"ကျမတို့ဟာ ဖောင်းပွတဲ့ခေတ်ကြီးထဲမှာ"
ငွေကြေးဖောင်းပွတယ် ...
ရမ္မက်တွေဖောင်းပွတယ် ...
ဈေးကွက်တွေဖောင်းပွတယ် ...
ငွေကြေးဖောင်းပွတယ် ...
ရမ္မက်တွေဖောင်းပွတယ် ...
ဈေးကွက်တွေဖောင်းပွတယ် ...
အလှကုန်တွေ ဖောင်းပွတယ်
ဘ၀ကုန်တွေ ဖောင်းပွတယ်။
မော်လ်ဒယ်တွေ ဖောင်းပွတယ်
စပွန်ဆာတွေ ဖောင်းပွတယ်။
ပညာမဲ့ ဆင်းရဲသားတွေ ဖောင်းပွတယ်
ပညာတတ် လူလိမ်တွေဖောင်းပွတယ်။
ဆေးလိပ်တွေ ဖောင်းပွတယ်
ဆေးလိပ်"ပြာ"တွေ ဖောင်းပွတယ်။
လမ်းဘေးခွေးတွေ ဖောင်းပွတယ်
ခရိုနီကြီးတွေ ဖောင်းပွတယ်။
လောကဟာ ..ဖောင်းဖောင်းပွပွပုံရိပ်တွေထဲ
အညှင်းဆဲခံနေရတဲ့ ..ဖောင်းပွတဲ့ ပြိတ္တာကြီးပဲ။
အားရအောင် ဖောင်းပွစွာ ဆဲဆိုပြီးခဲ့နောက် ....
ဖောင်းပွနေတဲ့ပြိတ္တာကြီးထံက ...
ရွံရှာဖွယ်ခနဲ့တဲ့တဲ့ ရယ်သံဟာ ထွက်ကျ
"ဒီမှာ မိစ္ဆာကဗျာဆရာ ....
အရာအားလုံးဟာ ... ဖောင်းပွ
ကဗျာတွေလည်း ဖောင်းပွ
ကဗျာဆရာတွေလည်း ဖောင်းပွတယ်
ခင်ဗျားမသိတဲ့ ဖောင်းပွမှုဟာ
ရေပန်းအစားဆုံး လူပြိန်းကြိုက်သီအိုရီထဲမှာ ...
လွတ်လပ်စွာ ဖောင်းပွနေတယ် ... " ။ ။
နန်းအသင်္ခယာ
ဘ၀ကုန်တွေ ဖောင်းပွတယ်။
မော်လ်ဒယ်တွေ ဖောင်းပွတယ်
စပွန်ဆာတွေ ဖောင်းပွတယ်။
ပညာမဲ့ ဆင်းရဲသားတွေ ဖောင်းပွတယ်
ပညာတတ် လူလိမ်တွေဖောင်းပွတယ်။
ဆေးလိပ်တွေ ဖောင်းပွတယ်
ဆေးလိပ်"ပြာ"တွေ ဖောင်းပွတယ်။
လမ်းဘေးခွေးတွေ ဖောင်းပွတယ်
ခရိုနီကြီးတွေ ဖောင်းပွတယ်။
လောကဟာ ..ဖောင်းဖောင်းပွပွပုံရိပ်တွေထဲ
အညှင်းဆဲခံနေရတဲ့ ..ဖောင်းပွတဲ့ ပြိတ္တာကြီးပဲ။
အားရအောင် ဖောင်းပွစွာ ဆဲဆိုပြီးခဲ့နောက် ....
ဖောင်းပွနေတဲ့ပြိတ္တာကြီးထံက ...
ရွံရှာဖွယ်ခနဲ့တဲ့တဲ့ ရယ်သံဟာ ထွက်ကျ
"ဒီမှာ မိစ္ဆာကဗျာဆရာ ....
အရာအားလုံးဟာ ... ဖောင်းပွ
ကဗျာတွေလည်း ဖောင်းပွ
ကဗျာဆရာတွေလည်း ဖောင်းပွတယ်
ခင်ဗျားမသိတဲ့ ဖောင်းပွမှုဟာ
ရေပန်းအစားဆုံး လူပြိန်းကြိုက်သီအိုရီထဲမှာ ...
လွတ်လပ်စွာ ဖောင်းပွနေတယ် ... " ။ ။
နန်းအသင်္ခယာ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။