မုသားစကားပြောဆိုခြင်းကြောင်းစိတ်ပိုင်းနှင့်ရုပ်ပိုင်းကျန်းမာရေးကိုထိခိုက်စေပါသည်

Thet Ko Oo
မုသားစကားကင်းစင်သောစကားများသည်စိတ်ပိုင်နှင့်ရုပ်ပိုင်းကျန်းမာရေးအတွက်
အထောက်အကူဖြစ်စေကြောင်းသုတေသနရလဒ်တစ်ခုကဖော်ပြခဲ့သည်
အမေရိကန်နိုင်ငံအင်ဒီယာနားရှိနော်တာဒိမ်းတက္ကသိုလ်မှသုတေသီများသည်မုသားစကားနှင့်ကျန်းမာေ၇းတို့
ဆက်စပ်မှုရှိမရှိလေ့လာမှုတစ်ခုပြုလုပ်ခဲ့သည်၁၀ပတ်ကြာအချိန်ယူပြုလုပ်သောသုတေသနရလဒ်က
မုသားစကားပြောဆိုခြင်းသည်လူတစ်ဦးစိတ်ပိုင်းနှင့်စိတ်ပိုင်းကျန်းမာရေးကိုအနည်းနှင့်အများထိခိုက်စေတတ်ကြောင်း
ဖော်ထုတ်တွေ့ရှိခဲ့ပါသည်လူပေါင်း၁၁၀ပါဝင်သောသုတေသနာစစ်တမ်းတွင်ယင်းတို့အနက်
၆၆ရာခိုင်နှုန်းအားသုတေသနပြုလုပ်နေသောကာလအတွင်းကြီးကျယ်သောကိစ္စများနှင့်သေးငယ်သောကိစ္စများတွင်
အမျိုးမျိုးသောလိမ်ညာစကားတို့ကိုပြောကြားစေခဲ့သည်ကျန်သူများကိုမူမည်သည့်သီခြားစေခိုင်းမှုမျှမပြုလုပ်ဘဲ
သာမန်အတိုင်းသာနေထိုင်ဖြတ်သန်းစေခဲ့သည်သုတေသနစစ်တမ်းအတွက်ေ၇ွးချယ်ထားသူအားလုံးသည်
ဘွဲ့ရသူများနှင့်ပညာတတ်အသိုင်းဝိုင်းနှင့်ဆက်နွယ်သူများညဖစ်ကြသည်
သူတို့၏့ကျန်းမာရေးဆိုင်ရာအခြေအနေကိုတစ်ပတ်လျှင်တစ်ခါမှတ်တမ်းပြုစုထားပြီး၁၀ပတ်လုံးလုံးလေ့လာမှုပြုလုပ်ခဲ့ပါ
သည်ဖော်ထုပ်တွေ့ရှိသူများကိုအော်လန်ဒိုဖလော်ရီဒါတွင်ပြုလုပ်သောအမေရိကန်စိတ်ပညာအဖွဲ့ချုပ်နှစ်ပတ်လည်အစည်း
ဝေးတွင်တင်ပြခဲ့ပါသည်အလိမ်ညာစကားကိုနည်းပါးစွာပြောဆိုရသည့်အဖွဲ့တွင်လူအများသည်၅ပတ်မျှအကြာတွင်
မိမိကိုယ်ကိုယ်ရိုးသားသူဟုယူဆကာစိတ်ချမ်းမြေ့ကြသလိုပတ်ဝန်းကျင်နှင့်ထိတွေ့မှုသဟဇာတဖြစ်ခဲ့ကြောင်း
သတင်းများတွင်ဖော်ပြခဲ့သည်မုသားစကားပြောဆိုရသူများသည်လူမှုဝန်းကျင်နှင့်ထိတွေ့ရာတွင်ပြသာနာတစ်ချို့
ရှိလာသလိုစိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာထိခိုက်သက်ရောက်မှုများပေါ်ပေါက်လာကြောင်းသုတေသီများကပြောကြား
ခဲ့သည်မကြာသေးခင်ကလေ့လာတွေရှိချက်အရအမေရိကန်နိုင်ငံသားတွေဟာပျမ်းပျတစ်ပတ်ကို၁၁ကြိမ်လောက်
လိမ်ညာစကားတွေပြောတတ်ကြတယ် တကယ်တော့ရိုးသားဖြောင့်မက်မှုဟာကျန်းမာရေးအတွက်အမျန်တကယ်
အကျိုးကျေးဇူးရှိတဲ့ရလဒ်ပါဟုယခုသုတေသနာစစ်တမ်းတွင်ပါဝင်သူဒေါက်တာအန်နီတာကယ်လီကရှင်းပြခဲ့ပါသည်
နော်တာဒိမ်းတက္ကသိုလ်၏စိတ်ပညာဌာနမှဖရော်ဖတ်ဆာတစ်ဦးဖြစ်သူကယ်လီကတွေ့ရှိချက်တွေအရ
လူတိုင်းဟာကျန်းမာရေးးအတွက်နေ့စဉ်ပြောဆိုလုပ်ကိုင်နေတဲ့ပတ်ဝန်ကျင်မှာမုသားစကားကိုလျှော့ချခြင်ဟာ
အကျိုးဖြစ်ထွန်နိုင်တယ်လိုပြောကြားခဲ့ပါသည်
အလိမ်အညာနည်းပါးသူတွေဟာဖိစီးမှုပိုနည်းပါလိမ့်မယ်ဟုလည်းဆက်လက်ပြောကြားသွားပါသည်
Posted by အေးမြတ်မွန်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။