Royal Hero Media
သင် မထင်မှတ်တဲ့ နေရာ၊ သတိမပြုမိတဲ့ နေရာတွေမှာ ခိုအောင်းနေတဲ့ ဘက်တီးရီးယား တွေနဲ့ ဗိုင်းရပ်စ်ပိုးတွေက သင့်ကို ဖျားနာ စေနိုင်ပါတယ်။
မီးဖိုချောင်
...
မီးဖိုချောင်ကို သင်အမြဲ သန့်ရှင်းရေး လုပ်ပေမယ့် ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ် ပိုးတွေ အဓိက ခိုအောင်းနေတဲ့ ပန်းကန်ဆေးရေမြှုပ်ကို သန့်ရှင်းအောင် ထားဖို့ မေ့နေနိုင်ပါတယ်။ သင့် မီးဖိုချောင်ကို သန့်ရှင်းပြီးတဲ့အခါ ပန်းကန်ဆေး ရေမြှုပ်ကို မိုက်ခရိုဝေ့ဖ် မီးဖိုထဲ နှစ်မိနစ်လောက် ထည့်ပေးပါ။
ရီမုတ်ကွန်ထရိုး
သင့်အိမ်မှာ ရှိတဲ့ တီဗွီဖွင့်ပိတ်လုပ်နေတဲ့ ရီမုတ်ကွန်ထရိုး (Remote Control) က ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်ပိုးတွေကို သယ်ဆောင် ဖြန့်ဝေပါတယ်။ ဒါကြောင့် ရီမုတ် ကွန်ထရိုးပေါ်မှာ ဖုံးအုပ်ထားတဲ့ ပလစ်စတစ်အိတ် အကြည် တွေကို တစ်ပတ်တစ်ခါလောက် လဲပေးသင့်ပါတယ်။
အများသုံး နေရာများ
လူအများ သွားလာ အသုံးပြုတဲ့ နေရာတွေက လှေကား လက်ရမ်းတွေကို ကိုင်တွယ်ပြီးတဲ့ အခါ၊ တံခါး လက်ကိုင်ဖုကို ကိုင်တွယ်ပြီးတဲ့အခါ၊ အများသုံး အိမ်သာ သွားပြီးတဲ့အခါ၊ ဘတ်စကား လက်ကိုင်ကွင်းတွေ ကိုင်တွယ်ပြီးတဲ့ အခါ လက်ဆေးဖို့ မမေ့ပါနဲ့။ ဖြစ်နိုင်ရင် ရေနွေးနွေးနဲ့ စက္ကန့် ၂ဝ လောက် အချိန်ယူပြီး ရေဆေးပေးပါ။
သွယ်ဝိုက် ထိတွေ့နိုင်သော အရာများ
သင်က တစ်ကိုယ်ရေ မသန့်ရှင်းတဲ့သူနဲ့ တိုက်ရိုက် ထိတွေ့မှု မရှိပေမယ့် သူ ကိုင်တွယ်ထားတာတွေကို ကိုင်တွယ် မိရာကနေ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ် ပိုးတွေ ကူးစက် နိုင်ပါတယ်။ ဒါကြောင့် ပိုက်ဆံတွေကို ကိုင်တွယ်ပြီးတဲ့အခါ၊ ကိုယ်ပိုင် ပစ္စည်း မဟုတ်ဘဲ သူတစ်ပါး ကိုင်တွယ်ထားတဲ့ ပစ္စည်းတွေကို ကိုင်တွယ်ပြီးတဲ့ အခါ လက်ကို ဆပ်ပြာနဲ့ စင်ကြယ်အောင် ဆေးကြောပေးဖို့ လိုပါတယ်။
အလင်း(ဆေးဝါး)
BY GOOD HEALTH
Post From : ရတနာပုံကျန်းမာရေး

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။