“ဧရာဝတီ”
အိုဘယ့် ဧရာဝတီ အို ဧရာဝတီ
သင်ဟာ မြစ်များစွာ အနက်မှ မြစ်တစ်စင်း၊
သင်ဟာ ငါတို့ ပြည်မြန်မာရဲ့ ထာဝရစီးဆင်း မြစ်မင်း ဧရာ။
...
(၁)
မြွေနှယ်ရစ်ခွေကာ ဟိမ၀န္တာအတွင်း သဏ္ဍာန်
သံစဉ်လှိုင်းများ
မြည်ဟီးနိုးထကာ ချိုင့်ဝှမ်းတို့ကြားမှာ
ညင်သာ ခုန်ပေါက် ကျော်လွှား
အိုဘယ့် ဟိမ၀န္တာရဲ့ ချစ်သမီးကညာ ဘယ်လို
အနုအလှ သံစဉ်တို့နဲ့
ဖြည်းဖြည်း လှမ်းကြွ ထလို့သာ အကအလှတို့နဲ့
ပြုံးလျက်ရှိနေတာ
ဖခင် တောင်စဉ် တောင်တန်းရဲ့ စိတ်အစဉ်ကို ခနမစဲ
ပျော်ရွှင်စေတာ
အိုဘယ့် အို ဧရာဝတီ
သင်ဟာ မြစ်များစွာအနက်မှ မြစ်တစ်စင်း
သင်ဟာ ငါတို့ ပြည်မြန်မာရဲ့ ထာဝရစီးဆင်း
မြစ်မင်းဧရာ။
(၂)
ပြည်မြန်မာရဲ့ ရင်ခွင်ထက် ဘယ်သူများ
မခို့တရို့ဟန်နဲ့ စီးမျောနေပါလိမ့်
ဘယ်သူက အလှပိုပါသလဲကွယ်၊ မခို့တရို့
ပြုံးလို့သာ နေတော့တယ်။
ဖြည်းဖြည်းညင်သာ လှမ်းလို့သာ ရှက်သွေးယှက်ဖြာ
ရာဇ၀င်တွင် သတို့သမီးလေလား
ထိမ်းသိမ်းပါ့ သင့်ပိုးပုဝါဖြူ ဘယ်ကိုမှ
လျှောကျမသွားအောင်သာ။
မျိုးဂုဏ်ထိမ်းရင်းနဲ့ ပျိုမြစ်နုနယ်
အလှဂုဏ်ကြွယ်လေသူ လုံမငယ်။
အိုဘယ့် အို ဧရာဝတီ
သင်ဟာ မြစ်များစွာအနက်မှ မြစ်တစ်စင်း
သင်ဟာ ငါတို့ ပြည်မြန်မာရဲ့ ထာဝရစီးဆင်း
မြစ်မင်းဧရာ။
(၃)
မြစ်ကြီးနား ဗန်းမော်မှာ လှပျိုဖြူ
ဂျိန်းဖောမယ်လေးများ။
ရတနာပုံ မန္တလေးရဲ့ စီးပွားဥစ္စာ ဖြိုးဝေ ပေါကြွယ်သား။
ပုဂံပြည်နဲ့ ရှေးပဝေက ယဉ်ကျေးစဉ်လာ စံတင်အလှ
ရန်ကုန်မှာ ရွှေတိဂုံဟာ ဖူးမျှော်မ၀ သဒ္ဒါယိုဖိတ်ရပေါ့။
အိန္ဒိယ သမုဒ္ဒရာ နွေးထွေးပွေ့ဖက်
နှုတ်ဆက်လို့ နေတော့
အိုဘယ့် အို ဧရာဝတီ
သင်ဟာ မြစ်များစွာအနက်မှ မြစ်တစ်စင်း
သင်ဟာ ငါတို့ ပြည်မြန်မာရဲ့ ထာဝရစီးဆင်း
မြစ်မင်းဧရာ။
(၄)
မဟာပထ၀ီ မြေတစ်မှုန်စီကို အမြိုက်ရေအေး
တိုက်ကြွေးနေလေရော့သလား
မောင်တို့လယ်အား ရွှေရည် စီဆင်းပေးနေချေပေါ့။
ဆန်စပါးလည်း သင့်ရေသောက်ကာ ငွေဆင်းဖြာထင့်။
ဒေါ်ရွှေရဲ့ယာလည်း သင့်ရောသောက်လို
နေတော့တယ်။
ပင်ကြီးငယ်လည်း အသက်မှုတ်သွင်း သလိုသာ
စိမ်းစိုလာပြန်။
အိုဘယ့် အို ဧရာဝတီ
သင်ဟာ မြစ်များစွာအနက်မှ မြစ်တစ်စင်း
သင်ဟာ ငါတို့ ပြည်မြန်မာရဲ့ ထာဝရစီးဆင်း
မြစ်မင်းဧရာ။
(၅)
သီတင်းကျွတ်ချိန် ဆီမီးထိန်သာ ပုတီးကုံပမာ
ကြည့်ပါလေဦး သင့်ရဲ့ ရင်ခွင်ထက် ကြည်နူးနေပုံ
ပန်းရဂုံလား။
ကကြ, ဆိုကြ ပွဲကျင်းပ ရောင်စုံဆန်းစွ တင့်လှပေဟန်။
ကြည့်ပါလေဦး တူစုံနှစ်ပါးသွား ပရိသတ်စိတ်ကို
ဆွဲထားသလိုလို
လပြည့်ဝန်းလည်း သင့်ရဲ့ လှိုင်းယဉ်သာ
လာနမ်းနေသလို
အိုဘယ့် အို ဧရာဝတီ
သင်ဟာ မြစ်များစွာအနက်မှ မြစ်တစ်စင်း
သင်ဟာ ငါတို့ ပြည်မြန်မာရဲ့ ထာဝရစီးဆင်း
မြစ်မင်းဧရာ။
(၆)
ကြည့် ကြည့်စမ်းပါ သင်္ကြန်ရောက်လာ
လင်းကွင်းသံညံပါပြီ။
သင့် သားသမီးများ တေးသံဆိုညည်း နေကြပြီ။
မြူးမြူးကြွကြွ ကလို့နေကြပြီ။
လူ့ခန္ဓာ ကြက်သီးမွှေးညှင်း ထနေသည့် ပမာ။
ဒိုးပတ်နှင့် ဗုံသံ စုံညီကာ နှဲသံချိုမြ သာယာလှပေတယ်။
အိုဘယ့် အို ဧရာဝတီ
သင်ဟာ မြစ်များစွာအနက်မှ မြစ်တစ်စင်း
သင်ဟာ ငါတို့ ပြည်မြန်မာရဲ့ ထာဝရစီးဆင်း
မြစ်မင်းဧရာ။
(၇)
ကြည့်ပါလေလော့ သင်တို့ဂေဟာ
သကြားမင်း ဆင်းလာချေပြီ။
အတာရေကူး ပျော်မြူးကြလေပြီ။
တွေ့ပြီ တွေ့ပြီ သူပဲ၊ သူပဲ။ ရယ်တာပေါ့။ ရယ်တာပေါ့။
အော်သံ ခေါ်သံ ဆူဆူညံမြဲ သင်္ကြန်ပွဲလေ
လူတိုင်းစိတ်မှာ သွန်းလောင်း အတာရေ ချမ်းမြေ့စေ။
အိုဘယ့် အို ဧရာဝတီ
သင်ဟာ မြစ်များစွာအနက်မှ မြစ်တစ်စင်း
သင်ဟာ ငါတို့ ပြည်မြန်မာရဲ့ ထာဝရစီးဆင်း
မြစ်မင်းဧရာ။
အက်စ် အင်န် ဂိုအင်ကာ
( ဆရာကြီး ဂိုအင်ကာ ရွတ်ဆိုသော
“ဧရာဝတီ”ကဗျာ မြန်မာပြန်။)
မူရင်းကဗျာမှာ ဟိန္ဓီလို ရေးထားခြင်း ဖြစ်ပါတယ်။
မူရင်းအနက် မလွဲချော်ရေးအတွက် အောက်ပါ
ပုဂ္ဂိုလ်များမှ ကျေးဇူးပြုကြပါတယ်။
၁။ ပါသစ် (ကဗျာဆရာ)
၂။ ဒေါက်တာ လှထွန်း (တွဲဖက်ဌာနမှူး-ပါဠိ၊ နိုင်ငံတော်
ပရိယတ္တိ သာသာနာ့ တက္ကသိုလ်)
၃။ ယောဂီဟောင်းတစ်ဦး
၎။ ရှန်ဿီး ၀ါးရ်မာ
Popular Journal
အိုဘယ့် ဧရာဝတီ အို ဧရာဝတီ
သင်ဟာ မြစ်များစွာ အနက်မှ မြစ်တစ်စင်း၊
သင်ဟာ ငါတို့ ပြည်မြန်မာရဲ့ ထာဝရစီးဆင်း မြစ်မင်း ဧရာ။
...
(၁)
မြွေနှယ်ရစ်ခွေကာ ဟိမ၀န္တာအတွင်း သဏ္ဍာန်
သံစဉ်လှိုင်းများ
မြည်ဟီးနိုးထကာ ချိုင့်ဝှမ်းတို့ကြားမှာ
ညင်သာ ခုန်ပေါက် ကျော်လွှား
အိုဘယ့် ဟိမ၀န္တာရဲ့ ချစ်သမီးကညာ ဘယ်လို
အနုအလှ သံစဉ်တို့နဲ့
ဖြည်းဖြည်း လှမ်းကြွ ထလို့သာ အကအလှတို့နဲ့
ပြုံးလျက်ရှိနေတာ
ဖခင် တောင်စဉ် တောင်တန်းရဲ့ စိတ်အစဉ်ကို ခနမစဲ
ပျော်ရွှင်စေတာ
အိုဘယ့် အို ဧရာဝတီ
သင်ဟာ မြစ်များစွာအနက်မှ မြစ်တစ်စင်း
သင်ဟာ ငါတို့ ပြည်မြန်မာရဲ့ ထာဝရစီးဆင်း
မြစ်မင်းဧရာ။
(၂)
ပြည်မြန်မာရဲ့ ရင်ခွင်ထက် ဘယ်သူများ
မခို့တရို့ဟန်နဲ့ စီးမျောနေပါလိမ့်
ဘယ်သူက အလှပိုပါသလဲကွယ်၊ မခို့တရို့
ပြုံးလို့သာ နေတော့တယ်။
ဖြည်းဖြည်းညင်သာ လှမ်းလို့သာ ရှက်သွေးယှက်ဖြာ
ရာဇ၀င်တွင် သတို့သမီးလေလား
ထိမ်းသိမ်းပါ့ သင့်ပိုးပုဝါဖြူ ဘယ်ကိုမှ
လျှောကျမသွားအောင်သာ။
မျိုးဂုဏ်ထိမ်းရင်းနဲ့ ပျိုမြစ်နုနယ်
အလှဂုဏ်ကြွယ်လေသူ လုံမငယ်။
အိုဘယ့် အို ဧရာဝတီ
သင်ဟာ မြစ်များစွာအနက်မှ မြစ်တစ်စင်း
သင်ဟာ ငါတို့ ပြည်မြန်မာရဲ့ ထာဝရစီးဆင်း
မြစ်မင်းဧရာ။
(၃)
မြစ်ကြီးနား ဗန်းမော်မှာ လှပျိုဖြူ
ဂျိန်းဖောမယ်လေးများ။
ရတနာပုံ မန္တလေးရဲ့ စီးပွားဥစ္စာ ဖြိုးဝေ ပေါကြွယ်သား။
ပုဂံပြည်နဲ့ ရှေးပဝေက ယဉ်ကျေးစဉ်လာ စံတင်အလှ
ရန်ကုန်မှာ ရွှေတိဂုံဟာ ဖူးမျှော်မ၀ သဒ္ဒါယိုဖိတ်ရပေါ့။
အိန္ဒိယ သမုဒ္ဒရာ နွေးထွေးပွေ့ဖက်
နှုတ်ဆက်လို့ နေတော့
အိုဘယ့် အို ဧရာဝတီ
သင်ဟာ မြစ်များစွာအနက်မှ မြစ်တစ်စင်း
သင်ဟာ ငါတို့ ပြည်မြန်မာရဲ့ ထာဝရစီးဆင်း
မြစ်မင်းဧရာ။
(၄)
မဟာပထ၀ီ မြေတစ်မှုန်စီကို အမြိုက်ရေအေး
တိုက်ကြွေးနေလေရော့သလား
မောင်တို့လယ်အား ရွှေရည် စီဆင်းပေးနေချေပေါ့။
ဆန်စပါးလည်း သင့်ရေသောက်ကာ ငွေဆင်းဖြာထင့်။
ဒေါ်ရွှေရဲ့ယာလည်း သင့်ရောသောက်လို
နေတော့တယ်။
ပင်ကြီးငယ်လည်း အသက်မှုတ်သွင်း သလိုသာ
စိမ်းစိုလာပြန်။
အိုဘယ့် အို ဧရာဝတီ
သင်ဟာ မြစ်များစွာအနက်မှ မြစ်တစ်စင်း
သင်ဟာ ငါတို့ ပြည်မြန်မာရဲ့ ထာဝရစီးဆင်း
မြစ်မင်းဧရာ။
(၅)
သီတင်းကျွတ်ချိန် ဆီမီးထိန်သာ ပုတီးကုံပမာ
ကြည့်ပါလေဦး သင့်ရဲ့ ရင်ခွင်ထက် ကြည်နူးနေပုံ
ပန်းရဂုံလား။
ကကြ, ဆိုကြ ပွဲကျင်းပ ရောင်စုံဆန်းစွ တင့်လှပေဟန်။
ကြည့်ပါလေဦး တူစုံနှစ်ပါးသွား ပရိသတ်စိတ်ကို
ဆွဲထားသလိုလို
လပြည့်ဝန်းလည်း သင့်ရဲ့ လှိုင်းယဉ်သာ
လာနမ်းနေသလို
အိုဘယ့် အို ဧရာဝတီ
သင်ဟာ မြစ်များစွာအနက်မှ မြစ်တစ်စင်း
သင်ဟာ ငါတို့ ပြည်မြန်မာရဲ့ ထာဝရစီးဆင်း
မြစ်မင်းဧရာ။
(၆)
ကြည့် ကြည့်စမ်းပါ သင်္ကြန်ရောက်လာ
လင်းကွင်းသံညံပါပြီ။
သင့် သားသမီးများ တေးသံဆိုညည်း နေကြပြီ။
မြူးမြူးကြွကြွ ကလို့နေကြပြီ။
လူ့ခန္ဓာ ကြက်သီးမွှေးညှင်း ထနေသည့် ပမာ။
ဒိုးပတ်နှင့် ဗုံသံ စုံညီကာ နှဲသံချိုမြ သာယာလှပေတယ်။
အိုဘယ့် အို ဧရာဝတီ
သင်ဟာ မြစ်များစွာအနက်မှ မြစ်တစ်စင်း
သင်ဟာ ငါတို့ ပြည်မြန်မာရဲ့ ထာဝရစီးဆင်း
မြစ်မင်းဧရာ။
(၇)
ကြည့်ပါလေလော့ သင်တို့ဂေဟာ
သကြားမင်း ဆင်းလာချေပြီ။
အတာရေကူး ပျော်မြူးကြလေပြီ။
တွေ့ပြီ တွေ့ပြီ သူပဲ၊ သူပဲ။ ရယ်တာပေါ့။ ရယ်တာပေါ့။
အော်သံ ခေါ်သံ ဆူဆူညံမြဲ သင်္ကြန်ပွဲလေ
လူတိုင်းစိတ်မှာ သွန်းလောင်း အတာရေ ချမ်းမြေ့စေ။
အိုဘယ့် အို ဧရာဝတီ
သင်ဟာ မြစ်များစွာအနက်မှ မြစ်တစ်စင်း
သင်ဟာ ငါတို့ ပြည်မြန်မာရဲ့ ထာဝရစီးဆင်း
မြစ်မင်းဧရာ။
အက်စ် အင်န် ဂိုအင်ကာ
( ဆရာကြီး ဂိုအင်ကာ ရွတ်ဆိုသော
“ဧရာဝတီ”ကဗျာ မြန်မာပြန်။)
မူရင်းကဗျာမှာ ဟိန္ဓီလို ရေးထားခြင်း ဖြစ်ပါတယ်။
မူရင်းအနက် မလွဲချော်ရေးအတွက် အောက်ပါ
ပုဂ္ဂိုလ်များမှ ကျေးဇူးပြုကြပါတယ်။
၁။ ပါသစ် (ကဗျာဆရာ)
၂။ ဒေါက်တာ လှထွန်း (တွဲဖက်ဌာနမှူး-ပါဠိ၊ နိုင်ငံတော်
ပရိယတ္တိ သာသာနာ့ တက္ကသိုလ်)
၃။ ယောဂီဟောင်းတစ်ဦး
၎။ ရှန်ဿီး ၀ါးရ်မာ
Popular Journal

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။