Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, September 19, 2012

ဗိုလ်ချုပ်အောင်ဆန်း၏ အဆိုအမိန့်တို့ကို ဖတ်ရှုပြီး နောက်ဝယ်......


Cloud Cuckoo Land created a doc.


ယခု ပစ္စုပ္ပန်ကာလသည် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရေးသောစာများကို အများပြည်သူတို့ အလွန် စိတ်ဝင်စားစွာ ဖတ်ရှုနေချိန် ဖြစ်ပါသည်။ ဗိုလ်ချုပ်သည် တစ်ချိန်က လွတ်လပ်ရေး ရခါနီးဆဲဆဲ ကာလ၌ ဘုရင်ခံ ကောင်စီ၏ ဒုတိယ ဥက္ကဋ္ဌဖြစ်ပြီး ကက်ဘိနက် ခေါ် ဝန်ကြီးအဖွဲ့ဝင်တစ်ဦး ဖြစ်၏။ စစ်သေနာပတိ လည်း ဖြစ်၏။
ထို့ပြင် အများပြည်သူတို့၏ အထူးလေး စားမှုကို ခံရသော အမျိုးသားခေါင်းဆောင် ကြီးလည်း ဖြစ်ပါသည်။ ထိုအချိန်ဝယ် ရာထူးများနှင့် ပတ် သက်၍ အောက်ပါ အတိုင်း ဗိုလ်ချုပ်သည် ပြောခဲ့ဖူးပါ၏။ ယခုဝန်ကြီး ဖြစ်နေရပေမယ့် ကျွန် တော့်မှာ ဘာမှ ထူးထူးခြားခြား မရှိပါဘူး။ ယခုလို မီးတောင်ကြီး ပေါ်မှာ တက်ထိုင် နေရာတာနဲ့ တူတဲ့ ဝန်ကြီးရာထူးဆိုတာ ဟာ ခုနေခါ ကျုပ်တို့ ယူချင်တာ မဟုတ် ဘူး။ တိုင်းပြည်ရဲ့ အကြောင်းကြောင်းတွေ ထောက်ပြီး မျက်စိမှိတ် စွန့်ယူရတာပဲ။

လူထုကြီးက ကျုပ်ကိုပေးထားတဲ့ လူထုခါင်းဆောင်ဆိုတဲ့ဂုဏ်ကို ဝန်ကြီးဆိုတဲ့ ဂုဏ်ထက် ကျုပ်ပိုမက်တယ်ဆိုတာ ခင်ဗျားတို့ မှတ်ထားလိုက်ကြပါ။ ဝန်ကြီးဆိုတဲ့ ဂုဏ်ဟာ လူထုခေါင်းဆောင်ဆိုတဲ့ဂုဏ်ရဲ့ ခြေဖျားမှာကပ်နေတဲ့ ခြေမှုန်လောက်ပဲလို့ ကျုပ်မှတ်ထားပါတယ်ဟု ဆိုပါ၏။ ဤနေရာ၌ တင်ပြလိုသည်မှာ ဝန်ကြီး ဆိုသည်မှာ အုပ်ချုပ်သူ သို့မဟုတ် အရာရှိ တစ်ဦးဖြစ်ပြီး စာရေးသူ ကျွန်တော် မောင် ထွန်းဝင်းက အုပ်ချုပ်သူ (အထက်အရာရှိ) နှင့် ခေါင်းဆောင်ကွာခြားပုံကို ဦးစွာတင်ပြ လိုပါသည်။၎င်းနောက်မှသာ ဗိုလ်ချုပ်ကို လေးစားလှချည်ရဲ့ဟု ဆိုသော ပုဂ္ဂိုလ် အချို့ ရာထူးမက်ကြပုံကို ဆက်လက်တင် ပြလိုပါသည်။

ခေါင်းဆောင်နှင့် အထက်အရာရှိ ဘယ်လိုကွာသလဲ

ခေါင်းဆောင်ဟူသည် ငယ်သားတို့ က အသိအမှတ်ပြုခြင်းခံရ၍ ခေါင်းဆောင် ဖြစ်လာသည်။ အထက်အရာရှိဟူသည် အမိန့်စာဖြင့် ခန့်အပ်ခြင်း ခံရ၍ အထက် အရာရှိ ဖြစ်လာသည်။ခေါင်းဆောင်တို့သည် မိမိတို့ ကိုယ် တိုင် မှန်သော အလုပ်ကို လုပ်နေကြသည်။ အထက်အရာရှိတို့သည် မှန်သောအလုပ် ကို လုပ်ကြရန် ငယ်သားတို့အား တိုက် တွန်းကြသည်။ ရာထူးမြင့်တိုင်း ခေါင်းဆောင်မဟုတ်။
အထက်အရာရှိတို့သည် မြင့်သောရာထူး၌ အမြဲနေကြရသည်။ ခေါင်းဆောင်နှင့် နောက်လိုက် ဆက် နွှယ်မှုမှာ နောက်လိုက်တို့က ခေါင်းဆောင် အား ကြည်ညိုလေးစား၍ နောက်လိုက် လုပ်နေကြခြင်းဖြစ်သည်။ အထက်အရာရှိ နှင့် ငယ်သားဆက်နွှယ်မှုမှာ ငယ်သားတို့ က လခရ၍ ငယ်သားအဖြစ် ဆောင်ရွက် ကြသည်။ ခေါင်းဆောင်ကို မည်သူကမျှ အမိန့် စာထုတ်၍ ခေါင်းဆောင်အဖြစ်မှ ရပ်စဲလို့ မရပါ။ နောက်လိုက်တို့က မကြည်ညို မ လေးစားတော့ရင် ခေါင်းဆောင်အဖြစ်က အလိုလိုရပ်စဲသည်။
အထက် အရာရှိတို့မည်သည် အလုပ်ရှင်က အမိန့်စာထုတ်၍ အလုပ်ထုတ်သော် အလုပ်ပြုတ်သည်။ လက်အောက်ငယ်သားတို့က မကြည်ညို ရုံနှင့် အလုပ်ပြုတ်မသွား။ လူမိုက်တို့၌ ခေါင်းဆောင်မရှိ။ ဝန် ထမ်းလုပ်လျှင်တော့ အထက်အရာရှိဆို သည်မှာ အမြဲတမ်းရှိနေမည်။ လူတိုင်းသည် မိမိ၏ ခေါင်းဆောင်ကို မိမိရွေးချယ်ခွင့်ရှိသည်။
လက်အောက်ငယ် သားကတော့ မိမိ၏ အထက်အရာရှိဘယ် သူ ဖြစ်ရမယ်ဆိုတာ ရွေးချယ်ခွင့်မရှိပါ။ ခေါင်းဆောင်တို့သည် ကိုယ်ပိုင်ပစ္စည်း မှာ မှန်သော အလုပ်ကိုလုပ်ခြင်း၊ အနစ်နာ ခံခြင်း၊ ရှေ့ဆောင်နိုင်ခြင်းတို့ ဖြစ်သည်။ အထက်အရာရှိတို့၏ ကိုယ်ပိုင်အရည် အချင်းမှာ ဘွဲ့၊ ဒီဂရီ၊ လုပ်သက် အတွေ့ အကြုံတို့ ဖြစ်ကြသည်။ ခေါင်းဆောင်ဆိုသည်မှာ မှန်တာလုပ် နေသော လူတစ်ယောက်ဖြစ်သော်လည်း ပတ်ဝန်းကျင်က မိမိကို မယုံကြည်၊ မလေး စား၍ မိမိနောက်လိုက် မလုပ်သော် အနေ သာချည်း။ အထက်အရာရှိ ဆိုသည်က တော့ လက်အောက်ငယ်သား မဟုတ်တာ လုပ်ရင် အမုန်းခံ ဆုံးမရမယ့် တာဝန်ရှိ သည်။

ခေါင်းဆောင်ဆိုတာရဲ့ သဘာဝ သို့မဟုတ် သာမန်အညတြတစ်ဦးက အထင်ကရပုဂ္ဂိုလ်တစ်ဦးအား ခေါင်းဆောင်ခန့်ထားပုံဥပမာ
ကျွန်တော်၏ ဇနီးသည် သာမန် အ ညတြ ပြည်သူတစ်ဦးသာ ဖြစ်ပါသည်။ တစ်နေ့တော့ သူမသည် မြို့ထဲ သွားရင်း ကျွန်တော်တို့ အိမ်၏ဧည့်ခန်း၌ ချိတ်ဆွဲရန် ဗွီနိုင်း ပိုစတာ တစ်ခု ဝယ်လာပါတယ်။ ၄င်းဗွီနိုင်းကတော့ အထင်ကရ ပုဂ္ဂိုလ် ဖြစသော ဗိုလ်ချုပ်၏ သမီး ဒေါ်အောင်ဆန်း စုကြည်၏ ပုံဖြစ်ပါတယ်။
ကျွန်တော်တို့၏ ဧည့်ခန်း၌ ဒေါ်အောင်ဆန်းစုကြည်၏ပုံကို ချိတ်ဆွဲတဲ့အချိန်မှာ ဇနီးသည်က ကျွန် တော့်အား ရှင်းပြတာကတော့ သူမသည် ဒေါ်အောင်ဆန်းစုကြည်အား အလွန်လေး စားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ခေါင်းဆောင်ဖြစ်ကြောင်း ပြောပါ တယ်။ ဒီနေရာမှာ ရှင်းလိုတာက ဒေါ် အောင်ဆန်းစုကြည်နှင့် ကျွန်တော်၏ ဇနီး တို့ လုံးဝမသိကြပါ။ ဒေါ်အောင်ဆန်းစု ကြည်က ကျွန်တော့်ဇနီးကို နောက်လိုက် (Follower) အဖြစ် ခန့်အပ်တာမဟုတ်ဘဲ ဇနီးသည်က ဒေါ်အောင်ဆန်းစုကြည်ကို Leader အဖြစ် ခန့်တာပါ။
အောက်ခြေက ခန့်တာ ခံရတာက ခေါင်းဆောင်တို့ရဲ့ သဘာဝပါ။ ဗိုလ်ချုပ်ကိုလည်း ဘုရင်ခံ ကောင်စီ ဒုတိယဥက္ကဋ္ဌ ရာထူးကို ဘုရင်ခံ က ခန့်တာဖြစ်ပြီး လူထုခေါင်းဆောင်ဆို တဲ့ ရာထူး ဂုဏ်ပုဒ်ကိုတော့ ပြည်သူက ခန့် တာပါ။ ဗိုလ်ချုပ်က လူထုခန့်တဲ့ ဂုဏ်ကို ပိုမက်ပါတယ်။ တစ်ဖန် ဆက်လက်တင်ပြ လိုသည်က ခေါင်းဆောင်ဆိုတိုင်း အထက်က မနေဘဲ နေရာ အမျိုးမျိုး၌ နေတတ်ပုံ ဖြစ်ပါတယ်။

ခေါင်းဆောင်တို့ ရောက်ရှိနေတတ်သော နေရာ အဆင့်အမျိုးမျိုး

အုပ်ချုပ်သူ သို့မဟုတ် အထက်အရာ ရှိ သို့မဟုတ် မန်နေဂျာတို့ရှိရာ အရပ်သည် သတ်မှတ်ရသည်မှာ လွယ်ကူပါသည်။ ၄င်းတို့သည် ရာထူးလက်ကိုင် ပုဂ္ဂိုလ်များ ဖြစ်၍ အလုပ်လုပ်ရာ အရပ်ဒေသ၊ ရုံးခန်း တိတိကျကျရှိပါသည်။ ခေါင်းဆောင်တိုင်း သည် ရာထူးလက်ကိုင်ရှိသူ မဟုတ်ပါ သောကြောင့် ၄င်းတို့သည် တည်နေရာ အမျိုးမျိုး၌ ရှိနိုင်ပါသည်။၎င်းနေရာတို့ သည်ကားအောက်ပါအတိုင်းဖြစ်ပါသည်။
(၁) ခေါင်းဆောင်နှင့် အထက် အရာရှိ သည် တစ်ခါတစ်ရံ တစ်ယောက် တည်း ဖြစ်သည့်အခါ ခေါင်းဆောင် သည် အထက်အရာရှိနေရာ၌ ရှိပါ မည်။ အထင်ရှားဆုံး ဥပမာတစ်ခုမှာ သမိုင်းတွင် ဂရိပြည့်ရှင်မဟာအလက် ဇန္ဒြားဘုရင် (Alexandra The Great) ၏ စစ်တိုက်ပုံစံသည် ခေါင်း ဆောင် ပီသလွန်းသည်ဟု ဆိုပါ၏။
ဥပမာ တပ်ဦးမှနေ၍ တိုက်ခြင်း၊ တပ် သားတို့နှင့် သေအတူရှင်မကွာ စိတ် ဓာတ် စသည်တို့ ဖြစ်၏။ သို့သော်၎င်းသည် တစ်ချိန်တည်းမှာပင် တပ် ၏ စစ်သေနာပတိလည်း ဖြစ်ပါ သည်။ အုပ်ချုပ်သူလည်း ဖြစ်၏။ ဤဥပမာ၌ခေါင်းဆောင်သည် တစ်ခါတစ်ရံ အုပ်ချုပ်သူနေရာ၌ရှိပါသည်။ (၂) တစ်ခါတစ်ရံ ခေါင်းဆောင်ဟူသည် မိမိထက် ရာထူးနိမ့်သူတစ်ဦး ဖြစ်နေ တတ်ပါသည်။ တစ်ခါက ဖြစ်ပါ၏။
ကုသိုလ်ဖြစ် ဆေးရုံကြီးတစ်ခုတွင် ဒေါက်တာ မောင် သီလဆိုသူ ဆရာဝန် လူလတ်ပိုင်းတစ်ဦး သည် ဆေးအရာရှိMedical Officer အ ဖြစ် အမှုထမ်း၏။ ဒေါက်တာ မောင်သီလ ၏ လက်အောက်၌ ဦးသန်းအောင်ဟူသော အထွေထွေလုပ်သား အသက် ၆၀ ခန့် လူကြီးတစ်ဦး အမှုထမ်းပါသည်။ ဦး သန်းအောင်သည် ဤဆေးရုံကြီး၌အသက် ၂၀ မှစ၍ တာဝန်ထမ်းဆောင်လာခဲ့သည် မှာ ယခုဆိုလျှင် အနှစ် ၄၀ ကျော်လာပါ ပြီ။ ဦးသန်းအောင်၌ အိမ်မရှိပါ။ သမီးနှင့် သမက်အိမ်၌ ကပ်နေသည်ဟု ဆိုပါ၏။
ဒေါက်တာ မောင်သီလနှင့် ဦးသန်းအောင် တို့ရင်းနှီးလာတော့ ဦးသန်းအောင်က၄င်း၌ အိမ်မရှိသည့်ဒဿနကို အောက်ပါအတိုင်း ပြောပြသည်။ ကျွန်တော်ကတော့အိမ်မရှိတာမရှက် ဘူး ဆရာလေး။ ကျွန်တော့်မိဘက ဆင်းရဲ သားပါ။ အမွေမပေးနိုင်ဘူး။ ကျွန်တော် ထီလည်း မပေါက်ဖူးပါဘူး။ တခြားအလုပ် လည်းမရှိဘူး။ ဒီဆေးရုံမှာ အနှစ် ၄၀ လုပ် ခဲ့တယ်။

ဆေးရုံလခကလည်း ထမင်းဝရုံ သက်သက်ပါ။ ဒီတော့အခုအချိန်မှာ ကျွန် တော် တိုက်ခန်းတစ်ခန်းဝယ်နိုင်ရင် ဒီတိုက် ခန်းဟာ ကျွန်တော် ဒီဆေးရုံကနေ ခိုးတဲ့ ပိုက်ဆံနဲ့ ဝယ်တာပဲဖြစ်မှာပေါ့။ ကျွန်တော် အခု လုံးဝမချမ်းသာတော့ လုံးဝ မခိုးခဲ့ဘူး ဆိုတဲ့ အဓိပ္ပာယ်ပေါ့ ဟု ပြောခဲ့ဖူး၏။ ဦးသန်းအောင်သည် အလုပ်ကိုလည်း ရိုသေကြိုးစားသူဖြစ်၏။
ထိုကြောင့် ဒေါက် တာ မောင်သီလသည် ဦးသန်းအောင်ကို လေးစားမိတော့သည်။ ဒေါက်တာ မောင် သီလသည် ဦးသန်းအောင်၏ ကြိုးစားရိုး သားမှုကို အတုယူပါသည်။ ထို့ကြောင့် ဒေါက်တာမောင်သီလ၏ Leader သည် ဦးသန်းအောင် ဖြစ်၏။ တကယ်တော့ ဦး သန်းအောင်သည် ဒေါက်တာမောင်သီလ ၏ လက်အောက်က အထွေထွေလုပ်သား General Worker တစ်ဦးသာဖြစ်ပါ၏။ ဤဥပမာတွင် Leader တို့သည် တစ်ခါတစ်ရံ လက်အောက်ငယ်သားနေရာ ၌ ရောက်နေတတ်ပါသည်။


Sometimes Leader is in the peer group

တစ်ခါတစ်ရံ ခေါင်းဆောင်သည် သူငယ်ချင်းအုပ်စုထဲက ဖြစ်နေတတ်ပါသည်။ ကျွန်တော်သည် ဆေးတက္ကသိုလ်တက်စဉ် က သူငယ်ချင်း ဆရာဝန် တစ်ဦးရှိသည်။ သူ့နာမည်က ဒေါက်တာဇော်ဖြစ်ပါ၏။ သူ့တွင် မောင်နှမ ၆ ဦးလောက်ရှိ၏။ ကျွန် တော်တို့ ဆေးကျောင်းသားဘဝက သူ၏ အစ်ကိုအကြီးဆုံးသည် အမေရိကား၌ စိတ် ရောဂါပါရဂူ အထူးကုဆရာဝန်ကြီး ဖြစ် နေပြီ။
ဒေါက်တာဇော်တို့ မောင်နှမ အား လုံးသည် ဆေးတက္ကသိုလ် ၁ ရန်ကုန်က ဘွဲ့ရများဖြစ်၏။ ဒေါက်တာဇော်တို့ မောင် နှမများ ဆရာဝန်ဖြစ်လာသောအခါ ဒေါက် တာဇော်၏ ညီ၊ အစ်ကို၊ အစ်မ၊ ညီမတို့ သည် အစ်ကိုအကြီးဆုံးရှိရာ အမေရိကား ကို ထွက်သွားပြီး ၄င်းနိုင်ငံကြီး၏ ပါရဂူ ဘွဲ့ကို ရခဲ့၏။ ထိုနိုင်ငံ၌ ပါရဂူ ဆရာဝန် ကြီးများ ဖြစ်လာပြီး ချမ်းသာကြွယ်ဝကြ သည်။
ဒေါက်တာဇော်ကတော့ အမေရိ ကားသို့ သွားနိုင်သော အခွင့်အရေးကို မယူ ပါဘူး။ ရန်ကုန်မြို့၌ ကုန်သည်လုပ်နေ သည်။ မိဘများနှင့် ရန်ကုန် တစ်မြို့တည်း မှာနေပြီးအိမ်ခွဲနေသည်။ သို့သော် နှစ်ပေါင်း များစွာ တစ်ရက်မပျက် မိဘနှစ်ပါးလုံးကို နေ့စဉ်လာကြည့်၊ ကျန်းမာရေး စစ်ဆေး ပေး၏။ ဖခင်ကြီးဆုံးသွားသည်အထိဖြစ် ပြီး မိခင်အိုကြီးကို ပြုစုဆဲဖြစ်၏။
ဒေါက် တာဇော်ကို ကျွန်တော် လေးစား အားကျမိသည်။ အမေရိကား ရောက်နေသော ၄င်း၏ ညီအစ်ကို ဆရာဝန် ပါရဂူကြီးများထက် ဒေါက်တာဇော်ကို ကျွန်တော်ပို၍ လေးစားမိ၏။ ကျွန်တော့်တွင်လည်း ယခုအချိန်ထိ မိခင်အိုကြီးရှိနေသေးရာ ကျွန်တော်အချိန် ပေး၍ မိခင်ထံ လည်ပတ် စောင့်ရှောက်နေရ ၏။
ဤတွင် ဒေါက်တာဇော်သည် ကျွန် တော်၏ Leader ဖြစ်ပါသည်။ တကယ် တော့ သူသည် ကျွန်တော်၏ သူငယ်ချင်း ဖြစ်၏။ ထို့ကြောင့်Leader သည် တစ်ခါ တစ်ရံ သူငယ်ချင်းအုပ်စုတွင်း၌ ရှိနေတတ် ပါသည်။

ဒေါက်တာထွန်းဝင်း
Venus News Journal
Source...http://www.lubo601.com/2011/11/blog-post_5607.html#more

 

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။