Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, March 7, 2013

ကလီယိုပါထရာ၏နှာတံဖြင့် လူထုအသိဥာဏ်ကို ခါးအောက်မှ ထိုးခြင်း


 Khaing Soelynn
သမ္မတရုံးမှ နာမည်ကျော်တစ်ယောက်က တရုတ်တွေ မြန်မာပေါ်လစီအမှား
ကို ဘာသာပြန်ရေးနေတုန်း ဘကြီးတစ်ယောက်က အမေရိကန်တွေရဲ့
မြန်မာပေါ်လစီအမှားကို ထောက်ပြနေတော့ ဆရာမြသန်းတင့် ဘာသာပြန်
တဲ့ခောတ်သစ်သမိုင်းဋီကာထဲက စာတချို့ကို သတိရမိပါတယ်။ ရောမဘုရင် ဘာယာဇက်( Bajazet )ဟာ အဆစ်အမြင်ကိုက်တဲ့ ရောဂါ ထ နေလို့ ဥရောပ အလယ်ပိုင်းကို ၀င်မတိုက်နိုင်တာနဲ့ပတ်သက်လို့ သမိုင်းဆရာ
ဂစ်ဗွန်း (Gibbon) က လူတစ်ဦး၏ ကိုယ်ခန္ဒာထဲတွင်ရှိသည့် အကြောမျှင်
တစ်ခုပေါ်သို့ ဘေးဥပဒ်ဖြစ်စေသည့် သားနံရည် စီးကျခြင်းကြောင့် လူမျိုး
တစ်မျိုး၏ ဆင်းရဲဒုက္ခတို့ တားဆီးနိုင်ရာ၏ ။ သို့မဟုတ် ဖယ်ရှားနိုင်ရာ၏ လို့ ရေးခဲ့ဖူးပါသတဲ့။ ဒါမျိုးကို ကလီယိုပါထရာ၏နှာတံ(Cleopatra’s nose) လို့ တင်စားကြတယ် ဆိုတာပါ ။ သမိုင်းမှာ အက်တီယံ(Actium) စစ်ပွဲကြီး
ဖြစ်ရတာ အခြားအကြောင်းများထက် မက်အန်ထော်နီက ကလီယိုပါထရာ
ကို အရူးအမူးချစ်မိသွားလို့ ဖြစ်ရပါတယ်ဆိုတာမျိုးပါ ။ ဆိုလိုတာက
သမိုင်းဆိုတာ မတော်တဆ ဖြစ်မှုတွေနဲ့ ပြီးတဲ့အရာ ၊ အမှတ်မထင်ဖြစ်လာ
တဲ့ အကြောင်းတွေ ကြောင့် ဖြစ်လာတဲ့အရာဆိုတဲ့ အယူအဆကောက်ချက်
ဖြစ်ပါတယ် ။ ၁၉၂၀ ပြည့်မှာဂရိပြည်က အလက်ဇန္ဒြာဘုရင် သူကိုယ်တိုင် အလှမွေးတဲ့ မျောက်ကိုက်ခံပြီးသေရာက နောက်ဆက်တွဲတွေအများကြီး
ဖြစ်လာခဲ့တာမှာ ၀င်စတန်ချာချီက “ သန်းတစ်စိတ်မျှသော လူတို့သည်
မျောက်ကိုက်သဖြင့် သေဆုံးခဲ့ကြလေသည် “ လို့ မှတ်ချက်ချခဲ့ပါတယ် ။
ဒီလိုဖြစ်ရတာတွေကို သမိုင်းဆရာ ဘယ်ရီကတော့ အထက်ကဆရာကြီး
များမှ ခွဲထွက်ပြီး“ သီးခြား လွတ်လပ်စွာ ဖြစ်ပေါ်နေကြသော ပစ္စယ
ကွင်းစက်များ” လို့ မှန်ကန်စွာခေါ်ဆိုနိုင်ခဲ့ပါသတဲ့ ။

မက်အန်ထော်နီက ကလီယိုပါထရာကို အရူးအမူးချစ်မိတယ် ဆိုတာ
ဇာတ်လမ်းမှာ ဖယ်ထားလို့တော့မရဘူး ။ ဒါ ယုတ္တိရှိတာပဲ ။ ဒါပေမယ့် ဒါဟာအကြောင်းအချက်တစ်ခုမျှသာဖြစ်တယ် ။ ရှောင်တခင် ဖြစ်ရပ်
ကလေးတစ်ခုကနေ ဖြစ်စဉ်ကြီးတစ်ခုလုံးကိုတော့ မထင်ဟပ်နိုင်ပါဘူး ။ ဒီကိစ္စမျိုးဟာ သမိုင်းဆရာတွေ ရှာဖွေနေတဲ့ ဖြစ်စဉ်ကိုအဟန့်အတားဖြစ်စေ
တဲ့ တနည်းအားဖြင့် ဆန့်ကျင်နေတဲ့ အကြောင်းအကျိုးကွင်းဆက်တစ်ခ
ပေပဲ ။ အဲလို ဖြစ်စဉ်တစ်ခုတည်းပေါ်ထောက်ပြီးသမိုင်းကို ကြည့်မယ်
ဆိုရင်တော့ ဘယ်မှာ ပြည့်စုံနိုင်ပါတော့မလဲ ။ ဂရိသမိုင်းဆရာ ပိုလီ
ဘီးယတ်စ် ပြောသလို“ ဂရိတွေဟာလက်နက်နိုင်ငံကြီး မှ ပြည်နယ်လေး
သို့ လျှောကျပြီးနောက် ရောမတွေ အောင်ပွဲခံသွားတာဟာရောမသားတွေ ကံဇာတာ မြင့်တက်နေလို့သာ ဖြစ်တယ် “ ဆိုတာမျိုးဟာ “ပလပ်ကျွတ်“
သွားတာပေါ့ ။နောက်ပြီး ဒါမျိုး အယူအဆ အတွေးအခေါ် အသုံးအနှုံး
တွေဟာ မဲဆွယ် တဲ့ နိုင်ငံရေးသမားတွေ၊ စိတ်ဓါတ်စစ်ဆင်ရေး ၀ါဒဖြန့်
သမားတွေ ၊ လူသုံးကုန်ပစ္စည်းကြေငြာသူတွေ ရေလဲသုံးတဲ့ အောက်လမ်း
နည်းတွေပါပဲတဲ့ ။ မဲဆန္ဒရှင်တွေ စားသုံးသူတွေကို အချက်အလက် အမှန်
တွေအားလုံး အကုန်အစင် ထုတ်ဖော် ညွှန်းဆိုခြင်းမရှိပဲစားသုံးသူတွေ မဲဆန္ဒရှင်တွေအကြိုက် ရေလိုက်ငါးလိုက် ရောကောသောကောလုံးထွေးပြီး
ဖြားယောင်းတာပါပဲတဲ့ ။ အော်စကာဝိုင်းက ဒါမျိုးကို “ အသိဥာဏ်၏ ခါးအောက်ကိုထိုးခြင်း ” လို့ သုံးပါသတဲ့ ။ လူတွေရဲ့ အယူအဆ အတွေး
အခေါ်ကို below the Belt ထိုးနှက် ၀ါဒဖြန့်တယ် ဆိုနိုင်မလားပဲ ။

အမေရိကန်တွေရဲ့ မြန်မာအပေါ်ဆန်ရှင်ဟာလည်း လုံးဝလွဲမှားတယ်
ဒီ ပေါ်လစီကြောင့် မြန်မာဟာ တရုတ်ဘက် ပိုနီးကပ်သွားရတယ်လို့
ပြောမယ်ဆိုရင် ဘယ်သူက ဘာလို့ ဘယ်လိုအချိန်မှာ ဘာ့အတွက် ပြော
တာလဲနဲ့ပဲ ဆိုင်မှာပါ ။ အမေရိကလို ကမ္ဘာ့အင်အားကြီးတိုင်းပြည်အတွက်
နိုင်ငံတစ်ခုချင်းစီအပေါ်ချမှတ်တဲ့ ပေါ်လစီဟာ အဲဒီနိုင်ငံတစ်ခုတည်း
အတွက် မဟုတ်သလို အခြား အဆက်အစပ်ပေါင်းများစွာ ဖက်တာပေါင်း
များစွာနဲ့ ချည်ပြီး ချမှတ်ရတာမျိုးပဲဖြစ်ပါတယ် ။ နောက် ထုံးစံအတိုင်း
မြန်မာ(အခြားနိုင်ငံတွေ)အတွက် စဉ်းစားခြင်း မဟုတ် ။ သူတို့ အမေရိက
အကျိုးစီးပွားအတွက်သာ ဗဟိုပြုစဉ်းစားတာဖြစ်ပါတယ် ။ နောက်တစ်ခါ သူတို့အတွက် issue တိုင်းမှာကမ္ဘာလုံးချီစဉ်းစားတွက်ချက်ရမယ့် ဖက်တာ
တွေက များလွန်းလှတာကြောင့် သမိုင်းတလျှောက် ဖော်ဆောင်ခဲ့တာတွေ
မှာ နောက်ဆုံးတော့လည်း ဆင်စွယ်ဘုံမြင့်က ပုရောဟိတ်တွေ အနုစိတ် ဥာဏ်ကွန့်မြူးတာမျိုးထက် ရိုးရိုးသာမန်လူတွေလိုပဲ မဟာဗျူဟာ
မဟာမိတ်လား ပြိုင်ဘက်လား၊ မဟာမိတ်ရဲ့ ရန်သူလား မိတ်ဆွေလား
လို ရှင်းလင်းလွန်းတဲ့ မူကနေပဲ အဖြေထုတ် အသုံးချရတာမျိုးပါ ။
ခုနေ မှားတယ် သုံးသပ်နေပေမယ့် ဟိုအရင်အတွက်က မှန်နေတာမျိုးက
ရှိနိုင်သေးတာပါ ။ အခုကိုပဲ အမေရိက မြန်မာပေါ်လစီပြောင်းလဲလာတယ် ဆိုတာ တရုတ်နဲ့ ပါဝါချိန်ခွင်ညှာ မညှိမနေအခြေအနေကြောင့် နဲ့ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းပိုင်းမှာ သူတို့အလုပ်တွေ အတော်အတန် လက်စသတ်နိုင်ခဲ့တာမျိုး စသည်ဖြင့်တွေကလည်း အထက်ကတင်ပြခဲ့တဲ့
ရှောင်တခင် တိုက်ဆိုင်မှုပေါင်းများစွာနည်းတူ အားလုံးပါဝင်နေမှာပါပဲ ။

အဓိကပြောချင်တာက အမေရိကပေါ်လစီ တရုတ်ပေါ်လစီတွေက မြန်မာ
အပေါ်သက်ရောက်နေတာထက် မြန်မာဇာတ်လမ်းဟာ မြန်မာတွေနဲ့ကသာ လုံးဝ ဆိုင်တယ်ဆိုတာပါပဲ ။ မြန်မာတွေရဲ့အတိုးအဆုတ် အခြေအနေတွေ
ဟာ နေပြည်တော်က လာနေတယ်ဆိုတာကသာ ဧကန် ဖြစ်ပါတယ် ။ အမေရိကဟာ မည်သည့်အခြေအနေမှာ ဖြစ်နေပါစေ တိန်အင်မင်လို
အရေးအခင်းကို ဘယ်တော့မှ ထောက်ခံလိမ့်မယ် မဟုတ်ပါဘူး ။ ထို့အတူ ၈၈၈၈လို ဖိနှိပ်မှုမျိုးကိုလည်း အမေရိကန် အတွေးအခေါ် အယူအဆ
ပေါ်လစီအရ လုံးဝလက်ခံလိမ့်မယ် မဟုတ်ပါဘူး ။ စစ်အာဏာရှင်တွေကို
ထောက်ခံခဲ့တဲ့ ပရက်မက်ဂ်တစ် မှတ်တမ်းတွေက သတ်သတ်ပေမယ့် အမေရိကတန်ဖိုးတွေရဲ့ စံတွေကလည်း အခိုင်အမာတွေပါပဲ ။ အခုလည်း လုံးဝ အာမခံပြီး ဆန်ရှင်တွေကို ရုတ်သိမ်းပစ်နေတာမှ မဟုတ်ပဲ ။ တဆင့်ချင်းလျှော့ တာတောင် စောင့်ကြည့် အကဲခတ် သင့်လျော်သလို
မီးတင် မီးချ လုပ်မယ့် သဘော hybrid နည်း Soft Power လုပ်ထားတာပဲ
ဖြစ်ပါတယ် ။ ပေါ်လစီမှားလို့ တရုတ်ဘက် ပိုကပ်သွားလို့ နာ တယ်ဆိုတာ
အမေရိကန်လား မြန်မာလား ။ တရုတ် က ကြေးနီ အပါအဝင် အခြား
သယံဇာတပေါင်းများစွာ အောက်ဈေးနဲ့ နှိုက်တယ်ဆိုတာ စစ်အစိုးရ နဲ့
ဦးပိုင် ပါလို့ ၊ လူတင်ပါလို့ နွား တရုတ် ကိုက်တာ မဟုတ်ဘူးလား ။
နိုင်ငံကို သေနတ်နဲ့ ချိန်ပြီး တရုတ်ကို ရောင်းစားတာကသာ အဓိက။
ဗိုလ်ချုပ်ကြီးတွေ မွဲနေရင် အမေရိကနဲ့ တရုတ် အမှားသက်သက်ပေါ့ဗျာ.။
အခုဟာက ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက် ဆယ့်လေးဆက် မကုန်နိုင်..။

ထိုနည်းများအတိုင်း သမိုင်းကို အသေးစိပ် စေ့ငုကြည့်ကြတဲ့ခါ ဒေါက်တာ
မောင်မောင် စောင့်ခိုင်းတဲ့ သုံးလကိုမစောင့်လို့ တို့ ၊ ဦးကြည်မောင်က
နုရင်ဘတ်ခုံရုံးအကြောင်းေ ပြောမိလို့ဆိုတဲ့ အချက်တွေက စစ်အာဏာ
ဒေါက်တိုင် ၀ါဒဖြန့်သမားတွေက လူထု“ အသိဥာဏ် ရဲ့ခါးအောက်ကို
ထိုးခြင်း ” ကိစ္စ တွေပါပဲ ။ ဒီလို ရှောင်တခင် ကွင်းဆက် ထောက်ကွက်တွေ
ကိုဗာရာဏသီချဲ့ ဇာချဲ့ထားတာတွေဟာ အာဏာ လက်မလွှတ်လိုခြင်းဆိုတဲ့ ဧကန် တရားလောက် ခိုင်မာခြင်း တစ်စက်မှ မရှိနိုင်ပါဘူး ။ အခုလည်းပဲ ၀ါဒဖြန့်သမားတွေပြောနေသလို မြန်မာအပေါ်ထားတဲ့ အမေရိကနဲ့ တရုတ်
ပေါ်လစီတွေ အမှားကိုယ်စီနဲ့ပဲ ထားလိုက်ပြီး စစ်အစိုးရအဆက်ဆက်
မဆလ န၀တ နအဖကနေ ဒီကနေ့ ဦးသိန်းစိန်အစိုးရအထိ ချမှတ်ခဲ့တဲ့
ပေါ်လစီတွေ ကရော မှန်ခဲ့ပါသလားမေးရင် ဘယ်နှယ် ဖြေကြမှာလဲ ။
ဆိုလိုတာက ဘုရှ်တို့ အိုဘားမားတို့ ဟူကျင်းတောင် ဝမ်ကြားပေါင်တို့
အနုံအနဲ့လေးတွေက မြန်မာအပေါ် သုံးသပ်တာတွေ အလွဲလွဲ အမှားမှား
တွေ ရှိခဲ့တာတွေက ထားပါတော့ စစ်အစိုးရ ပေါ်လစီတွေကိုတော့
ဘာကြောင့် ဝေဖန် ဆောကြောဖို့ ချန်ထားရစ်ရပါသလဲ ။ အဲလို တမင် ချန်ထားကြတာက ဒီစာ ရိုက်တင်ရတဲ့အကြောင်းပါပဲလို့ ပြောချင်ပါတယ် ။

ဒီမှာ ဖြစ်စဉ်ကလေးတစ်ခုကနေ စဉ်းစား ကြည့်ရအောင် ။ ညနက်နက်မှာ
အကောင့်သားဗိုလ်ချုပ်သားတစ်ကောင်ဟာ ကလပ်ကနေမူးရူးပြီး ကားကို
ကသမ်းကရမ်းမောင်း ပြန်လာတယ် ဆိုကြပါစို့ ။ ခု လှည်းတန်းခုံးကျော်
တစ်နေရာက အဆင်းလည်းအဆင်း အကွေ့လည်းအကွေ့ကြီး ဖြစ်နေတဲ့
နေရာမျိုးဒေါပုံကတံတားအဆင်းတိုက်နေကျ သေနကျ နေရာမျိုးမှာပဲ
ဆေးလိပ်သောက်ချင်လို့ ထွက်ဝယ်တဲ့ လူတစ်ယောက်ကို ၀င်ကြုံးလိုက်
တာပွဲချင်းကို ပြီးရောဆိုပါစို့ ။ ဒီမှာမူးရုးပြီးမဆင်မခြင်မောင်းတဲ့ အကောင်
ကို ရာဇ၀တ်မှုနဲ့ တရားစွဲတာမျိုးက ဒိဌဓမ္မ ဖြစ်သင့်ပေမယ့် ၊ အခင်းမဖြစ်မီ
သုံးရက်ကမှ ဘရိတ်ပြင်ပေးတဲ့ ၀ပ်ရှော့ဆရာ ဆီကိုလည်း မျှားဦးလှည့်နိုင်
သလို အင်ဂျင်နီးယားရင်းအမှား၊ တံတားမှာ မဖြစ်သင့်တဲ့ အနေအထား
တည်ဆောက်ပုံကလည်း တစ်ကြောင်းဆိုလဲ ဟုတ်ပေတာပဲ ။ နောက်ဆုံး
သေသွားသူဟာ ဆေးလိပ် လုံးဝမသောက်တတ်တဲ့သူဖြစ်ခဲ့ရင် သို့မဟုတ်
တောင်မှ ညဘက်ကြီး ဆေးလိပ်ထွက်မ၀ယ်ရအောင် စောစောစီးစီး ၀ယ်ထားမိရင်လည်း ဖြစ်မှာမဟုတ်ဘူးဆိုတာကလည်း ယုတ္တိရှိတာပဲ ။
ဟဲဟဲ အခုလို အရှည်ကြီးရေးနေရတာကို တည့်တည့်ပြောရရင် ခုနကလို
လူထုကို ၀ါဒဖြန့် ဇယားရွှေ့နေသူတွေရဲ့စာတွေက(မူးရူးပြီး သတ်မှတ်သည်
ထက် ပိုမောင်းတဲ့ )အဓိကအမှားကြီးတွေကိုတော့ ဖုံး ဖိ ဖော့ ဖွက် ဖျောက် ဖျက် ပြီး ဘာမဟုတ်တဲ့ ရှောင်တခင် မတော်တဆ တိုက်ဆိုင်မှုလေးကို
ကားတိုက်ခံရလို့သေရသူရဲ့ဆေးလိပ်ငတ်ခြင်းနဲ့ ညဘက်ကြီး မဆင်မခြင်
ထွက်ဝယ်လို့ဖြစ်တာ သေတာနည်းတောင် နည်းသေးတယ်ရယ်လို့
ရှည်ရှည်ဝေးဝေး ယုတ္ထိယုတ္တာကျကျ ဇာထက် ဈာချဲ့ပြပြီး လူထု
အသိဥာဏ် ကို Below the Belt ဆော်နေတာပါပဲ ဆိုတဲ့အကြောင်း ..။

ဟုတ်ပါပြီဗျာ ထားလိုက်ပါတော့ ။ အမေရိကတို့ မြန်မာတွေအပေါ်ထားတဲ့ ဆန်ရှင် ပေါ်လစီမှားလို့ မြန်မာနိုင်ငံကြီး ဂွမ်းသွားတာ ။ တရုတ်တို့ မြန်မာ
တွေအပေါ်ထားတဲ့ပေါ်လစီမှားလို့ မြန်မာနိုင်ငံကြီး လှုပ်ရမ်း သွားတာ။
အတိုက်အခံတွေ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က နိုင်ငံရေးပါးပိန် အသုံးမကျ လို့ မြန်မာနိုင်ငံကြီး အလွမ်းဇာတ် ဖြစ်သွားတာ။ စစ်ဗိုလ်ချုပ်တွေ အမှား
နဲနဲမှ ကိုတစ်စိမှကို မပါတာနော…။ တကယ့် သာသနာပြု မင်းကောင်း
မင်းမြတ်တွေပါကပဲ ဟရို့ ။ ကိုးကွယ်ကြရင် ပစ္စုပန် သံသရာ နှစ်ဖြာသော
အကျိုးထူးကြမယ် ထင်ပဗျာ ။ ကျေးဇူးတော်ရှင် တောင်တန်းမြေပြန့် တခွင်
သာသနာပြု ကိုယ်တော်ကြီးများ နိုင်ငံအကျိုး ဆထက်တပိုးထမ်းနိုင်ဆောင်
နိုင်ကြပါစေလို့ သာဆုတောင်းပေးကြရတော့မယ် ထင်ပါရဲ့။ စစ်အစိုးရရဲ့ စံတင်လောက်တဲ့ ပေါ်လစီကြီးတွေ ကြည့်လိုက်ပြန်တော့ ငွေကုန်ကြေးကျ
မှာ သယံဇာတရောင်းစားတဲ့ငွေတွေပြုတ်ပြုတ်ပြုန်းသလောက် အရာမထင် အလဟဿဖြစ်ခဲ့ရတဲ့ နြူကလီးယားယူတိုးပီးယားပေါ်လစီကြီးတွေ ၊
တိုင်းရင်းသားနဲ့ အတိုက်အခံ အပြုတ်ဆော်ရေး အံ့မခန်းဖိနှိပ်မှုပေါ်လစီတွေ
တနိုင်ငံလုံး တရုန်းရုန်းနဲ့ အနှစ်မရှိတဲ့ ကြက်ဆူပေါ်လစီကြီး ၊ မြောက်
ကိုရီးယားနဲ့ ပလူးတဲ့ ပေါ်လစီကြီးတွေ လွမ်းလောက်စရာမှာ ၊လတ်တလော
အိုအိုင်စီ ပေါ်လစီ ၊ အီရန်သံရုံးပေါ်လစီတွေကတော့ဖြင့် လန်ထွက်နေတာ
မှာ နောက်ဆုံး အဖိုးစားနား ကြီးလှတဲ့ ကေအိုင်အေ နှင့် “ ငြိမ်းချမ်းရေး
အတွက် တိုက်ပွဲ ပေါ်လစီ” ကနေ သမိုင်းဝင် ပြောင်မြောက်လှပေတဲ့ အရွေ့တွေ အရွှေ့တွေမှာ တရုတ်တွေက နယ်စပ်မှာ စစ်ရေးလေ့ကျင့်ပြီး
တရုတ်ထုံးစံ တိုက်ပွဲဝင်ရန် နှင့် အနိုင်ယူရန် အသင့်ပဲတွေ ဘာတွေ
ပြောလာကုန်ပါပြီ ။ (အခု ဝ ကို ဝိုင်းပတ်နေပြီလို့ သတင်းတက်လာပါပြီ )
တရုတ်နဲ့ အမေရိကလို ကမ္ဘာမှာ ဒိထက်ကြီးစရာမရှိတဲ့ ပါဝါတွေကိုမှ ကစားတာနည်းတဲ့ ဦးနှောက် ၊ နည်းတဲ့ သဘာတွေလားဗျာနော..။
ခောတ်မြန်မာသမိုင်းမှာတောင် ရှာမှရှားလောက်တဲ့ အဆင့် ကိုရောက်နေ
တာခင်ဗျ ။ ဒါကြောင်လည်း ဘယ်ခောတ် ဘယ်အခါမှနဲ့ မတူအောင် ဖွံ့ဖြိုး
တိုးတက်နေပါပြီ ပြောကြတာကိုး ။ အထူအန လဒူလအ မြန်မာလူထုကြီး
ကသာ တပ်မတော် အစိုးရရဲ့စေတနာအမှန်ကိုမမြင်နိုင် မသိနိုင် အပြိန်း
ထပြီး လိုက်မမှီ ဖြစ်နေတာသာဖြစ်နိုင်တယ်လို့ ယူဆရန်သာ အကြောင်း
ရှိတော့တာပေါ့ ခင်ဗျား..။ သမိုင်းကိုသုံးသပ်ရင် မညှာရဘူး ။ ပစ္စုပန်မှာ
အလုပ်တွေ လွဲချော်ပြီးသကာလ အနာဂတ်ကိုပါ သစ္စာဖောက်ရာကျတယ် ဆိုကိုးခင်ဗျ ။ အကောက်အယူမှားရင် စေတနာရော ကံပါ ခေတတ်တာမို့ ချက်အောက်ထိုးတဲ့ ရှောင်တခင် ကွင်းစက်ကလေးတွေ ပြ, ရာမှာ မိန်းမော
ပြီး ကလယ်တယ်တယ် မဖြစ်ရအောင် ထိုးထွင်းဥာဏ် ခါးတောင်းကျိုက်
Passive ခံအချောင်မလိုက်ပဲ Active ဆန်ဆန် တွေးခေါ်မြော်မြင်ကြမှသာ။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။