Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, May 23, 2013

မြန်မာစွမ်းအင်ကဏ္ဍမှာ ဘယ်သူတွေနေရာရလာမလဲ

 
Burma-Newselite
မြန်မာစွမ်းအင်ကဏ္ဍမှာ ဘယ်သူတွေနေရာရလာမလဲ
ထားထားမြင့်
( 7days သတင်းစာပါဆောင်းပါး)

မြန်မာနိုင်ငံတွင် ရေနံနှင့်သဘာဝဓတ်ငွေ့ လုပ်ပိုင်ခွင့်များအတွက် ကမ်းလွန်ရေနံလုပ်ကွက် ၁၉ခုနှင့် ကုန်းတွင်းရေနံလုပ်ကွက် ၁၁ခုတို့ တွင် တူးဖော်လုပ်ပိုင်ခွင့်ရရန်အတွက် နိုင်ငံတကာကုမ္ပဏီမျာက မြန်မာစွမ်းအင်ဝန်ကြီးဌာနမှာ လာမညိ့ ဇွန်လ ၁၄ရက်နေ့ကို နောက်ဆုံးထားပြီးတင်ဒါသွင်းရမည်ဖြစ်ပါသည်

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကြောင့် နိုင်ငံတကာက အရေးယူပိတ်ဆို့ မှုများ ဖြေလျှော့ပေးသည့်အချိန်မှာ လွန်ခဲ့သည့်ဧပြီလက မြန်မာနိုင်ငံက သဘာဝဓာတ်ငွေ့ နှင့်ရေနံလုပ်ကွက်များအတွက် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကို ဖိတ်ခေါ်လိုက်သည့်သတင်းက ကမ္ဘာ့ စွမ်းအင်ကုမ္ပဏီကြီးတွေအကြား လှုပ်လှုပ်ရှားရှားဖြစ်သွားစေသည်။

ယနေ့ခေတ်မှာ နေရာတိုင်းနိုင်ငံတိုင်း၏ စွမ်းအင်လိုအပ်ချက်က အကြီးအကျယ်မြင့်တက်လာနေသည်မို့ နိုင်ငံတိုင်းက စွမ်းအင်အရင်းအမြစ်များနောက် လိုက်လံရှာဖွေနေချိန်မှာ ထိုသတင်းက မင်္ဂလာသတင်းတခုဖြစ်သည်။
နယ်သာလန်က Shellကုမ္ပဏီ အမေရိကန်စွမ်းအင်ကုမ္ပဏီကြီးဖြစ်သည့် Exxon နှင့် Chevron
ဂျပန်က Mitsuiအပါအ၀င် နိုင်ငံတကာစွမ်းအင်ကုမ္ပဏီ ၅၉ခုက အပြေးအလွှား သူ့ ထက်ငှာဦးအောင် လျှောက်ထားခဲ့သည်။ အိမ်နီးနားချင်းအိန္ဒိယနိုင်ငံဆိုလျှင်အခွင့်ကောင်းကို လက်လွှတ်သွားမည်စိုးရိမ်ပြီး အစိုးရရောပုဂ္ဂလိက ကုမ္ပဏီစုစုပေါင်းခြောက်ခုက လျှောက်ထားခဲ့သည်ဟုဆိုပါသည်။

“အိန္ဒိယကုမ္ပဏီတွေအတွက်တော့ သိပ်အရေးကြီးအလာအလားကောင်းတဲ့ ရင်းနှီးမြုပ်နှံမှုပါ ဘာလို့ လဲဆိုတော့ နိုင်ငံရေးနည်းဗျူဟာအတွက်လည်း မြန်မာကအရေးပါတယ်လေ”ဟု
အိန္ဒိယOVL ရေနံကုမ္ပဏိမန်နေဂျင်းဒါရိုက်တာ ဒီကေ ဆာရပ်ဖ်က သတင်းမီဒီယာတွေကိုပြောကြားခဲ့သည်။

ကုန်းတွင်းရေနံလုပ်ကွက်များမှာ နိုင်ငံခြားကုမ္ပဏီများနှင့်ပူးပေါင်းလုပ်ကိုင်ရန်အတွက် လျှောက်ထားသည့် ပြည်တွင်းကုမ္ပဏီကလည်းတရာကျော်ရှိပါသည်။

လုပ်ပိုင်ခွင့်ရသော နိုင်ငံခြားကုမ္ပဏီများအနေဖြင့် ကုန်းတွင်းရေနံလုပ်ကွက်များအတွက် ပြည်တွင်းကုမ္ပဏီများနှင့်ဖက်စပ်လုပ်ကိုင်ရမည်ဖြစ်ပြီးကမ်းလွန်ရေနံလုပ်ကွက်များအတွက် နိုင်ငံခြားကုမ္ပဏိများချည်းသက်သက်လုပ်ခွင့်ရရှိမည်ဖြစ်သည်ဟု မကြာသေးခင်က အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်ဟူစတန်မြို့ တွင်ပြီးခဲ့တဲ့အပတ်က ကျင်းပသော ကမ်းလွန်ရေနံတုးဖော်ခြင်း ညီလာခံမှာ မြန်မာဒုတိယစွမ်းအင်ဝန်ကြီး ဦးထင်အောင်က ကပြောကြားခဲ့ သည်။
"မြန်မာကုမ္ပဏီတွေကို ကျွမ်းကျင်မှု ၊ဗဟုသုတနဲ့  နညိးပညာ၊ ငွေကြေးဆိုင်ရာစွမ်းဆောင်ရည်တွေရှိတဲ နိုင်ငံခြားကုမ္ပဏီတွေနဲ့ ပူးပေါင်းအလုပ်လုပ်စေပါတယ်။ သူတို့ တွေဆီက လေ့လာပြီးနောင်ကျရင်ကျနော်တို့ နိုင်ငံရဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေမှာ ပြည်တွင်းကုမ္ပဏီတွေပိုမိုပါဝင်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်"ဟု ဦးထင်အောင်ကပြောကြားသည်။

မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံရန် လျှောက်ထားခဲ့ကြသည့် အမေရိကန်စွမ်းအင်ကုမ္ပဏီများကို သဘာဝ ပတ်ဝန်းကျင်နှင့် လူမူရေးဆိုင်ရာကိစ္စရပ်များမှာ လေးစားလိုက်နာပြီးရင်းနှီးမြုပ်နှံကြရန်အမေရိကန်ဒုတိယ လက်ထောက် စွမ်းအင်နှင့်စီးပွားရေးရာ ၀န်ကြီး Robert Cekuta ကဟူစတန်မြို့ ကကမ်းလွန်ရေနံတူးဖော်ရေးညီလာခံမှာ တိုက်တွန်းခဲ့သည်။

အဘယ်ကြောင့်ဆိုသော်ယခင်က ဒေသခံတို့ ၏ဆန္ဒနှင့်မကိုက်ညီ ။လူ့ အခွင့်အရေးနှင့် သဘာဝန်းကျင်ကို အလေးမထားခဲ့ သည်မြန်မာအစိုးရစစ်ဗိုလ်ချုပ်များနှင့်ပြုလုပ်ခဲ့သည့်  ဧရာဝတီမြစ်ဆုံရေအားလျှစ်စစ်စီမံကိန်းမှာ ရပ်ဆိုင်းခဲ့ရပြီး လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှာလည်း ယခုထိတိုင် ပြသာနာများမပြေလည်သေးဘဲဖြစ်နေသည်။ တရုတ်အစိုးရနှင့်မြန်မာအစိုးရ သဘောတူဆောက်လုပ်ခဲ့သည့်ရေနံပိုက်လိုင်းမှာလည်း အတင်းအဓမ္မမြေယာသိမ်းမှုများကြောင့် ကန့်ကွက်ဆန္ဒပြမှုများရှိခဲ့သည်။

ထို့ ပြင် ကမ္ဘာပေါ်တွင် ရေနံသဘာဝ ဓာတ်ငွေ့ ပေါကြွယ်ဝသည့် မြန်မာနီုင်ငံသည်လျှပ်စစ်မီးသုံးစွဲမှု မှာ လူဦးရေ၏၂၇ရာခိုင်နှုန်းသာရှိပြီး အာရှတွင်အနိမ့်ဆုံးဖြစ်နေသည်။ ထို့ အတွက် မြန်မာအစိုးရအနေနှင့် ရေနံ့ နှင့်သဘာဝဓာတ်ငွေ့ ကဏ္ဍကို တိုင်းပြည်မှာ ကျယ်ကျယ်ပြန့် ပြန့်လိုအပ်နေသော စွမ်းအင်ကဏ္ဍနှင့် ခွဲခြားမထားသင့်ဟု ရောဘက်စီကူတက ကမ်းလွန်ရေနံတူးဖော်ရေးညီလာခံမှာ ပြောကြားခဲ့ပါသည်။

“ပြီးခဲ့တဲ့ နှစ်ကရန်ကုန်မှာဖြစ်ခဲ့တဲ့ မီးမလာလို့ ဆန္ဒပြခဲ့ကြတာက နိုင်ငံသားတွေက သူတို့ အစိုးရက တိုင်းပြည်ကိုလျှပ်စစ်မီးလုံလုံလောက်လောက်ပေးဘို ဘယ်လျှောက်မျှော်လင့်သလဲဆိုတာ ထင်ထင်ရှားရှားသိသာနေတယ်။

ထို့ ကြောင့်  တိုင်းပြည်ဝင်ငွေအတွက် သဘာဝဓာတ်ငွေ့ အရင်းအမြစ်များကို ပြည်ပကိုရောင်းချရန်လိုအပ်သကဲ့သို့ ပြည်တွင်း လူဦးရေသန်း ၆၀၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းရန်အသုံးချရန်လည်း မရှိမဖြစ်လိုအပ်လာပြီ။

ဇွန်လတွင် မြန်မာသယံဇာတရေနံနှင့်သဘာဝ ဓာတ်ငွေ့ လုပ်ကိုင်ခွင့်များအတွက် ကုမ္ပဏီများကို ရွေးချယ်ဆုံးဖြတ်မည့် မြန်မာရင်းနှီးမြုပ်နှံမှူကော်မရှင်အနေဖြင့် ထိုအချက်များကို မလွှဲမသွေထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။

ထို့ အပြင်ယခင်က တရုတ်၊အိန္ဒိယ၊ထိုင်းနှင့်ကိုရီယား ကုမ္ပဏီများသာလွှမ်းမိုးထားသော မြန်မာစွမ်းအင်ကဏ္ဍမှာ မည်သည့် နိုင်ငံခြားကုမ္ပဏိများဝင်ရောက်လာမည်ဆိုတာကိုလည်း မြန်မာနိုင်ငံ၏ နိုင်ငံရေးပြောင်းလဲမှုများ နည်းတူ တကမ္ဘာလုံးက
စိတ်ဝင်တစားစောင့်ကြည့်အကဲခတ်လျှက်ရှိသည်။

ထားထားမြင့်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။