Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, December 10, 2012

ပုံတူကူးသူတွေ မဖြစ်ပါစေနဲ့

ရွာချင်တဲ့အချိန်ရွာချတတ်တဲ့ မလေးရှားနိုင်ငံရဲ့ မိုးရေစက်တွေကို ငေးမောရင်း ရင်ထဲကို ပထမဆုံး ၀င်ရောက်လာတာကတော့ လွမ်းမောတမ်းတခြင်းပါ ။
လွမ်းမောခြင်းဆိုတဲ့ ဆွေးမြေ့တဲ့ ခံစားချက်ထဲကို ထဲထဲဝင်ဝင် မရောက်သွားမှီ အသိဆိုတဲ့ သတိပေး ခေါင်းလောင်းလေးက အချက်ပေးလာတယ် ။

ဆက်လွမ်းနေရင် နင်ငိုရတော့မယ် ။ ရပ်လိုက်တော့ ။ အဓိပာယ်ရှိတဲ့ အတွေးလေးတွေကို ပြန်ခေါ်စမ်းဆိုတဲ့ သတိပေးမှုကြောင့် တွေးတောမှု ခေါင်းစဉ်လေးပြောင်းလဲ သွားရပါတော့တယ် ။ ကျွန်မဖတ်ဖူးတဲ့စာလေးလိုပေါ့ ။ ဘ၀ဆိုတာခဏပါ ။ဒီလိုဘဲ ဝေဒနာဆိုတာလည်း ခဏပါဘဲ ။ခံစားမှုအားလုံးဟာ ဖြစ်ပေါ်လာပြီးရင် ပျောက်ကွယ်ပြီးဆုံးသွားကြမှာချည်းသာ။ ကျွန်မတို့ မိဝေးဖဝေး ကိုရောက်တယ် ။ အိမ်ကို လွမ်းတိုင်း ငိုနေလို့ ပြန်လို့ရတာလည်းမဟုတ်ပါဘူး ။ လွမ်းတိုင်းငိုမယ့် အစား
အကြိုးရှိစေမယ့် အရာလေးတွေကို လုပ်နေခြင်းဟာ ပိုလို့ အကျိုးသက်ရောက်စေပါတယ် ။
ရင်ဆိုင်နေရတဲ့ အခက်ခဲ စိတ်ဖိစီးမှုတွေကို အရှုံးမပေးဘဲ အံတုရင်ဆိုင်ဖို့ အတွက် မိမိတို့ စိတ်အာရုံတွေကို စိတ်ချမ်းသာအောင် ပျော်ရွင်လာအောင် မိမိတို့ ကိုယ်တိုင်
ဖန်တီးပုံဖော်တတ်ဖို့ လိုအပ်ပါတယ် ။ စိတ်ဖိစီးမှုတွေ အခက်ခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့ အခါတိုင်း မိမိတို့ အနှစ်သက်ဆုံးလုပ်ဆောင်ချက်လေးတွေနဲ့ မိမိစိတ်ကို
ပျော်ရွင်အောင် ဖန်တီးရပါ့မယ် ။ သီချင်းကြိုက်တဲ့ သူက သီးချင်းအကျယ်ကြီး ဖွင့် လိုက်အော်ဆိုလိုက် ။ စာဖတ်တာ ၀ါသနာပါတဲ့သူက စာကောင်းလေးတွေ ရွေးဖတ်နေမယ်
ဆိုရင် စိတ်ကိုလည်း လန်းဆန်းစေမယ် ။ အသိပညာဗဟုသုတတွေကိုလည်းရရှိစေပါတယ် ။ မိမိတို့ နှစ်သက်ရာလေးတွေက စိတ်ကို ပြန်လည် လန်းဆန်းသွားစေပြီဆိုရင်တော့ ပုံမှန်လည်ပတ်နေကြ အလုပ်တွေကို စိတ်လက်ပေါ့ပါးစွာနဲ့ အောင်မြင်စွာ စွမ်းဆောင်သွားနိုင်မှာဖြစ်ပါတယ် ။
ဘယ်အရာမဆို လိုချင်တာရှိရင် ပေးဆပ်ရငှ်းနီးမှုဆိုတာလည်း ရှိရစမြဲပါ ။ လူ့ဘ၀မှာ အောင်မြင်ချင်တယ် ဆိုရင်တော့ မဖြစ်နိုင်ပါဘူးကွာဆိုတဲ့ အားလျော့တဲ့ ပျော့ညံ့တဲ့အတွေးခေါ်တွေကို ဘယ်တော့မှ မထည့်ထားပါနဲ့ ။ ဖြစ်ချင်တဲ့ အရာတိုင်းကို ဒီအလုပ်ကို ငါဖြစ်အောင်ကို လုပ်နိုင်တယ်ဆိုတဲ့ ခိုင်မာရင့်ကျက်တဲ့ ဆုံးဖြတ်ချက်နဲ့ မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်မျိုးကို မွေးမြူပါ ။ မိမိ ကိုယ်ကိုကိုယ် စိတ်ဝင်စားပါ ။ ကျွန်မတို့ဆီမှာ သိထားတာတွေ တတ်ထားတာတွေ အများကြီးရှိနေပါတယ် ။ အသုံးမချလို့အရာမထင်တာတွေ ဖြစ်နေတတ်ပါတယ် ။ ကျွန်မတို့ဆီမှာ ရှိနေတဲ့ အရည်သွေးတွေကို အရာထင်လာအောင် အသုံးချတတ်ရမယ် ။ သေချာလုပ်မှ သေချာသိလာမယ် ။
အကျိုးရှိတာကို ကိုယ်တိုင်သိမြင်လာတဲ့ အခါမှာ အလုပ်ထဲမှာ လေးနက်စွာ စိတ်ဝင်စားလာပါတယ် ။ စိတ်ဝင်စားမှုက အောင်မြင်ခြင်းတွေကို သယ်ဆောင်ပေးပါတယ် ။ အောင်မြင်မှု
က ပျော်ရွင်စိတ်ချမ်းသာခြင်းတွေဆီကို ထပ်ဆင့်ခေါ်ဆောင်သွားကြပါတယ် ။
ပျော်ရွင်စရာတွေနဲ့ ပြည့်စုံလာတဲ့ သူဟာ ရည်မှန်းချက်တွေ အထမြောက်စေပါတယ် ။ ရည်မှန်းချက်တွေ ပုံပေါ်လာလို့ ရှေ့ဆက်လို့ အသစ်သစ်သော ရည်ရွယ်ချက်တွေကိုလည်း တစ်စိုက်မတ်မတ် လုပ်ဆောင်တတ်လာပါတယ် ။ နောက်တစ်ခု သတိထားသင့်တာက တချို့တချိုကသော သူတွေက သူများပြောတာကို သိပ်ကို နားယောင်လွယ်တတ်ကြပါတယ် ။ လူတစ်ယောက် သူအလုပ်က ဘယ်လောက်အောင်မြင်ကြောင်း အဆင်ပြေကြောင်းတွေ ပြောပြလို့ ဖြစ်ဖြစ် ၊ မြင်တွေ့နေရလို့ဘဲ ဖြစ်ဖြစ် အားကျအတုယူကာ လိုက်လုပ်တတ်ပါတယ် ။ ဒီနေရာမှာ ကျွန်မတို့တွေးသင့်တာက လူတစ်ယောက်နဲ့ တစ်ယောက် ကံကြမ္မာတွေ မတူညီကြဘူးဆိုတာရယ် ၊ အကျိုးပေးခြင်းနဲ့ ကွာခြားတတ်ဆိုတဲ့ အချက်ကို မမေ့ထားသင့်ပါဘူး ။ အရေးကြီးဆုံးက မိမိကိုယ်တိုင် ၀ါသနာပါရဲ့လား ၊ ဒီအလုပ် နဲ့ ပတ်တသ်ပြီး ဘာတွေ တတ်ထားလည်းဆိုတာကို မိမိကိုယ်ကို စမ်းစစ်တတ်ဖို့ပါဘဲ ။ အဓိကကတော့ ကိုယ်ကိုကိုယ် သေချာ စမ်းစစ်တတ်ဖို့ပါ ။။

လိုချင်တာကို ရတာကတော့ အောင်မြင်မှုပေါ့ ။
ရတာကိုတော့ ကျေနပ်တတ်မှ ပျော်ရွင်မှုကို ရတယ် ။
ချစ်နိုင် ( စိတ်ပညာ)

ဘယ်သူကိုမှ ပုံတူကူးမချမိပါစေနဲ့ ။ မိမိဟာ မိမိပါဘဲ ။ ကိုယ်လမ်းကို ကိုယ်ရည်မှန်းချက် မှန်ကုန်စွာနဲ့ လျှောက်လှမ်းတတ်ဖို့ နဲ့ မိမိတို့ ရည်ရွယ်ချက်တွေကို ယုံကြည်စွာနဲ့ ရောက်အောင်လုပ်ဆောင် တတ်ရပါ့မယ် ။ ဘ၀ခရီးတွေကို လျှောက်လှမ်းရင်း လဲကျခဲ့ရင်တောင် ချက်ချင်း ပြန်လည်ထူမတ်နိုင်အောင် ကြိုးစားရပါ့မယ် ။ ကြုံဆုံလာရတဲ့ ပြသနာတွေကိုလည်း မိမိကို စာမေးပွဲ စစ်နေတယ်လို့ သဘောထားကာ အောင်မြင်အောင် အတတ်နိုင်ဆုံးဖြေဆိုသင့်ပါတယ် ။ စိတ်ခေါ်မှု အမျိုးမျိုးကို အံ့တုရင်ဆိုင်သူတွေဟာ နောက်ဆုံးမှာ အောင်မြင်မှုတွေကို လက်ဝယ်ပိုင်ပိုင် ရရှိပိုင်ဆိုင်ကြရစမြဲပါ ။
ဘယ်နေရာ ဘယ်အလုပ်မှာဘဲဖြစ်ဖြစ် စိတ်ချမ်းသာချင်တယ်ဆိုရင်တော့ မိမိကိုယ်ကို လပ်ပြာသန့်အောင် နေထိုင်တတ်ဖို့က အထူးအရေးကြီးပါတယ် ။ လိပ်ပြာသန့်ဖို့ဆိုရင်တော့ ရိုးသားဖြောင့်မှန်ခြင်းရှိဖို့ အထူးလိုအပ်ပါတယ် ။ သူတစ်ပါးကို စိတ်ဝင်စားလွန်ကဲခြင်းက မလိုမုန်းတီးခြင်းစိတ်တွေကို ဖိတ်ခေါ်သလို ဖြစ်တတ်ပါသေးတယ် ။ ဒီတော့ မိမိကိုယ်ကိုကိုယ်ဘဲ စိတ်ဝင်းစားပါ ။ ဒီနေ့ ငါနဲ့ မနက်ဖြန် ငါ မတူစေရဘူးဆိုတဲ့ စိတ်မျိုးကို မွေးမြူတတ်ရပါ့မယ် ။ ဒီနေ့ ငါထက် မနက်ဖြန်ငါဟာ ပိုတော်ရမယ် ။ ပိုတတ်ရပါ့မယ် ။
အတွေးတွေ ဖြန့်ကျက်နေလိုက်တာ မိုးတောင် တိတ်သွားပြီ ။ စောစောပိုင်းက အိမ်ကိုလွမ်းတတ်တဲ့ စိတ်ကို စိတ်ထဲဆက်ထည့်ထားမိမယ်ဆို ကျွန်မမိုးတိတ်တဲ့ခုချိန်ထိငိုနေမိမှာ အသေချာပါပဲ ။ ငိုမိတော့မယ့် စိတ်ကို အကျိုးရှိစေမယ့် အတွေးတွေဘက်ကို ကူးပြောင်းလိုက်ချိန်မှာတော့ ခုလို စေတနာဆောင်းပါးလေး တစ်ခု အသက်ဝင်လာပါတော့တယ် ။ လူသားတိုင်း ၊ မိဝေး ဖဝေးရောက်နေသူ ညီမငယ် မိန်းကလေးတွေကို လူ့ဘ၀မှာနေရတဲ့ အချိန်လေးမှာ တန်ဖိုးရှိရှိ လူပီတစွာ နေတတ်စေလိုသော * ဧတေန သစ္စ၀ဇေန - မှန်ကန်သော ကျွန်မရင်ထဲက သစ္စာစေတနာကြောင့် နေရတဲ့ လူဘ၀လေးမှာ လူပီတစွာ တန်ဖိုးရှိရှိ နေထိုင်သွားနိုင်ကြပါစေရှင်။

ခိုင်လေး ( ရွှေတောင် )

ဆောင်းပါးလေး ဖြစ်တည်စေဖို့ အစပြုစေခဲ့တဲ့ ဆရာ ချစ်နိုင် ( စိတ်ပညာ ) စာအုပ်လေး နဲ့ တကွ ရေးသားသူ ဆရာ ချစ်နိုင် ( စိတ်ပညာ ) ကိုပါ အထူးကျေးဇူးတင်ရှိပါတယ် ။
http://www.lubo601.com/2012/12/blog-post_1485.html#more

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။