Thet Tun shared Myawady News's photo.
“အမျိုးသမီးများအသံ ကမ္ဘာကြီးကို လှုပ်ခတ်စေမည်”
ဆိုသော အမျိုးသမီးများနေ့ အကြိုအခမ်းအနားကျင်းပ
၂၀၁၃ခုနှစ် မတ်လ ၈ ရက်တွင် ကျရောက်မည့် ကမ္ဘာ့
အမျိုးသမီးများနေ့ အကြိုအ...ခမ်းအနားကို ယခုလ (၆)ရက်
နေ့၌ တောင်ဒဂုံမြို့နယ် နိကာယ်ပရိယတ္ထိ စာသင်တိုက်တွင် “ အမျိုးသမီးများအသံ ကမ္ဘာကြီးကို လှုပ်ခတ်စေမည်” ဆောင်ပုဒ်
ဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူ လယ်သမားများနှင့်
စိုက်ပျိုးရေး အလုပ်သမားများအဖွဲ့(AFFM) က ကျင်းပပြု
လုပ်ခဲ့ပြီး ရည်ရွယ်ချက်(၅)ရပ် ထုတ်ပြန် ကြေညာခဲ့သည်။
ယင်း ရည်ရွယ်ချက်များမှာ လုပ်ငန်းခွင် သာတူညီမျှမှု ရှိစေရန်၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် စော်ကားခြင်း(သို့) အနှောင့်
အယှက်ပြုခြင်းမှ ကင်းဝေးစေရန်၊ သားဖွားမိခင်ခွင့် ရရှိစေရန်၊ အကာအကွယ်မဲ့သော လုပ်ငန်းခွင်အခြေအနေများ ပပျောက်
စေရန်နှင့် ကျန်းမာရေးဆိုင်ရာ အခွင့်အရေးများ ရရှိစေရန် စသည်တို့ ဖြစ်ကြသည်။
မြန်မာနိုင်ငံမှ အမျိုးသမီးများ အနေဖြင့် ကျား၊မ တန်းတူညီမျှမှု မရှိသေးကြောင်း၊ အမျိုးသမီးများ အနေဖြင့် နှိပ်ကွပ်ခံရခြင်းများ ရှိနေကြောင်း၊ စက်မှုဇုန် အလုပ်သမ အများစု၏ လစဉ်ဓမ္မတာ ကိစ္စများအတွက် ရှောင်တခင်ခွင့်၊ မီးဖွားခွင့် စသည်တို့ကို
ပေးသင့်ကြောင်း (AFFM)မှ စည်းရုံးရေးတာဝန်ခံ မအေးသီခိုင်
က ပြောကြားသည်။
“မြန်မာ အမျိုးသမီးတွေက လူတန်းစား မညီမျှလို့ စနစ်ဆိုးရဲ့
သားကောင် ဖြစ်နေရတာပါ။ သူတို့တွေကိုသာ လုပ်ပိုင်ခွင့်တွေ၊
နေရာ ပေးတာတွေသာ လုပ်ပေးမယ်ဆိုရင် မြန်မာဟာ ကမ္ဘာမှာ ရင်ဘောင်တန်းလာနိုင်မှာပါ” ဟု ယင်းက ဆက်လက်
ပြောကြားသည်။
ယခုလက်ရှိ မြန်မာအမျိုးသမီးထု အနေဖြင့် အကြောက်
တရားများ စိုးမိုးနေသေးကြောင်း၊ ယင်းအကြောက်တရား
များကို ပယ်ရှားနိုင်ရန် မြန်မာ အမျိုးသမီးများအားလုံး ၀ိုင်းဝန်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ယခုကျင်းပသော
ပွဲသည် AFFM အနေဖြင့် ကမ္ဘာ့အမျိုးသမီးများနေ့နှင့် ပတ်သတ်၍ ပထမဆုံးအကြိမ် ကျင်းပခဲ့သော ပွဲဖြစ်ကြောင်း သိရသည်။
ရည်မွန်
( The Myanma Age )

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။