ပြဿနာတွေ တပုံတပင်နဲ့ ကျော်ကြားနေတဲ့ မင်းသမီး လင်းဆေးလိုဟန်ဟာ Scary Movie 5 မှာ မင်းသား ချာလီရှင်းနဲ့အတူ ပါဝင်သရုပ်ဆောင်လျက် ရှိပါတယ်။ ဒါပေမယ့် ဒီဇာတ်ကားမှာ မင်းသားချာလီရှင်းကို နမ်းဖို့အတွက်တော့ သူ့အနေနဲ့ မဖြစ်နိုင်ဘူးလို့ ငြင်းဆိုထားပါတယ်။
Scary Movie 5 မှာ လင်းဆေးဟာ ချာလီကို ၃ကြိမ်ထိ နမ်းဖို့ ဇာတ်ညွှန်းထဲမှာ ပါနေတာကြောင့် ဇာတ်ညွှန်းပြင်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ အကြောင်းရင်းကတော့ ချာလီရဲ့ အတိတ်က ပါတီဇာတ်လမ်းတွေကြောင့်လို့ ဆိုပါတယ်။
တကယ်တော့ ချာလီရော လင်းဆေးပါ ပါတီကို ခုံမင်သူများ ဖြစ်ကြပြီး လင်းဆေးအခွန်ဆောင်နိုင်ဖို့ ဒေါ်လာ ၁၀၀,၀၀၀ ကို ချာလီက ကူညီပေးခဲ့တယ်လို့လည်း သိခဲ့ရပါတယ်။ ချာလီကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှလည်း မပြောသလို ဘယ်လိုပဲ အဆင်ပြေပြေ လက်ခံပါတယ်တဲ့။
Photo – TMZ
Hollinaz
Hollinaz
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။