Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, December 23, 2012

မူလတန်းကျောင်း ပစ်ခတ်မှုနဲ့ စစ်ပွဲသုံးလက်နက်ကန့်သတ်ရေး

 
မူလတန်းကျောင်း ပစ်ခတ်မှုနဲ့ စစ်ပွဲသုံးလက်နက်ကန့်သတ်ရေး
Monday, 24 December 2012

Sandy Hook မူလတန်းကျောင်းက ပစ်ခတ်မှုကြောင့် ကလေးငယ်တွေ
သေဆုံးခဲ့ရတဲ့ အဖြစ်မျိုးကို နောက်နောင် မဖြစ်ပွားရအောင် ဘယ်လို ကာကွယ်ကြမလဲစဉ်းစားတဲ့အခါ ဒီလို ပြဿနာကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းကို ရှာကြပါတယ်။
...
လူအများအပြားကို သေစေနိုင်တဲ့ လက်နက်ကြီး လက်နက်လတ်တွေကို လွယ်လွယ်ကူကူ ၀ယ်ယူနိုင်တာက ပြဿနာတရပ်ဖြစ်သလို စိတ်ရောဂါ အမျိုးမျိုး ကုသမှုကို လိုအပ်သူတိုင်းအတွက် မရနိုင်တာကလည်း
ပြဿနာ တရပ် ဖြစ်တယ်လို့ တွေ့ရပါတယ်။

ကလေးငယ်တွေ သေဆုံးခဲ့ရတဲ့ ဒီပစ်ခတ်မှုနောက်ပိုင်း လူအတော်များများ က လက်နက်ဥပဒေကို ပြင်ဆင်ပြဌာန်းဖို့ ဆန္ဒပြုလာကြပါတယ်။ လက်နက်ကို စူပါမားကက်တွေမှာ ကစားစရာဝယ်သလို အ၀တ်အစား ၀ယ်သလို ၀ယ်ချင်တိုင်း ၀ယ်နေတဲ့အတွက်လည်း မရောက်သင့်သူတွေ လက်ထဲကို လက်နက်မရောက်ရေး ထိမ်းချုပ်ဖို့ ခက်နေတာပါ။

အမေရိကန် ရိုင်ဖယ်အသင်းရဲ့ ဒုဥက္ကဌ လာပဲ က ဘယ်လို လက်နက် ထိမ်းချုပ်မှု ဥပဒေပြဌာန်းချက်ကိုမဆို ကန့်ကွက်တယ်လို့ သတင်းဌာနတွေကို ဒီကနေ့ ပြောပါတယ်။

သူက - ဒီလိုပြဿနာတွေကို ဖြေရှင်းဖို့အတွက် လက်နက် မကန့်သတ်တဲ့ အပြင် လက်နက်တောင် ပိုပြီး တပ်ဆင်ရမယ်လို့ ပြောပါတယ်။
သေနတ်ကိုင်ထားတဲ့ လူဆိုးတွေကို ဟန့်တားဖို့ သေနတ်ကိုင်ထားတဲ့ လူကောင်းတွေ ပိုခန့်ရမယ်လို့ ဆိုပါတယ်။ သူ့ဖြေရှင်းနည်းကတော့ ကလေးကျောင်းတိုင်းမှာ လက်နက်ကိုင် အစောင့်တွေ ချထားဖို့ ပါပဲတဲ့။
အမေရိကန်ရိုင်ဖယ်အသင်းမှာ အသင်းဝင် ၄ သန်းရှိတယ်လို့ ဆိုပါတယ်။

လာမဲ့လမှာ သမ္မတ အိုဘားမားက လက်နက်ထိမ်းချုပ်မှုဆိုင်ရာ ဆုံးဖြတ်ချက်တခုခု ချမှတ်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။
အမေရိကန်နိုင်ငံမှာရှိတဲ့ ကျောင်းတွေရဲ့ သုံးပုံတပုံမှာ လက်နက်ကိုင်အစောင့် ချထားပြီးဖြစ်ပေမဲ့ ကျောင်းပရ၀ဏ်ကို လက်နက်ကင်းမဲ့ရာဇုံအဖြစ် သတ်မှတ်ထားရှိဖို့ အများစုက လိုလားပါတယ်။

ရုရှနိုင်ငံမှာ စစ်ထမ်းခဲ့ပြီး လွန်ခဲ့တဲ့ အနှစ်၂၀ ကျော်က အမေရိကန် ကို ပြောင်းရွှေ့နေထိုင်သူ ကလေးဖခင်တဦးက - ခင်ဗျားတို့ ဒီလိုလက်နက်ကိုင် အစောင့်အကြပ်တွေနဲ့ ကလေးကျောင်းကို အကျဉ်းထောင် ပုံစံ ဖြစ်လာအောင် လုပ်မလို့လား။ ကျောင်းတွေ အားလုံးအတွက် လက်နက်ကိုင် အစောင့်ထားဖို့၊ ကျောင်း အဆောက်အဦးတွေကို ကျည်ကာနံရံတွေ၊ မှန်တွေကို ကျည်ကာမှန်တွေနဲ့ လုပ်နိုင်မဲ့အခြေအနေရှိမလား။ ဘယ်က ငွေနဲ့ လုပ်ကြမလဲ။ လူတိုင်းက တယောက်ကို တယောက်မယုံသင်္ကာနဲ့ ကြောက်လန့်ရတဲ့ အခြေအနေ တခုကို ဖန်တီးမလို့လားလို့ မေးခွန်းထုတ်ပါတယ်။ သူ့ကလေးကတော့ ဘီဒိုထဲဝင်ပုန်းနေတဲ့အတွက် ပစ်ခတ်မှုမှာ လွတ်မြောက်ခဲ့ပါတယ်။

အရင်ကတည်းက လက်နက်ရောင်းချမှုမှာ စစ်ပွဲသုံးလက်နက်တွေကိုပါ
ရောင်းချခွင့်ပေးခဲ့တဲ့အတွက် ပစ်ခတ်မှုတွေမှာ ထိခိုက်သေဆုံးမှု ပိုများခဲ့တယ်လို့ လက်နက်ဥပဒေပြင်ဆင်ရေးလိုလားသူတွေက ပြောပါတယ်။ စင်ဒီဟွခ် ကျောင်းမှာ ပစ်ခတ်ခဲ့တဲ့ သေနတ်ဟာ မိနစ်ပိုင်းအတွင်း ကျည် ၁၀၀ လောက် ပစ်နိုင်တဲ့ စစ်ပွဲသုံးလက်နက်ဖြစ်ပါတယ်။
သေဆုံးခဲ့တဲ့ ၆-၇ နှစ်အရွယ်ကလေးတွေရဲ့ ခန္ဓာမှာ ကျည်ပေါင်းများစွာ ထိမှန်ခဲ့တာပါ။

လက်ရှိမှာ လက်ဝယ် လက်နက်ဝယ်ယူပိုင်ဆိုင်ထားသူတွေက အသစ်ပြဌာန်းမယ့် ဥပဒေကြောင့် သူတို့ရဲ့ လက်နက်ပိုင်ဆိုင်ခွင့်ကို ဆုံးရှုံးမှာကို စိုးရိမ်တဲ့အတွက် ဥပဒေသစ်ကို ကန့်ကွက်ချင်ပေမဲ့ တဘက်ကလည်း လက်နက်ဝယ်သူရဲ့ နောက်ကြောင်းရာဇ၀င်ကို စစ်ဆေးဖို့ဆိုတဲ့ အဆိုကို လက်ခံလိုသူတွေများလာတယ်လို့ စစ်တမ်းတခုက ဆိုပါတယ်။

အားလုံးကတော့ လာမဲ့ ဇန်န၀ါရီလမှာ ထွက်ပေါ်လာမယ့် သမ္မတအိုဘားမား ဖွဲ့စည်းတာဝန်ပေးထားတဲ့ အဖွဲ့ရဲ့ အကြံပေးချက်ကို စောင့်ကြည့်နေကြ ပါတယ်။

Burma-Newselite

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။