Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, March 18, 2013

ကမ္ဘာလှည့် ခရီးသွား လုံခြုံရေး ရဲတပ်ဖွဲ့ စတင်ဖွဲ့စည်း

 
Monday, March 18, 2013
“ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့” (Tourist Police) အမည်ဖြင့် ပြည်ပ ခရီးသွားများအား ကူညီစောင့်ရှောက်ရေး အတွက် သီးသန့်ရဲတပ်ဖွဲ့တခုကို ဖွဲ့စည်းလိုက်ကြောင်း သတင်းရသည်။
ပထမဆုံး ဖွဲ့စည်းသည့် ယင်း Tourist Police ရဲတပ်ဖွဲ့သည် ရန်ကုန်မြို့တွင် ရုံးစိုက်ပြီး ကမ္ဘာလှည့်ခရီးသွား အများစု ၀င်ထွက်သွားလာသည့် မန္တလေး၊ ပုဂံ၊ အင်းလေး၊ ညောင်ရွှေ၊ ကလော စသည့် ဒေသများတွင် ဦးစားပေး တာဝန်ယူ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
ကမ္ဘာလှည့်ခရီးသွား လုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့မှ အရာရှိတဦးက “နိုင်ငံခြားသားတွေ ခရီးသွားလာရာမှာ အခက်အခဲ တစုံတရာရှိရင် ကူညီဆောင်ရွက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့တာပါ။ အဓိကကတော့
... ပြည်ပခရီးသွားတွေ အတွက်ပါ”ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားများ ပိုမိုရောက်ရှိလာခြင်းနှင့် လာမည့် ၂၀၁၃ ခုနှစ် နေပြည်တော်၊ ရန်ကုန် စသည့်မြို့ကြီးများတွင် ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(SEA Games) များ အတွက် ကြိုတင်ဖွဲ့စည်းခြင်း ဖြစ်ကြောင်း အဆိုပါအရာရှိက ဆိုသည်။
နိုင်ငံခြားသား ခရီးသွားများနှင့် ဆက်ဆံရာတွင် အဆင်ပြေ
ချောမွေ့နိုင်ရေးအတွက် နိုင်ငံခြားဘာသာ တက္ကသိုလ်တွင်
လေ့လာသင်ယူဖူးသူ ရဲတပ်ဖွဲ့ဝင်များဖြင့် ဦးစားပေး ဖွဲ့စည်းထားပြီး၊ ဘွဲ့ရပညာတတ်များကိုသာ ခေါ်ယူ စုဆောင်းထားခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် အပြောင်းအလဲများ ပြုလုပ်လာခြင်း၊ နိုင်ငံတကာနှင့် ထိတွေ့ဆက်ဆံမှု များပြားလာခြင်းတို့ကြောင့် အာရှ၊ ဥရောပ နိုင်ငံများမှ ကမ္ဘာလှည့်ခရီးသွား တိုးတက် များပြားလျက်ရှိကြောင်း၊ ယခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသွား တသန်းခန့် လာရောက်ကြောင်း အစိုးရ ထုတ်ပြန်ချက် များအရ သိရသည်။
ကမ္ဘာလှည့် ခရီးသွားများ များပြားလာသည့်နည်းတူ မကြာသေးမီက ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန် နယ်မြေတွင် ပြည်ပ ခရီးသွားများအား လုယက်မှု ၄ မှု ဖြစ်ပွားခဲ့သည်။
ထို့ကြောင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန် နယ်မြေအတွင်း လည်ပတ်နေသည့် ကမ္ဘာလှည့်ခရီးသွားများ လုံခြုံရေးအတွက်
Tourist Police တပ်ဖွဲ့ဝင် ၃၀ ဦးကို ယနေ့ ဖြန့်ချထားကြောင်း ပုဂံရဲစခန်းမှ ပြောသည်။
ကမ္ဘာလှည့် ခရီးသွားများသည် ၄၂ ကီလိုမီတာခန့် ကျယ်ဝန်းသည့် ပုဂံမြို့ဟောင်းနှင့် မြို့သစ်ဧရိယာအတွင်း စက်ဘီးများ၊ ကားများ၊
မြင်းလှည်းများဖြင့် လှည့်လည်ကြည့်ရှု လေ့လာကြပြီး၊ ယခင်က ၎င်းတို့လုံခြုံရေးကို ဒေသခံရဲတပ်ဖွဲ့ကသာ တာဝန်ယူခဲ့သည်။
ပုဂံဒေသခံ ဦးမျိုးနိုင်က“ကမ္ဘာလှည့် ခရီးသွားတွေအပေါ်မှာ ဂိုဏ်းဖွဲ့ ကျူးလွန်တာမျိုးတော့ မရှိသေးဘူး။ အခု လောလောဆယ်တော့ ပိုက်ဆံအိတ် လုပြေးတာလောက်ပဲ ရှိသေးတယ်။ နောက်ဆို ကမ္ဘာလှည့်ခရီးသွား များလာရင် ဒုစရိုက်သမားစားကျက် ဖြစ်လာနိုင်တယ်” ဟု ဆိုသည်။
ကမ္ဘာလှည့် ခရီးသွားများအပြင် ပြည်တွင်း ခရီးသွားများလည်း အလာများသည့်အတွက် ဒေသခံများ၏ စီးပွားရေး ပိုမိုကောင်းမွန် လာကြောင်း၊ ထို့အတွက်လည်း တခြားဒေသများမှ လာရောက် လုပ်ကိုင်သူများလည်း များပြားလာသည်ဟု သိရသည်။
ပြည်ပခရီးသွား ဧည့်သည်များမှာ စက်ဘီးများဖြင့် ဘုရားများအနှံ့၊ လမ်းအနှံ့ သွားရောက်ကြရာ ၎င်းတို့၏ လုံခြုံရေးမှာ အရေးကြီးကြောင်း၊ ရာဇ၀တ်မှုများ များပြားမှု မရှိသော်လည်း ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့များ ပုဂံဒေသတွင် လာရောက် တာဝန်ယူမှုနှင့် ပတ်သက်ပြီး ကြိုဆိုကြောင်း ပုဂံဒေသရှိ မြန်မာခရီးသွားလုပ်ငန်းမှ တာဝန်ခံ ဦးတင့်ဝေက ဧရာဝတီသို့ ပြောသည်။
ပုဂံဒေသသို့ လာရောက်သည့် ကမ္ဘာလှည့်ခရီးသွား အရေအတွက်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ၃သောင်းခန့် လာရောက်သည်ဟု သိရသည်။
ရန်ပိုင်
ဧရာဝတီ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။