နယူးယောက်မြို့အရှေ့ပိုင်းရ
... ယင်းမှာ အပတ်စဉ် ထီမထိုးရ မနေနိုင်ခြင်း ဖြစ်သည်။
သူမထိုးလိုသော ထီနံပါတ်ကို လူအိုရုံရှိ ဆရာမလေး ဆိုဖီယာကအမြဲဝယ်ပေးရ၏။
တရက်တွင် ဒေါ်မာဂရက် ထီ ဒေါ်လာသန်း ၅၀ပေါက် ပါသည်။ သို့သော် ထီလက်မှတ်က ဆရာ မလေး ဆိုဖီယာထံတွင် ရှိနေသေး၍ ဒေါ်မာဂရက် မသိသေးပေ။ သူ့ကို အသိပေးရမည် ဖြစ်သည်။
အပတ်စဉ် ကြည့်ရှုစစ်ဆေး၍ ဆေးကုသပေးနေသော ဒေါက်တာ ကင်းက အကြံပေးသည်။
“အဖွားကြီးကို သူထီပေါက်တယ်ဆိုတာ တိုက်ရိုက်သွားမပြောပြနဲ့။ သူ့မှာ နှလုံးရောဂါရှိတယ်။ တော်ကြာ ၀မ်းသာလုံးဆို့ပြီး သေသွားနိုင်တယ်။”
“ဒီလိုဆို ဘယ်လို ပြောရမလဲဆရာ။ ”ဆရာမတယောက်က မေးသည်။
တခြားဆရာမတယောက်က “ဒါဆို ဆရာပဲ သွားပြောလိုက်ပါ။ ကျမတို့ထက် ဆရာက သူနဲ့ပိုရင်းနှီးတာပဲ ဥစ္စာ။ ”
သို့နှင့် ဒေါက်တာကင်းသည် ဒေါ်မာဂရက်ထီပေါက်ကြောင်း အင်မတန်သိမ်မွေ့စွာနှင့် သတင်းသွားပေးပါတော့သည်။
“အဖွား ဒီတပတ် ထီထိုးထားသေးသလား။ ”
“ထိုးတာပေါ့။ ကျမက အပတ်တိုင်း တစောင်တစောင်ထိုးနေကျ။ အခုဆို နှစ် နှစ်ဆယ်ကျော် ပြီဟာ။”
“အဖွားက ထီပေါက်ရင် ဘာတွေလုပ်မယ် စိတ်ကူးထားလဲ။”
“ဒီအသက်အရွယ်ရောက်မှတော့ ကျမမှာ ဘာရည်ရွယ်ချက်မှ ကြီးကြီးကျယ်ကျယ်မရှိပါဘူး။
“အို ၀မ်းသာစရာပဲ။ အဖွားလုပ်ချင်တာတွေ တကယ်လုပ်ရတော့မယ် သိလား။ အဲ တကယ်လို့ အဖွားပေါက်တဲ့ ထီက ဒေါ်လာသန်း ၅၀လောက်ဖြစ်နေမယ်ဆိုရင် အဖွား ဘာတွေ ဆက်လုပ်အုံးမလဲ။”
ဒေါ်မာဂရက်က ခပ်တိုးတိုးတချက် ရယ်ပါသည်။
“ဒေါ်လာသန်း ၅၀ဆိုရင် တ၀က်ကို လှုမယ်။ ကျန်တဲ့ ဒေါ်လာ၂၅သန်းကို နေအုံး ကျမစဉ်းစားအုံးမယ်။ -------------------- အဲ ကျမမှာ သားသမီးတို့ ဆွေမျိုးတို့ဆိုတာလဲ တယောက်မှ ရှိတာမဟုတ်ဘူး။ ကျမဒီမှာ နေလာတဲ့ ကာလတလျောက်လုံး ကျမကို ဒေါက်တာကပဲ အနီးကပ် ပြုစုစောင့်ရှောက်လာတာဆိုတေ
“ဟုတ်- ဟုတ်ကဲ့ အဖွား --ဆက်--ဆက်ပြောပါအုံး။”
“အဲဒါဆိုတော့ ဒေါက်တာကိုပဲ အမွေ ပေးရမှာပေါ့။”
ထိုစဉ် ၀ုန်းဆိုသော အသံကြားလိုက်ရသည်။ ဒေါက်တာကင်း ပစ်လဲကျသွားခြင်း ဖြစ်သည်။ စမ်းသပ်ကြည့်သောအခါ အသက်မရှိတော့။
ဒေါက်တာကင်းတွင် နှလုံးရောဂါရှိကြောင်း ဒေါ်မာဂရက်သိလျှင် ထိုသို့ ပြောဖြစ်မည်မဟုတ်ဟု အားလုံးက သုံးသပ်ကြပါသည်။
(၁)-----------------------
ဖြစ်နိုင်ချေ
လူနှစ်ယောက် အရက်ဘားတွင် အရက်သောက်နေကြသည်။ ရေချိန်အတော်လေး ကိုက်လာသောအခါ ပထမလူက
“ဟေး ငါ့မျက်လုံးကို ငါကိုက်ပြမယ်ဆို မင်းယုံမလား။”
ဒုတိယလူက သူညာဖက်မှာထိုင်နေတဲ့ ပထမလူကို တချက်ကြည့်လိုက်တယ်။ နောက် ဒီလူမူးနေပြီလို့ တချက်တွေး လိုက်ရင်း
“မယုံဘူးဗျာ။”
“ဒါဆို အရက်တပုလင်းကြေးလောင်းမလား။
“လောင်းတယ်ဗျာ။စိန်လိုက်။”
ပထမလူက သူ့ရဲ့ ဘယ်ဖက်က မျက်လုံးအတုကို ထုတ်ပြီး ကိုက်ပြလိုက်သည်။ သို့ဖြင့် ဒုတိယလူက အရက်တလုံး ပေးလိုက်ရသည်။ ပထမလူက အရက်ဆက်သောက်ရင်း ပုလင်းတ၀က်ကျိုးတဲ့အခါမှာ
“ဟေး ကျန်တဲ့ မျက်စေ့တလုံးကို ငါထပ်ကိုက်ပြမယ်ဆိုရင်ကော မင်းလောင်းအုံးမလားကွ။”
ဒုတိယလူက ပထမလူကို တချက်ထပ်ကြည့်လိုက်သည်။ ပထမလူကတော်တော်ကြီးမူးနေပြီ
“လောင်းမယ်။ ဒီတခါ အရက် နှစ်လုံးကြေး”
ဒုတိယလူစကားဆုံးသည်နဲ့ ပထမလူက “အိုကေ။” ဟုဆိုလိုက်သည်။
ထို့နောက် သွားအတုတွေကို ထုတ်ပြီး ကျန်မျက်လုံးကို ထပ်ကိုက်ပြလိုက်သည်။
--------------------------
တိုက်ဆိုင်လိုက်ရင်တော့ သေပြီ
ဇူလိုင်လ ၂၃ ရက်၊ ၂၀၀၇ ခုနှစ်။
သူငယ်ချင်းသုံးယောက် လက်ဖက်ရည်ဆိုင်တွင် ထိုင်ကြရင်း တိုက်ဆိုင်မှုအကြောင်း ပြောနေကြသည်။
ပထမတယောက်က ပြောသည်။
“လောကကြီးက အံသြစရာကြီးကွာ။ ငါ့မိန်းမ ကိုယ်ဝန်ရှိတုံးက မြို့ညီနောင်ဆိုတဲ့ ၀တ္ထု့စာအုပ်ကို ဖတ်တယ်။ မွေးလာတော့ အမွှာ ဖြစ်နေတယ်ကွာ။ ”
ထိုအခါ ဒုတိယတဦးက ထောက်ခံ၍ အခုလိုပြောသည်။
“အေးကွ။ မင်းအဖြစ်နဲ့ ငါ့အဖြစ်က တထပ်တည်းပဲကွာ။ ငါ့မိန်းမကိုယ်ဝန်ဆောင်တုံး
ဒုတိလူစကားဆုံးသွားသောအခါ တတိယလူက လက်ကျန်လက်ဖက်ရည်ကို ကတိုက်ကရိုက်မော့ချရင်း ဒရော သောပါး ထပြန်လေသည်။
ထိုစဉ်ကျန်နေသော သူငယ်ချင်းများကလှမ်းမေးကြ၏
“ဟေ့ကောင် ဘာဖြစ်တာလဲကွ၊ ”
“ဘာဖြစ်ရမလဲကွ၊ ငါထွက်လာတော့ ငါ့မိန်းမက အလီဘာဘာနဲ့ ခိုးသားလေးဆယ် စာအုပ်ဖတ်နေ တယ်ကွ။”

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။