အထီးအမခွဲနည်း
ခင်ပွန်းဖြစ်သူအား မတွေ့သဖြင့် လိုက်ရှာရာ မီးဖိုချောင်ထဲ၌ တွေ့ရသည်။
ဇနီး - ရှင် မီးဖိုချောင်ထဲမှာ ဘာလာလုပ်နေတာလဲ။
ခင်ပွန်း - ယင်ကောင်တွေရိုက်နေတာကွ။
ဇနီး - ဘယ်နှကောင် ရိုက်ပြီးပြီလဲ။
ခင်ပွန်း - အထီး (၃)ကောင်နဲ့ အမ (၂)ကောင်။
ဇနီး - (အံ့သြဟန်ဖြင့်) နေစမ်းပါဦး ရှင်က ယင်ကောင်ကို အထီးနဲ့အမ ဘယ်လိုခွဲပြီးသိသလဲ။
ခင်ပွန်း - လွယ်ပါတယ်ကွာ၊ (၃)ကောင်က ဘီယာခွက်ပေါ်မှာ လာနားနေကြတယ်၊ နောက် (၂)ကောင်ကတော့ တယ်လီဖုန်းပေါ်မှာ နားနေတယ်ကွ။
ကိုဥာဏ်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။