Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, December 11, 2012

မိုးထဲ လေထဲက ငါးနီတူ တစ်ကောင်

By Mar Ga Luelin on Tuesday, December 11, 2012 at 5:44am


(၁)
ဒီနှစ် မိုးကောင်းသည် ။ အချိန်ပြည့်နီးပါး မိုးရွာနေတတ်သည် ။ အမှန်အတိုင်းပြောရလျှင် မိုးရာသီတွင်မွေးသော ကိုဖိုးလ မိုးရာသီကိုမကြိုက် ။
မိုးရာသီ သည် ကိုဖိုးလတို့လို ကုန်ထမ်းအလုပ်သမားတွေနှင့် မသင့်တော် ။ သူတို့ ကုန်ထမ်းအလုပ် သမားတွေဘ၀ကလည်း ဆိပ်ကမ်းကို မှီခိုနေရသည့်ဘ၀ ၊ သင်္ဘောဝင်ချိန်ထွက်ချိန်နှင့် အချိန်ကိုက်ပြီး လုပ်ရသည့်ဘ၀ ။
မိုးရွာပြီဆိုလျှင် အလုပ်သမားခေါင်းကိုအောင်ရွှေကြီးက အလုပ်မြန်မြန်ပြီးရန် ပွက်တတ်သည် ။ ကိုအောင်ရွှေကြီးဆူတာ ပွက်တာကလည်း သဘာဝကျသည် ၊ မတော်လို့ ကုန်အိတ်တွေ ရေစိုသွားလျှင် သူတို့ အထမ်းသမားအဖွဲ့နှင့် ကုန်သည်တွေ ပြသနာတက်မည်မဟုတ်လား ။

အခုတလော အလုပ်ကလည်း အရင်ကလိုမကောင်း ။ သူတို့ဆိပ်ကမ်းကိုဝင်ထွက်နေကြသင်္ဘောတော်တော်များများမှာလည်း အသေးစားပြင်ဆင်မူ့တွေ လုပ်နေရသည်ဟု ဆို၏ ။ သူတို့ဆိပ်ကမ်းကုန်ထမ်းသမားအဖွဲ့မှာလည်း လူသစ်တွေတိုးလာနေသည် ။သို့သော် ကိုဖိုးလသူတို့ကို မငြိုငြင်စိတ်မကွက် ။ သမုဒ္ဒရာ ၀မ်းတစ်ထွာပင် ။

" ဟေ့ . . . ဖိုးလကြီး ၊ မင်းနှယ့် မှိုင်နေလိုက်တာကွာ ၊ မင်းမိန်းမ မိနွယ် လင်ငယ်နောက်လိုက်သွားလို့လား ၊ ငါ့ကို ကုန်ထုတ်လာပင့်ပေးဦးဟ "
ဘ၀တူ ကုန်ထမ်းသမား သာထူး၏ အသံကြားမှ ပြန်သတိဝင်လာသည် ။ အင်း ၊ ငါးနာရီတောင်ထိုးပေါ့ ၊ သင်္ဘောလည်းထွက်တော့မည် ။
နေ့တွက်ခ ရှင်းပြီးလျှင် မိနွယ်နှင့် ကလေးနှစ်ယောက်ဆီပြန်ရဦးမည် ။ ကိုဖိုးလရေ ဒီနေ့အိမ်ဌားခပေးရဦးမယ် ဟုဆိုတော့ မိနွယ်မနက်ကပြောခဲ့သော စကားကို ပြန်ကြားယောင်မိသည် ။ကိုဖိုးလ သူ့ခြေထောက်ကို သူပြန်ငုံ့ကြည့်မိသည် ။ ဖိနပ်မစီးထားသော သူ့ခြေထောက်ညိုညစ်ညစ် သည် တုံ့ဆိုင်းဆိုင်း ။

(၂)
" ငါးနီတူ သောက်ဆမ်းလေး စားချင်လိုက်တာကွာ " ။ ကိုဖိုးလ ၏ လေးတွဲတွဲ အသံကို ကြားတော့ သူ့မိန်းမ မိနွယ်က ဟင်းထည့်နေရာမှ မျက်လုံးလှန်ကြည့်သည် ။ " တကတည်းတော် . . . ခဏနေရင် ဒေါ်ရင်ကြီးလာတော့မယ် ၊ အိမ်ဌားခမပေးနိုင်လို့ ဘယ်လိုတောင်းပန်ရ
မလဲ မစဉ်းစားဘူး ၊ အူမ အလှဆင်ချင်နေသေးတယ် " မိနွယ်က ငေါ့သည် ။ " ဟ. . . ငါလည်းကြိုးစားတာပဲကွာ ၊ သူများတွေလို အရက်သောက်တာလည်းမဟုတ် ၊ ဖဲရိုက်တာလည်းမဟုတ် ၊ သင်္ဘောမ၀င်တော့အလုပ်မကောင်းတာ ဘယ်တတ်နိုင်လဲ " အိမ်ရှေ့ကွပ်ပြစ်လေးပေါ်တွင် စာကျက်နေကြသော သားကြီးနှင့်သမီးငယ်က သူတို့မိဘနှစ်ပါးလေသံကျယ်လာတော့လှည့်ကြည့်သည် ။ " နင့်ဟာနင် အရက်သောက်သောက် မသောက်သောက် ငါမသိဘူးဖိုးလရဲ့ ၊ သူများတွေလို ဆိပ်ကမ်းဆီ ပေပါတွေမှာ ၊ ဆီလေးဘာလေးခိုးပါဆိုတော့လည်း မခိုးရဲ မခိုးတတ် ၊ ငါ့သောက်ရှက်တွေလည်းကွဲလှပြီ ၊ လမ်းထိပ်က ဆိုင်မှာ ဆန်ဖိုးတွေမပေးနိုင်လို့ ဖြတ်သွားတိုင်းအတောင်းခံနေရတာလည်းကြာပြီဟဲ့ သိရဲ့လား " ။ " ဟာ . . . ဒီကောင်မ တော်စမ်းကွာ ၊ မင်းသောက်သံဗြဲကြီးနဲ့ အော်မနေနဲ့ . . . ၀ုန်း . . . ဂွမ်း " ထမင်းဟင်းပုဂံများ ပြုတ်ကျသံနှင့်အတူ သမီးငယ်၏ ငိုသံပါထွက်လာသည် ။ " ၀ါး . . . ရန်မဖြစ်ကြပါနဲ့ ဖေကြီးနဲ့မေကြီရယ် . . . အင့်. . . အိမ်ရှင်ကြီးကြီးရင် လာပီ " ၊ ခတ္တတိတ်ဆိတ်သွား ။

" အောင်မလေးဟဲ့ ၊ အောင်မလေး ၊ အိမ်ဌားခ သုံးလေးလ မပေးတဲ့အပြင် ငါ့အိမ်ပေါ်မှာဝုန်းဒိုင်းကျဲပြီး ရန်ဖြစ်နေကြပါလား ၊ ဟဲ့မိနွယ် ဟဲ့ဖိုးဝ ၊ ဘယ်မှာလဲ အိမ်ဌားခ ၊ မပေးနိုင်ရင် အခုချက်ချင်းဆင်း ၊ အခုဆင်း " ဒေါ်ရင်ကြီး ၏ အသံက သူတို့အိမ်တခုလုံးကိုဖုံးလွမ်းသွားသည် ။ ကိုဖိုးလ ဘာမှပြန်မပြော ၊ ဒူးပေါ်လက်တင်က အံကြိတ်ထားသည် ။ မိနွယ် သည် မျက်ရည်စများဖြင့် နီမြန်းသောမျက်နှာကို
တင်းကာ အထပ်အပိုးတချို့နှင့်ကလေးနှစ်ယောက်လက်ကိုဆွဲကာ အိမ်ပေါ်မှဆင်းသွားသည် ။ အိမ်ရှေ့မှအော်နေသော ဒေါ်ကြီးရင်၏ အသံနောက်ကို မိုးကလိုက်လာသည် ။ ဖွဲဖွဲ သည်းသည်း ။

(၃)
ဆိပ်ကမ်းမှ ပန်းခြံလေးတွင် သစ်သားဖြင့်မိုး ၊ သစ်သားဖြင့်ရိုက်ထားသော ခုံဝိုင်းလေးများရှိသည် ။ ထိုနေရာသည်ကိုဖိုးလတို့ ကုန်ထမ်းများအတွက် ဘုံဗိမာန်ဆိုလျှင်မမှား ၊ သင်္ဘောမလာခင် သည်နေရာမှ စောင့်ရသလို ၊ နေ့လည်တရေးတမောအိပ်ရန် ၊ နားနေရရန် ၊ ကျားကွက်ကစားရန် ၊ ထမင်းစားရန် သုံးကြသည် ။

" ဖိုးလကြီး ၊ ကိုအောင်ရွှေကြီး နေ့တွက်ခတွေထုတ်ပေးနေပြီ ၊ သွားယူလိုက်ဦး " သာထူး၏ အသံကြားသော်လည်း ကိုဖိုးလမလှုပ် ။
သာထူးသက်ပြင်းချကာ ကိုဖိုးလဘေးတွင် ၀င်ထိုင်သည် ။

" အေး . . . မင်းနဲ့မိနွယ်အကြောင်းတွေကို ငါတို့ကြားပြီးပြီ ၊ မိနွယ် သူ့မိဘတွေရှိတဲ့ရွာကို ပြန်သွာတယ်ဆို ၊ အိမ်ကိုလည်းဒေါ်ရင်ကြီးက အိမ်ဌားထပ်တင်မယ်ပြောတယ် ။ မင်း မနေ့က ဒီပန်းခြံမှာအိပ်တယ်မလား ၊ မိုးမလုံ ဘာမလုံနဲ့ကွာ ၊ ညနေကျရင် ငါ့အိမ်မှာ စောင်နဲ့ တလာပါတ် လိုက်ယူလှည့် ၊ ဟုတ်ပြီလား ၊ အဲ့လောက်စိတ်ညစ်နေရင်လည်း ညကျရင် ငါနဲ့မကြင်ရှိန် အရက်ဆိုင်ကိုလိုက်ခဲ့ "
ကိုဖိုးလဘာမှပြန်မပြော ။ ညရောက်သောအခါ ကိုဖိုးလ တစ်သက်တာတွင် ပထမဆုံးအကြိမ် အရက်မူးသည် ။

မိုးကုန်ပြီ ။ ကိုဖိုးလ လည်းအရက်ကိုကောင်းကောင်းသောက်တတ်ပြီ ။ မိနွယ်နှင့်ကလေးနှစ်ယောက်ကို မကြာခဏသတိရတတ်သော်လည်း လတ်တလော ကိုဖိုးလသိသည်မှာ ၊ ကုန်ထမ်းမည် ၊ အရက်သောက် မည် ။ အချိန်ခဏရလျှင် အရက်ဆိုင်ကိုပြေး၍ သောက်သည် ။ ညဆိုလျှင်ကိုဖိုးလ အလုပ်မလုပ်တော့ ၊ မူးနေပြီ ။ ထမင်းလည်းစားချင်မှစားသည် ၊ မစားချင်လျှင်မစား ။ လက်ဦးဆရာကို သာထူးလည်းလက်
လျှော့လိုက်ရပြီဖြစ်သည် ။ တနေ့ ကုန်ထမ်းရင်း ဆိပ်ကမ်းနှင့်သင်္ဘောကို ထိုးထားသော ကုန်းဘောင် သစ်သားတံတားပေါ်မှာ ကုန်အိတ်ရော လူပါပြုတ်ကျသည် ။ လူက ရေးကူးပြီးပြန်တက်နိုင်သော်လည်း ၊ ကုန်အိတ်ကား မြုပ်သွားပြီ ။ အလုပ်သမားခေါင်းကိုအောင်ရွှေကဆူသည် ၊ ပွက်သည် ။ ကိုဖိုး တခွန်းမှ ပြန်မပြောပဲ ကုန်ထမ်းနေရာမှ အရက်ဆိုင်ရောက်သွားသည် ။ ကိုအောင်ရွှေသည် ခေါင်းကိုခါယိမ်း
ကာ ကိုဖိုးလ ကိုအလုပ်သမားအဖွဲ့မှ ထုတ်ပယ်လိုက်သည် ။ မိုးရာသီမှ ဆောင်း ၊ ဆောင်းရာသီမှ နွေ ။ နွေရာသီမှ . . . ။

(၄)
မိုးဦးတပါတ်လည်ကာ ရာသီစက်ဝန်းအသစ်စပြီ ။ ပန်းခြံမှ အမိုးမလုံအကာမလုံသောခုံလေးတွင်နေသည့် ကိုဖိုးလ ၊ နေ့စဉ်ရက်ဆက် အရက်သောက်သော ကိုဖိုးလ ခြေလက်များဖေါရောင်နေသည် ။ ကိုဖိုးလ၏ မျက်နှာလည်း ဖောင်းကားဝါထိန်နေသည် ။ အလုပ်ပြုတ်ခါစက အရက်သောက်လိုဇောဖြင့် မိတ်ဆွေ သူငယ်ချင်းများထံမှ ပိုက်ဆံလိုက်တောင်းသည် ။ ဘ၀တူသူငယ်ချင်းများက စာနာစိတ် ၊သနားစိတ်များ ဖြင့် တရာစ နှစ်ရာစ ပေးကြသည် ။ ရက်မှ လချီလာသောအခါ သူငယ်ချင်းများက ရှောင်ဖယ်လာကြသည် ။ ကိုသာထူးတစ်ယောက်သာ တနေ့နှစ်ရာ ထမင်းဖိုးပေးတော့သည် ။ ထိုပိုက်ဆံကိုပင် အရက်သောက် ပစ်သည် ၊ မလောက်ဌလျှင် ၊ မကြင်ရှိန် အရက်ဆိုင်တွင် စားပွဲဝင်ထိုးသည် ၊ ပုဂံဝင်ဆေးသည် ။ အခုတလော ကိုဖိုးလ၏ ကျန်းမာရေးမကောင်း ၊ အ၀တ်အစားများလည်း ချွေးနံ့ ၊ အရက်နံ့
သေးနံ့များ နံဟောင်နေသည် ။ မိတ်ဆွေရင်း ကိုသာထူးပင်အနားကိုကြာကြာမကပ်နိုင် ။ တစတစ မိုးနှောင်းသို့ရောက်ရှိ ။

ကိုဖိုးလဘေးတွင် ကုန်ထမ်းသမားများဝိုင်းနေသည် ။ ကိုဖိုးလ အသက်ပြင်းစွာ ရှုနေရသည် ။ သူ၏ ရင်ဘတ်ရိုး များသည် နှိမ့်လိုက် မြင့်လိုက် ။
မျက်လုံးများလည်း မပွင့်တပွင့် ။ ကိုသာထူး နှင့် အလုပ်သမားခေါင်းကိုအောင်ရွှေကြီးလည်း မျက်ရည်တစမ်းစမ်း ။ အင့်ခနဲ ရှိုက်သံနှင့် အတူ ကိုဖိုးလ မျက်လုံးများပွင့်လာသည် ။ " ဖိုးလကြီး မင်း. . . မင်း ဘာစားချင်တုန်း ၊ ဘာပြောချင်တုန်းကွာ ၊ ငါ့ကောင်ကြီး " ကိုသာထူးသည်
ကိုဖိုးလကိုပွေ့ပြီး မချိတင်ကဲ အသံဖြင့်မေးသည် ။ ကိုအောင်ရွှေသည် မျက်နှာကို ဟိုဘက်လွဲကာ မျက်ရည်သုတ်သည် ။ ကိုဖိုးလ၏ နုတ်ခမ်းများ တရွရွလှုပ်လာသည် ။

" အရက်သောက်ချင်. . . တယ် ၊ ငါး ငါးနီတူသောက်ဆမ်းလေး မိနွယ်မိနွယ် ၊ သား နဲ့သမီး ×××× " မသဲမကွဲပြောသံအဆုံးတွင် ကိုဖိုးလ ဇက်ကျိုးကျသွားသည် ။ ဖြစ်မှဖြစ်ရလေ ဖိုးလကြီးရာ ဟူသော ကုန်ထမ်းအလုပ်သမားများ၏ ရေရွတ်သံအဆုံးတွင် မိုးများသည်းသည်းမည်းမည်းကျလာပြန်သည် ။ သည်းသည်း မည်းမည်း ။

မာဃသစ္စာ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။