Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, December 11, 2012

စိတ်




စိတ်ဆိုတာ တည်တည်ငြိမ်ငြိမ် နေတတ်တာ နည်းပါတယ်။ ဗုဒ္ဓကတော့ စိတ်၏သဘောသဘာဝတွေကို နာယူသူ စရိုက်အနေထားကြည့်ပြီး နည်းစုံအောင် ဟောသွားခဲ့တယ်။ အငြိမ်မနေတတ်လို့
မျောက်နဲ့လဲတူတယ်။ ပျာယာခတ် အိနြေ္ဒမရလွန်းလို့ ကျားလိုက်ခံရတဲ့ သမင်လိုပဲ။ အဝေးဆုံးက အာရုံကို ဖမ်းယူနိုင်စွမ်းရှိလို့ အပြေးမြန်တဲ့ မြင်းလိုပဲတဲ့။ မကောင်းဘူးဆိုတာ
သိပေမဲ့ တားမရလွန်းလို့ လိုက်လျှောရတာ များတယ်။ စိတ်နောက် ကိုယ်ပါရလို့ မကောင်းမှု့မှာပဲ ပျော်မွေ့တတ်တယ်။

စိတ်ဟာ ညစ်နွမ်းတဲ့ ကိလေသာနဲ့ ပေါင်းသင်းမိရင် သောက ရောက်ရတယ်။ ပူရတယ်။ စိုးရိမ်ရတယ်။ ကိုယ့်အတွက် ခွန်အားမဖြစ်ဘူးဆိုတာ သိနေပေမဲ့ တွေးနေမိတတ်တယ်။ ပူနေမိ ၀မ်းနည်းနေမိတတ်တယ်။ ကိုယ့်အတွက် အကျိုးမရှိဘူးဆိုတာ သိပေမဲ့ လက်ခံနေမိတတ်တယ်။ ညစ်နွမ်းတဲ့ အပူအတွေးသံသရာမှာ ရုန်းမထွက်နိုင်ပဲ မျောနေမိတတ်တယ်။ တခါတလေ ချစ်လို့ပဲဖြစ်ဖြစ် မုန်းလို့ပဲဖြစ်ဖြစ် စိတ်ထဲမှာ ကိုယ့်အလုပ်ထက် အရေးပေး နေရာပေးနေရတတ်တယ်။ အိပ်ရာပေါ် လှဲနေရပေမဲ့ အိပ်မရပဲ ညဉ့်တာရှည်ရတတ်တယ်။ သဘောထားမမှန်တဲ့စိတ်ဟာ အလုပ်ကိစ္စကို အနှောင့်အယှက်ပေးတတ်တယ်။

စိတ်မတည်ငြိမ်လို့ ရုပ်လဲ မတည်ငြိမ်ဘူး။ စိတ်လှုပ် ရုပ်လှုပ်တဲ့ သူဟာ ဆောက်တည်ရာမဲ့လာတတ်တယ်။ အဖြေမတွေ့ရင် အစားပျက် အအိပ်ပျက် ဖြစ်တတ်တယ်။ တန်ဘိုးကြီးတဲ့ ကျန်းမာခြင်း ဆုလာဒ်တွေ ဆုံးရှုံးတတ်တယ်။ ကိုယ်မလိုချင်ပဲ နေရာယူနေတဲ့ ကိုယ့်သန္တာန်က မကောင်းတဲ့ အတွေးတွေကို ဘယ်လိုဖြေဖျောက်မလဲ။ ဖြေရှင်းမလဲ။ မြတ်ဗုဒ္ဓညွန်ပြပေးထားတဲ့ နည်းလမ်း ငါးခုရှိတယ်။

(၁) အာရုံပြောင်းပြီးတော့ ဖြေရှင်းပါ။ ဖျောက်ဖျက်ပါ။
(၂) အပြစ်ကို ဆင်ခြင်သုံးသပ်ပြီးတော့ ဖြေရှင်းပါ။ ဖျောက်ဖျက်ပါ။
(၃) မေ့ပစ်ခြင်းဖြင့် ဖြေရှင်းပါ။ ဖျောက်ဖျက်ပါ။
(၄) ဇစ်မြစ် အရင်းအမြစ်ကို ရှာဖွေပြီးတော့ ဖြေရှင်းပါ။ ဖျောက်ဖျက်ပါ။
(၅) နောက်ဆုံး စိတ်ကို စိတ်နဲ့ဖိညှစ်ပြီး မရရအောင် ကြိုးစားကာ ဖြေရှင်းပါ။ ဖျောက်ဖျက်ပါ။

ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသကလဲ ဒါကို အထူးဟောကြားဘူးပါတယ်။ စိတ်ဆိုတဲ့ အရာက နမ်တရားဖြစ်တော့ သိမ်မွေ့တယ်။ နုညံ့တယ်။ ကိုင်တွယ်ရတာ ခက်တယ်။ နုညံ့လေလေ ကိုင်တွယ်ရတာ ခက်လေလေပဲ။ နည်းလေးတွေသိပြီးတော့ ကိုယ့်ကိုယ်ဒုက္ခမဖြစ်အောင် နေထိုင်သင့်တယ်။ သတိထား ဉာဏ်အားလေးနဲ့ အေးချမ်းအောင် ပျော်ရွှင်အောင် နေသင့်တယ်။

စိတ်ထောင်းကိုယ်ကြေ စိတ်ပျိုကိုယ်နုမို့ သတိထား ရမယ်။ ကောင်းတဲ့ကံ ကောင်းတဲ့စိတ် ကောင်းတဲ့ဥတု ကောင်းတဲ့အဟာရ မျှမျှတတ ဖြစ်အောင် ဖတ်တီးယူရမယ်။ ဒါမှ စိတ်ကော ရုပ်ကော မပျက်စီးသင့်တာ မပျက်စီးပဲ ဘ၀မှာ သက်တန်းစေ့ နေပြီး တန်ဘိုးရှိတဲ့ အလုပ်တွေ များများလုပ်နိုင်မှာဖြစ်တယ်။

မကောင်းတဲ့ စိတ်နေစိတ်ထားတွေ လက်မခံမိပါစေပဲ ပျော်ရွှင်ချမ်းမြေ့တဲ့ ဘ၀လေးတွေ ပိုင်ဆိုင်နိုင် ကြပါစေ၊ စိတ်မှာ စွမ်းအားတွေ ခွန်အားတွေရှိလို့ ကောင်းတဲ့ စွမ်းအားတွေ ခွန်းအားတွေ ကိုယ့်ဘ၀မြင့်သထက်မြင့်အောင် ဖန်တီးရယူနိုင်ကြပါစေလို့ မျှဝေလိုက်ပါတယ်။
အတွေးအမြင်
မှ - (bawazatkhon.blogspot.com)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။