Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, December 23, 2012

လူတွေ မှတ်သင့် တဲ့ ဖန်တွ တွ ပုံပြင် (ရဝေနွယ်- အင်းမ)


 Royal Hero Media
တစ်ခါတုန်းက အမတ်ကြီး တစ်ယောက်ဟာ မိဖုရားကြီး တစ်ပါးဆီကို အခစား ၀င်ရင်း မိဖုရားကြီး နေရာထိုင်မှု အပြောင်းအရွှေ့မှာ မမြင်သင့်တဲ့ အရာကို မြင်သွားတယ်တဲ့။ အဲဒီနေ့ကစပြီး အမတ်ကြီးက သူ့ရဲ့ အမတ် ကတော် ကြီးကို စိတ်မ၀င်စားတော့ ဘူးတဲ့။ စိတ်က မိဖုရားကြီး ဆီမှာပဲ ရောက် ရောက်နေတယ်တဲ့။ ပြီးတော့ အမတ်ကြီးက တမှိုင်မှိုင် တထွေထွေနဲ့ ဖြစ်ပြီး ဘာအလုပ်မှလည်း ကောင်းကောင်း လုပ်လို့ မရတော့ဘူးတဲ့။ ကြာလာ တော့ အစားပျက် အအိပ်ပျက်ပါ ဖြစ်လာပြီး လူက ပိန်ချုံးလာတယ်။

နောက်ဆုံးတော့ မိဖုရားကြီးက ဒီအကြောင်းကို သိသွားတယ်။ မိဖုရားကြီး ကလည်း ပညာရှိပုံ ရတယ်။ ဒါ့ကြောင့် မိဖုရားကြီးက ရွှေခွက်ရယ်၊ ငွေခွက်ရယ်၊ ကြေးခွက်ရယ် ခွက် သုံးခွက်ထဲကို ပုန်းရည် အနည်းငယ် စီကို ထည့်ပြီး ခုံတစ်လုံးပေါ် တင်ထားလိုက်တယ်။ ပြီးတော့ အမတ်ကြီးကို အခစားဝင်ဖို့ ခေါ်လိုက်တယ်။
... ...
အမတ်ကြီး ရောက်လာတော့ ပထမဆုံး ကြေးခွက်နဲ့ ထည့်ထားတဲ့ ပုန်းရည်ကို တိုက်လိုက်တယ်။ အမတ်ကြီး သောက်ပြီး သွားတော့ မိဖုရားကြီးက “ အမတ်ကြီး ဘယ်လိုနေလဲ" လို့ မေးတယ်။ အမတ်ကြီးက “ ဖန်တွတွပါ ဘုရား" လို့ ဖြေလိုက် တယ်တဲ့။

နောက် ဒုတိယ ငွေခွက်နဲ့ ထည့်ထားတဲ့ ပုန်းရည်ကို တိုက်လိုက် ပြန်တယ်တဲ့။ ပြီးတော့ ရှေးက မေးခွန်းအတိုင်း “ အမတ်ကြီး ဘယ်လိုနေလဲ ” လို့ မေးတယ်။ အမတ်ကြီး ကလည်း ရှေးက အဖြေအတိုင်းပဲ “ ဖန်တွတွပါ ဘုရား” လို့ ဖြေတယ်။

နောက်ဆုံး ရွှေခွက်နဲ့ထည့်ထားတဲ့ ပုန်းရည်ကို တိုက်လိုက်ပြန်တယ်။ ရှေးက အတိုင်းပဲ “ အမတ်ကြီး ဘယ်လို နေလဲ” ပေါ့။ အမတ်ကြီးကလဲ ရှေးကအတိုင်းပဲ “ ဖန်တွတွပါဘုရား ” ပေါ့။ ခွက် သုံးခွက်နဲ့ ပုန်းရည် တိုက်ပြီး သွားတော့ ခေတ္တ ခဏတော့ အသံတွေ အပြုအမူတွေ တိတ်ဆိတ်သွားတယ်။

အမတ်ကြီး ကလည်း ခေါင်းကို ငုံ့ပြီး၊ မိဖုရားကြီး ဆီက ဘာဆက်မိန့်မယ်ဆိုတာ စောင့်နေတယ်။ မိဖုရားကြီး ကလည်း ရှေ့ဆက်ပြီး ပြောမယ့် စကားလုံး အတွက် စကားလုံး ရွေးချယ် နေပုံရတယ်၊ တအောင့်လောက် ကြာမှ မိဖုရားကြီးဆီက အသံ ထွက်လာတယ်။ “အမတ်ကြီးရယ် ပုန်းရည်ဆိုတာ ခွက်သာ ပြောင်းသွားတာ အရသာကတော့ ဖန်တွတွပါပဲ” တဲ့။

အဲဒီနေ့ကစပြီး အမတ်ကြီးလည်း ကျန်းကျန်း မာမာနဲ့ ပုံမှန်အလုပ်တွေကို ပြန်လုပ် သွားနိုင်တယ်တဲ့။ ပုဏ္ဏေးမကြီး ကိုလည်း စိတ်ပြန် ညွှတ်သွားပါသတဲ့။ ကိုယ်ပြောပြတဲ့ ပုံဝတ္ထုလေးက အလင်္ကာ သဘောအရ ဂါမ္မဒေါသများ သင့်နေ မလား မသိဘူး။ ဒါပေမယ့် ကိုယ့်ဘ၀ တစ်လျှောက်လုံး မှာတော့ တော်တော် အသုံးဝင်ခဲ့တဲ့ ပုံဝတ္ထုလေးပဲ။

လူသားတွေ ရှိနေသရွေ့ စွဲမက်စရာ အာရုံသစ် တွေကတော့ ဆင့်ကဲဆင့်ကဲ ပေါ်နေမှာပဲ။ အဲဒီ အာရုံသစ် တွေနဲ့အတူ လူတွေရဲ့ အလိုဆန္ဒ သစ်တွေကလည်း ဆင့်ကဲဆင့်ကဲ ပေါ်နေမှာပဲ။

ဘာပဲပြောပြောအာရုံသစ်နဲ့ အလို ဆန္ဒသစ် ကြားမှာ ဖြေဆည်ရာ နှလုံးသွင်း တစ်ခုခု မရှိခဲ့ရင် ကိုယ်တို့ဟာ အလို ဆန္ဒသစ်ရဲ့ သားကောင်တွေ အဖြစ်နဲ့ပဲ လောက ဇာတ်ခုံပေါ်မှာ တစ်သံသရာလုံး က, သွား ကြရလိမ့်မယ်။ အဓိက ကတော့ အလို ဆန္ဒသစ်ရဲ့ သားကောင်တွေ မဖြစ်ဖို့ဘဲ။

အာရုံ သစ်တွေနဲ့ အလို ဆန္ဒသစ် တွေရဲ့ ကြားထဲမှာ ဖြေဆည်ရာ နှလုံးသွင်း တစ်ခုအနေနဲ့ တစ်ထောင့် တစ်နေရာက အကျိုးပြုနေတော့မှာပါ။

ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ)


ပေါ်ပြုလာဂျာနယ်
၂၄-၉-၂၀၀၂။
ကျမ်းကိုး။ ။
အခြေပြုပဋ္ဌာန်းတရားတော် စာမျက်နှာ-၃၇၃။
အရှင်ဇနကာဘိဝံသ။

-----------------------
အနှိုင်းမဲ့ စာတိုပေစများ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။