Khin Maung Htway shared အသောက အသောက အသောက's photo.
မြန်မာတွေဟာ လူမျိုးရေး ခွဲခြားသူတွေ ဖြစ်တယ် ပြောကြတာ ဟုတ်တုတ်တုတ်ဘဲ။ မြန်မာက မြန်မာက...ို ပြန်ခွဲတာ ကျနော့ကိုယ်တွေ့ပါ။
MAI လေယာဉ်နဲ့ သွားတိုင်း မဟာမြန်မာများခမျာ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း မြန်မာလေယာဉ်မယ်ကလေးများက စူအောင့်အောင့် မျက်နှာသေနဲ့ နှုတ်ဆက်ပါတယ်။ ရှေ့က မျက်နှာဖြူကျတော့ သွားတွေ ဝင်းကနဲပေါ်အောင် နှုတ်ဆက်ကြပါတယ်။ တခါ မဟုတ် သုံးခါလေးခါပါ။
အဲ လေယာဉ်ပေါ်မှာ အကြွေးအမွေးအချိန်ကျရင်လဲ ကျနော်က ဝိုင်နီကလေး တောင်းသောက်လေ့ရှိပါတယ်။ တခွက်က နှစ်ခွက်ဖြစ်လာရင် စူပုတ်ပုတ်ဖြစ်လာပါပြီ။ သုံးခွက်မြောက်ဆိုရင်တော့ ကြာမယ်နော် ပြောပြီး ပေါ်မလာ ဇာတ်ကားရိုက်ပါတော့တယ်။ ကျနော်ကလဲ ဘယ်ရမလဲ ခေါင်းလောင်းတီးပြီး ခေါ်ပါတယ်။ မြန်မာလူငယ်ကလေးများခမျာ သူတို့လေယာဉ် စီးမိရင် ကုပ်ချောင်းချောင်းကို ဖြစ်သွားတာပါဘဲ။ ကျနော်တို့ ဒေါ်လာ လေးရာပေးပြီး စီးထားရင် ဒီဝိုင်က ဘယ်လောက်ကျမလဲ။ ကာလာမရွေး ဆက်ဆံရမှာပေါ့။(စကားမစပ် အာရှတခွင် နိုက်ကလပ်တွေက ကောင်မလေးတွေ အဖြူတွေနား ကပ်တာကို နားလည်တယ်။ သူတို့က ဖြုန်းဖို့လာတာလေ။ ပိုက်ဆံရမဲ့လူနား ဝိုင်းတာ နားလည်တယ်။) မူးယစ်ရမ်းကားမဲ့ အတိုင်းအတာကို တောင်းတာလဲ မဟုတ်ရပါ။
စင်ကာပူ Silk Air လိုင်းက ချိုသာလှသော လေယာဉ်မယ်ကလေးများကတော့ ဒုတိယ တခွက်မှာရင်ဖြင့် ဝိုင်ပုလင်းငယ်ကလေး လာချပေးလေ့ရှိပါတယ်။ ဒါကြောင့်လဲ အမြဲလိုလို မြန်မာလိုင်းမစီးပါဘူး။ ဟိုတနေ့ကတော့ ရက်ကပ်ပြီး လက်မှတ်မရလို့ MAI စီးလိုက်ရပါတယ်။ လေယာဉ်မောင်များ ပြေပြစ်သော်ငြား မယ်များက အရင်အတိုင်းဘဲခင်ဗျ။ကျနော်ကတော့ အချိုးမပြေရင် ဘောင်ထဲက တန်အောင်ခိုင်းပါတယ်။ စောင်ကလေးတွေ ထုတ်ပေးတော့ ဪ တိုးတက်လာသား အောက်မေ့တာ မဆင်းခင် နာရီဝက်လောက် အလို ပြန်သိမ်းပါလေရော။ ကျနော့သူငယ်ချင်း စလုံးက ဘာလို့ ပြန်သိမ်းသလဲတဲ့။ ငါတို့ လေကြောင်းလိုင်းကဆို ထားချင်ထားခဲ့ ယူချင်ယူသွားဘဲလေတဲ့။ လက်ဆောင်ဝယ်ဖို့ အချိန်မရလို့ အွန်လိုင်း ဈေးဝယ်ဖို့ မယ်တယောက်ကို မှာလိုက်တာ ရလား မရလားလဲ ပြန်မပြောဘဲ လေယာဉ်သာဆင်းသွားပါတယ်။ထားပါတော့ လေ။
ပြောချင်တာက ကျနော်တို့ လူမျိုးတွေ ပရို မဆန်သေးဘူးဗျ။ ပိုက်ဆံ အတူတူပေးတာ ချင်း အဖြူမြင်ရင်တမျိုး၊ မြန်မာအချင်းချင်းကျ မတူသလို မတန်သလို။ နိုင်ငံခြားသားမှ လူထင်တာတော့ မဟုတ်သေးဘူးဗျာ။
COPIED from NL
မြန်မာတွေဟာ လူမျိုးရေး ခွဲခြားသူတွေ ဖြစ်တယ် ပြောကြတာ ဟုတ်တုတ်တုတ်ဘဲ။ မြန်မာက မြန်မာက...ို ပြန်ခွဲတာ ကျနော့ကိုယ်တွေ့ပါ။
MAI လေယာဉ်နဲ့ သွားတိုင်း မဟာမြန်မာများခမျာ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း မြန်မာလေယာဉ်မယ်ကလေးများက စူအောင့်အောင့် မျက်နှာသေနဲ့ နှုတ်ဆက်ပါတယ်။ ရှေ့က မျက်နှာဖြူကျတော့ သွားတွေ ဝင်းကနဲပေါ်အောင် နှုတ်ဆက်ကြပါတယ်။ တခါ မဟုတ် သုံးခါလေးခါပါ။
အဲ လေယာဉ်ပေါ်မှာ အကြွေးအမွေးအချိန်ကျရင်လဲ ကျနော်က ဝိုင်နီကလေး တောင်းသောက်လေ့ရှိပါတယ်။ တခွက်က နှစ်ခွက်ဖြစ်လာရင် စူပုတ်ပုတ်ဖြစ်လာပါပြီ။ သုံးခွက်မြောက်ဆိုရင်တော့ ကြာမယ်နော် ပြောပြီး ပေါ်မလာ ဇာတ်ကားရိုက်ပါတော့တယ်။ ကျနော်ကလဲ ဘယ်ရမလဲ ခေါင်းလောင်းတီးပြီး ခေါ်ပါတယ်။ မြန်မာလူငယ်ကလေးများခမျာ သူတို့လေယာဉ် စီးမိရင် ကုပ်ချောင်းချောင်းကို ဖြစ်သွားတာပါဘဲ။ ကျနော်တို့ ဒေါ်လာ လေးရာပေးပြီး စီးထားရင် ဒီဝိုင်က ဘယ်လောက်ကျမလဲ။ ကာလာမရွေး ဆက်ဆံရမှာပေါ့။(စကားမစပ် အာရှတခွင် နိုက်ကလပ်တွေက ကောင်မလေးတွေ အဖြူတွေနား ကပ်တာကို နားလည်တယ်။ သူတို့က ဖြုန်းဖို့လာတာလေ။ ပိုက်ဆံရမဲ့လူနား ဝိုင်းတာ နားလည်တယ်။) မူးယစ်ရမ်းကားမဲ့ အတိုင်းအတာကို တောင်းတာလဲ မဟုတ်ရပါ။
စင်ကာပူ Silk Air လိုင်းက ချိုသာလှသော လေယာဉ်မယ်ကလေးများကတော့ ဒုတိယ တခွက်မှာရင်ဖြင့် ဝိုင်ပုလင်းငယ်ကလေး လာချပေးလေ့ရှိပါတယ်။ ဒါကြောင့်လဲ အမြဲလိုလို မြန်မာလိုင်းမစီးပါဘူး။ ဟိုတနေ့ကတော့ ရက်ကပ်ပြီး လက်မှတ်မရလို့ MAI စီးလိုက်ရပါတယ်။ လေယာဉ်မောင်များ ပြေပြစ်သော်ငြား မယ်များက အရင်အတိုင်းဘဲခင်ဗျ။ကျနော်ကတော့
ပြောချင်တာက ကျနော်တို့ လူမျိုးတွေ ပရို မဆန်သေးဘူးဗျ။ ပိုက်ဆံ အတူတူပေးတာ ချင်း အဖြူမြင်ရင်တမျိုး၊ မြန်မာအချင်းချင်းကျ မတူသလို မတန်သလို။ နိုင်ငံခြားသားမှ လူထင်တာတော့ မဟုတ်သေးဘူးဗျာ။
COPIED from NL
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။