Naing Tin Htut added 4 new photos.
သူဘာကြောင့် အောင်မြင်နေရတာလဲဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ရှာရွတ်ခန်းက ''ကျွန်တော်က လောဘမကြီးဘူး။ ကျွန်တော်က ရည်မှန်းချက်လည်းမကြီးဘူး။ ဒါပေမဲ့ ကျွန်တော်က အလုပ်ကိုအရမ်းကြိုးစားပါတယ်"လို့ ဖြေခဲ့ပါတယ်။
ရှာရွတ်ခန်းဟာ အမေရိကန်သမ္မတ အိုဘားမားထက် ပိုကျော်ကြားသူဖြစ်တယ်လို့ Times ကဖော်ပြခဲ့ပြီး၊ သူ့ရဲ့ ရုပ်ရှင်ဇာတ်ကားတိုင်းဟာ ကုန်ကျစရိတ်ထက် 100 ရာခိုင်နှုန်းအထက် ပိုမြတ်တဲ့ စံချိန်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ TV Show တွေမှာ Host လုပ်နေတဲ့ ၀င်ငွေကလည်း ကြောက်ခမန်းလိလိဝင်ငွေတွေကို ရရှိစေပါတယ်
တွမ်ခရုဇ်၊ လီယိုနာဒို၊ ဆယ်လ်မန်ခန်းနဲ့ အာမီခန်း (4)ဦးပေါင်းရဲ့ ရုပ်ရှင်ပြင်ပ ၀င်ငွေဟာ ရှာရွတ်ခန်းကို မမီတာက သူဟာ အိန္ဒိယမှာသာမက ကမ္ဘှာမှာပါ နံပါတ်(1)အဖြစ် ဖော်ပြနေပါတယ်။ သူက အလှူအတန်းရက်ရောသူတစ်ဦးဖြစ်ပြီး CHARITY Works နဲ့ ပတ်သက်လို့ UNESCO AWARD ရတဲ့ တဦးတည်းသော အိန္ဒိယသားလည်းဖြစ်ပါတယ်။
ဒါပေမဲ့ သူ့ရဲ့ လှူဒါန်းမှုတွေနဲ့ ပတ်သက်ပြီး မော်ကြွားလေ့မရှိတာကြောင့်လည်း Silent Charity Maker လို့ သူ့ကို ပြောကြပါတယ်။ ဒါနဲ့ ပတ်သက်လို့လည်း ရှာရွတ်ခန်းက "အလှူအတန်းတွေနဲ့ ပတ်သက်လို့ ကျွန်တော်ထုတ်မပြောချင်ပါဘူး။ လူတော်တော်များများနဲ့ ကျွန်တော့်သူငယ်ချင်းတွေက အလှူအတန်းလုပ်တိုင်း ဓာတ်ပုံတွေရိုက်ဖို့ ကျွန်တော့်ကို တိုက်တွန်းကြပါတယ်။ ဒါပေမဲ့ ကျွန်တော်က ဒါတွေအတွက်လုပ်နေတာမဟုတ်ပါဘူး။ လူတွေရဲ့ လိုအပ်ချက်တွေကို တိတ်တိတ်လေးပဲ ဖြည့်ဆည်းပေးနေချင်ပါတယ်"လို့ ပြောခဲ့ဖူးပါတယ်။
ရှာရွတ်ခန်း ရုပ်ရှင်ပြင်ပအင်ပါယာမှာ အအောင်မြင်ဆုံး လုပ်ငန်း (3)ခုက Red Chillies Entertainment. Kolkata Knight Riders နဲ့ Kidaznia တို့ ဖြစ်ပါတယ်။ RCE က အိန္ဒိယရဲ့ အကြီးဆုံး Visual effects studios ဖြစ်ပြီး၊ ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းတွေကို လုပ်ကိုင်နေပါတယ်။ Channai Express,Happy New Year တို့ အပါအ၀င် နာမည်ကျော် ရုပ်ရှင်ဇာတ်ကားတွေကို ထုတ်လုပ်ခဲ့ပါတယ်။ KKR ကတော့ နာမည်ကျော် ခရစ်ကတ်အသင်းဖြစ်ပြီး ရှာရွတ်ခန်းက ဒီအသင်းရဲ့ ရှယ်ယာ 55 ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါတယ်။ ဒီအသင်းရဲ့ Fan Base က မန်ချက်စတာယူနိုက်တက်အသင်းထက် ပိုများတယ်လို့ တရားဝင်အချက်အလက်တွေက ဖော်ပြပါတယ်။ Kidzania ကတော့ edutainment brand တခုဖြစ်ပြီး မက္ကဆီကိုလုပ်ငန်းရှင်တွေနဲ့ တွဲပြီး လုပ်ကိုင်နေပါတယ်။ ရှာရွတ်ခန်းက ရှယ်ယာ 26 ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး အိန္ဒိယမှာ အကြီးဆုံးဖြစ်ပါတယ်။
ရှာရွတ်ခန်းက အစ္စလမ်ဘာသာကို သက်ဝင်ယုံကြည်သူဖြစ်ပြီး ဇနီးသည်ကတော့ ဟိန္ဒူ အမျိုးသမီးပါ။ ဘာသာရေးလွတ်လပ်ခွင့်အပြည့်ရှိပြီး ဇနီးသည်ရဲ့ ထုံးတမ်းစဉ်လာတွေကို လေးစားလိုက်နာသူလည်းဖြစ်ပါတယ်။ အလှူဒါနတွေနဲ့ ပတ်သက်လို့ သူ့ရဲ့ ယုံကြည်မှုကိုတော့ ရှာရွတ်ခန်းက "ကိုရမ်ကျမ်းစာမှာဖော်ပြထားတာက မျှော်လင့်ချက်တခုခုကြောင့်လှူတယ်ဆိုရင် ဒါဟာ အလှူ မဟုတ်ဘူးလို့ ဆိုထားပါတယ်။ ကျွန်တော်က ဘာကိုမှ မျှော်ကိုးပြီး မလှူပါဘူး။ အများအကျိုးအတွက်ပဲ ကြည့်ပါတယ်"လို့ ဆိုပါတယ်။
ရှာရွတ်ခန်းက အခုအချိန်မှာ ကင်ဆာဖောင်ဒေးရှင်းကို ထောင်ထားပါတယ်။ အခုဆိုရင် ကင်ဆာကုသရေး စင်တာတခုကို တည်ထောင်ထားပြီးဖြစ်ပါတယ်။ လူမျိုးမရွေး၊ ဘာသာမရွေး၊ နိုင်ငံမရွေးက လူတွေကို ကုသဖို့အတွက် အကောင်းဆုံး အထောက်အကူပစ္စည်းတွေနဲ့ အကျော်ကြားဆုံး ဆရာ၊ ဆရာမတွေကို ငှားရမ်းပေးထားပါတယ်။
credit - #MyanmarBollywoodFans_NandawunNyeinchan
အမီတာဘာဂျမ်းခေတ်မမှီလိုက်တဲ့ကျနော် ရှရွတ်ခန်း ကိုအရမ်းကြိုက်ပါတယ်။
ဂူဂျွန်ထွဋ်
မြန်မာဘောလီးဝုဒ်ဖန်ဂရု

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။