Thet Ko Oo shared သက်တန့်ချို's photo.
မတန်ဘူး .. ဗီလိန်ဖြစ်ခွင့်ကို ခေါင်းထိုးခံခဲ့သူ
(၁)
စိတ်ပျက်တယ်ဆိုတာထက်ပိုတယ်အမေ
လူပေါင်းများစွာက သောင်းသောင်းဖြဖြ
မှားယွင်းနေလိုက်ကြပုံများ
နိုင်ငံတကာလွှတ်တော်မှာ ရဲရဲနီစွေး
အာဇာနည်သွေးပြခဲ့တဲ့အမေ
အခုတော့ကိုယ့်ရင်သွေးတွေနဲ့မှအခ က်ရ
ကျွန်တော်စိတ်နာလိုက်တာ အမေ
ကျီးကန်းတွေများလား
ဝိုင်းအာနေလိုက်ကြပုံ
ဒီတစ်တောင်လုံးသာ နဂိုအတိုင်းရှိစေချင်သတဲ့
ခက်လိုက်တာများအမေ
ဒီတောင်ကြီးကို သူတို့ ဘာလုပ်မို့လဲ
ဒီမြေကြီးကို သူတို့ဘာလုပ်မို့လဲ
ပညာတတ်ခြင်းမတတ်ခြင်းထက်
တိုင်းပြည်ချစ်စိတ်ကသာ အပိုအဓိကကျတာ
အမေသိပါတယ်
(၂ )
ရူးသွားကြပြီ .. (ဟုတ်တယ် )
သူတို့ရူးသွားကြပြီအမေ
ဒါဟာ ယုံကြည်ချက်ကြောင့် ဆန္ဒပြခြင်းမဟုတ်
တယူသန်တဇွတ်ထိုး နဲ့
ကတ်ကတ်လန်ရန်တွေ့သံတွေဟာ
သူရူးတွေသာလုပ်နိုင်တဲ့အလုပ်
သိသူတိုင်းက
နုတ်နုတ်သာစင်းပစ်ချင်နေကတော့တယ်
ဟန်ဝင်းအောင်
မြန်မာ့သမိုင်းတရားခံစစ်ကသူဖြစ် သွားပြီ
သွဲ့သွဲ့ဝင်း
မြန်မာ့သမိုင်းတရားခံစစ်က သူဖြစ်သွားပြီ
မြှောက်ထိုးပင့်ကော်သူတွေ
မုန်းကောင်းတုန်းရွာထားကြ
အမေကတော့အပြုံးပျက်လိမ့်မယ်မဟုတ်ဘူး
(၃)
မာနကိုဘေးမှချ
သူသွားရတဲ့ခရီးဟာ လေအေးတွေတိုက်ခတ်တဲ့
အဲကွန်းယဉ်ကျေးမှုဒေသမဟုတ်ဘူး
သူမြင်နေရတဲ့လူအပ်ကြီးဟာ နကန်းတလုံးနားမလည်တဲ့
အရိုင်းအစိုင်း လူသားတွေမဟုတ်ဘူး
သူ့ရင်သွေးနဲ့သူပြန်လည်သတ်တဲ့ပွဲလည်းမဟုတ်ဘူး
သူ့မျက်ရည်တွေကဒရာမာမဟုတ်ဘူး
သူ့မျက်ဝန်းတွေက ဟန်ဆောင်မှိုင်းညို့နေခြင်းမဟုတ်ဘူး
မြင်နေရတာ ကျွန်တော်တို့ မချိဘူးအမေ
ပွဲလန့်တုန်းဖျာမခင်းကြစမ်းပါနဲ့ 
အမေ့မှာ ဒေါသမရှိဘူး
ဒါပေမယ့် . . နာကျင်တတ်တဲ့ နှလုံးသားတွေတော့ရှိလိမ့်မယ်
အမေ့မှာ မာနမရှိဘူး
ဒါပေမယ့် . . မောလျနေတဲ့ စိတ်ထားတစုံတော့ရှိလိမ့်မယ်
အမေ့မှာ အာဏာ စိတ်မရှိဘူး
ဒါပေမယ့် . . . သူ့စကားကို ဆုံးအောင်နားထောင်စေလိုတဲ့စိတ် တော့ရှိလိမ့်မယ်
(၄)
အစီရင်ခံစာမဖတ်ရသေးဘူး
သတင်းစာတွေမဖတ်ရသေးဘူး
နွားခြေရာခွက်ထဲက ဖွားသူငယ်လို
သူတို့ပတ်ဝန်းကျင် သူတို့တောင်ကို
သူတို့ပိုင်ရမတဲ့
အမေ . . . မမောဘူးလား
နားမကြားသူကို ဂီတနားထောင်ခိုင်းလို့မရ
မျက်စိမမြင်သူကို စာတွေဖတ်ခိုင်းလို့မရ
အစီရင်ခံစာကို တွေးတောဆင်ခြင်နိုင်စွမ်းမရှိသူ တွေ နားမလည်ကြ
ဒါကလည်း သဘာဝတစ်ခုပါ အမေ
အမေ့ ဆံနွယ်ခက်ဖြူဖြူမှာ
ဇရာ ရဲ့ ထိုးနက်ချက်တွေမင်းမူလို့
အမေ့ယုံကြည်ချက်ဟာ
ဖွဲမီးလို ဟုန်းကနဲတောက်ခဲ့ခြင်းမဟုတ်
အမေ့ လုပ်ဆောင်ချက်ဟာ
မုန်တိုင်းတစ်ခုလို ဖြိုဖျက် တိုက်စားလိုသောအရာမဟုတ်
အမေ့ ဆန္ဒဟာ
ပြည်သူတွေ အကျိုးစီးပွား မကြည့်ခဲ့တာမဟုတ်
အမေလုပ်နေတာ အနာဂါတ်အကျိုးအတွက်ဆိုတာ
ကျွန်တော်တို့သိပါတယ်အမေ
(၅)
ထားခဲ့ပါတော့အမေ
တာဝန်ကျေလွန်းမက ကျေခဲ့ပါတယ်
ဒီထက် ဆက်သွားရမယ့်ခရီးမှာ
ဘက်ပေါင်းစုံက ကဏ္ဍတွေကျန်နေသေးတယ်
အမေခေါ်တာတောင်လာမတွေ့ရဲတဲ့ကောင်
အမေရှိတာတောင် မရိုသေတတ်တဲ့ရွာသူ
သူတို့ကို ကျွန်တော်တိုရင်ထဲက ထုတ်
အပြီးအပိုင်မြေမြှုပ်လိုက်ကြပြီ အမေ
မုံရွာသမိုင်းတော့မရိုင်းခဲ့ဘူး
ဆန္ဒပြသူသမိုင်းတွေတော့ရိုင်းစို င်းခဲ့ပြီ
သဘောမတူတာ ဒီမိုကရေစီရဲ့အနှစ်သာရ
ရိုင်းစိုင်းတာက အောက်တန်းကျမှုတဲ့အမေ
ဘာလို့များ ခွင့်လွှတ်သည်းခံခြင်းကိုလက်ကိုင်ထား
အမေ့ မျက်ရည်တွေကို ကျစေရသလဲအမေ
(၆)
အမေလည်စင်းပေးတဲ့ ဖြစ်စဉ်တစ်ခုလုံး
သူတို့မှ မြင်အောင်မကြည့်နိုင်ပဲ
အမေ လက်ဝင်လျှိုပေးခဲ့တဲ့ လှည့်ကွက်တွေထဲ
သူတို့မှ နားလည်နိုင်စွမ်းမရှိခဲ့ပဲ
အမေ ခေါင်းဝင်တိုက်ခဲ့တဲ့ နံရံဟာ
ဒါဏ်ရာအနာတရတွေ ဖြစ်စေခဲ့
ကျွန်တော်တို့အားလုံး ခါးရပါတယ် အမေ
ဘိုစာကို ပီပီသသကြီးပြော
နိုင်ငံတကာအလယ်မှာ ၀င့်ထည်
အမေ့အတွက်နဲ့ ကျွန်တော်တို့ဘယ်တော့မှ
ဂုဏ်မငယ်ခဲ့ဘူးအမေ
အခုတော့ အမေ့ကို ၀ိုင်းပြောလိုက်ကြပုံများ
တိုင်းပြည်ကိုမချစ်တဲ့ သားဆိုးသမီးဆိုးတွေ
မငိုပါနဲ့တော့အမေ ..
(၇)
အမေ
ဓါးတွေအလယ်မှာ ရပ်နေခဲ့တာ သိပါတယ်
ဆူးတွေအလယ်မှာ ရပ်နေခဲ့တာသိပါတယ်
တချို့က မသိချင်ယောင်ဆောင် အမေ့ကို မကယ်တောင်မှ
ဝင်တောင် ဟောင်နေလိုက်ကြသေးတယ်
ခက်တာပဲအမေ
ဒီမိုကရေစီရဖို့အတွက်
ဒီမိုကရေစီနဲ့တန်တဲ့ . . ဒီမိုကရေစီကိုနားလည်တဲ့
လူတန်းစားတစ်ရပ်ဖြစ်ဖို့လိုသတဲ့
နောက်ကျနေတာလား စောသွားတာလား
ဖြေပါဦးအမေ
ဥပဒေဆိုတဲ့ အရာမှာ
Cilvil Law ဆိုတဲ့အရာမှာ
အမေက ပါရဂူတစ်ဆူပါ
ဘာပဲပြောပြောအပြုံးမပျက်
အမုန်းမဖက်ခဲ့တဲ့အမေ
အခုတော့ ရှုံးသထက်ရှုံးနေခဲ့တာ
ရင်နာလို့မဆုံးသေးဘူးအမေ
(၈)
အမေက
ဗီလိန်ဖြစ်ခွင့်ကို ခေါင်းထိုးခံခဲ့သူ
ဘယ်သူတွေဘာပြောပြော
ကျွန်တော်တို့အားလုံးသဘောတူတယ်အ မေ
စဉ်းစားဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းဆိုတာ
အတွေးအခေါ်နဲ့ အသိပညာပေါ်မူတည်သတဲ့
သူတို့မှ လိုက်မမှီတာ ထားခဲ့လိုက်ပါအမေ
အားကိုတင်းရင်းရှေ့ကို ဆက်
နက်သထက်နက်တဲ့ခရီးတွေအပြီးမှာ
နေရောင်ခြည်တွေလာမှာပေါ့အမေ
အနာဂါတ်ဆိုတာ မပြီပြင်တဲ့လမ်း
စမ်းတ၀ါးဝါးခရီးကို အမေလင်းစေခဲ့တာ
ကြမ်းတမ်းသောခရီးကို အမေ ရှင်းစေခဲ့တာ
လူထုတစ်ရပ်လုံးက သိကြပါတယ်အမေ
(၉)
အမေ့မျက်ရည်ကိုသုတ်
ဒီအရှုပ်ထုတ်တွေကို ထားခဲ့လိုက်ပါ
အတန်အတန်ရှင်းပြပြီးပြီပဲ
အကြိမ်ကြိမ်ရှင်းပြပြီးပြီပဲ
လုံလောက်တာထက်ပိုနေခဲ့ပြီ
ဖြစ်သင့်တာထက် ပိုနေခဲ့ပြီ
တစ်ကမ္ဘာလုံးကလူထုက
သောင်းသောင်းဖြဖြ အားပေးနေဆဲ
ဒီ ငရဲဆန်ဆန် အဖြစ်အပျက်တွေကို
မေ့လိုက်ပါတော့အမေ
အမေ့ မှာ ပျော်စရာမရှိဘူး
အမေ့မှာ ကြည်နူးစရာမရှိဘူး
ပြဿနာပေါင်း သောင်းခြောက်ထောင်ကို
ခေါင်းပေါ်တင် ပခုံးမှာထမ်း
အမေနွမ်းလျနေခဲ့ရပြီ
ပူလောင်ခြင်းကို မတွေး
အမေ့ကို ရေအေးအေးလေးတိုက်ပါရစေ
အနာဂါတ်မှာဆက်ရှိနေပေးပါ
မဝေးသော အနာဂါတ်မှာ
စိတ်ပျက်ပဲ လက်မလျော့ပဲ
(အတ္တနည်းနည်းကြီးစွာတောင်းဆိုပါ ရစေ )
အနာဂါတ်မှာ ဆက်ရှိနေပေးပါ အမေ . . ။
သက်တန့်ချို
Video Clip တွေ ကြည့်အပြီးမှာ ရေးသားပါသည် ။
11:04 am , 15.3.2013
(၁)
စိတ်ပျက်တယ်ဆိုတာထက်ပိုတယ်အမေ
လူပေါင်းများစွာက သောင်းသောင်းဖြဖြ
မှားယွင်းနေလိုက်ကြပုံများ
နိုင်ငံတကာလွှတ်တော်မှာ ရဲရဲနီစွေး
အာဇာနည်သွေးပြခဲ့တဲ့အမေ
အခုတော့ကိုယ့်ရင်သွေးတွေနဲ့မှအခ
ကျွန်တော်စိတ်နာလိုက်တာ အမေ
ကျီးကန်းတွေများလား
ဝိုင်းအာနေလိုက်ကြပုံ
ဒီတစ်တောင်လုံးသာ နဂိုအတိုင်းရှိစေချင်သတဲ့
ခက်လိုက်တာများအမေ
ဒီတောင်ကြီးကို သူတို့ ဘာလုပ်မို့လဲ
ဒီမြေကြီးကို သူတို့ဘာလုပ်မို့လဲ
ပညာတတ်ခြင်းမတတ်ခြင်းထက်
တိုင်းပြည်ချစ်စိတ်ကသာ အပိုအဓိကကျတာ
အမေသိပါတယ်
(၂ )
ရူးသွားကြပြီ .. (ဟုတ်တယ် )
သူတို့ရူးသွားကြပြီအမေ
ဒါဟာ ယုံကြည်ချက်ကြောင့် ဆန္ဒပြခြင်းမဟုတ်
တယူသန်တဇွတ်ထိုး နဲ့
ကတ်ကတ်လန်ရန်တွေ့သံတွေဟာ
သူရူးတွေသာလုပ်နိုင်တဲ့အလုပ်
သိသူတိုင်းက
နုတ်နုတ်သာစင်းပစ်ချင်နေကတော့တယ
ဟန်ဝင်းအောင်
မြန်မာ့သမိုင်းတရားခံစစ်ကသူဖြစ်
သွဲ့သွဲ့ဝင်း
မြန်မာ့သမိုင်းတရားခံစစ်က သူဖြစ်သွားပြီ
မြှောက်ထိုးပင့်ကော်သူတွေ
မုန်းကောင်းတုန်းရွာထားကြ
အမေကတော့အပြုံးပျက်လိမ့်မယ်မဟုတ
(၃)
မာနကိုဘေးမှချ
သူသွားရတဲ့ခရီးဟာ လေအေးတွေတိုက်ခတ်တဲ့
အဲကွန်းယဉ်ကျေးမှုဒေသမဟုတ်ဘူး
သူမြင်နေရတဲ့လူအပ်ကြီးဟာ နကန်းတလုံးနားမလည်တဲ့
အရိုင်းအစိုင်း လူသားတွေမဟုတ်ဘူး
သူ့ရင်သွေးနဲ့သူပြန်လည်သတ်တဲ့ပွ
သူ့မျက်ရည်တွေကဒရာမာမဟုတ်ဘူး
သူ့မျက်ဝန်းတွေက ဟန်ဆောင်မှိုင်းညို့နေခြင်းမဟုတ
မြင်နေရတာ ကျွန်တော်တို့ မချိဘူးအမေ
ပွဲလန့်တုန်းဖျာမခင်းကြစမ်းပါနဲ
အမေ့မှာ ဒေါသမရှိဘူး
ဒါပေမယ့် . . နာကျင်တတ်တဲ့ နှလုံးသားတွေတော့ရှိလိမ့်မယ်
အမေ့မှာ မာနမရှိဘူး
ဒါပေမယ့် . . မောလျနေတဲ့ စိတ်ထားတစုံတော့ရှိလိမ့်မယ်
အမေ့မှာ အာဏာ စိတ်မရှိဘူး
ဒါပေမယ့် . . . သူ့စကားကို ဆုံးအောင်နားထောင်စေလိုတဲ့စိတ်
(၄)
အစီရင်ခံစာမဖတ်ရသေးဘူး
သတင်းစာတွေမဖတ်ရသေးဘူး
နွားခြေရာခွက်ထဲက ဖွားသူငယ်လို
သူတို့ပတ်ဝန်းကျင် သူတို့တောင်ကို
သူတို့ပိုင်ရမတဲ့
အမေ . . . မမောဘူးလား
နားမကြားသူကို ဂီတနားထောင်ခိုင်းလို့မရ
မျက်စိမမြင်သူကို စာတွေဖတ်ခိုင်းလို့မရ
အစီရင်ခံစာကို တွေးတောဆင်ခြင်နိုင်စွမ်းမရှိသူ
ဒါကလည်း သဘာဝတစ်ခုပါ အမေ
အမေ့ ဆံနွယ်ခက်ဖြူဖြူမှာ
ဇရာ ရဲ့ ထိုးနက်ချက်တွေမင်းမူလို့
အမေ့ယုံကြည်ချက်ဟာ
ဖွဲမီးလို ဟုန်းကနဲတောက်ခဲ့ခြင်းမဟုတ်
အမေ့ လုပ်ဆောင်ချက်ဟာ
မုန်တိုင်းတစ်ခုလို ဖြိုဖျက် တိုက်စားလိုသောအရာမဟုတ်
အမေ့ ဆန္ဒဟာ
ပြည်သူတွေ အကျိုးစီးပွား မကြည့်ခဲ့တာမဟုတ်
အမေလုပ်နေတာ အနာဂါတ်အကျိုးအတွက်ဆိုတာ
ကျွန်တော်တို့သိပါတယ်အမေ
(၅)
ထားခဲ့ပါတော့အမေ
တာဝန်ကျေလွန်းမက ကျေခဲ့ပါတယ်
ဒီထက် ဆက်သွားရမယ့်ခရီးမှာ
ဘက်ပေါင်းစုံက ကဏ္ဍတွေကျန်နေသေးတယ်
အမေခေါ်တာတောင်လာမတွေ့ရဲတဲ့ကောင်
အမေရှိတာတောင် မရိုသေတတ်တဲ့ရွာသူ
သူတို့ကို ကျွန်တော်တိုရင်ထဲက ထုတ်
အပြီးအပိုင်မြေမြှုပ်လိုက်ကြပြီ
မုံရွာသမိုင်းတော့မရိုင်းခဲ့ဘူး
ဆန္ဒပြသူသမိုင်းတွေတော့ရိုင်းစို
သဘောမတူတာ ဒီမိုကရေစီရဲ့အနှစ်သာရ
ရိုင်းစိုင်းတာက အောက်တန်းကျမှုတဲ့အမေ
ဘာလို့များ ခွင့်လွှတ်သည်းခံခြင်းကိုလက်ကိုင
အမေ့ မျက်ရည်တွေကို ကျစေရသလဲအမေ
(၆)
အမေလည်စင်းပေးတဲ့ ဖြစ်စဉ်တစ်ခုလုံး
သူတို့မှ မြင်အောင်မကြည့်နိုင်ပဲ
အမေ လက်ဝင်လျှိုပေးခဲ့တဲ့ လှည့်ကွက်တွေထဲ
သူတို့မှ နားလည်နိုင်စွမ်းမရှိခဲ့ပဲ
အမေ ခေါင်းဝင်တိုက်ခဲ့တဲ့ နံရံဟာ
ဒါဏ်ရာအနာတရတွေ ဖြစ်စေခဲ့
ကျွန်တော်တို့အားလုံး ခါးရပါတယ် အမေ
ဘိုစာကို ပီပီသသကြီးပြော
နိုင်ငံတကာအလယ်မှာ ၀င့်ထည်
အမေ့အတွက်နဲ့ ကျွန်တော်တို့ဘယ်တော့မှ
ဂုဏ်မငယ်ခဲ့ဘူးအမေ
အခုတော့ အမေ့ကို ၀ိုင်းပြောလိုက်ကြပုံများ
တိုင်းပြည်ကိုမချစ်တဲ့ သားဆိုးသမီးဆိုးတွေ
မငိုပါနဲ့တော့အမေ ..
(၇)
အမေ
ဓါးတွေအလယ်မှာ ရပ်နေခဲ့တာ သိပါတယ်
ဆူးတွေအလယ်မှာ ရပ်နေခဲ့တာသိပါတယ်
တချို့က မသိချင်ယောင်ဆောင် အမေ့ကို မကယ်တောင်မှ
ဝင်တောင် ဟောင်နေလိုက်ကြသေးတယ်
ခက်တာပဲအမေ
ဒီမိုကရေစီရဖို့အတွက်
ဒီမိုကရေစီနဲ့တန်တဲ့ . . ဒီမိုကရေစီကိုနားလည်တဲ့
လူတန်းစားတစ်ရပ်ဖြစ်ဖို့လိုသတဲ့
နောက်ကျနေတာလား စောသွားတာလား
ဖြေပါဦးအမေ
ဥပဒေဆိုတဲ့ အရာမှာ
Cilvil Law ဆိုတဲ့အရာမှာ
အမေက ပါရဂူတစ်ဆူပါ
ဘာပဲပြောပြောအပြုံးမပျက်
အမုန်းမဖက်ခဲ့တဲ့အမေ
အခုတော့ ရှုံးသထက်ရှုံးနေခဲ့တာ
ရင်နာလို့မဆုံးသေးဘူးအမေ
(၈)
အမေက
ဗီလိန်ဖြစ်ခွင့်ကို ခေါင်းထိုးခံခဲ့သူ
ဘယ်သူတွေဘာပြောပြော
ကျွန်တော်တို့အားလုံးသဘောတူတယ်အ
စဉ်းစားဆင်ခြင်ဆုံးဖြတ်နိုင်စွမ
အတွေးအခေါ်နဲ့ အသိပညာပေါ်မူတည်သတဲ့
သူတို့မှ လိုက်မမှီတာ ထားခဲ့လိုက်ပါအမေ
အားကိုတင်းရင်းရှေ့ကို ဆက်
နက်သထက်နက်တဲ့ခရီးတွေအပြီးမှာ
နေရောင်ခြည်တွေလာမှာပေါ့အမေ
အနာဂါတ်ဆိုတာ မပြီပြင်တဲ့လမ်း
စမ်းတ၀ါးဝါးခရီးကို အမေလင်းစေခဲ့တာ
ကြမ်းတမ်းသောခရီးကို အမေ ရှင်းစေခဲ့တာ
လူထုတစ်ရပ်လုံးက သိကြပါတယ်အမေ
(၉)
အမေ့မျက်ရည်ကိုသုတ်
ဒီအရှုပ်ထုတ်တွေကို ထားခဲ့လိုက်ပါ
အတန်အတန်ရှင်းပြပြီးပြီပဲ
အကြိမ်ကြိမ်ရှင်းပြပြီးပြီပဲ
လုံလောက်တာထက်ပိုနေခဲ့ပြီ
ဖြစ်သင့်တာထက် ပိုနေခဲ့ပြီ
တစ်ကမ္ဘာလုံးကလူထုက
သောင်းသောင်းဖြဖြ အားပေးနေဆဲ
ဒီ ငရဲဆန်ဆန် အဖြစ်အပျက်တွေကို
မေ့လိုက်ပါတော့အမေ
အမေ့ မှာ ပျော်စရာမရှိဘူး
အမေ့မှာ ကြည်နူးစရာမရှိဘူး
ပြဿနာပေါင်း သောင်းခြောက်ထောင်ကို
ခေါင်းပေါ်တင် ပခုံးမှာထမ်း
အမေနွမ်းလျနေခဲ့ရပြီ
ပူလောင်ခြင်းကို မတွေး
အမေ့ကို ရေအေးအေးလေးတိုက်ပါရစေ
အနာဂါတ်မှာဆက်ရှိနေပေးပါ
မဝေးသော အနာဂါတ်မှာ
စိတ်ပျက်ပဲ လက်မလျော့ပဲ
(အတ္တနည်းနည်းကြီးစွာတောင်းဆိုပါ
အနာဂါတ်မှာ ဆက်ရှိနေပေးပါ အမေ . . ။
သက်တန့်ချို
Video Clip တွေ ကြည့်အပြီးမှာ ရေးသားပါသည် ။
11:04 am , 15.3.2013
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။