Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, May 6, 2013

“စစ်အောင်၊ ဆိတ်ဖွား အလဲဗန်း မကျေနပ်ချက်များနှင့် ကြားဖောက် မောင်ကာဠု”

James Mint
“စစ်အောင်၊ ဆိတ်ဖွား အလဲဗန်း မကျေနပ်ချက်များနှင့် ကြားဖောက် မောင်ကာဠု”

ဖေ့ဘွတ်မှာ လူထုမောင်ကာဠုနဲ့ အေးချမ်းမွန် ရန်စောင်ကြတယ် ဆိုတာတွေ့လိုက်ရတယ်….. ဘယ်လိုများ ရန်စောင်သလဲ ကြည့်ကြည့်တယ်….. ကိုယ်တွေလို အသေအလဲ သတ်မလား မှတ်တယ် အခြောက်များ ခွက်စောင်းခုတ်သလို ညဉ်းက၊ ငါကနဲ့ အဆင့်က တက်ကိုမလာဘူး…… တကယ်တောင့် မောင်ကာဠုဆိုတာ နအဖ လက်ထက် သတင်းစာကို အီးကုန်းစက္ကူ၊ ပစ္စည်းထုတ် စက္ကူဖြစ်လာအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ အပုတ်ချ ဆောင်းပါးရေးတဲ့ အဆင့်က မတက်နိုင်ဘူး........

ဒါဖြင့် အေးချမ်းမွန်ကကော ဘာထူးလဲမေးရရင်တော့ ဟိုလူ့ဟာ လိုက်ကူး၊ ဒီလူ့ဟာ လိုက်ကူး ခရက်ဒစ်ပေးဖို့ဆို ဝက်ရူးပြန်နေလား မှတ်ရလောက်အောင် ဟန်ဆောင်ကောင်းတဲ့ ပေ့ခ်ျတစ်ခုထက် မပိုဘူး…. တစ်ချိန်က ဒီမိုဖက်တီး သူများစတေးတပ်တွေ ပေါ်တင်ခိုးကူးတဲ့ အဆင့်ထက် မပိုဘူး…… အေးချမ်းမွန်နဲ့ မောင်ကာဠု ဘာကွဲလဲဆိုတော့ မောင်ကာဠု လူသောက်မြင်ကပ်တယ်၊ အေးချမ်းမွန်က အထာနပ်တယ် လူကြိုက်များအောင် နေတယ်….. နှစ်ခုစလုံး ဝါဒဖြန့် ပေ့ခ်ျတွေပဲ……. အတုံးလိုက် အတစ်လိုက်ဖြန့်တာနဲ့ ပါးပါးလေး ဇောင်းသွင်းတာပဲ ကွာတယ်….. ပေ့ခ်ျနှစ်ခု ကွိုင်တက်တာကလည်း တကယ်တန်းပြောရရင် စကားများတယ်ဆိုပီး လူအာရုံစိုက်အောင် စွဲယူတယ်၊ တစ်ခုနဲ့တစ်ခု ရောင်တော်ဖွင့်ပေးနေတယ်လို့ ခံစားရတယ်…… ဒိထက်ပိုပီး စိတ်မဝင်စားမိဘူး…….

အဲ့ဒါကြီးကို တကူးတက အလဲဗင်းက ဆောင်းပါးတွေ ဘာတွေ ရေးတင်လာတာတွေ့တော့ အံ့သြသွားတယ်…… ဖတ်ကြည့်တော့ သောက်တလွဲ၊ အဓိက ပုဂ္ဂိုလ်ရေး မကျေနပ်ချက်ကို ရှေ့တန်းတင်ထားတယ်…… အတိတ်ဟောင်းက ရန်ကြွေးတွေ ထုတ်လာတယ်….. လူထုမောင်ကာဠုကို လူတွေမကျေနပ်ချိန်မှာ ဆိတ်ဖွားနဲ့ တစ်တန်းတဲ တန်းဆွဲတင်လိုက်ပီး စစ်အောင်၊ ဆိတ်ဖွား၊ မောင်ကာဠု တစ်ယောက်တည်း ဆိုတဲ့ ပုံစံ ဖော်လာတယ်…….

ဒါဖြင့် သူတို့ဘာလို့ စစ်အောင်အကောင့်ဟာ ဦးရဲထွဋ်လို့ စွတ်စွဲသလဲ မေးစရာ ရှိလာတယ်….. တစ်ချိန်က စစ်အောင်အကောင့်ဟာ ချောက်ကမ်းပါး အစွန်းလေးမှာ မတ်တတ်ရပ်ရင်း လက်နှစ်ဖက်ကို ကားထားတဲ့ပုံကို တင်ထားတယ်….. အဲ့ဒိအချိန်က ဦးရဲထွဋ်ရဲ့ အကောင့်မှာလည်း အဲ့ဒိဓါတ်ပုံရှိတယ်….. အလဲဗင်းက အယ်ဒီတာ ဝေဖြိုးဟာ အဲ့ဒိအချိန်က အွန်လိုင်းမှာ ကြောင်ပေါက်စလေးများလို အလွန့်ကို စွာတေးလန်နေချိန်ပါ…… ဒီမိုဖက်တီးနဲ့လည်း နပန်းသတ်လိုက်၊ တရားစွဲမယ်လုပ်လိုက်၊ ဟိုလူ့ကို ခြိမ်းခြောက်ပီး တရားစွဲမယ် လုပ်လိုက်၊ ဒီလူ့ကို ခြိမ်းခြောက်ပီး တရားစွဲမယ်လုပ်လိုက်နဲ့ လူစွာလုပ်နေချိန် ဖြစ်တဲ့အတွက် အဲ့ဒိတော့ စစ်အောင်ဟာ ဦးရဲထွဋ်ဆိုပီး တစ်ထစ်ချ စွတ်စွဲခဲ့တယ်…..

အဲ့ဒိအချိန်က ဦးရဲထွဋ်ကလည်း အဲ့ဒိဓါတ်ပုံဟာ နိုင်ငံခြား တိုင်းပြည်တစ်ခုက ကမ္ဘာလှည့် ခရီးသွားတွေ သွားလေ့ရှိပီး ဓါတ်ပုံရိုက်လေ့ ရှိတဲ့အချိန်မှာ သူ့ကို တစ်ယောက်က အဲ့ဒိမှာ သွားရပ်ရဲလားမေးလို့ သွားရပ်ရင်း ရိုက်ခဲ့တဲ့ ဓါတ်ပုံလေးပါလို့ ဖြေတယ်…… ဒါပေမယ့် သူများကင်မရာနဲ့ ရိုက်တာဖြစ်လို့ ကင်မရာပိုင်ရှင် အလွဲသုံးစားလုပ်ရင် မတတ်နိုင်ဘူး၊ ကင်မရာပိုင်ရှင် ဘယ်သူဆိုတာတော့ ထုတ်မပြောချင်ဘူးလို့ ဆိုခဲ့တယ်…….

ကိုစစ်အောင်က ဒီဓါတ်ပုံကို သူအင်တာနက်က ရှာခဲ့တဲ့အကြောင်း၊ မထင်မှတ်ပဲ ဦးရဲထွဋ်ကို ထိခိုက်သွားခဲ့တာလည်း မက်ဆေ့ခ်ျပို့ တောင်းပန်ထားတဲ့အကြောင်း ရေးခဲ့ပါတယ်….. ဒါပေမယ့်လည်း ဝေဖြိုးဟာ အသေညှိုးပီး စစ်အောင်ကို ဒီအစိုးရလက်ထက်မှာ တရားစွဲမရရင် နောင်တက်လာတဲ့ အစိုးရလက်ထက်၊ ဒါမှမဟုတ် တရားစွဲလို့ရတဲ့ အစိုးရလက်ထက်အထိ တရားစွဲမယ်လို့ကို ခါချဉ်ကောင် မာန်ကြီးစွာ ကြိမ်းဝါးခဲ့ပါတယ်….. ကိုစစ်အောင်နဲ့ သူတို့ဘာတွေ ငြိခဲ့သလဲဆိုရင် ကျွန်တော်မှတ်မိသလောက် ကိုစစ်အောင် ပြောခဲ့တာက ဒေါက်တာသန်းထွဋ်အောင်ရဲ့ ကြိုးနီစနစ် မပျောက်တဲ့၊ သက်ဦးဆံပိုင်ဘုရင်စနစ် ဆန်တဲ့ ရုံးတွင်း ဆက်ဆံရေးကို ရေးခဲ့တာပါပဲ.……

ကိုစစ်အောင်က စေတနာနဲ့ နာမည်ကြီး မီဒီယာတစ်ခုအနေနဲ့ အဲ့ဒိလိုပုံစံတွေ ပြုပြင်သင့်တယ်၊ ဒေါက်တာသန်းထွဋ်အောင်ရဲ့ အခန်းထဲကို ဘယ်သူမဆို ဝင်ရင် ဖိနပ်ချွတ်ဝင်ရတယ်၊ တအားရို့ကျိုးရတယ်….. သူတို့ဝင်သွားတဲ့အချိန်မှာ သူတို့က ဒီအတိုင်း ဖိနပ်စီးပီးဝင်သွားချိန် အလဲဗန်းရဲ့ အယ်ဒီတာချုပ်ဖြစ်တဲ့ ဝေဖြိုးဟာ အခန်းဝမှာ ဖိနပ်ချွတ်ဝင်လာရတယ်…… ဂျာနယ်တိုက်ရဲ့ အယ်ဒီတာချုပ်တောင် ဒီလိုဖြစ်နေရင် အောက်ခြေဝန်ထမ်းတွေဟာ အခြေအနေမကောင်းနိုင်ဘူး အစရှိသဖြင့် သုံးသပ်ခဲ့တာမယ် ဝေဖြိုး ဆက်ဆက်ခါ နာကျည်းခဲ့ရတယ်…… ဒေါက်တာသန်းထွဋ်အောင်နဲ့ အဲ့ဒိအချိန်က လာတွေ့ခဲ့တာ ဦးရဲထွဋ်ပဲ၊ သူ့ဟာသူ သူ့စီအီးအိုကို လေးစားတာကို စော်ကားတယ် ဆိုတဲ့ ပုဒ်မတွေနဲ့ ဦးရဲထွဋ်ကို စတွယ်ခဲ့တာပါပဲ……..

ကိုစစ်အောင်အကောင့် ဖေ့ဘွတ်ကနေ ပျောက်သွားပီး ထပ်မံပေါ်လာတာက ဒေါက်တာဆိတ်ဖွား…… ဒေါက်တာဆိတ်ဖွားကလည်း စ လာကတည်းက ၁၁ ကိုတွယ်ခဲ့တယ်…. ၁၁ နဲ့ ဆန့်ကျင်ဘက် ဆိုတာတွေပဲ ရေးခဲ့တယ်…… အဲ့ဒိအချိန်မှာ ၁၁ က ဝေဖြိုးလည်း စာတတ်သွားပုံရတယ် သူ့ရဲ့ မူရင်းအကောင့်နဲ့ ဖဲ့တာမတွေ့တော့ဘူး…… အခုနာမည်တွေ ပြောင်းထားကြတဲ့ အကောင့်တွေကနေ အဲ့အချိန်တုန်းက တော်တော်တွယ်ခဲ့ကြတယ်……

ဒေါက်တာဆိတ်ဖွားကနေ ဒေါက်တာသန်းထွဋ်အောင်ရဲ့ ကား Showroom ကိစ္စ၊ အခုအစိုးရရဲ့ ပေါ်လစီကြောင့် ဒေါက်တာသန်းထွဋ်အောင်ရဲ့ စီမံကိန်း အချီကြီးပျက်ဆီးခဲပီး၊ ငွေအမြောက်အများ ရင်းထားမှု ဆုံးရှုံးခဲ့သည့် ပုဂ္ဂလိက ခံစားချက်ကို ရှေ့တန်းတင်ပီး လက်ရှိ အစိုးရနဲ့ ကားတွေကို ဈေးဖြုတ်ချခဲ့တဲ့ ဝန်ကြီးဦးစိုးသိန်းကို မဲနေမှုမှာ မဖြစ်သင့်ကြောင်း ရေးခဲ့တဲ့အပေါ်မှာ အဆိုပါမျက်နှာဖုံးစွတ်အကောင့်တွေ တော်တော်လေး ဝိုင်းတွယ်ခဲ့ကြပါတယ်….. အဲ့ဒိအချိန်ကစပီး ၁၁ လည်း ကံဇာတာညှိုးနေချိန်လို့ ပြောလို့ရပါတယ်….. လူတွေရဲ့ ဝေဖန်မှုတွေကို တော်တော်လေး စ ခံနေရပီး မှတ်ချက်ဖျက်တာတွေ၊ ဘလော့တာတွေ ပြုလုပ်လာခဲ့တာပါပဲ……

ဒါဆိုရင် ၁၁ နှင့် စစ်အောင်၊ ဆိတ်ဖွား မကျေနပ်မှုမှသည် ဦးရဲထွဋ် အစွတ်စွဲခံရသည်မှသည် ဦးစိုးသိန်းကို နည်းပေါင်းစုံနဲ့ သိက္ခာချဖို့ ကြံစည်ခဲ့တာတွေဟာ ဘာတွေနဲ့ ပါတ်သက်နေသလဲ သိနိုင်မှာပါ….. ၁၁ ရဲ့ မောင်ကာဠုနဲ့ ပါတ်သက်တဲ့ ဆောင်းပါးမှာ မောင်ကာဠုဆိုဒ်ဟာ သူများမရတဲ့သတင်း၊ ဓါတ်ပုံတွေ ရတယ် အစရှိသဖြင့် စွတ်စွဲထားတာ တွေ့ပါတယ်…… ၁၁ စွတ်စွဲတာတွေ မှန်တာ မှားတာ ကျွန်တော် စိတ်မဝင်စားပါ…… ကျွန်တော်စိတ်ဝင်စားနေတာ သူတို့ပြောတဲ့ သူများမရတဲ့သတင်း၊ သူများမရတဲ့ ဓါတ်ပုံတွေဆိုတာပါပဲ…..

ဒီနေရာမှာ ဖေ့ဘွတ်မှာ ယနေ့ နာမည်ကြီးအောင် နည်းပေါင်းစုံနဲ့ ရေလိုက်ငါးလိုက် လိုက်နေတဲ့ အကောင့် တိတိပပ ဆိုရရင် နှစ်ကောင့်ရှိပါတယ်….. အဲ့ဒိအကောင့်တွေဟာ နာမည်ကြီးမယ့် ပေါ်ပင်ကိုအမြဲလိုလို လိုက်ရေးလေ့ရှိပီး၊ သူတို့လိုချင်တဲ့ဘက်ကို ဇောင်းပေးရေးလေ့ရှိပါတယ်…….. သူတို့ရဲ့ လမ်းကြောင်းနဲ့ ထိပ်တိုက်ဖြစ်လာရင် မည်သူ့ကိုမဆို နည်းပေါင်းစုံနဲ့ နာမည်ဖျက်ဖို့ တွန့်လေ့မရှိပါဘူး….. ဒေါ်စုရဲ့ ခရိုနီတွေဟာ အပြစ်မရှိဘူးလို့ ယေဘူယျ ဆိုခဲ့တဲ့ စကားကိုတောင် မကျေမနပ်နဲ့ ရေးခဲ့ပေမယ့် လူတွေလက်မခံချိန်မှာ ချက်ခြင်း မေမေစု၊ အမေစုနဲ့ ပုံပြောင်းခဲ့တာတွေ မှတ်မိသူတွေ ရှိပါတယ်…..

အဆိုပါ ဖေ့ဘွတ်အကောင့်တွေဟာ သူများမရတဲ့သတင်း၊ သူများမရတဲ့ ဓါတ်ပုံ၊ သူများမရတဲ့ ဒေတာ၊ အချက်အလက်တွေ အတိအကျ ရတတ်သလို၊ သူတို့ရေးတဲ့ ဆောင်းပါးတွေဟာ ရှေ့ပြေးလို ဖြစ်နေတတ်ပီး သိပ်မကြာခင်မှာ ၁၁ မှာ ခေါင်းကြီးပိုင်း အာဘော်၊ စီအီးအိုအာဘော် အနေနဲ့ပြန်လည် ကောက်နှုတ် သုံးသပ်ထားတာမျိုး တွေ့ခဲ့ရပါတယ်…… ဥပမာအားဖြင့် ကားစလစ်ကိစ္စ၊ ဓါတ်ငွေ့ပိုက်လိုင်းကိစ္စ (ဓါတ်ပုံတွေပါ တူနေခဲ့ပါတယ်) ဒေါ်စုရဲ့ ခရုနီကိစ္စ၊ ဝန်ကြီး ဦးစိုးသိန်း ယခင်က နိုင်ငံပိုင် စက်ရုံ အရောင်းအဝယ် ပွင့်လင်းမြင်သာခြင်း မရှိမှု အစရှိတဲ့ ဆောင်းပါးတွေ၊ စာတွေပဲ ဖြစ်ပါတယ်…..

အဆိုပါ အကောင့်တွေရဲ့ မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်လာတဲ့ အရေးအခင်းတွေပေါ်မူတည်ပီး တရားလက်လွတ် ပြောဆိုမှု၊ ဆူပူအောင် လှုံ့ဆော်မှု၊ သွေးထိုးမှုတွေနှင့် တာဝန်ယူမှု မရှိခြင်းတို့များစွာ ရှိခဲ့ပါတယ်…… သို့ဖြစ်သည့်အတွက် အဆိုပါ ပုဂ္ဂိုလ်တို့၏ ဆောင်းပါးများအား အယ်ဒီတာ့အာဘော်၊ စီအီးအို အာဘော်အနေနဲ့ သုံးခဲ့တဲ့ အလဲဗန်းက ဘယ်လိုဖြေရှင်းမလဲ စိတ်ဝင်စားမိပါတယ်……

ဒီစာရေးတဲ့အတွက် မောင်ကာဠုလည်း ကာကွယ်ဖို့ စိတ်ကူးမရှိသလို၊ ဦးရဲထွဋ်၊ ဦးစိုးသိန်းနဲ့ ပါတ်သက်လို့လည်း မည်သို့မျှ မဝေဖန်လိုသလို၊ ကာကွယ်ခြင်း မရှိပါ…… ၁၁ ရဲ့ ကိုယ်ဖြစ်စေချင်သလို မဖြစ်လာတဲ့ အခြေအနေတွေအပေါ်မှာ မိမိပိုင်တဲ့ မီဒီယာကို လက်နက်သဖွယ် အသုံးပြုပြီး ဒေါသဂတိ၊ မောဟဂတိနဲ့ ဆန္ဒဂတိပြင်းပြင်းနဲ့ မကျေနပ်သူများကို တိုက်ခိုက်ရင်း စာဖတ်သူတွေကို မှိုင်းတွေရိုက်သွင်းနေမှုကြောင့် ရေးခြင်း ဖြစ်ပါတယ်…..

ကျွန်တော့်သဘောက ရှင်းပါတယ် မည်သည့်ဝန်ကြီးမျှ ကာဗာပေးရန် မရှိပါ…… ကောင်းသောသူ ကောင်းရာလမ်း သွားမှာပါ၊ မကောင်းသောသူ သူပြုသည့် မကောင်းမှု အကုသိုလ်ကံ များခြင်း နည်းခြင်းအပေါ်တွင် မူတည်ပီး အကျိုးပေး ဘဝ မကူးတတ်ဘူးလို့ ယုံကြည်ပါတယ်…… ထို့အတူ ဝန်ကြီးမကောင်းခြင်းသည် “ယနေ့လိုမျိုးအချိန်တွင်” အစိုးရတစ်ရပ် ဆင်းသွားသည်နှင့် အဆိုပါ ဝန်ကြီးမှာ နောက်အစိုးရလက်ထက်တွင် ရွေးချယ်ခြင်း မခံရလျင် သာမန်လူဖြစ်သွားမည် ဖြစ်သကဲ့သို့ ၎င်းဝန်ကြီးလက်ထက်က မတရားမှုမှန်သမျှ တရားစွဲမည်ဆိုပါက တရားစွဲနိုင်ခွင့် အပြည့်အဝရှိပေသည်…..

သို့ရာတွင် မီဒီယာဟူသည်မှာ ရေရှည်တည်တံ့နေမည်ဖြစ်ပါသည်…… The easiest thing to find is fault ပါ…. အိမ်နီးခြင်း အရှေ့တောင်အာရှ နိုင်ငံများနှင့် အပြတ်အသတ် ကွာနေတဲ့ အမိနိုင်ငံအတွက် အပြန်အလှန် လက်ညှိုးထိုးနေရင် တိုးတက်နိုင်မှာမဟုတ်ပါ…Teamwork is working together — even when apart လို့ဆိုပါတယ်….. နိုင်ငံတိုးတက်ဖို့ နိုင်ငံသားတိုင်း ကျရာကဏ္ဍမှ စုပေါင်းသွားမှ အားလုံး လူတန်းစားမျှမျှ တိုးတက်လာနိုင်မှာပါ…… ထိုကဲ့သို့ ဒေါသဂတိ၊ မောဟဂတိနဲ့ ဆန္ဒဂတိတို့အား ရှေ့တန်းတင်၍ ရေးနေခြင်းမျိုးမှာ မဖြစ်သင့်ဟု မြင်မိသည့်အတွက် မြင်သမျှကို အများသိစေရန် ရေးရခြင်း ဖြစ်ပါသည်……

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။