International news for myanmar
ဒီလိုပါ။ ဆေးပညာရှင်များအနေနဲ့ လူတစ်ယောက်ရဲ့  ကျန်းမာရေးကို အပေါ်ယံ စစ်ဆေးကြည့်ပြီးရင် သူဘာတွေစားတယ်ဆိုတာ ကို တော်တော် များများ ခန့်မှန်းလို့ရပါတယ်။
ဒီလိုပါပဲ။ သူစားသမျှအစားအစာကို သိရှိရင် သူ့မှာ ဖြစ်နိုင်မယ့် ကျန်းမာရေး အခြေအနေကို လွယ်လွယ်ကူကူ ခန့်မှန်းလို့ ရပါတယ်။ အကြောင်းအရင်း က အောက်ပါအတိုင်း ဖြစ်ပါတယ်။
...
လူတစ်ယောက်ဟာ ၂၈ ရက်နေရင် အသားအရေ အားလုံး အသစ်ဖြစ် ပါတယ်။ မူရင်းဆဲလ်အသေနေရာကို ဆဲလ်အသစ်များလုံးဝ အပြည့်အဝ နေရာ ယူသွားခြင်း ဖြစ်ပါတယ်။ ၅လ နေရင် အသည်း က အသစ်ဖြစ်ပါတယ်။ မိမိစားသုံး၊ ရှုရှိုက်တဲ့ အစားအသောက်နဲ့ အငွေ့အသက် အလျောက် အသဲမှာ ဆဲလ်တွေသေဆုံးပြိး ဆဲလ်အသစ်တွေ အလို အလျောက် အစားထိုးပါတယ်။ အရိုးကတော့ ၁၀ နှစ်နေရင် အသစ် ဖြစ် ပါတယ်။ အသစ်ဖြစ်တယ်ဆိုလို့ ထပ်ပေါ်လာတာ မဟုတ်ပါဘူး။ မူရင်း အရိုးမှာ ဖွဲ့စည်းပေးတဲ့ ဓာတ်သတ္တုတွေနေရာမှာ အသစ်တွေ ပြန်လည် အစားထိုးခြင်း ဖြစ်ပါတယ်။
ဒါကြောင့် အစားစားသုံးတယ်ဆိုတာ တိုက်ဆောက်တာနဲ့အတူတူပါပဲ။ မိမိစားသမျှ အမျိုးအစားအလျောက် ခန္ဓာကိုယ်က လိုအပ်တဲ့နေရာတွေမှာ သူ့အလိုအလျောက် ဖြည့်ဆည်းပေးသွားပါတယ်။ ဗီတာမင် ဓာတ် တစ်ခု ချို့ ယွင်းရင် ချို့ ယွင်းတဲ့အလျောက် လူ့ကျန်းမာရေးအပေါ် ဆိုးကျိုးဖြစ်ပေါ်စေမှု များစွာ ရှိပါတယ်။ မိမိစားသုံးသမျှဟာ မိမိသာလျှင် ဖြစ်တယ်ဆိုတာ ယင်းအချက်ကို ဆိုလိုခြင်း ဖြစ်ပါတယ်။
--
Ref: medic-facts
International news for myanmar
--
http://www.innewsmyanmar.com/

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။