☮ ဦးသန့်နဲ့ ဘာသာရေး ☮
ရေးသူ၊ မောင်စွမ်းရည်
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် (၁၉၆၁-၇၁) သက်တမ်း (၂) ဆက် ဆောင်ရွက်ခဲ့ရတဲ့ ဦးသန့်ဟာ ဗုဒ္ဓဘာသာမြန်မာလူမျိုးတဦးဖြ
... ဦးသန့်ရဲ့ညီ ဦးခန့်က တက္ကသိုလ် စိန်တင်ရေးတဲ့ “ငြိမ်းချမ်းရေးဗိသုကာဦးသန်
“ဗုဒ္ဓဘာသာ မြန်မာတို့၏ ရဋ္ဌပူရဒေသ၊ မြစ်ဝကျွန်းပေါ်၊ ပန်းတနော်ဇာတိဖြစ်သော ဦးသန့်သည် ပြည်ပြည်တိုင်းကား၊ ကျော်ကြားသတင်း၊ ကမ္ဘာချင်းအောင်၊ ပွင့်လင်းထင်ရှား လူသိများလျက်ရှိနေပေသည်။ ဦးသန့်၏ ထင်ရှားကျော်ဇောခြင်း၊ ဦးသန့်ကို ကမ္ဘာက လိုလားခြင်းတို့သည် ဦးသန့်၏ သူမတူအောင် ပြည့်စုံသော ၀ီရိယ၏ စွမ်းပကား၊ ပညာ၏ စွမ်းပကား၊ စင်ကြယ်သော အကျင့်သီလတို့၏ စွမ်းပကားတို့ကြောင့်ဟုလည်း
ဦးသန့်ကိုက ဗုဒ္ဓဘာသာဝင် ယောက်ျားကောင်းတဦးအဖြစ် ရှုမြင်သုံးသပ်ထားပုံဖြစ်ပါတ
ဗုဒ္ဓဘာသာကို ကမ္ဘာကသိတာက မေတ္တာဝါဒ၊ ငြိမ်းချမ်းရေးဝါဒ၊ အလယ်အလတ်လမ်းစဉ် (မဇ္ဈိမ ပဋိပဒါလမ်းစဉ်) လို ဖြစ်ပါတယ်။ ဦးသန့်ရဲ့ သည်းခံစိတ်ရှည်ခြင်းကိုလည်း
တကယ်တော့ ဦးသန့်ဟာ မိရိုးဖလာ ဗုဒ္ဓ၀ါဒတဦး ဖြစ်ပါတယ်။ ဘုန်းကြီးကျောင်းနေပြီး ဘုန်းကြီးကျောင်းရဲ့ ဗုဒ္ဓဘာသာ သရိုးစာအခြေခံတွေ မသင်ခဲ့ရပါဘူး။ သူ့ဖခင်က အိန္ဒိယ တက္ကသိုလ်တခုမှာ ပညာသင်ခဲ့ဖူးတဲ့ ခေတ်ပညာတတ်တဦး ဖြစ်လို့ မိရိုးဖလာပညာရေးလောက်နဲ့ တင်းတိမ်နိုင်သူမဟုတ်ပါ။ ဘုန်းကြီးကျောင်းကို စတင်မပို့ဘဲ လူကျောင်းကိုပဲ စတင်ပို့ခဲ့ပြီး အင်္ဂလိပ်စာတတ်ကျွမ်းရေးကိုပဲ
ကိုရင်ဝတ်တော့လည်း ခုနှစ်ရက်ပဲ ၀တ်ခဲ့ရပါတယ်။ ဒီလိုနဲ့ ဗုဒ္ဓဘာသာမှာ ထူးထူးခြားခြား အဆင့်မြင့်မြင့် လေ့လာရတဲ့ ကျောင်းပညာ အခွင့်အရေးမျိုးမရခဲ့ပါ။ ဒါပေမယ့် စာဖတ်ခြင်းကို အထူးဝါသနာပါတဲ့အတွက် ဗုဒ္ဓစာပေကို မိရိုးဖလာထက်ပိုပြီး လေ့လာလိုက်စားခဲ့ဟန်ရှိပါတယ
ဗုဒ္ဓဘာသာဝင်တဦးအနေနဲ့ သာမန်မိရိုးဖလာထက်ပိုပြီး လေ့လာလိုက်စားခဲ့ပုံရတယ်လို
ဦးနုဟာ ဆဋ္ဌမ သင်္ဂါယနာတင် သာသနာ့ ဒါယကာကြီးဘွဲ့ခံလိုသူ ဖြစ်ပါတယ်။ ပဉ္စမ သင်္ဂါယနာတင်ခဲ့တာဟာ မင်းတုန်းမင်း လက်ထက်ကဆိုတော့ ထပ်ပြီး သင်္ဂါယနာတင်ဖို့ အလောတကြီးမလိုသေးပါဘူး။ မင်းတုန်းမင်းက ကျောက်ထက်အက္ခရာတင်ခဲ့တာပါ။ ပုံနှိပ်စာတွေလည်း ရိုက်နှိပ်ပြီးသား ရှိနေပါပြီ။ နှုတ်ထက် အာဂုံသက်သက် မဟုတ်ပါဘူး။ ဗမာပြည်ကလည်း ဒုတိယကမ္ဘာစစ်မှာ မိအေးနှစ်ခါနာဆိုသလို ဂျပန်အ၀င်တခါ၊ အင်္ဂလိပ်အ၀င်တခါ စစ်ဒဏ်ခံပြီး ပြာပုံဖြစ်ခဲ့ရတဲ့အပြင် ပြည်တွင်စစ်မီးကလည်း တောက်လောင်နေတာပါ။ ဒါ့ကြောင့် ထူထောင်စ တိုင်းပြည်မှာ လိုဏ်ဂူကြီးဆောက်ပြီး အကြီးအကျယ် ငွေကုန်ကြေးကျခံဖို့ဆိုတာ ဆိုင်းထားသင့်ပါသေးတယ်။ ဒါ့ကြောင့် ဦးသန့်က အမုန်းခံပြီး ကန့်ကွက်ခဲ့ပါတယ်။ ဦးနုက စိတ်ကူးယဉ်သူလည်းဖြစ်၊ လုပ်ချင်သလိုလုပ်ဖို့ အာဏာလည်းရှိချိန်ဖြစ်လို့ ဇွတ်တိုးလုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ သတင်းစာဆရာ ၀န်ကြီး ဦးထွန်းဖေက “ဘ၀ရှင်မင်းတရားကြီး” လို့ ခေါ်လောက်အောင် ဇွတ်တိုးလုပ်လေ့ရှိလာပါတယ်။
မြန်မာပြည်မှာက ကွန်မြူနစ်ဝါဒဟာ မိစ္ဆာဒိဋ္ဌိဝါဒလို့ လူအများအပြားက အစွဲဖြစ်ပေါ်ခဲ့ပါတယ်။ မူလက လက်ဝဲ၀ါဒ ဖြန့်ချိခဲ့သူ သခင်နုက သာသနာ့ ဒါယကာ ဖြစ်လာတဲ့အခါ သူပုန်ထနေတဲ့ ကွန်မြူနစ်တွေကို ဓမ္မာန္တရာယ်တွေလို့ ဆိုင်းဘုတ်ကပ်ခဲ့ပါတယ်။ တချို့ ကွန်မြူနစ်များကလည်း ဘုရားကျောင်းထဲ ဖိနပ်စီးပြခဲ့ကြဖူးတာ ရှိပါတယ်။ ဗုဒ္ဓဘာသာဝင်ဦးရေများတဲ့ ဗမာပြည်မှာ ကွန်မြူနစ်ကို မိစ္ဆာဒိဋ္ဌိ စွပ်စွဲရတာ လွယ်ပါတယ်။ သံဃာတော်တွေကို ရိုက်နှတ်သတ်ဖြတ်ခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေဟာ ယခုအခါ စောစောတုန်းကလိုတော့ ကွန်မြူနစ်တွေကို ဓမ္မာန္တရာယ် မခေါ်ရဲတော့ပါဘူး။ ကဗျာဆရာတင်မိုးက သူတို့ကို ကွန်မြူနစ် တစ္ဆေခြောက်သူတွေအဖြစ် ကဗျာနဲ့ သရော်ခဲ့ဖူးပါတယ်။
ဦးသန့်ကတော့ ဓမ္မာန္တရာယ်အဖြစ် စွဲချက်မတင်ပါဘူး။ ဦးနု တခါတလေ ပြောဖူးသလို “ကွန်မြူနစ်ဝါဒ အဓွန့်ရှည်ပါစေ၊ ဗမာကွန်မြူနစ်များ ကျဆုံးပါစေ” လို့ ပြောလိုပုံရပါတယ်။ ဗမာကွန်မြူနစ်တွေကို ကွန်မြူနစ် အမည်ခံထားတဲ့ အကြမ်းဖက်သမားတွေလို့ ဆိုပါတယ်။ သခင်သန်းထွန်းနဲ့ သခင်စိုးတို့ အပြန်အလှန် ပုဂ္ဂိုလ်ရေး တိုက်ခိုက်ကြပုံ၊ မကြားဝံ့ မနာသာ စွပ်စွဲပြောဆိုကြပုံတွေဆြို
ဦးသန့်တသက်တာမှာ မိခင်နဲ့ အတူ ဘုန်းကြီးဆွမ်းကပ်တာမျိုး၊ ရွှေတိဂုံဘုရားကို တက်ပြီး ဘုရားဖူးတာမျိုးကို လုပ်လေ့ရှိပါတယ်။ တရားထိုင်တာလည်း လုပ်ပါတယ်။ ပုတီးစိပ်တာ မကြားဖူးပါ။ အလှူအတန်း အကြီးဆုံးလုပ်ဖူး တာက မိမိရရှိတဲ့ ဂျဝါဟာလာနေရူး ဆုငွေ ရူပီး တသိန်းကို ဂျပန်ရှိ ကုလသမဂ္ဂတက္ကသိုလ်ကို ပညာရေးရန်ပုံငွေ အလှူအဖြစ် လှူခဲ့တာပဲရှိပါတယ်။
ကိုယ်ကျင့်သိက္ခာပိုင်းက ပြောရရင်တော့ ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲသူလို့ ပြောရင် သာမန်ပြောရာ ကျပါမယ်။ ဦးသန့်ဟာ သူရဲ့ ရာထူးအရှိန်အ၀ါအသုံးချပြီး အစိုးရ ၀န်ထမ်းအနေနဲ့ရော၊ ကုလသမဂ္ဂ၀န်ထမ်းအနေနဲ့ ရော အခွင့်အရေး အလွဲသုံးစားမှုမျိုး၊ ကိုယ်ကျိုးရှာမှုမျိုး လုံးဝ မရှိခဲ့သူ ဖြစ်ပါတယ်။ ဗိုလ်နေ၀င်းလို အကုသိုလ်များ တဲ့ လူမျိုးဟာ ဦးသန့်ကို “ဆင်ဖြူမျက်နှာ ဆင်မဲမကြည့်ဝံ့” ဖြစ်ခဲ့မယ်လို့ ယုံကြည်ပါတယ်။
ဦးသန့်ရဲ့ မိတ်ဆွေရင်း ဦးနုဟာ “ဦးသန့်ဟာ အလွန်ရိုးသားဖြောင့်မတ်သူတေ
ဦးအုန်းမြင့် (ဒို့ရှမ်းပြည်) ကတော့ ဗုဒ္ဓဘာသာ ရှုထောင့်က ဂုဏ်ပြုစကားတလုံးဖြစ်တဲ့ “သူဇာတာတို့၏ များစွာ နှစ်လိုကြည်ညိုခင်မင်စေနိုင
(၁) ချစ်ခင်နှစ်လိုဖွယ် ကိုယ်အမူအရာရှိခြင်း၊
(၂) ချစ်ခင်နှစ်လိုဖွယ် နှုတ်အမူအရာရှိခြင်း၊
(၃) ချစ်ခင်နှစ်လိုဖွယ် စိတ်အမူအရာရှိခြင်း၊
(၄) ချစ်ခင်နှစ်လိုဖွယ် မျှတဝေဖန်မှုရှိခြင်း၊
(၅) ချစ်ခင်နှစ်လိုဖွယ် ကိုယ်ကျင့်ရှိခြင်း၊
(၆) ချစ်ခင်နှစ်လိုဖွယ် လိုက်လျောတတ်ခြင်းတဲ့။ အားလုံး (၆) ပါးပါ။
“ချစ်ခင်နှစ်လိုဖွယ် အမူအကျင့်နဲ့ ပြည်စုံသူ” လို့ ပြောရင် ပြီးမယ်ထင်ပါတယ်။
“ဗုဒ္ဓဘာသာနှင့် ဦးသန့်” ဆိုတဲ့ ဘိလပ်က ဂါဒီယန်သတင်းစာ ဆောင်းပါးတပုဒ်ကို တက္ကသိုလ်စိန်တင်ပြုစုတဲ့ “ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာ ဦးသန့်” ဆိုတဲ့ စာအုပ်မှာ ဘာသာပြန်ပြီး ဖော်ပြထားပါတယ်။
အဲဒီဆောင်းပါးက “ဗုဒ္ဓဘာသာနှင့် ဦးသန့်” (လန်ဒန်၊ အောက်တိုဘာ (၁၉) ရိုက်တာ) ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့် ကိုးကွယ်ယုံကြည်သော ဘာသာဖြစ်သည့် ဗုဒ္ဓဘာသာသည်ပင် ဦးသန့်ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ခန့်သင့်ကြောင်း တန်ဖိုးမဖြတ်နိုင်သော အထောက်အကူဖြစ်နေပြီ ဖြစ်သဖြင့် ဂါဒီယန်သတင်းစာကြီးက ယနေ့ခေါင်းကြီးပိုင်းမှ ဝေဖန်ရေးသားလိုက်သည်။ ယင်းသတင်းစာကြီးက ဆက်လက်ရေးသားရာတွင် ဗုဒ္ဓဘာသာဝင်များမှာ သမစိတ္တရှိကြ၍ အလယ်အလတ်လမ်းစဉ်ကို လက်ကိုင်ထားပြီး အမြတ်ဆုံးတရားကို ရှာဖွေနေသူများဖြစ်သည် စသဖြင့် ပါရှိသည်။
ထိုသို့ ရည်ရွယ်ရင်းရှိကြသော လူမျိုးများမှာ အဂတိတရားမလိုက်စားဘဲ သမစိတ္တမျှတစွာ ထားရှိတတ်သော သဘောရှိသူများဖြစ်သည်။ ဦးသန့်ကို ကြည့်ပါလျှင် သူယုံကြည်လက်ခံသော ဘာသာတရားကြောင့်ပင် ကုလသမဂ္ဂ၏ တာဝန်ကြီးများကို ထမ်းဆောင်ရန် သင့်တော်သူတဦးဖြစ်ကြောင်း ထင်ရှားနေသည်စသဖြင့် အဆိုပါ ဂါဒီယန်သတင်းစာကြီးက ဆက်လက်ဝေဖန်ရေးသားထားပေသည်။
တကယ်တော့ ဦးသန့်ဟာ မြန်မာပြည်သား တယောက်အနေနဲ့ ဒုတိယကမ္ဘာစစ်ကြီးဒဏ်ကို မိအေးနှစ်ခါနာဆိုသလို ခံခဲ့ရသူ၊ ပြည်တွင်းစစ်ကြီးဒဏ်ကို ခံခဲ့ရသူဖြစ်ပါတယ်။ ဒါ့ကြောင့် စစ်ကို မလိုလား၊ ငြိမ်းချမ်းရေးကို လိုလားတာ ဖြစ်ပါတယ်။ ကမ္ဘာစစ်မီးထဲမှာ သူစုဆောင်းခဲ့တာ စာအုပ်တွေနဲ့ အတူ သူ့အိမ်လည်း မီးထဲပါသွားခဲ့ပါတယ်။ ပြည်တွင်းစစ်ကာလမှာ ကရင်သူပုန်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အသက်စွန့်ပြီး ဆောင်ရွက်ခဲ့ရတဲ့ အတွေ့အကြုံ လည်း ရှိပါတယ်။ ဦးနုရဲ့မှတ်ချက်ချအတိုင်း အလွန်ရိုးသားဖြောင့်မတ်ပြီး
ဗုဒ္ဓဘာသာဝင် ဦးသန့်ရဲ့ စွမ်းဆောင်မှုတွေကြောင့်
(၁) မြန်မာနိုင်ငံရဲ့ ဂုဏ်မြင့်တက်ခဲ့တယ်။
(၂) မြန်မာလူမျိုးရဲ့ ဂုဏ်မြင့်တက်ခဲ့တယ်။
(၃) ဗုဒ္ဓဘာသာရဲ့ ဂုဏ်မြင့်တက်ခဲ့တယ်။
(၃) ကုလသမဂ္ဂကြီးရဲ့ ဂုဏ်လည်း မြင့်တက်ခဲ့ပါတယ်။
ဗိုလ်နေ၀င်းအစ ဗိုလ်သန်းရွှေအဆုံး ဗမာစစ်ဗိုလ်ချုပ်တွေကြောင့်
ဗိုလ်ချုပ်တွေအနေနဲ့ မိမိတို့ရဲ့ဂုဏ်ကို ဆည်ချင်ရင် အလွန်လွယ်ပါတယ်။ ဦးသန့် အမိန့်ရှိဖူးသလို စိတ်ထဲကလာတဲ့ ကိစ္စတွေကို စိတ်ထဲမှာပဲ အရင် ရှင်းရပါလိမ့်မယ်။ ဦးသန့်ကို မေတ္တာရှေ့ထားပြီး တိုင်းပြည်ငြိမ်းချမ်းသာယာဝ
စစ်ဗိုလ်ချုပ်တွေ လူတောမတိုးနိုင်ဖြစ်နေရတာကု
ဗိုလ်ချုပ်ကြီးတွေအားလုံး မေတ္တာပွားနိုင်ပါစေ။ တိုင်းပြည်ငြိမ်းချမ်းသာယာေ
- မောင်စွမ်းရည်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။