ဒီဇင်ဘာလ ၁၉ ရက်နေ့ အမေရိကန်နိုင်ငံ လာ့စ်ဗီးဂတ်စ်မြို့မှာ ကျင်းပတဲ့ ၂၀၁၂ ခုနှစ် မယ်စကြာဝဠာ ရွေးချယ်ပွဲမှာ အမေရိကန်မယ် Olivia Culpo ဟာ အခြားနိုင်ငံများမှ မယ် ၈၈ ဦးကို ကျော်ဖြတ် အရွေးချယ်ခံခဲ့ရပါတယ်။
ရုဒ်ကျွန်းစုများဆီကနေ အမေရိကန်မယ်အဖြစ် တက်လှမ်းနိုင်ငံပြီး အခုအခါမှာ မယ်စကြာဝဠာအဖြစ် ရွေးချယ်ခံခဲ့ရတဲ့ Olivia Culpo ဟာ အခုမှ အသက်၂၀ပဲ ရှိပါသေးတယ်။ ၁၉၉၇ နှစ်မှာ နောက်ဆုံးအကြိမ်အနေနဲ့ မယ်စကြာဝဠာဘွဲ့ ရရှိခဲ့ပြီး ၁၅ နှစ်ကြာ သရဖူနဲ့ ဝေးကွာနေခဲ့ရတဲ့ အမေရိကန်တွေအတွက် Olivia ဟာ သူရဲကောင်း ဖြစ်လာခဲ့ပါတယ်။ ဖိလစ်ပိုင်မယ် Janine Tugonon၊ ဗင်နီဇွဲလားမယ် Irene Sofia Esser Quintero တို့ကို ကျော်ဖြတ်ပြီး ရွေးချယ်ခံခဲ့ရတာကြောင့် မယ်စကြာဝဠာရွေးပွဲမှာ ဗင်နီဇွဲလားနဲ့ တောင်အမေရိကတိုက်က မယ်တွေ လွှမ်းမိုးထားတာကို ချေဖျက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
နောက်ဆုံးအဆင့် မေးခွန်းမှာ ဗင်နီဇွဲလားမယ်ဟာ အင်္ဂလိပ်ဘာသာနဲ့ ဖြေဆိုခဲ့ပေမယ့် အမှတ်မရခဲ့တာကြောင့် အရေးနိမ့်ခဲ့တယ်လို့ သိရှိရပါတယ်။ နိုင်ငံတကာနဲ့ ဆက်ဆံရေးမှာ အရေးကြီးတဲ့ ဘာသာစကား မကျွမ်းကျင်မှုကြောင့် ခုလို အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဗင်နီဇွဲလားမယ်အနေနဲ့ သူ့ရဲ့ ဇာတိ ဘာသာစကားဖြစ်တဲ့ စပိန်လို ဖြေဆိုဖို့ အခွင့်အရေး ရခဲ့ပေမယ့် အင်္ဂလိပ်လို ဖြေဆိုဖို့ ရွေးချယ်ခဲ့တာကို ပရိသတ်တွေ နားမလည်နိုင်အောင် ဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
Olivia Culpo ဟာ ၂၀၁၂ ခုနှစ်ရဲ့ မယ်စကြာဝဠာအဖြစ် HIV/AIDS ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေး စီမံကိန်းမှာ ပါဝင်ကူညီဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။
Hollinaz
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။