ဒီကဗျာရေးတဲ့ကောင်မလေးက၁၄နှစ်တောင်မပြည့်သေးဘူး။ကြိုက်လို့ ကူးလာတာ။
' သမိုင်း တရားခံ '
+++++++++++++++++++
ဒီမိုကရေစီ သွားရာလမ်းမှာ
ယုံကြည်ချက် နဲ့ သွားတဲ့ လူတွေရှိတယ် ။
မျှော်လင့်ချက် နဲ့ သွားတဲ့ လူတွေရှိတယ် ။
ဒီမိုကရေစီ သွားရာလမ်းမှာ
အသက်ပေးခဲ့ရတဲ့ လူတွေရှိတယ် ။
မှောင်မည်းနေတဲ့ အခန်းကျဉ်းထဲ ထောင်ကျ ခံရတဲ့ လူတွေရှိတယ် ။
ဒီမိုကရေစီ သွားရာလမ်းမှာ
ကမ္ဘာ က သိသွားတဲ့ လူတွေရှိတယ် ။
ကမ္ဘာ က ဝေဖန်ခံရတဲ့ လူတွေရှိတယ် ။
ဒီမိုကရေစီ သွားရာလမ်းမှာ
ငါတို့ကြောင့်ဆိုပြီး ဘဝင်လေဟပ်နေ တဲ့ လူတွေရှိတယ် ။
ဒီမိုကရေစီ သွားရာလမ်းမှာ
သမ္မတဖြစ်ချင် တဲ့ လူတွေရှိတယ် ။
ဒီမိုကရေစီ သွားရာလမ်းမှာ
နိုင်ငံရေး ကို ဗန်းထဲထည့် ရောင်းစားသွားတဲ့ လူတွေရှိတယ် ။
ဒီမိုကရေစီ သွားရာလမ်းမှာ
အပြန်ပြန် အလှန်လှန် သံသယ တွေနဲ့ လက်ညှိုးတွေထိုးခိုင်းပြီး ဘေးထွက်ထိုင်နေတဲ့
သမိုင်း တရားခံတွေရှိတယ်
သမိုင်း တရားခံတွေရှိတယ်
သမိုင်း တရားခံတွေရှိတယ်
ပင်လယ် ( မအူပင် )
Model မမလိပ်ပြာ ၂၀၀၉ နေ့ရက်များ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။