Myawady News
Q >> မင်္ဂလာပါ အကို... အကိုနဲ့ အင်တာဗျူးလေး လုပ်ချင်လို့ပါနော်....
A >> ဟုတ်ကဲ့ မေးပါ ခင်ဗျာ့........
Q >> အရင်ဆုံး အကို့ရဲ့ နာမည် အရင်းလေး သိပါရစေ...
A >> နာမည်ရင်းက ဗေလုဝ ပါ...( လူမိုက်လောကမှာတော့ ဗေကြီးလို့ ခေါ်ပါတယ်..)
Q >> ဟုတ်ကဲ့..၀ါသနာလေးကရော...
A >> ၀ါသနာကတော့ ကျားတွေသွားကို နှုတ်ရတာ ၀ါသနာပါပြီး..ကျည်ဆံတွေဖမ်းရတာ ခုံမင်၊ ဆိုးပေ့၊ မိုက်ပေ့ ဆိုတဲ့သူတွေနဲ့ လက်ရုံးရည်၊ နှလုံးရည် ယှဉ်ရတာ
ဝါသနာ ထုံပါတယ်.....
Q >> သြော်... တကယ့် သတ္တိခဲပဲ.... ဒါနဲ့ အကို့ရဲ့ အမှတ်တရ မှတ်တမ်းလေးရှိရင် ပြောပြပေးပါဦး...
A >> ဟုတ်ကဲ့.. ဆင်တစ်ကောင်နဲ့ နပန်းလုံးပြီး ဂုတ်ချိုးသတ်ခဲ့ဖူးပါတယ်...
Q >> ထင်ရှားတဲ့ အမှတ်အသားလေးများရှိရင် ဖော်ပြပေးစေချင်ပါတယ်...
A >> ကျောပြင်မှာ စပ်ဖြဲဖြဲ ဘီလူးရုပ် ရှိပါတယ်...
Q >> အားကစားရော လုပ်ဖြစ်ပါသလား...ဘယ်လို အားကစားမျိုး ကို သဘောကျပါသလဲ
A >> ဆူနာမီပေါ်တွင် ရေကူးခြင်း၊ ရေလွှာလျှောစီးခြင်းပါ။
Q >> ဘ၀မှာ မှတ်မှတ်ရရ အရှက်ရခဲ့တာမျိုးရော ရှိခဲ့ပါသလားခင်ဗျာ့...
A >> ရှိတာပေါ့... တစ်နေ့တော့ထဲကို အလည်သွားရင် ၀က်ဝံ ၉ ကောင်နဲ့ ဖိုက် ခဲ့တုန်းက ၈ ကောင်ကို အသေသတ်နိုင်ခဲ့ပေမယ့် ကျန်တစ်ကောင်ကို ကျိုးရုံ၊ ကန်းရုံလေး လုပ်နိုင်ခဲ့သဖြင့် အရှက်ကြီး ရှက်ခဲ့ဖူးပါတယ်....
Q >> ကိုယ့်ကိုယ်ကို ဂုဏ်ယူမိတဲ့အချိန်ရော ရှိခဲ့ဖူးရင် ပြောပြပေးပါ့လား..
A >> မိုက်တိုက်ဆန် ကျုပ်ရင်ဘတ်ကို လက်သီးနဲ့ ထိုးလိုက်စဉ်က ထိုးသူလက်ကျိုးသွားသောအချိန်ပါ။
Q >> အကြိုက်ဆုံး လက်သုံးစကားလေးကရော...
A >> ဗလမလို `ဇ´ သာလို၏၊။
Q >> ဟုတ်ကဲ့ ခုလိုဖြေကြားပေးတဲ့ လူမိုက်ကြီးအား အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ.....
A >> ကျွန်ုပ်ကလည်း ကြွားခွင့်ရလို့ ကျေးဇူးအများကြီးတင်ပါတယ်... :P
ဟီးးးးဘာရယ်တော့ မဟုတ်ဘူး..ဖေ့ဘွတ်က ဟာသ ဓါတ်ပုံလေးကို
အနည်းငယ်ပြုပြင်ရေးသားခြင်းဖြစ်
အားလုံးသော သူငယ်ချင်းများ ပျော်ရွှင်နိုင်ကြပါစေလို့ဆုတောင
ခင်မင်လေးစားလျှက်...
ဇေယျာ(ZLT)
မှ-မဟာကြောင်
သတင်းစုံလင် ဖေ.

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။