Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, March 18, 2016

#Kurt_Cobain (ကမ္ဘာ့ဂီတသမိုင်းရဲ့ ပြယုဂ် တခု (သို့)ခေတ်သစ်ဂီတဘုရင်တွေရဲ့ဖခင်ကြီး (သို့ ) မျက်ရည်အလွယ်မကျတတ်သူမှဖတ်ပါ)

 
#Kurt_Cobain (ကမ္ဘာ့ဂီတသမိုင်းရဲ့ ပြယုဂ်
တခု (သို့)ခေတ်သစ်ဂီတဘုရင်တွေရဲ့ဖခင်ကြီး
(သို့ ) မျက်ရည်အလွယ်မကျတတ်သူမှဖတ်ပါ)
……………………………………………………………

နံရံကို ကြက်ဥနဲ့ပေါက်တယ်ပဲပြောပြော
ပုလ္လင်ပေါ်မျောက်တက်တယ်ပဲပြောပြော ရွှေ
ခွက်ကိုအနူလက်နဲ့ နှိုက်တယ်ပဲပြောပြော အပြောခံရမှာပဲ။ ဘာလို့ လဲဆို ဒီဘဲကြီးကို
ရေးတင်ဖို့ က ငရဲမီး ကိုင်ရသလိုပဲ။ ကမ္ဘာ့ဂီ
တလောကထဲ လက်ရှိအထိ ကိုယ့်အဖေကိုယ့်
ဦးလေး ကိုယ့်အဘိုးတွေခေတ်ထဲက ကြိုက်ခဲ့
တဲ့ဘဲ ဆိုတော့ သေချာတယ် ကိုယ့်အရွယ်နဲ့
လိုက်မမှီတာ။

၂၁ ရာစုမှာ လူလာဖြစ်တဲ့ကောင်က ၂၀ရာ
စုက ဘုရင်ကို ရေးတင်ရတာကတကြောင်း နှစ်၅၀ လောက်ကို ပြန်သွားရတာကတ
ကြောင်း အမှားအယွင်းတွေ သောက်တလွဲ
တွေပါလာရင် ကျတော့်ထက် သိတဲ့တတ်တဲ့
အဖေအရွယ် အဘိုးအရွယ်များ သင်ပြပေးကြ
ပါလို့ အရင်တောင်းပန်ပါရစေ။

…………………………………

#Kurt_Cobain

Cobain ကို ၁၉၆၇ခုနှစ် ဖေဖော်ဝါရီလ
၂၀ရက်နေ့  အမေရီကန်နိုင်ငံ ဝါရှင်တန်မှာ
မွေးဖွားခဲ့ပါတယ်။ အများစုကတော့ Cobain
ကို Rock လို့ ပြောကြသိကြပေမယ့် ကမ္ဘာ့
ဂီတ တက္ကသိုလ်ကြီးတွေကတော့ Cobain
ရဲ့ ဂီတတွေဟာ Emotional Current Music
လို့ သတ်မှတ်ခဲ့ပါတယ်။ Alternativeလဲမ
ဟုတ်သလို Rockလဲမဟုတ်ပါဘူး။ Grunge
လဲမဆန်သလို ဘာဂီတဆိုတာ ခေါင်းစဉ်တပ်
ဖို့ ခက်ပါတယ်။ ဒါကအငြင်းပွားစရာဖြစ်နိုင်
သလို ဖင်ပိတ်ငြင်းပီး Rock ဘိုးအေလို့ လဲတ
ချို့ ကသတ်မှတ်ထားပီးသားပါ။ EC ဆိုတာ
စိတ်ခံစားမူကို အသားပေးတဲ့ အနုပညာပြ
ချက်တွေကိုပြောလေ့ရှိပီး ပန်းချီဖက်မှာဆို
အခုနောက်ပိုင်း ခေတ်စားလာတဲ့ Modern
ပန်းချီနဲ့  Acrylic တချို့ ပေါ့။ ရိုးရိုးရှင်းရှင်း
ပြောရရင် Cobain ကဘာလဲဆို ဂီတသမားပါ


Cobain ကို ဝါရှင်တန်မှာမွေးပီး သူ့ မိခင်
ဟာနှလုံးအားနည်းရောဂါကြောင့် Cobain ကို
သိပ်ဂရုမစိုက်နိုင်ခဲ့ပါဘူး။ ဟိုလူထိန်းဒီလူ
ထိန်းနဲ့ငယ်ဘဝကို ဖြတ်သန်းခဲ့သူပါ။ Cobain အမေဟာ Cobain ကို ၁၉နှစ်နဲ့မွေး
ခဲ့တာဖြစ်ပီး မလိုချင်တဲ့ကြားက မဖျက်ချပဲ
မွေးခဲ့တာပါ။ စားဝတ်နေရေးအတွက် စားပွဲ
ထိုးလုပ်ရင်း ကလေးတယောက်ကို ရဲရဲဝင့်ဝင့်
မွေးရဲခဲ့တဲ့အာဂမိခင်ပါ။ Cobain ဟာ အမေ
ရီကန်စစ်စစ်မဟုတ်ပါဘူး။ ပြင်သစ်နဲ့ 
ဂျာမာန်အများဆုံးစပ်တဲ့ သူတယောက်ပေါ့။

Cobain ဟာ ၅နှစ်သားအထိ တခြား
တလေးတွေလို တယုတယနဲ့ ကြီးပြင်းခဲ့တာ
မဟုတ်ပဲ ဖြစ်သလိုစားရ သောက်ရပီးဘဝကို
ဖြတ်သန်းခဲ့ရတာပါ။ ၇နှစ်သားလောက်မှာ
တော့ အမေရီကန် ဂလေဂချေ ကလေးတ
သိုက်နဲ့ လမ်းကြားတွေမှာအချိန်ကုန်ခဲ့ပီး ဆိုး
သွမ်းကလေးတယောက်ဖြစ်ခဲ့ပါတယ်။ ဒါပေ
မယ့်ထူးခြားမူကတော့ Cobain ဟာတခြား
ကလေးတွေနဲ့ မတူပဲ ဂီတကိုအရမ်းရူးသွပ်သူ
ပါ။ အဘာတန် မြို့ က ပီဇာရောင်းတဲ့ ဆိုင်က
ဖွင့်တဲ့ Jazz နဲ့  Symphonic သီချင်းတွေဟာ
Cobain အတွက် နေ့စဉ်အဟာရတခုဖြစ်ပီး
သွားသွားနားထောင်ပီး Crazy ဖြစ်ခဲ့သူပါ။
ကျောင်းဆင်းတာနဲ့ အမြန်ပေးပီး လွှင့်တဲ့အ
ချိန်အမှီပြေးပြေးနားထောင်ရတာပေါ့။

ပရက်စလေကြီး အစီအစဉ် TV ကလာ
မယ့်နေ့ဆို လမ်းထဲက အဟောင်းဆိုင်မှာသွား
ကြည့်ရတာ အမောပေါ့။ Cobain၁၀နှစ်သား
မှာတော့ သူဟာ ဂီတကို လက်တွေ့ကျကျ
ရူးသွပ်လာခဲ့ပါပီ။ ဟီးရိုး ဆိုတဲ့ ကားပစ္စည်း
အပိုဆိုင်တခုက ဘဲကြီးတပွေပေးတဲ့ ဥရောပ
Jazz အခွေတခုကို ရပီးနောက်ပိုင်း Cobain
ဟာ ဂီတသမားဆိုတာကြီးဖြစ်ကိုဖြစ်ရမယ်
လို့ ဆုံးဖြတ်ခဲ့သူပေါ့။ Cobain ၁၂နှစ်သားမှာ
မအူမလည်နဲ့ သီချင်းတွေရေးနေ ငြီးနေပါပီ။
Cobain ရဲ့ပထမဆုံး ဆရာကိုပြောပါဆိုရင်
Brands ဆိုတဲ့ Rockerကြီးပေါ့။ သူကပဲ
Cobain ကို Guitar အခြေခံတွေစတင်သင်
ပေးခဲ့သူပေါ့။ အချိန်အားဖြင့် Cobain အ
ထက်တန်းကျောင်းသားဘဝပေါ့။

Cobain အသက် ၁၅နှစ်မှာ Cobain
ဟာ ဝါရှင်တန်မြို့ က Barလေးတွေမှာဆိုနေ
တီးနေပါပီ ။ Cobain ဟာ ဂီတတခုထဲကို
ရူးသွပ်တာမဟုတ်ပဲ ရေဆေးနဲ့  Motion
ပန်းချီတွေကိုလဲရူးသွပ်စွာ ဆွဲခဲ့သူပါ။ ၁၃နှစ်
သားထဲက ဆေးချတယ် အရက်သောက်
တယ် ပန်းချီဆွဲ တယ် သီချင်းတွေကိုရူးသွပ်
တယ်။ ဒါကလဲ ဘဝကပေးတဲ့ ဒဏ်ရာဒဏ်
ချက်တွေကြောင့်ပေါ့ဗျာ။ ဒီလိုနဲ့ ဘဝကို ကြမ်း
ကြမ်းတမ်းကြမ်းဖြစ်သန်းရင်း Cobain ဟာ
#Nirvana ဆိုတဲ့ ကမ္ဘာ့သမိုင်းဝင် ဂီတအဖွဲ့
ကြီးဖြစ်လာဖို့ စတင်ခဲ့ပါတယ်။ Rock ဟေ့
ဂီတဟေ့ လို့ အကြမ်းဖျင်းဆိုတာနဲ့  ပရက်စလေလောက်လောက်အထိခဏထားပ
G'NR Aerosmith Mr.Big SkidRow နဲ့ 
Nirvana ဒီ၅Band လောက်ကို ပဲပတ်ချာ
လည်မြင်ကြမှာပါ။ အထင်ကရလဲဖြစ်သလို
သြဇာ ကလဲကြီးမားခဲ့တာကိုး။


……………………………………

#Nirvana

Nirvana ကို ၁၉၈၇ ခုနှစ်မှာ Cobain
ရယ် သူ့ သူငယ်ချင်း Bass သမား #Krist
ရယ်က စတင်တည်ထောင်ခဲ့ပါတယ်။
Nirvana ဆိုတဲ့နာမည်က သူတို့ ရှေ့က Rock
Band တခုရဲ့နာမည်ဖြစ်ပီး အဲ့ဒိဘဲကြီးတွေ
ကို Crazy ဖြစ်လွန်းလို့  သူတို့  Bandကိုလဲ
Nirvana လို့ မှည့်ခဲ့ကြတာပါ။ အဲ့ဒိနောက်
Drum သမား #Aaron ဝင်လာပါတယ်။
အဲ့ဒိနောက် Member တွေအသီးသီးပြောင်း
လဲခဲ့ပါတယ်။

Nirvana ရဲ့ပထမဆုံး Album
#Bleach ကို ၁၉၈၉ ခုနှစ်မှာထွက်ခဲ့ပီး လုံးဝ
ဝက်ဝက်ကွဲအောင်မြင်ခဲ့ပါတယ်။ ၁၉၉၁ခုနှစ်
မှာ #Nevermind ထွက်အပြီးမှာတော့ Nirvana ဟာ ကမ္ဘာ့ဂီတလောကရဲ့ ရှေ့ဆောင်
ဘုရင်တဆူဖြစ်လာခဲ့ပါတယ်။ Cobain ဟာ
လဲနေ့ချင်းညချင်း ဘီလျံနာ သူဌေးနီးပါးဝင်
ငွေများလာခဲ့ပါတယ်။ နေရာတိုင်း လူတိုင်း
က Cobain Cobain ဖြစ်နေပီး တကမ္ဘာလုံး
က အားပေးခြင်းကိုခံနေရပါတယ်။ တချိန်က
လမ်းဘေးအလေအလွင့် ဂျလေဘီကနေ အ
သက်ကလဲငယ်ငယ်နဲ့ အောင်မြင်လာပီး ဘု
ရင်တဆူဖြစ်ခဲ့ပါတယ်။ အသက်၂၀ကျော်
ကောင်လေး ငွေကလဲရွှင် ရုပ်ကလဲဖြောင့်
ကမ္ဘာ့ဒိတ်ဒိတ်ကြဲ နာမည်ကြီးလဲဖြစ်လာ
တော့ Cobain ဟာ အရင်ကထက်ဆိုးလာ
ပေလာခဲ့ပါတယ်။ နေရာတိုင်း သူ့ သီချင်း
တွေကြားလာရပီး နေရာတိုင်း Cobain ဖြစ်
လာတာနဲ့အမျှ နဂိုကမှလွတ်လပ်မူကိုကြိုက်
တဲ့ Cobain ဟာ စိတ်ကျဉ်းကြပ်မူ စိတ်ဖိအား
တွေကိုခံလာရပါတယ်။ Cobain ဟာ Nirvana နဲ့အတူ ဆုပေါင်းများစွာရခဲ့ပီး မိုက်
ကယ်ဂျက်ဆင်နဲ့ Level တူခဲ့တာပေါ့။ မိုက်
ကယ်ကတော့ Cobain ထက်နောက်ကျတာ
ပေါ့။ Nirvana နဲ့အတူ #In_Utero ထွက်
ပီးတဲ့အချိန်မှာတော့ Cobain.ဟာ အဲ့ဒိခေတ်
က ဂီတဘုရင်တဆူ ဖြစ်နေခဲ့ပါပီ။ အဲ့ဒိခေတ်
ကတောင် Cobain ရဲ့ Album.ရောင်းရငွေ
ဟာ ၂၅ ဘီလီယံ အထိရှိခဲ့ပါတယ်။ Cobain
ဟာ ကမ္ဘာ့ ဂီတလောကရဲ့ သြဇာအကြီးဆုံး
၁၀ယောက်ထဲပါပါတယ်။

Cobain အသက် ၁၈နှစ်မှာ သူ့ ဇနီး
#Country_Tyrone နဲ့လက်ထပ်ခဲ့ပါတယ်။
Tyrone ဟာ Cobain အတွက်ဇနီးကောင်း
တယောက်ဖြစ်ခဲ့ပါတယ်။

ဒီလို တရှိန်ထိုး အောင်မြင်မူတွေနဲ့တပြိုင်
ထဲ Nirvana အဖွဲ့သားတွေဟာလဲ အောင်မြင်
မူရဲ့ ဒဏ်ကို အနည်းငယ်မခံနိုင်ခဲ့ကြပါဘူး
ငယ်ငယ်က ကြမ်းကြမ်းတမ်းတမ်းဘဝကို
ဖြတ်သန်းခဲ့ရတာကတကြောင်း အောင်မြင်
မူရဲနောက် အပုတ်ချစော်ကားမူတွေရှိလာတာ
ကတကြောင်း ဆေးစွဲမူတွေကတကြောင်းနဲ့
Cobain ဟာ Comaရောဂါဖြစ်ပီး စိတ်ရော
ဂါဆေးတချို့ လဲသောက်လာရပါတယ်။ ဆေးကုသပီး အနားယူမယ်ကြူံတုန်းရှိသေး
အရင်က ညီကိုတွေလိုမိသားစုတွေတွေလိုနေ
လာ ဘဝကိုဖြတ်သလိုငတ်တလှည့်ပြတ်
လှည့်ဖြတ်သန်းလာရာကနေ တရှိန်ထိုး လူသိ
များ ကျော်ကြားလာတော့ တယောက်နဲ့တ
ယောက်အမြင်မကြည်မူ အသေးအမွှားလေး
တွေကနေ တဖြေးဖြေး စိတ်ဝမ်းကွဲပြားမူ
တွေဖြစ်လာခဲ့ပါတယ်။ Tour တွေလဲဖျက် ကြ တဲ့အထိပေါ့။Cobain ဟာလဲစိတ်
ညစ်မူ စိတ်ဖိစီးမူဒဏ်တွေကို စတင်ခံလာရ
တာပေါ့။ ဂီတကိုအရမ်းချစ်တဲ့ သူတယောက်
နဂိုထဲကမှ် နာကျငိမူတွေနဲ့ ဘဝကိုစတင်ခဲ့
ရတဲ့အထဲ အခုတခါ Band များပျက်တော့
မလားစိုးရိမ်စိတ်တွေနဲ့ မိသားစုပြသနာတွေနဲ့
Pressure တွေတသီကြီးဖြစ်လာပါတော့
တယ်။ ဒါမျိုးဖြစ်လာလေ ဆေးချ လေ ဒါမျိုး
ဖြစ်လာလေ အရက်သောက်လေနဲ့နောက်ဆုံး
Cobain ဟာဆေးသမားအကြီးစားကြီးဖြစ်
လာပါတော့တယ်။ ဇနီးဖြစ်သူကလဲ ဆေးမချ
ဖို့ ဆေးဖြတ်ဖို့ အမျိုးမျိုးနားပူနားဆာလုပ်
Nirvana စီစဉ်သူတွေကလဲ Cobain ကိုဆေး
မဖြတ်ရင် Band ကထွက်တော့ကွာလို့ အ
ပြောခံရမူတွေနဲ့အတူစိတ်ညစ်လေဆေးချလေနဲ့ပေါ့။


ဒါပေမယ့် Cobain ဟာ သူမကွယ်လွန်
မီ ၁၂ရက်အလိုမှာ ဆေးဖြတ်ဖို့  ကယ်လီဖိုး
နီးယားဆေးရုံကိုသွားရောက်ကုသခဲ့ပါတယ်။
ဒါပေမယ့် သိတဲ့အတိုင်း အရက်သမားတို့ 
ဆေးသမားတို့ ဆိုတာ ချက်ချင်း တိကနဲ
ဖြတ်ရင် စိတ်ဂယောင်ချောက်ချားဖြစ် ပီး
Psycho လိုအတွေးလွန်တတ်ကြပါတယ်။
ဒီလိုပဲ Cobain ဟာ မကွယ်လွန်ခင် ၈ရက်အ
လို မှာစိတ်ဒဏ်ရာများစွာနဲ့  Psycho ဖြစ်နေ
ခဲ့ပါပီ။ နောက်ဆုံး ဆေးရုံကဆင်းပြေးင်္ပီး ခြေ
ဦးတည့်ရာလျှောက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ 
တပတ်လောက်ကြာတဲ့အထိ ရဲတွေဟာ Cobain ကိုရှာမတွေ့ခဲ့ပါဘူး။ နောက်ဆုံး Cobain ကို တွေ့ခဲ့တဲ့သူကတော့
Cobain ရဲ့ အိမ်ကို မီးလာပြင်တဲ့ အစိုးရဝန်
ထမ်းလေးတဦးပါ။ ရဲတွေကိုအကြောင်းကြား
ပီး Cobain ကိုလာကြည့်တဲ့အချိန်မှာ Cobain
ဟာ သူ့မေးစိသူ သေနပ်နဲ့ပစ်သတ်ပီး သတ်
သေသွားခဲ့ပါပီ။ အချိန်အားဖြင့် ၁၉၉၄ခုနှစ်
ဧပြီလ ၅ရင်နေ့  မနက် ၈နာရီ၄၅မိနစ်ပေါ့။
ရဲတွေ မူခင်းဆရာဝန်တွေရောက်လာတဲ့ ၁၁နာရီ ၄၂ မိနစ်မှာတော့ Cobain ဟာ သူ့ကို
ချစ်တဲ့ ကမ္ဘာတခုလုံးက သူ့ ပရိတ်သတ်တွေ
ကိုထားသွားခဲ့ပါပီ။ သူမသေခင် သူရူးပေမယ့်
သူ့ အဖွဲ့သား သူ့ ပရိတ်သတ် သူ့ ဇနီးနဲ့  တနှစ်ခွဲအရွယ်သူ့ သမီးလေးကို
ချစ်ကြောင်း တလေးတစောင်ရေးသွားခဲ့ပါ
တယ်။ ပီးမှ သတ်သေခဲ့တာပါ ။ အဲ့စာလေး
ကတော့

#ငါမင်းကိုချစ်ပါတယ်

#ငါမင်းတို့ကိုချစ်ဲပါတယ်

#ငါမင်းတို့ကိုချစ်ခဲ့ပါတယ်

တဲ့။
Cobain ကွယ်လွန်တော့ အသက် ၂၇နှစ်
ပဲရှိပါသေးတယ်ဗျာ။ ဒါပေမယ့် သူဖြစ်သန်း
ခဲ့တဲ့ ၁၀စုနှစ်တစုက ကမ္ဘာ့ဂီတသမိုင်းရဲ့
ဘယ်လိုမှ ဘာနဲ့မှအစားမထိုးနိုင်တဲ့ သမိုင်း
အမွေအနှစ်ကြီးတခုပါ။

မကြာသေးခင်ကပဲ Cobain ရဲ့ သီချင်းတွေ
နဲ့  Documentry ဆန်တဲ့ Solo Album.တ
ချပ်ကို ထွက်ထားပါတယ်။ တကယ့်အနှစ်
သာရပြည့်ဝတဲ့ Cobain ကိုလွမ်းဆွတ်သတိ
ရစေတဲ့ Album.တချပ်ပါ။

……………………………………………

(့  #စာပွဲထိုး မိန်းကလေးတယောက်က
အသက်ငယ်ငယ်နဲ့ အချစ်နောက်လိုက်ခဲ့လို့ 
ဗိုက်ကြီးခဲ့ရရှာတယ်။ မလိုချင်ပေမယ့်
အသက်ငယ်ပေမယ့် မိခင်စိတ်အပြည့်နဲ့မွေး
ဖွားခဲ့တယ်။ မွေးလာတဲ့ကလေးဟာလဲ သူ့ 
လိုပဲဘဝကို ကြမ်းကြမ်းတမ်းတမ်း ဖြတ်
သန်းခဲ့ရ ဆိုးသွမ်းတေပေခဲ့တယ်။ ဒါပေ
မယ့်ဒီကလေးဟာ ကမ္ဘာ့ဂီတသမိုင်းရဲ့ ဘုရင်
တဆူ ဖြသ်လာခဲ့တယ်။ ကြီးမားတဲ့အောင်
မြင်မူတွေ ကြီးတွေ ငွေပုံတွေ လူအသိအမှတ်
ပြူမူတွေ မီးရောင်အောက်ကြားက လက်ခုပ်
သံတွေ တကမ္ဘာလုံးက အသိအမှတ်ပြူ
လေးစားတဲ့ ဒဏ်ကိုမခံနိုင်ခဲ့ပဲ နောက်ဆုံး
အရူးလုံးလုံးဖြစ်သွားပီး သေခဲ့ရရှာတယ်။)

*တွေးကြည့် မျက်ရည်မကျမိစေနဲ့ 

ဒါ ခဗျားတို့ ကျုပ်တို့ သိတဲ့ #ကိုဘိန်း ပဲ။

[ ကျတော့်လို ဂီတဝမ်းစာ အသိအမြင် ပေါက်စက ဒီလို ကမ္ဘာ့ဘုရင်ကြီးကို ရေးတင်
ရလို့ မတန်မရာဖြစ်နေရင်တောင် နားလည်
ပေးကြပါလို့ အထူးတောင်းပန်ပါတယ်]့

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။