မင်းသိမ်းခိုင် - ရွှေရမ်းထူးလင်း
၂၁ ရာစု၏ ရွှေဥ ဥသော ငန်းဘဲ
ရှေးသရော အခါက ဖြစ်သည်။
လက်ရှိအခြေအနေကို တင်းတိမ် ရောင့်ရဲကျေနပ်ခြင်း မရှိပဲ လွန်စွာ
လောဘ ကြီးသည့် လူတစ်ယောက် ရှိလေသည်။
၎င်းတွင် တစ်နေ့လျှင် ရွှေဥ တစ်လုံးကျ ဥပေးလေ့ ရှိသော ငန်းကြီး တစ်
ကောင် ရှိလေသည်။

သူသည် တစ်နေ့လျှင် ရွှေဥ တစ်လုံးသာ ဥပေးသော ငန်းကြီးကို ကြည့်၍
အားမလို အားမရ ဖြစ်နေသည်။ဘ၀င် မကျနိုင် ဖြစ်နေသည်။
“ ဟူး......ဒီလိုသာ တစ်နေ့ကို တစ်လုံးပဲ ဥပေးနေလို့ကတော့ ဘယ်ဖြစ်
မလဲ...ငါ့သား သမီးတွေကလည်း ကြီးလာပြီ...ငါ အိုမင်းမစွမ်း ဖြစ်လာရင်
....မတ်တပ်စာ တုံးလုံးစာ တွေကလည်း လိုသေးတယ်.....”
သူသည် တစ်နေ့ တစ်လုံးထက် ပိုရရန် အမျိုးမျိုးကြံစည် အားထုတ်နေ
လေသည်။နောက်ဆုံးတွင်တော့ ငန်းဘဲကြီးသတ်၍ ဗိုက်ထဲတွင် ရှိနေသော
ရွှေဥများ အားလုံးကို ထုတ်ယူရန် ဆုံးဖြတ်လိုက်လေသည်။
“ ငန်းကို သတ်ပြီး ရွှေဥတွေ အကုန်ထုတ်ယူမှ ဖြစ်မယ်....အဲဒီရွှေဥတွေကို
ရောင်းချရင်းနှီးပြီး လုပ်ငန်းတခုခု လုပ်မယ်....”
သူ၏ ငန်းကြီးကို သတ်ခါနီးတွင် ပတ်ဝန်းကျင်ရှိလူများက ၄င်းတို့ ကြားဖူးနားဝ ရှိသည့် အလိုကြီး၍ အရနည်းခြင်း ဆိုသည့်
ပုံပြင်ကိုေ ပြာပြကာ တားကြလေသည်။သူသည် ခေါင်းမာ စွာဖြင့်
မည်သူ့စကားကို မှနားမထောင်ပဲ ငန်းကြီးကို သတ်ကာ ဗိုက်ကို ခွဲလေသည်။
အားလုံးတွက်ဆ ထားသည့်အတိုင်း မည်သည့်ရွှေဥ ကိုမှ မတွေ့ရတော့ချေ။
လူအများကလည်း အလိုကြီး၍ အရနည်းခြင်းဖြစ် သည်ဟုဆိုကာ
ဝေဖန်ကဲ့ရဲ့ လှောင်ပြောင် ကြလေသည်။
သူသည် ငန်းဘဲသေ ကြီးကြည့်ရင်း စိတ်ဓါတ်ကျခြင်း နောင်တရခြင်း
အလျင်းမရှိပဲ စိတ်ကူးအကြံဥာဏ်တွေ ထုတ်သည်။
နောက်ဆုံး၌ အကြံတစ်ခုရလာပြီး ၄င်းငန်းဘဲသေကြီးကို ဆေးသပ္ပံပညာ
ရှင်များ လက်သို့ အပ်လိုက်လေသည်။ဆေးသပ္ပံပညာ ရှင်များကလည်း
ငန်းဘဲ၏ DNA ကိုယူကာ ပုံတူမျိုးပွားရာ အောင်မြင်စွာမျိုးပွားနိုင်လေသည်။
ထို့နောက် စိတ်ပါဝင်စားသူများကို ရှယ်ယာ ခေါ်ယူကာ ရွှေဥထုတ်လုပ်ရေး
လုပ်ငန်းတည်ထောင်ကာ အကြီးအကျယ် မီးကုန်ယမ်းကုန် အင်တိုက် အားတိုက် လုပ်လေသည်။
သူသည် ငန်းဘဲ အကောင်ရေ တစ်သန်းခန့်ကို ပုံတူမျိုးပွား ရယူပြီး တစ်နေ့
လျှင် ရွှေဥ တစ်သန်းခန့် ကိုထုတ်ယူနိုင်လေသည်။
နောက်ဆုံးတွင် လက်ရှိအခြေအနေကို တင်းတိမ် ရောင့်ရဲ ကျေနပ်ခြင်း မရှိသော လောဘ အင်မတန်ကြီးလှသော ငန်းဘဲ ပိုင်ရှင်သည် ကျိကျိ တက်အောင် ချမ်းသာ ကြွယ်ဝသော စီးပွားလုပ်ငန်းရှင်ကြီး တစ်ဦး ဖြစ်သွားပါလေတော့သည်။
၎င်နှင့်ခေတ်ပြိုင် တခြားရွာတွင်ရှိသော ရွှေဥ ဥသည့် ငန်းဘဲ ပိုင်ရှင်များက
တော့ တစ်နေ့တစ်လုံး သာယူပြီး ရရစားစား ဘ၀ ဖြင့်သာ တင်းတိမ်ရောင့်ရဲ
ကျေနပ် နေကြလေသည်။နောက်ဆုံးတွင် ၄င်းတို့၏ ငန်းဘဲကြီးများသည်
A H1 N1 ကြက်ငှက်တုပ်ကွေး ရောဂါ ဖြစ်ကာ သေဆုံးကုန်ကြ ပါလေ
တော့သည်။
အလွန်လောဘကြီးသော ငန်းဘဲပိုင်ရှင်သည် ၄င်၏ ရုံးခန်းအတွင်း၌
အောက်ပါစာတမ်းကို မြင်သာ ထင်သာအောင် ရေးထားသေည်။
“လက်ရှိ အခြေအနေကို ကျေနပ်မနေပါ နှင့်
အမြဲတမ်း လှုပ်ရှား ရုန်းကန် ကြိုးစား အားထုတ်နေပါ ”
ဟူ၍ ဖြစ်ပါလေတော့သတည်း။............ ...။
မင်းသိမ်းခိုင်(ရွှေရမ်းထူးလင်း)
3.5.2013 PM 7;30
အားမလို အားမရ ဖြစ်နေသည်။ဘ၀င် မကျနိုင် ဖြစ်နေသည်။
“ ဟူး......ဒီလိုသာ တစ်နေ့ကို တစ်လုံးပဲ ဥပေးနေလို့ကတော့ ဘယ်ဖြစ်
မလဲ...ငါ့သား သမီးတွေကလည်း ကြီးလာပြီ...ငါ အိုမင်းမစွမ်း ဖြစ်လာရင်
....မတ်တပ်စာ တုံးလုံးစာ တွေကလည်း လိုသေးတယ်.....”
သူသည် တစ်နေ့ တစ်လုံးထက် ပိုရရန် အမျိုးမျိုးကြံစည် အားထုတ်နေ
လေသည်။နောက်ဆုံးတွင်တော့ ငန်းဘဲကြီးသတ်၍ ဗိုက်ထဲတွင် ရှိနေသော
ရွှေဥများ အားလုံးကို ထုတ်ယူရန် ဆုံးဖြတ်လိုက်လေသည်။
“ ငန်းကို သတ်ပြီး ရွှေဥတွေ အကုန်ထုတ်ယူမှ ဖြစ်မယ်....အဲဒီရွှေဥတွေကို
ရောင်းချရင်းနှီးပြီး လုပ်ငန်းတခုခု လုပ်မယ်....”
သူ၏ ငန်းကြီးကို သတ်ခါနီးတွင် ပတ်ဝန်းကျင်ရှိလူများက ၄င်းတို့ ကြားဖူးနားဝ ရှိသည့် အလိုကြီး၍ အရနည်းခြင်း ဆိုသည့်
ပုံပြင်ကိုေ ပြာပြကာ တားကြလေသည်။သူသည် ခေါင်းမာ စွာဖြင့်
မည်သူ့စကားကို မှနားမထောင်ပဲ ငန်းကြီးကို သတ်ကာ ဗိုက်ကို ခွဲလေသည်။
အားလုံးတွက်ဆ ထားသည့်အတိုင်း မည်သည့်ရွှေဥ ကိုမှ မတွေ့ရတော့ချေ။
လူအများကလည်း အလိုကြီး၍ အရနည်းခြင်းဖြစ် သည်ဟုဆိုကာ
ဝေဖန်ကဲ့ရဲ့ လှောင်ပြောင် ကြလေသည်။
သူသည် ငန်းဘဲသေ ကြီးကြည့်ရင်း စိတ်ဓါတ်ကျခြင်း နောင်တရခြင်း
အလျင်းမရှိပဲ စိတ်ကူးအကြံဥာဏ်တွေ ထုတ်သည်။
နောက်ဆုံး၌ အကြံတစ်ခုရလာပြီး ၄င်းငန်းဘဲသေကြီးကို ဆေးသပ္ပံပညာ
ရှင်များ လက်သို့ အပ်လိုက်လေသည်။ဆေးသပ္ပံပညာ ရှင်များကလည်း
ငန်းဘဲ၏ DNA ကိုယူကာ ပုံတူမျိုးပွားရာ အောင်မြင်စွာမျိုးပွားနိုင်လေသည
ထို့နောက် စိတ်ပါဝင်စားသူများကို ရှယ်ယာ ခေါ်ယူကာ ရွှေဥထုတ်လုပ်ရေး
လုပ်ငန်းတည်ထောင်ကာ အကြီးအကျယ် မီးကုန်ယမ်းကုန် အင်တိုက် အားတိုက် လုပ်လေသည်။
သူသည် ငန်းဘဲ အကောင်ရေ တစ်သန်းခန့်ကို ပုံတူမျိုးပွား ရယူပြီး တစ်နေ့
လျှင် ရွှေဥ တစ်သန်းခန့် ကိုထုတ်ယူနိုင်လေသည်။
နောက်ဆုံးတွင် လက်ရှိအခြေအနေကို တင်းတိမ် ရောင့်ရဲ ကျေနပ်ခြင်း မရှိသော လောဘ အင်မတန်ကြီးလှသော ငန်းဘဲ ပိုင်ရှင်သည် ကျိကျိ တက်အောင် ချမ်းသာ ကြွယ်ဝသော စီးပွားလုပ်ငန်းရှင်ကြီး တစ်ဦး ဖြစ်သွားပါလေတော့သည်။
၎င်နှင့်ခေတ်ပြိုင် တခြားရွာတွင်ရှိသော ရွှေဥ ဥသည့် ငန်းဘဲ ပိုင်ရှင်များက
တော့ တစ်နေ့တစ်လုံး သာယူပြီး ရရစားစား ဘ၀ ဖြင့်သာ တင်းတိမ်ရောင့်ရဲ
ကျေနပ် နေကြလေသည်။နောက်ဆုံးတွင် ၄င်းတို့၏ ငန်းဘဲကြီးများသည်
A H1 N1 ကြက်ငှက်တုပ်ကွေး ရောဂါ ဖြစ်ကာ သေဆုံးကုန်ကြ ပါလေ
တော့သည်။
အလွန်လောဘကြီးသော ငန်းဘဲပိုင်ရှင်သည် ၄င်၏ ရုံးခန်းအတွင်း၌
အောက်ပါစာတမ်းကို မြင်သာ ထင်သာအောင် ရေးထားသေည်။
“လက်ရှိ အခြေအနေကို ကျေနပ်မနေပါ နှင့်
အမြဲတမ်း လှုပ်ရှား ရုန်းကန် ကြိုးစား အားထုတ်နေပါ ”
ဟူ၍ ဖြစ်ပါလေတော့သတည်း။............
မင်းသိမ်းခိုင်(ရွှေရမ်းထူးလင်း)
3.5.2013 PM 7;30
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။