ပြင်သစ်ဂစ်တာဂုရု Stéphan Forté
-------------------------- --------
ပြင်သစ်နိုင်ငံကထွက်တဲ့ အနုပညာရှင် သံယံဇာတတွေထဲမှာ Stéphan Forté ဆိုတဲ့ ဂစ်တာသမားဟာ တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ အခြားသော ဂစ်တာပလေယာတွေနဲ့ မတူတဲ့ ဂီတပညာရှင်တယောက်ဖြစ်တဲ့အပြ င်
တကိုယ်တော်ဆိုလိုတွေ တီးခတ်နေပြီး ပြင်သစ် ပရိုဂက်စစ်
မက်တယ်လ်တီးဝိုင်းဖြစ်တဲ့ Adagio ကိုလည်း ၂၀၀၀ ခုနှစ်လောက်က
စတင်တည်ထောင်ခဲ့တယ်။ Forté ဆိုတာ နီယိုကလက်ဆစ်ကယ်လ် မက်တယ်လ်ဂီတလောကမှာ
ဂစ်တာသမားတွေ စံပြထားကျတဲ့ ဂစ်တာနတ်ဘုရားကြီး Yngwie Malmsteen လိုပဲ
ခေတ်ပေါ်သံစဉ် အငွေ့အသက်တွေကို နီယိုကလက်ဆစ်ကယ်လ် မက်တယ်လ်သံစဉ်တွေနဲ့
ရောစပ်ကာ ကိုယ်ပိုင်ဟန်တွေပေါင်းစပ်ဖ န်တီးတတ်ပြီး
အများက လေးစားကျတဲ့ ဂစ်တာသမားတစ်ယောက်။ လူတွေရဲ့  အဆိုးအကောင်း လျှို
့ဝှက်ဆန်းကြယ်မှုစသော စရိုက်လက္ခဏာ အသွင်အပြင်တွေထဲမှာ တွေ့ရလေ့ရှိတဲ့
အလှတရားကို အသားပေး တီးခတ်လေ့ရှိတဲ့ Forté ဟာ များသောအားဖြင့်
ရှုပ်ထွေးနက်နဲ ပညာရပ်ဆန်ပြီး ရင်သပ်ရှု့ မောဖွယ်ရာ ယိမ်းနွဲ့ လှပတဲ့
ဂီတဖွဲ့ စည်းပုံမျိုးတွေနဲ့ သူ့အနုပညာကို တည်ဆောက်လေ့ရှိတယ်။
အသက် ၅ နှစ် အရွယ်လောက်မှာ အကိုဖြစ်သူမှ လက်ဆောင်ပေးတဲ့ အကူးစတစ်ဂစ်တာလေးတလက်ကို ရပြီးတဲ့နောက်ပိုင်း Alice Cooper တို့ AC/DC တို့ သီချင်းတွေကို စပြီးသင်ယူခဲ့တယ်။ ၁၄ နှစ်သားလောက်ရောက်တော့ အီလက်ထရစ်ဂစ်တာတီးခတ်တာကို ထပ်ဆင့်သင်ယူကာ သူ့ဘဝကို ပြောင်းလဲစေတဲ့ ကြီးမားတဲ့ အရာတခုကို တွေ့ရှိခဲ့တယ်။ ဒါဟာဘာလည်းဆိုတော့ ဂစ်တာဂုရုကြီး Yngwie Malmsteen နဲ့ နီယိုကလက်ဆစ်ကယ်လ် မက်တယ်လ်ဂီတဆိုတာကြီးကို ရှာဖွေတွေ့ ရှိသွားပြီး ဘဝမှာ ဘာလုပ်ချင်တယ်ဆိုတာကို သူအသေချာသိခဲ့တယ်။
ပြင်သစ်နိုင်ငံက CMCN လို့ခေါ်တဲ့ နာမည်ကြီး ဂီတကျောင်းတခုကနေ ၁၉၉၆ လောက်မှာ ဘွဲ့ ရရှိခဲ့ပြီး သိပ်မကြာခင်မှာပဲ သူရဲ့ ပထမဆုံး ဒီမိုခွေကို စတင်ဖန်တီးခဲ့တယ်။ Vision လို့ အမည်ရတဲ့ သီချင်း ၄ ပုဒ်ပါတဲ့ အဲ့ဒီ EP ခွေဟာ ဂီတလောကထဲမှာ အနည်းအကျဉ်းလောက်သာရှိတဲ့ ဆရာ့ဆရာကြီးတွေကို နှယ်နှယ်ရရတော့ မဟုတ်ဘူးဆိုတာ လက်စွမ်းပြနိုင်ခဲ့တယ်။ အဲ့ဒီအခွေရဲ့  ဆန်းပြားတဲ့ အငွေ့အသက် ဟန်ပန်တွေနဲ့အတူ ရှုပ်ထွေးပြီး မှော်ဝင်နေတဲ့ ဂစ်တာသံတွေဟာ Forté ကို ပထမဆုံး ပွဲဦးထွက် အပြည့်အဝထောက်ခံချက်တွေရရှိ စေခဲ့တယ်။ နာမည်ကြီး ဂစ်တာကုမ္ပဏီဖြစ်တဲ့ Godin နဲ့ ဂစ်တာဆက်စပ်ပစ္စည်းတွေထုတ်တဲ့  Rocktron ကုမ္ပဏီတို့က ကမ်းလှမ်းရတဲ့ အထိပဲ။
ကမ္ဘာ့အနှံ့ နယ်လှည့်ဖျော်ဖြေပွဲတွေ၊ အသံသွင်းကိစ္စတွေပြီးလို့ ၅ နှစ်လောက်ကြာပြီးတဲ့နောက်မှ
သူ့တီးဝိုင်းဖြစ်တဲ့ Adagio တို့နဲ့ အတူ ပထမဆုံး အယ်လ်ဘမ် Sanctus Ignis
ထုတ်နိုင်ခဲ့ပါတယ်။ အဲဒီအချိန်က စလို့ ၁၀ နှစ်ကြာလောက် လက်တွဲခဲ့တဲ့
ဝိုင်းသားတွေနဲ့အတူ နောက်ထပ် ဓာတ်ပြား ၆ ချပ်ထုတ်ခဲ့ပြီး
အကုန်လုံးနီးပါးဟာလည်း တော်တော်များများ ချီးကျူးခံခဲ့ကျရတယ်။
နောက်ဆုံးထုတ်ခဲ့တဲ့ Archangels in Black အယ်လ်ဘမ်ဆိုလို့ရှိရင်
ပရိုဂတ်ဆစ်နဲ့ ပါဝါမက်တယ်လ်ဂီတလောကမှာ တကယ့်ကို အသိအမှတ်ပြုဖို့
ထိုက်တန်ပြီး လုံးဝ စွဲလန်းစရာကောင်းတဲ့ ဂီတအလွှာလိုက်တွေ၊
ခံ့ညားထယ်ဝါခြင်း၊ လျှို့ဝှက်ဆန်းကြယ်မှုတို့နဲ့ အတူ တထိုင်ထဲနားထောင်ချင်လောက်ေ အာင်ကို ကျေနပ်စရာကောင်းတဲ့ အယ်လ်ဘမ်တချပ်လို့ မက်တယ်လ်စွယ်စုံကျမ်းကြီးတစ်ခုက ညွှန်းပါတယ်။
The Shadows Compendium လို့ အမည်ရတဲ့ တကိုယ်တော် Solo အယ်လ်ဘမ်ကတော့ ၂၀၁၁ ကမှ စထုတ်ဖြစ်ပါတယ်။ မတူညီတဲ့ ပုံစံမျိုးစုံ ဆန်းပြားခမ်းနားတဲ့ တီးကွက်တွေဆန်းနဲ့အတူ ဆိုလိုဂစ်တာပညာရှင်အနေနဲ့လည်း နေရာတစ်နေရာ အခိုင်အမာရရှိသွားတာဖြစ်ပါတ ယ်။
Metal Temple ကဲ့သို့ သော ဝက်ဘ်ဆိုဒ်၊ ရီဗြုးရေးသူ တော်တော်များများကလည်း
အပြုသဘောဆောင်တဲ့ မှတ်ချက်ကောင်းလေးတွေ ရခဲ့တဲ့ shred
အင်စတူမန်တယ်လ်အယ်လ်ဘမ်တချပ်လည်း ဖြစ်ခဲ့ပါတယ်။
ဖြတ်သန်းလာတဲ့ ဂီတသက်တမ်းတလျှောက်မှာ ဂစ်တာဂုရု Jason Becker ကတော့ သူ့အပေါ်အတော်လေးကို သြဇာသက်ရောက်မှုရှိတယ်လို့ Forté က ဆိုပါတယ်။ The Shadows Compendium မှာပါတဲ့ “De Praestigiis Daemonum” ဆိုတဲ့ သီချင်းတပုဒ်ဆိုလို့ရှိရင် Becker ကို ဂုဏ်ပြုတီးခတ်ထားတာဖြစ်ပါတယ်။ ဒီသီချင်းထွက်ပြီးနောက်ပိုင်း
သိပ်မကြာခင်မှာပဲ Not Dead Yet လို့ အမည်ရတဲ့ Jason Becker Festival
ဂီတပွဲတော်မှာ ပါဝင်တီးခတ်ဖို့ တောင်းဆို ခံရပြီး
တခြားသောဂစ်တာအကျော်အမော်တွေဖြစ်တဲ့
Guthrie Govan, Michael Lee Firkins နဲ့ Stu Hamm တို့နဲ့အတူ စင်ပေါ်မှာ
ဖျော်ဖြေသွားခဲ့ပါတယ်။ သူအထင်ကြီးလေးစားရတဲ့ Becker ကိုယ်တိုင်ကလည်း
အဲဒီပွဲလေးကို စကိုင်းပီကနေတဆင့် တိုက်ရိုက်ကြည့်ရှူအားပေးခဲ့ ပြီး ဘဝမှာဂုဏ်အယူရဆုံးအချိန်ပါပဲလို့ Forté က ဝမ်းသာအားရပြောကြားခဲ့ပါတယ် ။ နောက်နှစ်စဉ်ကျင်းပတဲ့ အဲဒီပွဲတွေမှာ အစဉ်အလာတစ်ခုလို သွားရောက်ဖျော်ဖြေတီးခတ်ခွင့်ရခဲ့ပါတယ်။
ပထမဆိုလိုအယ်လ်ဘမ်ထွက်ပြီးတဲ့နောက် ကမ္ဘာအနှံ့ နာမည်ကြီးဂစ်တာရှိုးပွဲတွေမှာ
ဂစ်တာသူရဲကောင်းဖြစ်တဲ့ Marty Friedman တို့နဲ့အတူ ၂ နှစ်ပါးလောက်ကြာအောင်
နယ်လှည့်ပွဲတွေမှာ ပါဝင်တီးခတ်ခဲ့ပါတယ်။ သီချင်းရေးခြင်း
အသံသွင်းခြင်းတို့ကိုလည်း အဆက်မပြတ်ဆိုသလို ဆက်တိုက် လုပ်နေခဲ့ပြီး ၂၀၁၄
မှာတော့ Enigma Opera Black ဆိုတဲ့ သီချင်း ၉ ပုဒ် ပါဝင်ပြီး
ပြောင်မြောက်လွန်းလှတဲ့ ခေတ်ပေါ် နီယိုကလက်ဆစ်ကယ်လ် ဆိုလိုအယ်လ်ဘမ်တချပ်ကို
ထပ်ထုတ်ခဲ့ပါတယ်။ အဲဒီသီချင်းတွေထဲကမှ Sector A: Undead ဆိုတဲ့ သီချင်းကို
အမိုက်စားပါဖော့မန့်တွေနဲ့အ တူ
သူ့ရဲ့  ယူကျူ့ အကောင့်မှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ သရဲများနေ့မှာမှ
လွှင့်တင်ပေးထားခဲ့ပါတယ်။ အမှောင်ကမ္ဘာမှ အလှတရားများရဲ့  အသံကို အောက်က
ကွန့်မန့်ထဲမှာကြည့်နိုင်ပါ တယ်။ လက်ရှိမှာတော့ ခုလာမယ့် ၂၀၁၆ ဆောင်းဦးအတွက်
Adagio တို့နဲ့အတူ အယ်လ်ဘမ်အသစ်တချပ်ထုတ်ဖို့ ပြင်ဆင်လျက်ရှိနေပါတယ်။ အသက် ၃၇ နှစ်သာသာ ရှိသေးတဲ့ ပြင်သစ်ဂစ်တာဂုရု Stéphan Forté တစ်ယောက် လျှို့ ဝှက်ဆန်းကြယ်မှုတွေ ပြည့်နှက်နေတဲ့ အမှောင်ကမ္ဘာက အလှတရားအသစ်များကို ဆက်လက်ရှာဖွေနိုင်ပါစေလို့ ဆန္ဒပြုရင်း စကော်ပီယံပေ့ခ်ျမှ ဂစ်တာသံချစ်တဲ့ ဘော်ဒါတွေအတွက် Instrumental Solo အယ်လ်ဘမ် ၂ ချပ်ကို မျှဝေပါတယ်။
ခင်သောမင်သောစကော်ပီယံများ \m/
ref: rolling stone
DL: http://www.mediafire.com/ download/tkke5tikckf1k4n/ SFTS11.rar
DL: http://www.mediafire.com/ download/lbpa1qtvc4trn7y/ SF14.rar
**p.s. The stuffs we share on this page are not owned by us. Just for review. Please buy original CDs and support the artists if you love their creation & inspiration. Thanks! **
#ဂစ်တာသမား
—--------------------------
ပြင်သစ်နိုင်ငံကထွက်တဲ့ အနုပညာရှင် သံယံဇာတတွေထဲမှာ Stéphan Forté ဆိုတဲ့ ဂစ်တာသမားဟာ တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ အခြားသော ဂစ်တာပလေယာတွေနဲ့ မတူတဲ့ ဂီတပညာရှင်တယောက်ဖြစ်တဲ့အပြ
အသက် ၅ နှစ် အရွယ်လောက်မှာ အကိုဖြစ်သူမှ လက်ဆောင်ပေးတဲ့ အကူးစတစ်ဂစ်တာလေးတလက်ကို ရပြီးတဲ့နောက်ပိုင်း Alice Cooper တို့ AC/DC တို့ သီချင်းတွေကို စပြီးသင်ယူခဲ့တယ်။ ၁၄ နှစ်သားလောက်ရောက်တော့ အီလက်ထရစ်ဂစ်တာတီးခတ်တာကို ထပ်ဆင့်သင်ယူကာ သူ့ဘဝကို ပြောင်းလဲစေတဲ့ ကြီးမားတဲ့ အရာတခုကို တွေ့ရှိခဲ့တယ်။ ဒါဟာဘာလည်းဆိုတော့ ဂစ်တာဂုရုကြီး Yngwie Malmsteen နဲ့ နီယိုကလက်ဆစ်ကယ်လ် မက်တယ်လ်ဂီတဆိုတာကြီးကို ရှာဖွေတွေ့ ရှိသွားပြီး ဘဝမှာ ဘာလုပ်ချင်တယ်ဆိုတာကို သူအသေချာသိခဲ့တယ်။
ပြင်သစ်နိုင်ငံက CMCN လို့ခေါ်တဲ့ နာမည်ကြီး ဂီတကျောင်းတခုကနေ ၁၉၉၆ လောက်မှာ ဘွဲ့ ရရှိခဲ့ပြီး သိပ်မကြာခင်မှာပဲ သူရဲ့ ပထမဆုံး ဒီမိုခွေကို စတင်ဖန်တီးခဲ့တယ်။ Vision လို့ အမည်ရတဲ့ သီချင်း ၄ ပုဒ်ပါတဲ့ အဲ့ဒီ EP ခွေဟာ ဂီတလောကထဲမှာ အနည်းအကျဉ်းလောက်သာရှိတဲ့ ဆရာ့ဆရာကြီးတွေကို နှယ်နှယ်ရရတော့ မဟုတ်ဘူးဆိုတာ လက်စွမ်းပြနိုင်ခဲ့တယ်။ အဲ့ဒီအခွေရဲ့  ဆန်းပြားတဲ့ အငွေ့အသက် ဟန်ပန်တွေနဲ့အတူ ရှုပ်ထွေးပြီး မှော်ဝင်နေတဲ့ ဂစ်တာသံတွေဟာ Forté ကို ပထမဆုံး ပွဲဦးထွက် အပြည့်အဝထောက်ခံချက်တွေရရှိ
ကမ္ဘာ့အနှံ့ နယ်လှည့်ဖျော်ဖြေပွဲတွေ၊ အသံသွင်းကိစ္စတွေပြီးလို့ ၅ နှစ်လောက်ကြာပြီးတဲ့နောက်မှ
The Shadows Compendium လို့ အမည်ရတဲ့ တကိုယ်တော် Solo အယ်လ်ဘမ်ကတော့ ၂၀၁၁ ကမှ စထုတ်ဖြစ်ပါတယ်။ မတူညီတဲ့ ပုံစံမျိုးစုံ ဆန်းပြားခမ်းနားတဲ့ တီးကွက်တွေဆန်းနဲ့အတူ ဆိုလိုဂစ်တာပညာရှင်အနေနဲ့လည
ဖြတ်သန်းလာတဲ့ ဂီတသက်တမ်းတလျှောက်မှာ ဂစ်တာဂုရု Jason Becker ကတော့ သူ့အပေါ်အတော်လေးကို သြဇာသက်ရောက်မှုရှိတယ်လို့ Forté က ဆိုပါတယ်။ The Shadows Compendium မှာပါတဲ့ “De Praestigiis Daemonum” ဆိုတဲ့ သီချင်းတပုဒ်ဆိုလို့ရှိရင် Becker ကို ဂုဏ်ပြုတီးခတ်ထားတာဖြစ်ပါတယ
ပထမဆိုလိုအယ်လ်ဘမ်ထွက်ပြီးတ
Adagio တို့နဲ့အတူ အယ်လ်ဘမ်အသစ်တချပ်ထုတ်ဖို့ ပြင်ဆင်လျက်ရှိနေပါတယ်။ အသက် ၃၇ နှစ်သာသာ ရှိသေးတဲ့ ပြင်သစ်ဂစ်တာဂုရု Stéphan Forté တစ်ယောက် လျှို့ ဝှက်ဆန်းကြယ်မှုတွေ ပြည့်နှက်နေတဲ့ အမှောင်ကမ္ဘာက အလှတရားအသစ်များကို ဆက်လက်ရှာဖွေနိုင်ပါစေလို့ ဆန္ဒပြုရင်း စကော်ပီယံပေ့ခ်ျမှ ဂစ်တာသံချစ်တဲ့ ဘော်ဒါတွေအတွက် Instrumental Solo အယ်လ်ဘမ် ၂ ချပ်ကို မျှဝေပါတယ်။
ခင်သောမင်သောစကော်ပီယံများ \m/
ref: rolling stone
DL: http://www.mediafire.com/
DL: http://www.mediafire.com/
**p.s. The stuffs we share on this page are not owned by us. Just for review. Please buy original CDs and support the artists if you love their creation & inspiration. Thanks! **
#ဂစ်တာသမား

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။