မြန်မာပြည်ဖွား အမေရိကန်သား လက်ဝှေ့သမား အန်ဆန်အောင်လ နိုင်ပွဲရ
.......................... .......................... .......................... ........................
မတ်လ ၁၈ ရက်နေ့က သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ကိုယ်ခံပညာပေါင်းစုံ တိုက်ခိုက်ရေးပြိုင်ပွဲ One Championship 40: Union Of Warriors ၏ အဓိကတွဲဆိုင်းဖြစ်သည့် မြန်မာပြည်ဖွား အမေရိကန်သား လက်ဝှေ့သမား အန်ဆန်အောင်လနှင့် အီဂျစ်နိုင်ငံသား လက်ဝှေ့သမား မိုဟာမက်အလီတို့၏ပွဲစဉ်တွင် အန်ဆန်အောင်လက ပထမအချီ ၂ မိနစ် ၃၈ စက္ကန့်တွင် Ground Fight ချုပ်ကွက်ဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာလက်ဝှေ့သမားများ အချင်းချင်း ထိပ်တိုက်တွေ့ဆုံသည့် ပွဲစဉ်များတွင် သပြေညိုက ကြယ်စင်ဖြိုးကို ဒူးတိုက်ချက်ဖြင့် တတိယအချီ ၁ မိနစ်၊ ၃၆ စက္ကန့်တွင် အနိုင်ရရှိခဲ့ပြီး ကြယ်လင်းအောင်နှင့် သွေးသစ်အောင်တို့ ပွဲစဉ်တွင် ကြယ်လင်းအောင်က အမှတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ဖိုးသော်နှင့် စောအယ်လေးတို့ပွဲစဉ်တွင် ဖိုးသော်က ပထမအချီ ၂ မိနစ်၊ ၂၇ စက္ကန့်တွင် လက်သီးချက်များဖြင့် ပွဲသိမ်းနိုင်ခဲ့ပြီး သားအသည်းတစ်ပွင့်နှင့် နေရူဘီတို့ ပွဲတွင် သားအသည်းတစ်ပွင့်က ပထမအချီ ၂ မိနစ် ၅၈ စက္ကန့်တွင် အနိုင်ရရှိခဲ့သည်။ ရဲရင့်အောင်နှင့် ရန်နိုင်အောင်တို့ ပွဲတွင် ရဲရင့်အောင်က ပထမအချီ ၃ မိနစ် ၅၀ စက္ကန့်တွင် အနိုင်ရခဲ့သည်။
အခြားတွဲဆိုင်းများတွင် ပြိုင်ဘက်၏ ဒူးတိုက်ချက်ကြောင့် မျက်လုံးတစ်ဖက်နီးပါး ပိတ်နေသည့် ဘရာဇီးနိုင်ငံသား မိုရာလက်စ်က ဖိလစ်ပိုင်နိုင်ငံသား လက်ဝှေ့သမား တိုကွီရိုကို အနိုင်ရခဲ့ပြီး အသက် ၁၇ ခုနှစ် အရွယ်ရှိ စင်ကာပူ နိုင်ငံသား လက်ဝှေ့သမား ခရစ်ယာန်လီက ဟော်လန်နိုင်ငံသား လက်ဝှေ့သမား အန်ဂျယ်လီက ပထမအချီတွင် အနိုင်ရခဲ့သည့် ပွဲစဉ်များမှာလည်း ပွဲကောင်းများဖြစ်ခဲ့သည်။
ကြယ်လင်းအောင်နှင့် သွေးသစ်အောင်တို့ပွဲစဉ် ထိုးသတ်နေစဉ် စက္ကန့်ပိုင်းကြာ လျှပ်စစ်မီး ပြတ်တောက်မှုဖြစ်ပွားခဲ့ခြင်းမှာလည်း ထူးခြားအဖြစ်အပျက် ဖြစ်ခဲ့သည်။
Photo Credit -sg.sports.yahoo
Nz (ရိုးရာလေး)
www.yoyarlay.com
..........................
မတ်လ ၁၈ ရက်နေ့က သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ကိုယ်ခံပညာပေါင်းစုံ တိုက်ခိုက်ရေးပြိုင်ပွဲ One Championship 40: Union Of Warriors ၏ အဓိကတွဲဆိုင်းဖြစ်သည့် မြန်မာပြည်ဖွား အမေရိကန်သား လက်ဝှေ့သမား အန်ဆန်အောင်လနှင့် အီဂျစ်နိုင်ငံသား လက်ဝှေ့သမား မိုဟာမက်အလီတို့၏ပွဲစဉ်တွင်
မြန်မာလက်ဝှေ့သမားများ အချင်းချင်း ထိပ်တိုက်တွေ့ဆုံသည့် ပွဲစဉ်များတွင် သပြေညိုက ကြယ်စင်ဖြိုးကို ဒူးတိုက်ချက်ဖြင့် တတိယအချီ ၁ မိနစ်၊ ၃၆ စက္ကန့်တွင် အနိုင်ရရှိခဲ့ပြီး ကြယ်လင်းအောင်နှင့် သွေးသစ်အောင်တို့ ပွဲစဉ်တွင် ကြယ်လင်းအောင်က အမှတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ဖိုးသော်နှင့် စောအယ်လေးတို့ပွဲစဉ်တွင် ဖိုးသော်က ပထမအချီ ၂ မိနစ်၊ ၂၇ စက္ကန့်တွင် လက်သီးချက်များဖြင့် ပွဲသိမ်းနိုင်ခဲ့ပြီး သားအသည်းတစ်ပွင့်နှင့် နေရူဘီတို့ ပွဲတွင် သားအသည်းတစ်ပွင့်က ပထမအချီ ၂ မိနစ် ၅၈ စက္ကန့်တွင် အနိုင်ရရှိခဲ့သည်။ ရဲရင့်အောင်နှင့် ရန်နိုင်အောင်တို့ ပွဲတွင် ရဲရင့်အောင်က ပထမအချီ ၃ မိနစ် ၅၀ စက္ကန့်တွင် အနိုင်ရခဲ့သည်။
အခြားတွဲဆိုင်းများတွင် ပြိုင်ဘက်၏ ဒူးတိုက်ချက်ကြောင့် မျက်လုံးတစ်ဖက်နီးပါး ပိတ်နေသည့် ဘရာဇီးနိုင်ငံသား မိုရာလက်စ်က ဖိလစ်ပိုင်နိုင်ငံသား လက်ဝှေ့သမား တိုကွီရိုကို အနိုင်ရခဲ့ပြီး အသက် ၁၇ ခုနှစ် အရွယ်ရှိ စင်ကာပူ နိုင်ငံသား လက်ဝှေ့သမား ခရစ်ယာန်လီက ဟော်လန်နိုင်ငံသား လက်ဝှေ့သမား အန်ဂျယ်လီက ပထမအချီတွင် အနိုင်ရခဲ့သည့် ပွဲစဉ်များမှာလည်း ပွဲကောင်းများဖြစ်ခဲ့သည်။
ကြယ်လင်းအောင်နှင့် သွေးသစ်အောင်တို့ပွဲစဉ် ထိုးသတ်နေစဉ် စက္ကန့်ပိုင်းကြာ လျှပ်စစ်မီး ပြတ်တောက်မှုဖြစ်ပွားခဲ့ခြင်
Photo Credit -sg.sports.yahoo
Nz (ရိုးရာလေး)
www.yoyarlay.com
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။