Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, April 9, 2013

မင်းကိုနိုင်နှင့် ပဋိပက္ခ ဖြေရှင်းနည်း

 

မင်းကိုနိုင်နှင့် ပဋိပက္ခ ဖြေရှင်းနည်း
Mizzima မဇ္ဈိမ Tuesday, April 9, 2013
မြတ်သူပန် | အင်္ဂါနေ့၊ ဧပြီလ ၀၉ ရက် ၂၀၁၃ ခုနှစ်

(ဆောင်းပါး)

 မတ်လ ၁၄ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ကော်မရှင် ဥက္ကဋ္ဌအနေနဲ့ ဆန္ဒပြနေတဲ့ လယ်သမားတွေဆီကို သွားပြီး ကော်မရှင်ရဲ့ လေ့လာ တွေ့ရှိချက်တွေကို တင်ပြခဲ့ရာမှ ဒေါ်စုရဲ့ နိုင်ငံရေး သက်တမ်းတလျှောက် တခါမှ မကြုံဖူးတဲ့ တောင်သူလယ်သမားတွေရဲ့ ကန့်ကွက်ဆန္ဒပြမှုကို ခံခဲ့ရတာဟာ တွေးတောစရာ ဖြစ်လာပါတယ်။


ဒါမျိုးကိစ္စတွေဟာ နိုင်ငံရေးလောက ဖြစ်ရိုးဖြစ်စဉ်တွေ ဆိုတာတော့ မှန်ပါတယ်။ သို့သော် စဉ်းစားစရာကတော့ ဒေါ်စုသာ
တောင်သူလယ်သမားတွေရဲ့ အခြေအနေ၊ ခံယူချက်တွေပါ ထည့်တွက်မယ်ဆိုရင် ခုလို ရုပ်ပျက်ဆင်းပျက် ဖြစ်စရာ အကြောင်းမရှိဘူးလို့ ယူဆပါတယ်။


တောင်သူလယ်သမားများဟာ စုံစမ်းရေး ကော်မရှင်ရဲ့ သဘောသဘာဝကို နားမလည်ရှာကြပါ။ အဲဒီမှာ ဒေါ်စုနဲ့ Communication gap ဆိုတဲ့ ဆက်သွယ်မှု ချွတ်ချော်သွားတာသာ ဖြစ်ပါတယ်။ ဒါလည်း အဆန်းတော့ မဟုတ်ပါ။ နေရာတိုင်းမှာ ဖြစ်နေကျပါပဲ။

စိတ်ဝင်စားဖို့ အလွန်ကောင်းတဲ့ နောက်ဆက်တွဲ ဖြစ်ရပ်ကတော့ နောက်တနေ့ (မတ် ၁၅ ရက်နေ့) မှာ မင်းကိုနိုင် က RFA ကို ပြောခဲ့တဲ့ စကားစုပါ။ ဒေါ်စု (မနေ့က) တောင်သူတွေကို ပြောခဲ့တဲ့ ကိစ္စမှာ ဒေါ်စုရဲ့ ဆက်သွယ်ရေး ဟာကွက် (Communication gap) တွေ ချက်ချင်း ဖြည့်ပေးခဲ့တာ တွေ့ခဲ့ရပါတယ်။

ကော်မရှင်ဟာ အကြံပေးတာလောက်ပဲ ရှိတယ်၊ ဒါဟာ အစိုးရက အတည်ယူချင်မှ ယူမယ် ဆိုတာတွေကို ရှင်းပြခဲ့တယ်။ လယ်သမားတွေရဲ့ နစ်နာကြေးတွေကိုလည်း ညှိယူလို့ ရကြောင်းတွေ ပြောဆိုရှင်းပြသွားတဲ့အပြင် အရေးအကြီးဆုံးဖြစ်တဲ့ ဒီလိုပဋိပက္ခများကို ဘယ်လိုဖြေရှင်းနိုင်တယ် ဆိုတဲ့ ပဋိပက္ခ ဖြေရှင်းနည်း (Conflict resolution methodology) ကို တိတိပပ ရှင်းရှင်းလေး တင်ပြသွားတာ တွေ့ရပါတယ်။

သူပြောတဲ့ ပဋိပက္ခ ဖြေရှင်းဖို့ အဓိက အကျဆုံး အချက် (Key element) ကတော့ ပဋိပက္ခ ဖြစ်နေတာတွေကို စိန်ခေါ်မှု (Challenge) လို့ မမြင်ဘဲ Problem solving ခေါ်တဲ့ ပြဿနာရဲ့ အဖြေကို ရှာတဲ့အသွင် အတွေးအခေါ်ကို ပြောင်းဖို့
ပြောသွားပါတယ်။

ဒါကတော့ မင်းကိုနိုင်ရဲ့ စကားဆက်သွယ်မှု (Communicaion skill) ဟာ အလွန်ထက်မြတ် ထူးခြားတဲ့ အရည်အချင်းပါ။ အထက်က ဝါကျ တခုတည်းနဲ့ အလွန် ခက်ခဲရှုတ်ထွေးနိုင်တဲ့ အခြေအနေကို တမုဟုတ်ချင်း ပြောင်းပစ်နိုင်တဲ့ သော့ချက်ကို ထိထိမိမိ ပြတ်သားစွာ ပြောသွားတာဟာ အနောက်နိုင်ငံမှာ ဆိုရင် သူ့ကို Nothing short of brilliant လို့ မှတ်ချက်ချကြမှာပဲ။

ပြီးတော့ ပဋိပက္ခနဲ့ ပတ်သက်ပြီး အုပ်စုတွေ တခုနဲ့တခု၊ တဦးနဲ့တဦး မျက်နှာချင်းဆိုင် မိမိတို့ရဲ့ လိုအပ်ချက်တွေကို ပွင့်ပွင့်လင်းလင်း ချဆွေးနွေးတင်ပြဖို့၊ မကျေနပ်တာတွေကို စားပွဲဝိုင်းမှာ ချဆွေးနွေးပြီး တူညီတဲ့ ရလဒ်ကို ရှာဖို့ ပဋိပက္ခ ဖြေရှင်းနည်း Strategy (မဟာဗျူဟာ) ကိုလည်း ပြည့်စုံစွာ တင်ပြသွားပါတယ်။

မင်းကိုနိုင်ဟာ တင်ပြသွားတဲ့ Conflict resolution model စံနမူနာ နည်းနာဟာ အနောက်နိုင်ငံတွေမှာ Management (စီမံအုပ်ချုပ်မှု) ပညာရှင်တွေ နှစ်ပေါင်းများစွာ အမျိုးမျိုး အဖုံဖုံ စမ်းသပ်တီထွင်ကြံဆပြီး စနစ်တခု (Methodology) အနေနဲ့ ဖန်တီးခဲ့ကြပြီး ကြီးကျယ်ခမ်းနားတဲ့ ပညာရပ်အဖြစ် ခုချိန်မှာ ထွန်းကားလျက် ရှိပါတယ်။

တက္ကသိုလ်တွေမှာရော သင်တန်းတွေ ပို့ချကြပါတယ်။ ကုမ္ပဏီ ကြီးငယ်တွေကလည်း Conflict resolution ပညာရှင်တွေကို ငှါးရမ်းပြီး ကုမ္ပဏီတွင်းမှာရော၊ တခြား ကုမ္ပဏီတွေနဲ့ ကြုံတွေ့ရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ အဲဒီပညာရှင်တွေကို
ကြေးကြီးပေးပြီး ငှါးကြရတယ်။ ဒီပညာရှင်တွေကလည်း Consulting Company တွေ ထောင်ပြီး စီးပွားဖြစ် လုပ်လာကြတယ်။ စာအုပ်တွေ ရေးပြီးလည်း ဖြန့်ဝေကြတယ်။ ဗီဒီယို၊ ဒီဗီဒီတွေ ထုတ်ပြီးတော့ အလုပ်ရုံ Workshop တွေလည်း အခကြေးငွေယူပြီး သင်ကြားပို့ချပေးကြတယ်။ တိုတိုပြောရရင် ဒီနည်းပညာဟာ စီးပွားရေးလုပ်ငန်း (Industry) တခုလို ဖြစ်ပေါ်နေပါတယ်။

မင်းကိုနိုင်ဟာ တက္ကသိုလ်ကျောင်းလည်း မပြီးခဲ့ပါဘူး။ ထောင်ထဲမှာကိုယ်နှိုက်က Solitary confinement လို့ခေါ်တဲ့ တကိုယ်တည်း သီးသန့် (တိုက်ပိတ်) ကျခံခဲ့ရတယ်။ အပြင်မှာ နေရတာ သုံးလေးနှစ်ပဲ ရှိပါလိမ့်မယ်။ ဒီပညာရှင်ကြီးတွေရဲ့ စာအုပ်ကြီးတွေ၊ စာတမ်းတွေ၊ ဒီဗီဒီတွေကို လေ့လာခွင့်ရမယ်လို့တော့ မထင်ပါ။ သူလို နိုင်ငံရေးသမား တယောက်ဟာ ဘယ်လို ၈၈ ခေါင်းဆောင် အယောက် ၂၀ လောက်ကို တပြေးညီ၊ ပြီးတော့ အတွေးလိုက်ပြီး သူနဲ့ တပါတည်း ခေါင်းဆောင်အရည်အချင်း ပြီးပြည့်စုံအောင် ဘယ်လို ပံ့ပိုးဖန်တီးခဲ့တယ်ဆိုတာ မင်းကိုနိုင် ၂၀၁၂ ထောင်က ထွက်လာပြီးကတည်းက စားရေးသူအနေနဲ့ အလွန်စိတ်ဝင်စားခဲ့ပါတယ်။

Consensus building ခေါ်တဲ့ အတွေးအခေါ်အမြင်တွေ အားလုံးနီးပါး တူညီတဲ့အထိ အချင်းချင်း ဆွေးနွေးယိုင်းပင်းခဲ့ကြလို့ ဒီလောက် ညီညွတ်တဲ့ ခေါင်းဆောင်ထုကြီးကို ပုံဖော်နိုင်လိမ့်မယ်လို့ ယူဆခဲ့လို့လည်း မင်းကိုနိုင်ကို တွေ့ရှိခဲ့စဉ်က အကြမ်းဖျဉ်း လေ့လာမိခဲ့ပါတယ်။

နောက်ထပ် အသေးစိတ် လေ့လာဖို့ ကြံရွယ်ကာရှိသေးတယ် မင်းကိုနိုင်က ကြေးနီစီမံကိန်းကိစ္စမှာ တိုင်းပြည်ကို သူ့ရဲ့ ပဋိပက္ခ ဖြေရှင်းနည်း နိဿယကို တင်ပြလိုက်တော့ စာရေးသူရဲ့ ရင်ထဲမှာ “အာဂလူပဲ” လို့ မြည်ဟည်းမိပါတယ်။

မင်းကိုနိုင် ဒီလို နိုင်ငံကို သူ့ရဲ့ အတွေးအခေါ်၊ သူ့ရပ် လုပ်ရပ်တွေ၊ ကိုယ်တွေ့တွေကနေ ရလာတဲ့ ခံယူချက် နည်းပညာတွေကို ထုတ်ဖော်ပြောဆိုတာကို အလွန်ပဲ ဝမ်းမြောက်သွားရမိပါတယ်။

မြန်မာလူမျိုးများဟာ ယေဘူယျအားဖြင့် Consensus building မှာ အလွန်အားနည်းပြီး ထစ်ကနဲရှိ မကျေနပ်ကြ၊ ကွဲကြ
ပြဲကြဆိုတာ အထူးပြောနေစရာ မလိုပါ။ အဲဒီလို မြန်မာ့လူမှုရေးပုံစံ အချိုးမပြေတဲ့ကြားထဲက ထောင်နန်းစံ မင်းသားလေး မင်းကိုနိုင် က မြန်မာတို့ရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အတွေးအခေါ် လူမှုရေးပုံစံ (Model) တခုကို လက်တွေ့ပုံဖော်ခဲ့ပြီး ခုတော့ သူ့နည်းပညာဟာ စံအဖြစ် မြန်မာ့နိုင်ငံရေးလောကကို ထိုးထွင်းဝင်နိုင်ပါစေလို့လည်း မျှော်လင့်မိပါတယ်။

အခုချိန်မှာ ၈၈ ခေါင်းဆောင်တချို့ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျာတို့ နိုင်ငံရေးပါတီ တည်ထောင်ဖို့ စဉ်းစားနေကြတာဟာ အလွန်ဝမ်းသာအားရဖို့ ကောင်းပါတယ်။ သို့သော် ၈၈ ရဲ့ ခေါင်သူကြီးဖြစ်တဲ့ မင်းကိုနိုင်က ပါတီထဲ ဝင်ဖို့ မစဉ်းစားဘဲ အနုပညာနဲ့ပဲ ပြင်ပကနေပြီး Civil society ကိစ္စတွေ လုပ်ဆောင်ဖို့ အာသီသရှိကြောင်း မီဒီယာကနေ သိရပါတယ်။

မင်းကိုနိုင်ဟာ ပါတီထဲ မဝင်ဘဲနေရင် ဒီမိုကရေစီလမ်းကြောင်း လမ်းထွင်နေတဲ့ကာလမှာ နိုင်ငံအတွက် အလွန့်အလွန် နစ်နာမှာ ဖြစ်ပါတယ်။

မင်းကိုနိုင်လို လူမျိုးတယောက် ပါလီမန်ထဲမှာ အထူးပဲ လိုအပ်ပါလိမ့်မယ်။ သူဟာ နိုင်ငံရေး ကျွမ်းကျင်သူ ခေါင်းဆောင်ကောင်း တယောက်လည်း ဖြစ်ပါတယ်။ နိုင်ငံရေးသမားတွေထဲမှာ အလွန့်အလွန် ရှားပါးတဲ့ Management expert, Organisational skill ပြီးတော့ Conflict resolution expert ဆိုတဲ့ ကျွမ်းကျင်မှုတွေဟာ သုံးလေးမျက်နှာမှာတောင် ဖြည့်ဆည်းပေးနိုင်တဲ့
နိုင်ငံရေးသမားဟာ လွှတ်တော်ထဲ၊ အစိုးရထဲမှာ ပါဝင်ပြီး သူ့ရဲ့ ထူးခြားတဲ့ အရည်အချင်းတွေကို အများဆုံး အသုံးချသင့်ပါတယ်။

မင်းကိုနိုင်ဟာ ၈၈ ကတည်းက ရဲရဲတောက် ကျောင်းသားခေါင်းဆောင်အဖြစ်၊ ခုနောက်ပိုင်းမှာ နိုင်ငံရေး ဦးဆောင်သူ၊ အနုပညာသမား၊ စာရေးဆရာ၊ ကဗျာဆရာ၊ ပန်းချီဆရာ၊ သီချင်းရေးဆရာ၊ သံချပ်ဆရာ စတဲ့ သူ့ရဲ့ နိုင်ငံရေးနဲ့အနုပညာ အရည်အချင်းတွေကို ပြည်သူလူထုက သိရှိပြီးသား ဖြစ်ပါတယ်။

သို့သော် သူ့အကြောင်းတွေထဲမှာ ပြည်သူလူထုကြီး မသိသေးတဲ့ အကြောင်းအရာကတော့ နိုင်င့တကာနဲ့ ယှဉ်ပြိုင်နိုင်တဲ့ ပဋိပက္ခ ဖြေရှင်းရေးဆိုတဲ့ နည်းပညာပိုင်ရှင်တဦးဆိုတာ ပြည်သူလူထုတွေ အပ်ကျမတ်ကျ သိမှာမဟုတ်သေးဘူးလို့ စာရေးသူ ထင်မြင်မိလို့ ဒီဆောင်းပါးနဲ့ပဲ ပြည်သူလူထုကို မိတ်ဆက်ဖော်ပြလိုက်ရခြင်း ဖြစ်ပါတယ်။See More

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။