Thet Ko Oo
တစ်ခါတုန်းက ပုရွက်ဆိတ်ကလေးတစ်ကောင်ဟာ သစ်ပင်ကြီးပေါ်မှာ
လမ်းလျှောက်သွားနေစဉ် သစ်ပင်ကြီးပေါ်ကနေ
...
မတော်တဆ အောက်ကိုပြုတ်ကျသွားပါတယ်..... အဲလိုပြုတ်ကျသွားတော့
သူ့မှာထိခိုက်နာကျင်မှု ဖြစ်သွားခဲ့ပါတယ်။ ထိခိုက်နာကျင်မှုကြောင့် စိတ်ကလည်းတိုတိုနဲ့
ပုရွက်ဆိတ်ကလေးဟာ အော်ပြောလိုက်ပါတယ်.... ` အောင်မလေးဗျ... သေပါပြီဗျာ...
သစ်ပင်ပေါ်ကလိမ့်ကျတာ တစ်တောင်လောက်တောင်ပြဲသွားတယ်ကွာ.....´ အဲလို
ပုရွက်ဆိတ်ကလေးက အော်ပြောလိုက်တော့ အနီးအနားဖြတ်သွားတဲ့ ဆင်ကြီးကကြားပြီး
ပုရွက်ဆိတ်ကလေးအနား သွားရောက်ကာ လှောင်ပြောင်စွာနဲ့ပြောလိုက်ပါတ ယ်.....
`ဟားဟား...... ရယ်စရာကောင်းလိုက်တာကွာ... ငါ့ခန္ဓာကိုယ်က
အမွှေးတစ်ချောင်းစာလောက်တောင် မရှိတဲ့အကောင်က သစ်ပင်ပေါ်က လိမ့်ကျတာ
တစ်တောင်လောက်ပြဲသွားတယ်တဲ့... တော်တော်ရယ်စရာပြောတဲ့အကောင်ပဲ. ....´
အဲလိုဆင်ကြီးက သူ့အမြင်နဲ့ အပြစ်တင်စကားပြောတော့ ပုရွက်ဆိတ်ကလေးက
ပြန်ပြီးပြောလိုက်ပါတယ်..... ` ဒီမှာဆင်ကြီး ကျွန်တော် သစ်ပင်ပေါ်ကလိမ့်ကျတာ
တစ်တောင်လောက်ပြဲသွားတယ်ဆိုတာ အသင်ဆင်ကြီးရဲ့လက်နဲ့ တိုင်းတာမဟုတ်ပါဘူး.....
ကျွန်တော့်ရဲ့လက်နဲ့တိုင်းပြီး တစ်တောင်လောက်ပြဲသွားတယ်ပြောတာပါ.....
အသင့်ရဲ့အနေအထားနဲ့ နှိုင်းယှဉ်ပြီး အပြစ်မပြောပါနဲ့..... ကိုယ့်အတောင်နဲ့ကိုပြောတာပါ´
လို့ ပြန်ပြောလိုက်ပါတယ်..... အဲဒီတော့မှ ဆင်ကြီးကလည်း
ပုရွက်ဆိတ်ကလေးဘက်ကကြည့်ရင်လည်း မှန်ပေသားပဲဆိုပြီး
နားလည်းသဘောပေါက်သွားပါတော့တယ်. ...........။
ကိုယ်က တစ်ဖက်သူကို အပြစ်တင်စကားပြောတော့မယ်ဆိုရင်
ကိုယ့်ရဲ့လက်ရှိအနေအထားနဲ့ နှိုင်းယှဉ်ပြီး မစဉ်းစားပဲ ရုတ်တရက် အလျဉ်စလို
အပြစ်မပြောသင့်ပါဘူး..... တစ်ဖက်သူရဲ့ဘက်ကကြည့်ရင်ကော သူပြောတာတွေ
မှန်နေသလား... မှားနေသလားဆိုတာ ပထမဦးစွာ
အရင်စဉ်းစားပြီးမှပြောသင့်ပါတယ် .........။
အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ.......
ထွန်းထွန်းဝင်း (ရွှေကူ)
တစ်ခါတုန်းက ပုရွက်ဆိတ်ကလေးတစ်ကောင်ဟာ သစ်ပင်ကြီးပေါ်မှာ
လမ်းလျှောက်သွားနေစဉ် သစ်ပင်ကြီးပေါ်ကနေ
...
မတော်တဆ အောက်ကိုပြုတ်ကျသွားပါတယ်..... အဲလိုပြုတ်ကျသွားတော့
သူ့မှာထိခိုက်နာကျင်မှု ဖြစ်သွားခဲ့ပါတယ်။ ထိခိုက်နာကျင်မှုကြောင့် စိတ်ကလည်းတိုတိုနဲ့
ပုရွက်ဆိတ်ကလေးဟာ အော်ပြောလိုက်ပါတယ်.... ` အောင်မလေးဗျ... သေပါပြီဗျာ...
သစ်ပင်ပေါ်ကလိမ့်ကျတာ တစ်တောင်လောက်တောင်ပြဲသွားတယ်ကွ
ပုရွက်ဆိတ်ကလေးက အော်ပြောလိုက်တော့ အနီးအနားဖြတ်သွားတဲ့ ဆင်ကြီးကကြားပြီး
ပုရွက်ဆိတ်ကလေးအနား သွားရောက်ကာ လှောင်ပြောင်စွာနဲ့ပြောလိုက်ပါတ
`ဟားဟား...... ရယ်စရာကောင်းလိုက်တာကွာ... ငါ့ခန္ဓာကိုယ်က
အမွှေးတစ်ချောင်းစာလောက်တောင် မရှိတဲ့အကောင်က သစ်ပင်ပေါ်က လိမ့်ကျတာ
တစ်တောင်လောက်ပြဲသွားတယ်တဲ့... တော်တော်ရယ်စရာပြောတဲ့အကောင်ပဲ.
အဲလိုဆင်ကြီးက သူ့အမြင်နဲ့ အပြစ်တင်စကားပြောတော့ ပုရွက်ဆိတ်ကလေးက
ပြန်ပြီးပြောလိုက်ပါတယ်..... ` ဒီမှာဆင်ကြီး ကျွန်တော် သစ်ပင်ပေါ်ကလိမ့်ကျတာ
တစ်တောင်လောက်ပြဲသွားတယ်ဆိုတာ အသင်ဆင်ကြီးရဲ့လက်နဲ့ တိုင်းတာမဟုတ်ပါဘူး.....
ကျွန်တော့်ရဲ့လက်နဲ့တိုင်းပြီး တစ်တောင်လောက်ပြဲသွားတယ်ပြောတာပ
အသင့်ရဲ့အနေအထားနဲ့ နှိုင်းယှဉ်ပြီး အပြစ်မပြောပါနဲ့..... ကိုယ့်အတောင်နဲ့ကိုပြောတာပါ´
လို့ ပြန်ပြောလိုက်ပါတယ်..... အဲဒီတော့မှ ဆင်ကြီးကလည်း
ပုရွက်ဆိတ်ကလေးဘက်ကကြည့်ရင်လည်း
နားလည်းသဘောပေါက်သွားပါတော့တယ်.
ကိုယ်က တစ်ဖက်သူကို အပြစ်တင်စကားပြောတော့မယ်ဆိုရင်
ကိုယ့်ရဲ့လက်ရှိအနေအထားနဲ့ နှိုင်းယှဉ်ပြီး မစဉ်းစားပဲ ရုတ်တရက် အလျဉ်စလို
အပြစ်မပြောသင့်ပါဘူး..... တစ်ဖက်သူရဲ့ဘက်ကကြည့်ရင်ကော သူပြောတာတွေ
မှန်နေသလား... မှားနေသလားဆိုတာ ပထမဦးစွာ
အရင်စဉ်းစားပြီးမှပြောသင့်ပါတယ်
အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ.......
ထွန်းထွန်းဝင်း (ရွှေကူ)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။