မေတ္တာသည်သာ
-----
တစ်ခါက တရုတ်ပြည်မှာ ရင် ဆိုတဲ့ အမျိုးသမီးတစ်ဦးနေထိုင်တယ် ။
တစ်နေ့တော့ ထိုအမျိုးသမီးရဲ့ အိမ်ရှေ့မှာ အဖိုးကြီးသုံးရောက် ရပ်နေကြတယ်။
ရင် ကလဲသနားတတ်တဲ့သြူုဖစ်တော့ ဒီအဖိုးကြီးသုံးရောက်ကို အိမ်ထဲဝင်ပြီး
လက်ဖက်ရည်သောက်ဖို့ ဖိတ်သတဲ့ ။ အဖိုးကြီးသုံးယောက်က ရင် ကိုနင့် ယောက်ျား
အိမ်ထဲမှာရှိလားလို့ မေးတာပေါ့။ ရင် ကတော့ မရှိသေးဘူး
အပြင်ခဏသွားတယ်လို့ပြန်ဖြေေ တာ့ အဖိုးကြီးတွေက ” ယောက်ျားမရှိတဲ့အိမ်ကို ငါတို့ဝင်ဖို့ မသင့်တော် နင့်ယောက်ျားလာမှဝင်မည် ” ဟုဆိုကာ ရပ်နေသတဲ့
မကြာမီ သူ့ယောက်ျားပြန်လာတော့ ရင် က အဖိုးကြီးတွေကို လာခေါ်သတဲ့။ အဖိုးကြီးတွေက ရုတ်တရက် ပုံစံပြောင်းသွားပြီးတော့ နတ်မင်းတွေ ဖြစ်သွားကြသတဲ့။ပြီးတော့ ” ချစ်သမီး ရင် ငါတို့မှာ ကောင်းကင်မှနတ်မင်းများဖြစ် ကြသည်
ငါ့သမီးကောင်းမှုတွေ လုပ်ခဲ့တဲ့အတွက် ငါ့သမီးကို ကယ်တင်ဖို့ဖြစ်သည် ငါ့သမီး
ငါတို့သုံးယောက်ထဲက တစ်ယောက်သည အိမ်ထဲဝင်မည်ဖြစ်သည် တစ်ယောက်ကတော့
ချစ်ခြင်းမေတ္တာနှင့်စည်းလုံးခြင်းကို
ကိုယ်စားပြုတဲ့နတ်မင်း “ဖူ” ပေတည်း နောက်တစ်ယောက်ကတော့
ချမ်းသာကြွယ်ဝမှုကိုပေးတဲ့ နတ်မင်း ” လူ” ဖြစ်သည် ကျွန်ုပ်ကတော့
အောင်မြင်ကျော်ကြားမှုကို ပေးမယ့် “ရှိုး” ဖြစသည်။ ငါ့သမီးအိမ်ထဲဝင်ပြီးတော့
နင့်ယောက်ျားနဲ့တိုင်ပင်လို က်ပါ။ ဘယ်တစ်ယောက်ကို ရွေးမလဲလို့”
ရင် လဲအိမ်ထဲဝင်သွားပြီးတော့ သူ့ယောက်ျားနဲ့တိုင်ပင်တယ်။
ရင်ကတော့ “ချမ်းသာချင်တယ် အဲဒါကြောင့် လူ ကိုရွေးမယ်” သူ့ယောာက်ျားကတော့ ”
မင်းကွာ မင်းဘာလို့ ကျော်ကြားမှုကို မရွေးတာလဲ” သူတို့နှစ်ယောက်ရန်ဖြစ်ကြတာ အချိန်တော်တော်ကြာတယ်။
နောက်တော့ လင်မယားခြင်းရန်ဖြစ်ရင်းနဲ့ ပန်းကန်တွေခွဲကြ၊ တစ်ယောက်နဲ့တစ်ယောက် ရိုက်မယ်နှက်မယ်ပေါ့ နောက်ဆုံးသူတို့လင်မယားရန်ြ ဖစ်နေကြတာကို
အိမ်မှာရှိတဲ့ သမိးက ကြားသွားပြီးတော့ ” အဖေနဲ့အမေ ရန်ဖြစ်နေတာကို
မြင်ရတော့မှ ချစ်ခြင်းမေတ္တာကို ရွေးချယ်ရမှန်းသိလာတယ် ဖူ ကိုမရွေးဘူးလား”
လို့မေးသတဲ့။
အဲတော့မှ ဟိုလင်မယားလဲ သံဝေဂရပြီးတော့ ဖူကို ထွက်ခေါ်သတဲ့။ ဖူ ကထိုင်နေရာကနေ ထလာတယ် အခြားနတ်မင်းနှစ်ပါးလဲ လိုက်လာတယ်။ ရင် က ” ကျွန်မ ဖူကိုပဲခေါ်တာ ဘာလို့အကုန်လိုက်လာတာလဲ ” လို့ မေးလိုက်တယ်။
ဖူကတော့ ” အိမ်တစ်အိမ်မှာ ချစ်ခြင်းမေတ္တာနဲ့ စည်းလုံးခြင်းတွေရှိနေမှတော့  ချမ်းသာကြွယ်ဝမှုနဲ့ အောင်မြင်ကျော်ကြားမှုဆိုတာ သိပ်မကြာခင် ရောက်လာမှာပဲလေ ”
Credit : မောင်စိုင်း
-----
တစ်ခါက တရုတ်ပြည်မှာ ရင် ဆိုတဲ့ အမျိုးသမီးတစ်ဦးနေထိုင်တယ်
မကြာမီ သူ့ယောက်ျားပြန်လာတော့ ရင် က အဖိုးကြီးတွေကို လာခေါ်သတဲ့။ အဖိုးကြီးတွေက ရုတ်တရက် ပုံစံပြောင်းသွားပြီးတော့ နတ်မင်းတွေ ဖြစ်သွားကြသတဲ့။ပြီးတော့ ” ချစ်သမီး ရင် ငါတို့မှာ ကောင်းကင်မှနတ်မင်းများဖြစ်
ရင် လဲအိမ်ထဲဝင်သွားပြီးတော့ သူ့ယောက်ျားနဲ့တိုင်ပင်တယ်။
နောက်တော့ လင်မယားခြင်းရန်ဖြစ်ရင်းနဲ့
အဲတော့မှ ဟိုလင်မယားလဲ သံဝေဂရပြီးတော့ ဖူကို ထွက်ခေါ်သတဲ့။ ဖူ ကထိုင်နေရာကနေ ထလာတယ် အခြားနတ်မင်းနှစ်ပါးလဲ လိုက်လာတယ်။ ရင် က ” ကျွန်မ ဖူကိုပဲခေါ်တာ ဘာလို့အကုန်လိုက်လာတာလဲ ” လို့ မေးလိုက်တယ်။
ဖူကတော့ ” အိမ်တစ်အိမ်မှာ ချစ်ခြင်းမေတ္တာနဲ့ စည်းလုံးခြင်းတွေရှိနေမှတော
Credit : မောင်စိုင်း

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။