Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, February 21, 2013

အနမ်းတစ်ပွင့်ရဲ့ သမိုင်းကြောင်း

စိတ်ဧ။်နား ခိုရာ shared Aye Chan Mon's photo.
အနမ်းတစ်ပွင့်ရဲ့ သမိုင်းကြောင်း

အနမ်းတစ်ပွင့်ရဲ့ သမိုင်းကြောင်း၊ လူသားတွေကို အကျိုးပြုပုံနဲ့ နားလည်ရခက်တဲ့ လျှို့ဝှက်ချက် တွေကို ပြည့်ပြည့်စုံစုံ သိချင်ရင် ဖတ်ကြည့် လိုက်ပါဦး။

မကြာသေး ခင်က ကျွန်တော့ ၀ဘ်ဆိုက် GreatSexAfter40.com ကိုလာလည်တဲ့ အမျိုးသမီး တစ်ယောက်က သူ့အမျိုးသားရဲ့ မနှစ်မြို့စရာ အကြင်နာ ပေးခြင်းက သူတို့ရဲ့ အိမ်ထောင်ရေးမှာ စိတ်ဖိစီးစရာ ဖြစ်လာတယ်လို့ ပြောလာပါတယ်။ ဒါက ပထမဆုံး အကြိမ် မဟုတ်ဘဲ မကြာခဏ ဆိုသလို စိတ်ပျက်စရာနဲ့ စိတ်မပါတဲ့ အနမ်းတွေ အကြောင်း ကျွန်တော်ကို ရင်ဖွင့်လာ နေကျပါ။ အကြင်နာ ပေးခြင်းက လိင်မှုကိစ္စမှာ မျက်စိ ရှန်းစရာ ဖြစ်နေပြီး လိင်မှုဆိုင်ရာ အပြုအမူတွေ အတွက် သိပ်အရေး မပါသလို မကြာခဏ ဖြစ်တတ် ပါတယ်။ တကယ်တော့ အကြင်နာ ပေးခြင်းက လိင်စိတ် ခံစားမှုကို ဖော်ပြရာမှာ အရေးကြီးတဲ့ အစိတ်အပိုင်း အဖြစ် ပါဝင်ပါတယ်။ Kissing ရဲ့တခြား အသုံးအနှုန်း တွေကတော့ smooching (ဖြေးညင်းစွာ ကနေစဉ် နမ်းရှုပ်ခြင်း)၊ necking (လည်တိုင် တ၀ိုက် နမ်းရှုပ်ခြင်း)၊ snogging (ကြာရှည်စွာ အနမ်း ပေးခြင်း)၊ Lip Locking (နှုတ်ခမ်းနှစ်လွှာကို ထိကပ် နမ်းရှုပ်ခြင်း)၊ bussing (archaic) သမားရိုးကျ နမ်းရှုပ်ခြင်းနဲ့ osculation တို့ဖြစ်ပါတယ်။

လိင်မှုစာပေ တွေမှာ နမ်းရှုပ်ခြင်းကို လျစ်လျူရှု ကြပြီး အကြောင်းပြချက် ကတော့ လိင်မှုရေးရာ မပါဝင်တဲ့ အကြင်နာ ပေးခြင်းတွေ ကြောင့်ပါပဲ။ ပါးပြင်ကို နမ်းရှုပ်ခြင်းနဲ့ air kissing တွေဟာ နှုတ်ခွန်းဆက် တဲ့သဘော ဖြစ်ပြီး၊ ကလေးတွေ ဒဏ်ရာ အနာတရ အနည်းငယ် ရရှိချိန်မှာ နမ်းရှုပ်ခြင်းဟာ ဒဏ်ရာကို သက်သာ စေပါတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ လက်စွပ်ကို နမ်းရှုပ်ခြင်းက ငြိမ်းချမ်းရေး အတွက် သင်္ကေတ ဖြစ်ပြီး ဘုရင့်လက်ကို နမ်းရှုပ်ခြင်းက လေးစားမှုနဲ့ သစ္စာစောင့်သိမှုကို ဖော်ညွှန်းတာပါ။ ဆုဖလားကို နမ်းရှုပ်ခြင်းက ကံကောင်းခြင်း တွေအတွက် ဖြစ်ပြီး တခြား အချက်အလက်တွေ သင်္ကေတ ပြတဲ့နေရာ မှာလည်း အနမ်းတွေကို အသုံးပြု ပါတယ်။ Judas’ kiss ကဘ၀ကြီးက တန်ဖိုး မရှိတော့ဘူး၊ Mafia’s kiss ကသေခြင်းတရား အတွက်နဲ့ “kiss my ass” ဆိုပြီး မယဉ်ကျေးတဲ့ အသုံးအနှုံးတွေ အသုံးပြု လေ့ရှိပါတယ်။ ကဗျာဆရာ Percy Bysshe Shelley ကအနမ်းဆိုတာ ချစ်သူတွေရဲ့ နှုတ်ခမ်းပေါ်က ၀ိညာဉ်နှစ်ခု တွေ့ဆုံခြင်း လို့တင်စား ပါတယ်။ နှုတ်ခမ်း လွှာချင်းသာ ထိကပ် နမ်းခြင်းက နက်နဲတဲ့ အချစ်ကို သက်သေပြတာ ဖြစ်ပြီး ပါးစပ်ဖွင့်ပြီး လျှာနဲ့ ထိတွေ့ နမ်းရှုပ်တာ ကိုတော့ အင်္ဂလိပ် အသုံးအနှုန်းမှာ French kissing ပြင်သစ်အနမ်းလို့ ခေါ်ပြန်တယ်။ ပြင်သစ်အနမ်းကို တချို့က လိင်မှုရေးရာ အတွက် အဆုံးစွန် နီးကပ် စေတယ်လို့ ထင်ကြပြီး တချို့ကလည်း အဲ့လို မယူဆ ကြပါဘူး။ fellatio နဲ့ cunnilingus စတဲ့ အသုံးအနှုန်း တွေနဲ့လည်း အနမ်းကြောင့် နီးစပ်မှု တွေကို ဖော်ညွှန်းကြပြီး လိင်အလုပ်သမ အများစု ကတော့ ဒီလိုအနမ်း တွေကို ငြင်းဆန်လေ့ ရှိကြပါတယ်။ ဒါတွေက အရမ်းစွဲ လွယ်တယ်တဲ့။

ဘီစီ၁၀၀၀ လောက်က ရှေးဟောင်း Sanskrit စာပေတွေမှာ အနမ်းကို အစောဆုံးအနေနဲ့ မှတ်တမ်းပြု ထားတာ တွေ့ရပါတယ်။ ရှေးဥရောပသား တွေကလည်း နမ်းရှုပ်ကြပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ လောက်က ဒီနေ့ခေတ် လောက်တော့ နမ်းတာဟာ ခေတ်မစား သေးဘူးလို့ ဂရိ စာပေတွေက ပြောပါတယ်။ ဥရောပသားတွေ အစပြုလိုက်တဲ့ အကြင်နာ ယဉ်ကျေးမှုက Australia၊ Tahiti နဲ့ Africa နေရာ တော်တော်များများမှာ ပျံ့နှံ့နေပါပြီ။ အာရှရဲ့ အချို့နိုင်ငံတွေ မှာတော့ ချစ်သူတွေဟာ ဆိတ်ကွယ်ရာမှာ အကြင်နာ ပေးတတ်ကြပြီး လူပုံလည်မှာ အကြင်နာ ပေးတာကိုတော့ ရိုင်းတယ်လို့ သူတို့ ထင်ကြပါတယ်။

အနမ်းဆိုတာ လျှို့ဝှက်ချက် တစ်ခုပါ။ အနမ်းတွေ အကြောင်းတွေ လူတွေအပြင် နောက်ထပ် မျိုးစိတ်နှစ်ခု ကလည်း သိကြပါသေးတယ်။ chimpanzees နဲ့ bonobos မျောက်မျိုးစိတ် တွေဟာ အချင်းချင်း အမှီသဟဲ ပြုမှုနဲ့ အုပ်စုလိုက် စိတ်ဖိစီးမှုတွေကို လျှော့ချဖို့ နမ်းကြပါတယ်။ လူတွေနဲ့ bonobos မျောက်တွေကတော့ လိင်ဆက်ဆံချိန်မှာ နက်နက်ရှိုင်းရှိုင်း နမ်းရှုပ်တတ် ကြပါတယ်။ ဘာကြောင့် နမ်းကြသလဲ။ သိပ်တော့ ကွဲကွဲပြားပြား မသိရပေမယ့် သိပ္ပံပညာရှင် တွေကတော့ နို့တိုက် သတ္တ၀ါငယ်တွေ နို့စို့တာက အစပြုတယ်လို့ ကောက်ချက် ချပါတယ်။ လူ့နှုတ်ခမ်းမှာ အာရုံခံ နာ့ဗ်ကြောတွေ ကြွယ်ဝပြီး နှုတ်ခမ်းက ဦးနှောက်ကို အံ့အားသင့်ဖွယ် လှုံ့ဆော်မှု ပေးနိုင်ပါတယ်။ နို့တိုက် သတ္တ၀ါတိုင်း နို့စို့ကြပေမယ့် သူတို့ထဲက မျိုးစိတ် အနည်းငယ်ကပဲ နမ်းရှုပ် ကြတာပါ။ ရင်သွေးကို အစာဝါး ကျွေးခြင်းက အနမ်းကို အစပျိုး စေတယ်လို့ တချို့က ယူဆပေမယ့် နို့တိုက်သတ္တ၀ါ အများစုက နမ်းတာထက် အစာကျွေးတာ ပိုများပါတယ်။ တခြား သီအိုရီ တစ်ခုမှာတော့ အနမ်းက တစ်စုံတစ်ယောက်ကို မိမိနှာခေါင်းနဲ့ ပိုနီးစပ် စေတာမို့ ဆွဲဆောင်တဲ့ ရနံ့တွေကို အာရုံခံနိုင်ဖို့ နမ်းတာလို့ ဖော်ပြပြီး တခြားတစ်ဖက် မှာလည်း အာရုံခံမှုပဲ လုပ်ပြီး မနမ်းတဲ့ မျိုးစိတ်တွေ များတယ်လို့ ဆိုပြန်ပါတယ်။

နမ်းရှုပ်ခြင်းက ခံစားမှု ဟော်မုန်းတွေ ဖြစ်တဲ့ dopamine၊ serotonin နဲ့ endorphins တွေကို ပိုထွက် စေပါတယ်။ dopamine ကလိင်စိတ်ကြွစေပြီး serotonin နဲ့ endorphins ကတော့ အေးချမ်းပြီး အလိုပြည့်တဲ့ စိတ်ခံစားမှု ပေးစွမ်း နိုင်ပါတယ်။ နောက်ပြီး လူအချင်းချင်း ဆက်နွယ်စေတဲ့ သွေးထဲက oxytocin ပမာဏ မြင့်တက်စေပြီး စိတ်ဖိစီးမှု ဖြစ်စေတဲ့ cortisol ကိုကျစေပါတယ်။ ဒါကြောင့် စိုးရိမ်သောက နည်းစေပြီး သွေးပေါင်ကျဖို့ များများ နမ်းပါ။ :P အနမ်းကို ချစ်သူချင်း ဓာတ်တည့်၊ မတည့် စမ်းတဲ့နေရာမှာလည်း သုံးတတ်ကြ ပါသေးတယ်။ အမျိုးသား ၅၉% နဲ့ အမျိုးသမီး ၆၆% ကသူတို့ ချစ်သူတွေရဲ့ အချိုးမပြေတဲ့ အနမ်းတွေကြောင့် လမ်းခွဲကြတယ်လို့ စစ်တမ်း တစ်ရပ်မှာ ဖော်ပြ ထားပါတယ်။ သိပ်မသေချာပေမယ့် အမျိုးသားတွေက အမျိုးသမီးတွေကို လျှာချင်း ထိတွေ့နမ်းဖို့ အစပျိုးတယ်လို့ လေ့လာချက်တစ်ရပ်က ပြောပါတယ်။ လူတွေရဲ့ တံတွေးမှာ လိင်စိတ် ဖြစ်စေတဲ့ testosterone ဟော်မုန်း အနည်းငယ် ပါဝင်ပြီး အမျိုးသားတွေက အမှတ်တမဲ့ သူတို့တံတွေးကို အမျိုးသမီးတွေရဲ့ ပါးစပ်ထဲ ရောက်စေပြီး လိင်စိတ် မြင့်တက် လာအောင် ဆွဲဆောင်တယ်လို့ ဆိုပါတယ်။ တခြားတစ်ဖက် မှာလည်း နမ်းပြီးတိုင်း လိင်မဆက်ဆံ ကြပြန်ပါဘူး။

ပထမ ကမ္ဘာစစ် ဖြစ်ချိန် အထိ ဒီလိုနမ်းတာကို အင်္ဂလိပ်တွေက ပြင်သစ်အနမ်းလို့ မခေါ်ကြ သေးပါဘူး။ အင်္ဂလိပ်နဲ့ အမေရိကန် စစ်သားတွေက ပြင်သစ်မှာ တိုက်ပွဲ ၀င်ချိန်ကျမှ သူတို့ ဒီလိုအနမ်းမျိုး မြင်ဖူးကြ တာပါ။ ပြင်သစ်သား တွေကတော့ ပြင်သစ်အနမ်းလို့ မခေါ်ဘဲ ချစ်သူ့အနမ်း baiser amoureux လို့ခေါ်ပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် လိင်စိတ် ကြွစေဖို့ နမ်းတာ ခံယူလိုပြီး အစ၊ အလည်၊ အဆုံးအနမ်းနဲ့ ခရီးဆက် ချင်တာပါ။ သိပ်အံ့သြ ဖို့တော့ မရှိပါဘူး။

ကျွန်တော့ဆီ ဒီကိစ္စနဲ့ လာပြီး ရင်ဖွင့်သူတွေက အမျိုးသမီးတွေ ချည်းပါပဲ။ အနမ်းတွေက ကိုယ်နဲ့စိတ်ကို လန်းဆန်းစေပြီး လတ်လတ် ဆတ်ဆတ် လေကို ရှုရတဲ့၊ လိပ်ပြာလေးတွေ ပျံသွား သလိုမျိုး ခံစားမှု ပေးနိုင်ပါတယ်။ အသက်ကယ်ဆေး၊ ရှုဆေးနဲ့ သွားတိုက်တံ၊ သွားတိုက်ဆေး ရောင်းသူတွေတော့ ဒုက္ခပါပဲ။ အကောင်းဆုံး ဘယ်လို နမ်းသင့် သလဲဆိုတဲ့ စစ်တမ်းမှာ အနည်းစုက ခံတွင်း သန့်ရှင်းရေးက အဓိကကျတယ် ပြောပေမယ့် အများစု ကတော့ နူးညံ့ပြီး စိုစွတ်တဲ့လျှာ၊ အသက်ရှုသံ ပြင်းပြင်း၊ ညှင်သာတဲ့ အထိအတွေ့နဲ့ စိတ်ရောကိုယ်ပါ နမ်းရှုပ်တာကို နှစ်သက် ကြပါတယ်။ အကောင်းဆုံး အနမ်းဆိုတာ တကယ်တော့ နှုတ်ခမ်းသား ပိတ်လျက် နမ်းတာက တင်ပြီး တဖြည်းဖြည်း အရှိန်တက်လာ၊ နောက်ဆုံးမှာ ပြင်သစ် အနမ်း ဖြစ်သွား တာပါပဲ။

News & Photo From:http://www.mymclub.net
News Link >>http://bit.ly/12UZEhp
အေးချမ်းမွန်
အနမ်းတစ်ပွင့်ရဲ့ သမိုင်းကြောင်း၊ လူသားတွေကို အကျိုးပြုပုံနဲ့ နားလည်ရခက်တဲ့ လျှို့ဝှက်ချက် တွေကို ပြည့်ပြည့်စုံစုံ သိချင်ရင် ဖတ်...ကြည့် လိုက်ပါဦး။

News & Photo From:http://www.mymclub.net/
News Link >>http://bit.ly/12UZEhp
အေးချမ်းမွန်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။