Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, April 9, 2013

ရွှေ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စမ်းသပ်မှု ကျိုးပေါက် ပွင့်ထွက်မှုများ ရှိ

 

ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ ဆက်သွယ်မည့် ရွှေ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းရာ လမ်းကြောင်း၌ ပါဝင်သည့် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်တချို့တွင် ပိုက်လိုင်းထဲသို့ ရေ စမ်းသပ်လွှတ်ရာမှ ပိုက်လိုင်း ကျိုးပေါက် ပွင့်ထွက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ပိုက်လိုင်းသန့်ရှင်းရေး လုပ်တဲ့အနေနဲ့ ရေ စမ်းလွှတ်တာက ပေါက်ကွဲမှု ဖြစ်တယ်၊ စု...စုပေါင်း ၄ ကြိမ် ဖြစ်ဖူးတယ်။ ဂက်စ်တောင် မပို့လွှတ်ရသေးဘူး၊ ဒီလို ဖြစ်နေတော့ ဒေသခံတွေက တအား စိုးရိမ်ကြောက်လန့်မှုတွေ ဖြစ်နေကြတယ်” ဟု တအာင်း ကျောင်းသားနှင့် လူငယ်များအဖွဲ့ချုပ်မှ သတင်းနှင့် လူ့အခွင့်အရေး မှတ်တမ်း တာဝန်ခံ မိုင်းအိုက်မွန်းက ဧရာဝတီသို့ ပြောသည်။

ဓာတ်ငွေ့ပိုက်လိုင်းသည် ခိုင်ခန့်မှု မရှိခြင်း၊ စနစ်တကျ မြှုပ်နှံမှု မရှိခြင်းတို့ကြောင့် စမ်းသပ်စဉ် ကာလ၌ပင် ကျိုးပေါက် ပွင့်ထွက်မှု ဖြစ်နေကြောင်း၊ နမ္မတူ၊ နမ့်ခမ်း၊ ကျောက်မဲ စသည့် မြို့နယ်တို့၌ ပြီးခဲ့သည့် ဖေဖော်ဝါရီလနှင့် မတ်လတွင် ၂ ကြိမ်၊ ၂၀၁၂ ခုနှစ် နှောင်းပိုင်းတွင် ၂ ကြိမ် ကျိုးပေါက် ပွင့်ထွက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပိုက်လိုင်းသည် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နမ့်ခမ်း၊ နမ္မတူ၊ သီပေါ၊ မန်တုံ၊ နောင်ချို၊ ကျောက်မဲ စသည့်မြို့နယ်များကို ဖြတ်၍ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၌ အဆုံးသတ်မည် ဖြစ်သည်။

ရွှေ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းသည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူဒေသ၌ တည်ဆောက်နေပြီး သဘာဓာတ်ငွေ့များကို လာမည့် မေလမှစတင်၍ တရုတ်နိုင်ငံသို့ ပို့လွှတ်တော့မည်ဟု ဂက်စ်ပိုက်လိုင်း စီမံကိန်းကို ဦးဆောင် တည်ဆောက်နေသည့် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (China National Petroleum Corporation – CNPC) ကုမ္ပဏီမှ ပြောဆိုထားသည်။

ရှမ်းပြည်နယ် အတွင်းမှ ဒေသခံပြည်သူများသည် ဓာတ်ငွေ့ပိုက်လိုင်းနှင့် ပတ်သက်၍ ပထမပိုင်းတွင် သတိမထား မသိရှိခဲ့ကြသော်လည်း ယခုအခါ အသိအမြင် ရှိလာကြသည့်အတွက် စိုးရိမ်မှုများ တိုးပွားလာနေကြောင်း၊ ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းမည့် ကိစ္စကိုလည်း လုံးဝ အလို မရှိကြောင်း မိုင်းအိုက်မွန်းက ဆက်ပြောသည်။

ရှမ်းပြည်မြောက်ပိုင်း ရှမ်းတောင်သူ လယ်သမားများ ကော်မတီအဖွဲ့မှ သီပေါဒေသခံ ဦးစိုင်းဆန်အေးက “ကျနော်တို့က ရေနံပိုက်လိုင်းကို လယ်ယာမြေတွေအောက်မှ မြှုပ်တော့ စိုက်ပျိုးရေးအတွက် ထိခိုက်လာမှာကို စိုးရိမ်တယ်။ ပြီးတော့ ဓာတ်ငွေ့ပိုက်လိုင်းက ပေါက်ကွဲရင် အားလုံး ဒုက္ခရောက်နိုင်တာပေါ့” ဟု ပြောသည်။

တောင်းသူ လယ်သမားများကို မြေယာပေါ်တွင် ဖြတ်သန်းခ ပေးထားသော်လည်း တမြို့နှင့်တမြို့ ဈေးနှုန်း မတူကြောင်း၊ နမ့်ခမ်းမြို့မှ လယ်သမားများရရှိသည့် လယ်ယာမြေ ဈေးနှုန်းသည် ကျန်မြို့များထက် များစွာရရှိနေကြောင်း သိရသည်။

“ကျနော်တို့ကို လယ်ယာပေါ် ဖြတ်သန်းတဲ့အတွက် လျော်ကြေးငွေ ပေးပါတယ်။ ဒါပေမယ့် နောက်ပိုင်း ဖြစ်လာမယ့် ပိုက်လိုင်းအန္တရာယ်တွေ ပိုက်လိုင်းပြဿနာတွေကို ဘယ်သူတွေက တာဝန်ယူမယ်ဆိုတာ မသိဘူး။ အစိုးရ တာဝန်ယူမလား၊ ကုမ္ပဏီက တာဝန်ယူမှာလား” ဟု ဦးစိုင်းဆန်အေးက ဆိုသည်။

သီပေါ မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းကမူ “ပိုက်လိုင်း လျော်ကြေးအတွက် ဒေသခံတောင်သူများ မကျေနပ်စရာ မရှိပါဘူး။ အခုနောက်ပိုင်းမှ ဖြစ်လာတာ။ အစကဆိုရင် လျော်ကြေးငွေရတဲ့အတွက် ဘာမှမပြောဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ပိုက်လိုင်းကိစ္စနှင့် ပတ်သက်ပြီး ပြည်သူလူထုများ သိသင့်သည့် ကိစ္စများကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကုမ္ပဏီများနှင့် ဆက်သွယ်ပြီး ဆောင်ရွက်ပေးခဲ့ကြောင်း၊ သီးနှံလျော်ကြေးများ ပေးရာတွင် လယ်သမားများ အတွက် ကာလပေါက်ဈေးအတိုင်း လယ်သမားများနှင့် တိုင်းကာ လျော်ကြေး ပေးခဲ့ကြောင်း၊ တခါမှ မကြားဖူးသော လျော်ကြေးရသည့် အတွက် လယ်သမားများ ကျေနပ်ခဲ့ကြောင်း၊ အန္တရာယ် မဖြစ်အောင်လည်း အဆင့်အဆင့် လုပ်ထားသည်ကို တွေ့ရကြောင်း၊ ပိုက်လိုင်းကို မဖြတ်သန်းဖို့ ဆိုလျှင် တိုင်းပြည်၏ စီးပွားရေးကို ထိခိုက်နိုင်ကြောင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု မလာရဲအောင်လုပ်ပါက အားမပေးခြင်ကြောင်း ဦးရဲထွန်းက ဆိုသည်။

ရွှေ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဖြတ်သန်းရာ ရှမ်းပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ ပိုက်လိုင်း အပေါ် စိုးရိမ်မှုများ၊ လယ်ယာမြေ ဆုံးရှုံးသွားသည့် တောင်သူများ၊ ပိုက်လိုင်းစီမံကိန်းတွင် လုပ်ကိုင်နေသည့် အလုပ်သမားများ ခေါင်းပုံဖြတ်ခံရခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း၊ ဒေသခံ အမျိုးသမီးများသည် ပိုက်လိုင်း လုံခြုံရေး တာဝန်ယူထားသည့် စစ်သားများ၏ အဓမ္မပြုကျင့်ခံရခြင်း စသည့် ကိစ္စများနှင့် ပတ်သက်၍လည်း သတင်းစာ ရှင်းလင်းပွဲ တရပ်ကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမ၌ တအာင်း ကျောင်းသားနှင့် လူငယ်များ အဖွဲ့ချုပ်က ယနေ့တွင် ကျင်းပသည်။

“ပိုက်လိုင်း လုံခြုံရေး အကြောင်းပြပြီးတော့ တပ်ရင်းတွေ တိုးချလာတယ်။ ဒီစစ်သားတွေက အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အဓမ္မမှုတွေ လုပ်လာတယ်။ ဒေသခံတွေကို လမ်းပြဖို့ အဓမ္မ ခေါ်တာတွေ၊ လုပ်အားပေးစေခိုင်းတဲ့ လုပ်ဆောင်မှုတွေ ကြုံနေရတယ်” ဟု မိုင်းအိုက်မွန်းက ဆိုသည်။

ရှမ်းပြည်သူများ၏ နစ်နာဆုံးရှုံးမှုရှိခြင်း၊ ပိုက်လိုင်း လုံခြုံမှုမရှိခြင်း၊ လူ့အခွင့်အရေးချိုး ဖောက်ခံရမှုများနှင့် ပတ်သက်၍လည်း ထို ပိုက်လိုင်းအား ရှမ်းဒေသခံများက ဆန့်ကျင်ကြောင်း ရှမ်းလူမှု အဖွဲ့အစည်းအများက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ ၌ ပြီးခဲ့သည့် သီတင်းပတ်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း၊ ရှမ်းပြည်သူများ၏ အခက်အခဲများကို အစီရင်ခံစာတစောင် ရေးသား၍ ချင်းမိုင်အခြေစိုက် တရုတ်ကောင်စစ်ဝန်ရုံးသို့ ပေးပို့ခဲ့ကြောင်း သိရသည်။

ဂက်စ်ပိုက်လိုင်း စတင်ရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူ ဒေသ၌လည်း ပိုက်လိုင်းအပေါ် စိုးရိမ်မကင်း ဖြစ်နေရကြောင်း၊ ဂက်စ် ပိုက်လိုင်းအား တချို့နေရာတွင် မြေကြီးထဲ၌ ၃ ပေမှ ၅ ပေခန့်သာ မြှုပ်နှံထားပြီး၊ တချို့နေရာ၌ မြေမြှုပ်ခြင်း မရှိ၍ ဂက်စ် ယိုစိမ့်မှု၊ ပေါက်ကွဲမှု ဖြစ်လာမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများက ပြောသည်။ နိုင်ငံအများစု၌ ဂက်စ်ပိုက်လိုင်းကို ၁၀ ပေမှ ၁၅ ပေအနက်ရှိ မြေထဲတွင် မြှုပ်နှံရကြောင်း သိရသည်။

“ပိုက်လိုင်းကို နိုင်ငံတကာအဆင့်မီ ခိုင်ခံ့မှုမျိုးနဲ့ တည်ဆောက်တာလား၊ ကျမတို့ မသိပါဘူး။ ပြီးတော့ ပိုက်လိုင်း ဖြတ်သန်းရာ ဒေသတွေမှာ အခုဆိုရင် ငြိမ်းချမ်းမှု မရှိပါဘူး။ အကြောင်း တခုခုကြောင့် မတော်တဆ ဖြစ်ရပ်တွေ ရှိခဲ့ရင် ဘယ်လို တာဝန်ယူပေးမလဲ ဆိုတာလည်း ကျမတို့ မသိရပါဘူး။ ပိုက်လိုင်းရဲ့ ခိုင်ခံ့မှုကို ကျမတို့ ဒေသခံတွေသိဖို့ လိုအပ်ပါတယ်” ဟု တအာင်းကျောင်းသား လူငယ်အဖွဲ့မှ လွေးလွယ်က ပြောသည်။

ကျောက်ဖြူ ဒေသအတွင်းရှိ ဒေသခံများ၏ လယ်ယာမြေ၊ နွားစားကျက်မြေ၊ ဥယာဉ်ခြံမြေ စသည့် မြေဧက ထောင်ပေါင်းများစွာ အဓမ္မ သိမ်းယူခံထားရပြီး ဒေသတွင်း လမ်းအများအပြားမှာလည်း ပျက်စီးသွားသည့် အတွက် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများက ပြောသည်။

သိမ်းဆည်းခံ လယ်မြေများကို တန်ရာတန်ကြေး လျော်ကြေးပေးဆောင်ရန်၊ ပျက်စီးသွားသည့် ကျေးရွာလမ်းများ ပြုပြင်ပေးရန်၊ စီမံကိန်း ဧရိယာတ၀ိုက်ရှိ ကျေးရွာများ မီလင်းရေး ဆောင်ရွက်ပေးရန်၊ လုပ်ငန်းခွင်များ၌ ဒေသခံများအား အလုပ်အကိုင် အခွင့်အလမ်းများပေးရန် စသည့် အချက် ၉ ချက်ကို ဧပြီလ ၁၁ ရက်နေ့တွင် ဆန္ဒထုတ်ဖော်ရန် ပြည်နယ် အစိုးရသို့ တင်ပြထားကြောင်း အလုပ်သမားအရေး ဦးဆောင်ပေးနေသူ မဒေးကျွန်း ဒေသခံ ကိုထွန်းကြည်က ပြောသည်။

ဓာတ်ငွေ့ပိုက်လိုင်းသည် ရခိုင်ပြည်နယ်မှတဆင့် မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် တို့ကို ဖြတ်သန်း၍ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၌ အဆုံးသတ်မည်ဖြစ်သည်။

မြန်မာအစိုးရမှ တရုတ်အစိုးရသို့ အနှစ် ၃၀ ဓါတ်ငွေ့ ရောင်းချမှုအတွက် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၂၉ ဘီလီယံ ရရှိကြောင်းသိရသည်။

ဧရာဝတီ သတင်းထောက် ခင်ဦးသာ၊ နန်းဆိုင်နွမ်နှင့် နန်းသိရီလွင်တို့ ပူးပေါင်း ရေးသားသည်။



http://burma.irrawaddy.org/archives/37323

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။