21 December 2012 |By ရိုးရာလေး
ဂရိတ်ဖရု ဖျော်ရည်သည် ခန္ဓာကိုယ်မှ ဆေးဝါးစုပ်ယူနိုင်မှု ပမာဏကို အနှောင့်အယုက်
ဖြစ်စေနိုင်ရုံမျှမက လိမ္မော်ရည်၊ ပန်းသီးဖျော်ရည် များသည် ပင်အချို့သော ဆေးဝါးများ၏ အကျိုး သက်ရောက်နိုင်မှုကို ကျဆင်းစေတတ်ကြောင်း တွေ့ရှိချက် တစ်ရပ်က ဆိုသည်။ များစွာသော သစ်သီးဖျော်ရည် များသည် ကင်ဆာနှင့် နှလုံးရောဂါတွင် ဆေးဝါးနှင့် အတွေ့မှာ ကောင်းကျိုးထက် အသက်အန္တရာယ်ရှိသော ဆိုးကျိုးများ ဖြစ်စေသည်ဟု မကြာခင်က ပြုလုပ်ခဲ့သော လေ့လာမှု တစ်ခုကဆိုသည်။ တစ်ခါတစ်ရံ ထိုဖျော်ရည် များကြောင့်ပင် ဆေး အာနိသင် တစ်ဝက်မျှပဲ ရစေတတ်၏။ အစဉ်အဆက် သုတေသန ပြုမှုများတွင် ဂရိတ်ဖရု အချိုရည်သည် အချို့ဆေးများကို ဆိုးဆိုး ရွားရွား ပြင်းထန်စေ တတ်ကြောင်း သိရသည်။ သို့ဆိုလျှင် ဆေးကို မည်သို့သောက်မည်နည်း။ ရှင်းပါသည်။ ဆေးကို ရိုးရိုးရေနှင့်သာ သောက်သင့်ပါသည်။
Ref By - http://seinpanpyar.multiply.com

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။