05 December 2012 |By Health Digest
တစ်သက်လုံး လက်ဖက်ရည် သောက်လာခဲ့သော အမျိုးသမီး များတွင် အသက်ကြီးလာသော အခါ သားဥအိမ် ကင်ဆာဖြစ်နိုင်ခြေ အခွင့်အလမ်း သိသာစွာလျော့ ကျစေနိုင်ကြောင်း၊ ပျမ်းမျှအသက် ၅၉နှစ်အရွယ် အမျိုးသမီး ၁၀ဝ ကို ၂ နှစ်ကြာ လေ့လာခဲ့ခြင်းအရ သိရသည်။ ၄င်းတို့၏ တစ်ဝက်ဖြစ်သော အမျိုးသမီး ၅၀ဝဟာ သားဥအိမ် ကင်ဆာမရှိသော သူများဖြစ်ပြီး ကျန်တစ်ဝက်မှာ သားဥ အိမ်ကင်ဆာ ရှိနေသောသူများဖြစ် သည်။ သားဥအိမ် ကင်ဆာမဖြစ်သော အမျိုးသမီးများသည် အသက်ငယ်ငယ် ကတည်းက လက်ဖက်ရည်ကို သောက်နေခဲ့ခြင်း ဖြစ်သည်။ Black Tea ထဲတွင် ဖလေဗိုနွိုက်ဟုခေါ်သော ရောဂါကို ခုခံတိုက်ခိုက်ပေးသည့် စွမ်းအားကောင်းသော ဒြပ်ပေါင်းပါဝင် နေကြောင်းသိရသည်။ အသက်န္တရာယ် ဖြစ်စေနိုင်ပြီး အဖြစ်လည်းများသော သားဥအိမ် ကင်ဆာ ကာကွယ်ရေးအတွက် အကျိုးအာနိသင် ပေးနိုင်သည့် လက်ဖက်ရည် သောက်ခြင်းကို အားပေးမြှင့်တင်သင့်ကြောင်း သိရသည။် ဗြိတိန်နိုင်ငံ တစ်ခုတည်းတွင် တစ်နှစ်လျှင် အဆိုပါ ကင်ဆာဖြစ်သူ ၇၀၀၀ကျော်ရှိသည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။