်း၊ ကိုယ်ယောင်ဖျောက်နိုင်ခြင်း၊
တွင်းအောင်းနိုင်ခြင်း၊ ခန္ဓာကိုယ်မှ အနံ့ဆိုးများ၊ အဆိပ်အတောက်များ ထုတ်လွှတ်နိုင်ခြင်းတို့ ဖြစ်၏။

တောရိုင်းတိရစ္ဆာန်လောက၌ ကြီးနိုင်ငယ်ညှင်း ပြုကြခြင်းမှာ သဘာဝတရားပင် ဖြစ်၏။
တမင်သက်သက် ပါဝါပြချင်လို့ အနိုင်ကျင့်နေခြင်း မဟုတ်။ အသက်ရှင်ရပ်တည်ရေးအတွက်
ဆောင်ရွက်နေကြခြင်းသာ ဖြစ်၏။ ပုံပြင်တွေထဲမှာလို ဗိုလ်ကျ အနိုင်ကျင့်သော ကျားငစဉ်းလဲကို
သမင်ကလေးတွေက ယုန်ပညာရှိ၏ အကူအညီဖြင့် စုပေါင်း တွန်းလှန် တိုက်ခိုက်ကြတာမျိုး
အပြင်မှာ တကယ်မရှိ။ အရေးကြုံလျှင် လွတ်အောင် ပြေးဖို့သာ သူတို့ နားလည်သည်။

ဒါဆိုရင် အကောင်ကြီးတွေက စားသာတာပေါ့ဟု ပြောလို့လည်း မရပြန်။ အကောင်ကြီးတွေ
ကျတော့ သဘာဝ ဘေးအန္တရာယ်က အနိုင်ယူတတ်ပြန်သည်။ ရာသီဥတု ဖောက်ပြန် ဆိုးဝါးသော
အခါမျိုးမှာ သတ္တဝါငယ်ကလေးတွေက တွင်းအောင်းခြင်း၊ သစ်ခေါင်းထဲ ဝင်ခိုနေကြခြင်းဖြင့်
လွတ်မြောက်အောင် ကြိုးစားနိုင်သည်။ ခန္ဓာကိုယ် ကြီးသည့် သတ္တဝါများမှာ ခိုအောင်းစရာ နေရာ
ရှားပါးသောကြောင့် သဘာဝ ဘေးအန္တရာယ်ကို လည်စင်းခံကြရသည်။ အစာရေစာ ရှားပါးလာသော
အခါမှာလည်း များများစားမှ အသက်ရှင်နိုင်သော သတ္တဝါကြီးများ အခက်အခဲနှင့် ကြုံကြရပြန်သည်။

ကမ္ဘာဦးအစက ကိုယ်ခန္ဓာ ကြီးမားပြီး အင်အားလည်း ကြီးသော ဒိုင်နိုဆောများ သဘာဝဒဏ်ကို
မခံနိုင်၍ မျိုးတုန်း ပျောက်ကွယ်သွားကြရသည်။ ထိုစဉ်ကတည်းက တည်ရှိနေခဲ့သော ပိုးဟပ်များမှာ
သဘာဝနှင့် လိုက်လျောညီထွေ နေနိုင်ခဲ့သောကြောင့် ခုချိန်ထိ မျိုးဆက် တည်မြဲနေကြသေးသည်။
ဒါကိုကြည့်၍ လောကကြီးမှာ အင်အားကြီးသူတိုင်းကို မျက်နှာသာပေးတာ မဟုတ်ဟု ဆိုကောင်း
ဆိုနိုင်မလား မသိ။

* * * * *

အမှန်တော့ လူသည်လည်း တိရစ္ဆာန်အဖြစ်မှ အသိဥာဏ်ရှိသော လူအဖြစ်သို့ ကူးပြောင်း
လာခဲ့ရခြင်းသာ ဖြစ်၏။ မျောက်ဝံ တစ်မျိုးမှ သီးခြား ကွဲထွက်လာပြီး တစ်စတစ်စ လူဟူ၍
ပီပီပြင်ပြင် တိုးတက်လာရခြင်း ဖြစ်၏။ ဒါဆိုလျှင် မျောက်ဝံတွေကို တိရစ္ဆာန်ရုံထဲမှာ ထားခြင်းသည်
မိမိတို့၏ ဘိုးဘွားအနွယ်ဝင်များကို မထေမဲ့မြင် ပြုရာများ ကျနေမလားဟု ကတ်သီးကတ်သတ်
တွေးမိသေးသည်။ လူသည် ယဉ်ကျေး တိုးတက်လာသည် မှန်သော်လည်း တချို့ လူတွေမှာတော့
တိရစ္ဆာန်ဘဝက အမူအကျင့်တွေ ကျန်နေသေးသည်။ ဝံပုလွေလို ကောက်ကျစ်တတ်သောလူ၊
ကျားလို စဉ်းလဲတတ်သောလူ၊ ယုန်လို ကြောက်လန့်တတ်သောလူ၊ ခွေးလို သစ္စာရှိသောလူ၊
မျောက်လို ကျရာ ကြုံရာမှာ ခပ်ပျော်ပျော် နေတတ်သောလူ စသဖြင့်။

တချို့ကျတော့ တိရစ္ဆာန်လောကမှာ သုံးသော တော၏ ဥပဒေသကို ခုထိ အသုံးပြုချင်သေးသည်။
အင်အားကြီးသူသာ နိုင်စတမ်း၊ ကြီးနိုင်ငယ်ညှင်း စရိုက်မျိုး၊ အင်အားနည်းသူကို ဝါးမျိုချင်သော
အကျင့်မျိုးတွေ ရှိနေသေးသည်။ ထို့ကြောင့် တရားဥပဒေတွေ ထုတ်ပြန်ပြီး တားမြစ်ထားရခြင်း
ဖြစ်၏။ လူတို့သည် တိရစ္ဆာန်တွေထက် ပိုပြီး အသိဥာဏ်ရှိသလို တိရစ္ဆာန်တွေထက် ပိုပြီး
သစ္စာမဲ့တတ်သည်။ လူလည်ကျတတ်သည်။ (တိရစ္ဆာန်လည်ကျသည် ဆိုသော အသုံးအနှုန်း
မရှိတာကို ကြည့်လျှင် သိသာ၏။) တိရစ္ဆာန်အများစုသည် အမျိုးတူအချင်းချင်း သတ်ဖြတ်
စားသောက်လေ့ မရှိ။ လူတွေကတော့ အချင်းချင်း စစ်ပွဲတွေခင်းပြီး သတ်ဖြတ်နေကြတာ
ကမ္ဘာ့ နေရာတချို့မှာ တွေ့နေရသေးသည်။

တိရစ္ဆာန်များမှာ အသားစား သတ္တဝါပင်ဖြစ်စေ သူဗိုက်ဆာသည့် အချိန်ကျမှ သားကောင်ကို
ရှာသည်။ နောက်ရက်အတွက်ပါ ကြိုပြီး သားကောင်ကို သတ်ဖြတ်ခြင်း မရှိ။
လူတွေကျတော့ လိုချင်သည့်အချိန်မှာ အဆင်သင့် စားလို့ရအောင် ကြက်တွေ၊ ဝက်တွေ၊
နွားတွေကို ဖမ်းဆီး မွေးမြူကြသေးသည်။ အသားစား သတ္တဝါများကမှ သားကောင်ကို
ဖမ်းဆီးရာတွင် ပြေးနိုင်လျှင် လွတ်မြောက်နိုင်သည့် အခွင့်အလမ်း ပေးထားသေးသည်။
လူတွေကတော့ ကြက်ကို သတ်တာတောင် အချိန်ကုန်သက်သာအောင် စက်ကိရိယာတွေ
တီထွင်ပြီး သတ်တတ်တာမျိုးဖြစ်၏။

တိရစ္ဆာန်များတွင် တစ်ကောင်နှင့် တစ်ကောင်၊ တစ်မျိုးနှင့် တစ်မျိုး ကျွန်ပြုခိုင်းစေခြင်းမှာ
မရှိသလောက် ရှားသည်။ လူတွေကတော့ တိရစ္ဆာန်တွေကို လှည်းဆွဲခိုင်း၊ လယ်ထွန်ခိုင်းလို့
အားမရဘဲ ဆပ်ကပ်တွေမှာ ထည့်သုံးပြီး ငွေရှာကြသည်။ ဒါတင်မက လူလူချင်း ကျွန်ပြုခဲ့ကြသည့်
အစဉ်အလာ ရှိခဲ့သည်။ ကျွန်ကုန်သည်ခေတ်ဟု ဆိုသည့်တိုင် စီးပွားရေးအရ ချုပ်ကိုင်
ခြယ်လှယ်နေကြသေးသည်။ အင်အားကြီးသော နိုင်ငံက အင်အားငယ်သော နိုင်ငံကို ကြိုးကိုင်
ထိန်းချုပ်ချင်ကြသည်။

ကျွန်တော်တို့ နိုင်ငံပင်လျှင် ကျွန်အဖြစ်မှ လွတ်မြောက်လာတာ နှစ်ငါးဆယ်ခန့်သာ ရှိသေးသည်။
ခုချိန်ထိအောင် ကျွန်ပြန်မဖြစ်ရေးအတွက် ကြိုးစား ကာကွယ်နေရတုန်း ရှိသေးသည်။
လူတို့သည် တိရစ္ဆာန်တို့ထက် ပို၍ အသိဥာဏ်ရှိတာတော့ မှန်သည်။ သို့ရာတွင် ရိုးသားမှုနှင့်
သစ္စာရှိမှုအတွက်တော့ တိရစ္ဆာန်များမှ ပြန်လည် အတုယူဖို့ လိုအပ်နေသေးသည်ဟု ထင်၏။


* * * * *

တွေးရင်း ငေးရင်းက ထွက်ပေါက်နားသို့ ရောက်ရှိလာသည်။ ထို့ကြောင့် ကျွန်တော်တို့သည်
တိရစ္ဆာန်ဥယျာဉ်မှထွက်၍ လူဥယျာဉ်အတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ကြလေသည်။



မင်းလူ
---------------
ငွေတာရီ မဂ္ဂဇင်း၊
သြဂုတ်၊ ၁၉၉၆

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။